လိပ်ပြာက ပေးသော သင်ခန်းစာ
by Nyan Lin on Saturday, June 4, 2011 at 2:02am
လူတစ်ယောက်ဟာ နာရီများစွာ အချိန်ကုန်ခံပြီး လိပ်ပြာတစ်ကောင် သူ့ ရဲ့ ပိုးအိမ်က ရုန်းထွက်ပုံ, ကို စောင့်ကြည့်နေပါတယ်။ အပေါက်ကလေးကို စီစဉ်ထားပုံက အင်မတန်သေးတယ်။အဲဒီအပေါက်ကနေ, ထွက်ဖို့ ခန္ဓာကိုယ်က တော်တော်ကြီးနေတယ်။ အချိန်ကြာမြင့်စွာ ရုန်းကန်ပြီးတဲ့အခါမှာတော့ လိပ်ပြာရဲ့ ပုံ, ပန်းဟာ အင်မတန် နွမ်းနယ်တဲ့ဟန်ပေါ်နေပါတယ်။ ဒီတော့ ဒီလူက လိပ်ပြာကို ကူညီဖို့ ဆုံးဖြတ်လိုက်တယ်။
သူဟာ ကတ်ကြေးလေးတစ်လက်ကို ယူပြီး ပိုးအိမ်ကို ဖြတ်တောက်ဖွင့်ပေးလိုက်တယ်။လိပ်ပြာ, ဟာလွတ်မြောက်သွားတယ်။ဒါပေမဲ့ လိပ်ပြာရဲ့ ခန္ဓာကိုယ်က သေးကွေးရှုံ့ တွနေတယ်။ သူ့ ရဲ့ အတောင်ပံ, တွေကလည်း တွန့် ကြေနေတယ်။အဲဒီလူက ဆက်ပြီးစောင့်ကြည့်တယ်။ခဏကြာတော့ လိပ်ပြာဟာ သူ့ အတောင်ပံတွေကို ခတ်ပြီး, ပျံသန်းသွားတယ်။ဒါပေမဲ့ ပြောစရာ အချက်ရှိနေတယ်။လိပ်ပြာဟာ သူ့ ခန္ဓာကိုယ် အခွံချွတ်တဲ့ ရှည်လျား, တဲ့အချိန်ကာလကို တိုတိုတောင်းတောင်းပဲ ဖြတ်သန်းခဲ့ရတော့ သူ့ အတောင်ပံတွေဟာ တွန့် ကြေနေပြီး, မထိန်းနိုင်မသိမ်းနိုင်ပျံသန်းနေရတာပါပဲ။
ဒီလူဟာ အကြင်နာတရားနဲ့ စိတ်အားထက်ထက်သန်သန် ကူညီတာဖြစ်ပေမဲ့ သူ့ ရဲ့ နားလည်မှု, လွဲမှားနေတယ်။ သေးငယ်တဲ့ ပိုးအိမ်အပေါက်ကနေ လိပ်ပြာဟာလုံ့ လစိုက်ပြီး ရုန်းကန်ဖျစ်ညှစ်ထွက်ရ, တယ်ဆိုတော့ သူ့ ခန္ဓာကိုယ်နဲ့သူ့ အတောင်ပံတွေ သန်စွမ်းအောင် သဘာဝတရားကြီးက လေ့ကျင့်ပေး, တဲ့ ကိစ္စသာဖြစ်တယ်။တစ်ခါတစ်ရံမှာ ထူးခြားတဲ့ လုံ့ လစိုက်ထုတ်မှုဆိုတာ နောင်တွေ့ ရမယ့် အခက်အခဲ, တွေကို ရင်ဆိုင်ဖို့ အတွက် အပ်ကျမတ်ကျ လိုအပ်တဲ့အခါ ဖြစ်တယ်။တစ်စုံတစ်ယောက်ဟာ အဲသလို လုံ့ လစိုက်ထုတ်ဖို့ ကိုလည်း ငြင်းပယ်မယ်၊ လွဲမှားတဲ့ အကူအညီကို လည်းယူမယ်ဆိုရင် နောင်ရင်ဆိုင်ရ, မယ့် စစ်ပွဲအတွက် ပြင်ဆင်နေချိန်ရတော့မှာ မဟုတ်ဘူး။သူ့ ရဲ့ ပန်းတိုင်ကိုလည်း ဘယ်တော့မှ တည့်, တည့်မတ်မတ် ပျံသန်းနိုင်တော့မှာ မဟုတ်ဘူးပေါ့။
ပေါ်လိုဟိုကိုး၏ ဒဿန စာစုများမှ
မေအလင်္ကာ
အခုလို ထပ်ဆင့်တင်ပြထားတာကို တွေ့ မြင်ရလို့ ဝမ်းသာ ကျေးဇူးတင်ပါတယ်။
ReplyDelete