Friday, June 21, 2013
ကိုးကွယ်ခြင်း နှင့် ကာကွယ်ခြင်း
by Myint Shwe (Notes) on Wednesday, June 19, 2013 at 10:04am
အောက်ကစာမူကို ပြည်တွင်းဂျာနယ်တစ်စောင်ကိုကျနော်ပို့ ထားပါတယ်။ တစ်ပါတ်တစ်ကြိမ် ထုတ်မို့ တကယ်ပါလာတဲ့အချိန်ကျရင် ကျနော်စိုးရိမ်နေတဲ့ အလားအလားတစ်ခုကို မရှောင် လွှဲနိုင်တော့မှာစိုးလို့ ကျနော့် Notes မှကြိုတင် share လိုက်ပါတယ်။ ခါတိုင်းလို burmaherald.blogspot.ca မှာ တင်မထားပါ။
လွန်ခဲ့သည့်အပါတ်ကမှော်ဘီမြို့ရှိဆေကိန္ဒာရာမကျောင်းတိုက်တွင် တပြည်လုံးမှအကျော်အမော် အားလုံးနီးပါး အပါအ၀င် သံဃာတော်အပါး၂၀၀ တို့ စည်းဝေးကြ၍နိုင်ငံတော်က အမျိုးဘာသာသာသနာ ကာကွယ်ရေး မျိုးစောင့် ဥပဒေဆိုသော မိသားစုဆိုင်ရာဥပဒေတစ်ခုပြုလုပ်ပြဌန်းပေးရန် တိုက်တွန်းမည့် ဆုံးဖြတ်ချက်တစ်ခု ချလိုက်ကြသည်ဟုသိရသည်။
အပေါ်ယံအမြင်တွင် ဤလှုပ်ရှားမှုသည် ဘာသာရေးကလောကီလူမှုရေးဘက်ကို ၀င်စွက်သည်ဟု ထင်ရသည်။မျက်ချေမပြတ်အကဲခတ်နေသူများအမြင်၌ ဘုန်းကြီးတွေက ဤနှစ်ခုကိုရောပစ်တာ မဟုတ်ဘဲပြဿနာကိုယ်တိုင်
ကဘာသာရေးနှင့်လူမှုရေးရောထွေးနေပြီုး သားဖြစ်ကာ ဘုန်းကြီးတွေထံ ဆိုက်ရောက်လာတာဖြစ်သည်။
(ရခိုင်ပြည်ဘက်မှာဆိုလျှင်ဘာသာရေးနှင့်လူမှုရေးသာမကအမျိုးသားလုံခြုံရေးပါသုံးမျိုးရောနေသည်။)
ယခင်လပိုင်းအတွင်းသူတို့ အားကိုယ်ထိလက်ရောက်တိုက်ခိုက်တာသတ်ဖြတ်တာတွေလုပ်လာမှသာယခုကဲ့သို့ သံဃာတွေ
ထုထည်နှင့်ဝင်ပါလာတာဖြစ်သည်။ ပါလာတော့လည်းအကြမ်းနည်းဖြင့်လက်တုန့် ပြန်ရန်အားပေးတာ-ဦးဆောင်တာမဟုတ်။ သေကျေပျက်စီးမှုအနည်းဆုံးဖြစ်အောင်ထိမ်းပေးတာသာဖြစ်သည်။
မိတ္ထိလာနှင့်လားရှိုးကိစ္စများတွင်ဘုန်းကြီးတွေဝင်ထိမ်းခဲ့၍သာအများကြီးသက်သာခဲ့သည်။
(ဤပြဿနာသည်အသစ်အဆန်းတော့မဟုတ်။ ရှေးဦးမူလအစကိုသိလိုလျှင်တော့မော်လ၀ီရွှေဖီ၏
ခဲ့ပြီးဖြစ်၍ကနေ့ အထိအချိန်အခါအလိုက်ငုတ်ချည်ပေါ်ချည်ဖြစ်နေတာသာဖြစ်သည်။)
ယခင်စစ်အစိုးရလက်အောက်မှာတုံးကအာဏာရှင်စံနစ်နှင့်ပြည်သူများအကြားအခြေခံပဋိပက္ခကြီးက
အခြားပဋိပက္ခအားလုံးကိုဖျာအောက်သို့ ယက်သွင်းပြီးသိမ်းထားတာဖြစ်ခဲ့သည်။ (kept under the carpet)
ယခုဖွင့်ပေးလိုက်တော့မှပွင့်ထွက်လာကြတာဖြစ်သည်။
သမိုင်းသင်တာမ ‘အ’ အောင်ဟုဆိုနေသူများဘယ်သမိုင်းကိုသင်နေကြသည်မသိ။
ရခိုင်ပြည်နှင့်မြန်မာပြည်မမှာဘုန်းကြီးတွေတိုက်တာခိုက်တာခံခဲ့ရလင့်ကစားဘုန်းကြီးကျောင်းတွေက
မူဆလင်ဒုက္ခသည်ခိုလှုံသူတွေကိုကာကွယ်စောင့်ရှောက်ပေးခဲ့သည်၊ အစာရေစာပေးခဲ့သည်။ မနေ့ တနေ့ ကလားရှိုးကမန်ဆူဆရာတော်ကျောင်းကိုမူဆလင်တွေဘာကြောင့်ငွေသွားလှုကြသလဲ ။ သူတို့ ဘာသာဝင်တွေ၏အသက်တွေကိုဆရာတော်ကကယ်ဆယ်ခဲ့လို့ ဖြစ်သည်။
ရခိုင်ပြည်ဘက်မှလူမျိုးရေးအဖြစ်အစဖေါ်ပေးလိုက်သောပဋိပက္ခသည်မြန်မာပြည်မတွင်ဘာသာရေးအသွင်
ဆောင်လာကာအနှစ်နှစ်အလလစုပြုံခဲ့သောတဘက်နှင့်တဘက်မယုံကြည်မှုသည်ဘွားဘွားကြီးပေါ်လာသည်။
အာဏာရှင်ခေတ်တလျှောက်လုံးအတိုက်အခံနိုင်ငံရေးဘက်ကရပ်တည်လာခဲ့သောသံဃာထုသည်ပထမဆုံး
အကြိမ်အဖြစ်ယခုကိစ္စတွင်နိုင်ငံရေးအတိုက်အခံများနှင့်လမ်းခွဲလာသလိုလိုထင်ရသည်။ အောင်ဆန်းစုကြည်
နှင့်သူမ၏ NLD ပါတီကို နှစ်ရှည်လများထောင်ကျခံကာထောက်ခံအားပေးခဲ့သူမန္တလေးမစိုးရိမ်ကျောင်းတိုက် ဆရာတော်ဦးဝီရသူသည်ဤအလှည့်အပြောင်းကိုဖန်တီးသူ (catalyst) ဖြစ်သည်။
NLD အားဦးဝီရသူမှလွဲ၍မည်သူမျှအမည်တပ်၍မဝေဘန်ကြသော်လည်းသံဃာထုသည်၂၅ နှစ်လုံးလုံးအောင် ဆန်း၏သမီးကလေးဟူ၍သူတို့ ဂရုဏာသက်ခဲ့သောသူမနှင့်မကြေငြာဘဲလမ်းခွဲကြပြီဟုယူဆနိုင်စရာဖြစ်သည်။
ဤဆောင်းပါးရှင်သည်မူအားဖြင့်ဘုန်းကြီးတွေနိုင်ငံရေးလုပ်တာကိုမကြိုက်သူဖြစ်သည်။ ၂၀၀၇ခုနှစ်တုံးက ဈေးကွက်စီးပွားရေးသဘောအရအစိုးရက subsidized လုပ်ထားသည်
ကိုဖြုတ်လိုက်သဖြင့်ဓါတ်ဆီဈေးထိုးတက်သွားသည်ကိုမဆီမဆိုင်ဘုန်းကြီးတွေက၀င်ဆန္ဒပြသဖြင့်
ရွှေဝါရောင်အမည်ခံဘုန်းကြီးတော်လှန်ရေးတစ်ခုဖြစ်သွားတာကိုသူမထောက်ခံခဲ့ပေ။
သို့ သော်ယခုနှစ်ထည်းမှာသံဃာတွေလှုပ်ရှားလာပုံသည် ၂၀၀၇ ခုကနှင့်အနှစ်သာရကောပါဝင်သူအမျိုး
အစားကောကွဲပြားခြားနားသည်။ ၂၀၀၇ တုံးကပါဝင်ခဲ့သူများမှာတစ်လျှောက်လုံးနိုင်ငံရေးနှင့်မကင်းသော
“နိုင်ငံရေးကိုယ်တော်တွေ” ကအများစုဖြစ်သည်။ သူတို့ ကပါတီကြီးတစ်ခုနှင့်ခေါင်းဆောင်ကြီးတစ်ဦး
အတွက်အနာခံ၍ “၀န်းရံ” ပေးခဲ့တာဖြစ်သည်။
ယခုအခါဤကိုယ်တော်များထံမှပင်ထိုပါတီကြီးနှင့်ထိုဒကာမကြီးကိုစိတ်နာသည့်လေသံများထွက်လာနေကြတာဖြစ်သည်။
ယခု ၂၀၁၃ ခုနှစ်တွင်သံဃာထုသည်အဓိကအားဖြင့်သူတို့ အရေး (ဗုဒ္ဓဘာသာအရေး)ကိုသူတို့ လုပ်တာဖြစ်သည်။
ထို့ ကြောင့်ပင် ၂၀၀၇ ခုနှစ်တုံးက၀င်မပါခဲ့ကြသော - တစ်ပါးစီ၏နောက်ပါးတွင်လူဒါယကာနှင့်ပရိဿတ်သိန်းသန်း
ချီရှိကြသောအကျော်အမော်ပုဂ္ဂိုလ်တွေဒါဇင်နှင့်ချီ၍ပါဝင်လာတာဖြစ်သည်။
အရေအတွက်သဘောနှိုင်းရလျှင် ၂၀၀၇ သည်ရေပွက်ထမှုမျှသာဖြစ်ကာယခုအဖြစ်သည်ဆူနာမီဖြစ်သည်။
ဘုန်းကြီးတွေလှုပ်ရှားလာတာကိုမကြိုက်သူများကဗုဒ္ဓဘာသာသည်ကမ္ဘာပေါ်တွင်ငြိမ်းချမ်းရေးဘာသာဖြစ်သည်၊
သွေးထွက်သံယိုကိစ္စများတွင်ဗုဒ္ဓဘာသာ၏ပယောဂမကင်းဖြစ်အောင်လုပ်လျှင်ဗုဒ္ဓဘာသာမပီသဟုဝေဘန်ကြသည်။
လာအောင်သင်ကြားသောဘာသာတရားဟူ၍ခွဲခြား၍ကိုယ်သန်ရာကိုယ်ရွေးနိုင်သည်။
ဘာသာတရားတစ်ခုတည်တန့် ရေးအတွက်ကာကွယ်ရာ၌မူရင်ဆိုင်နေရသောအန္တရယ်နှင့်လျှော်ညီသောနည်းကိုဖန်တီးမည်သာ။
ကိုးကွယ်တာကိုသင့်စိတ်ကြိုက်ရွေးချယ်လို့ ရသည်။ ကာကွယ်နည်းကိုစိတ်ကြိုက်နည်းရွေးလို့ မရ။
အန္တရယ်တိုင်းအတွက်မေတ္တာသုတ်ရွတ်ချည်းနေ၍မဖြစ်။ ဆရာတော်ရှင်ဥက္ကဌတို့ ခေတ်ကစကားစစ်ထိုးယုံဖြင့်ပြီး
သည်(ref: သျှင်ဥက္ကဌနှင့်ကျောက်ကွင်းအရေးတော်ပုံ)။ ဆရာတော်ရှင်ဆေကိန္ဒတို့ ခေတ်တွင်နိုင်ငံတော်က
ဥပဒေပြု၍ကာကွယ်ပေးမှလုံလောက်မည်ဟုသဘောရလာကြသည်။
သည့်ထက်ပိုဆိုးလာဦးမည်ဆိုလျှင် “ဗမာတာလီဘန်” များပေါ်လာဦးမလား-ဘယ်သူမှကြိုတင်၍မပြောနိုင်။
Monster နှင့်နပမ်းလုံးရင်းကိုယ်တိုင် monster ဖြစ်သွားတာမျိုးလည်းရှိချင်ရှိနိုင်သည်။
မည်သို့ ဖြစ်စေကိုးကွယ်မည့်သူတွေကိုးကွယ်စရာကျန်ရစ်အောင်ကာကွယ်သည့်အလုပ်ကိုတစ်ယောက်
ယောက်ကတော့ “လူမိုက်” အဖြစ်ခံ၍လုပ်ရသည်သာ။
မြန်မာနိုင်ငံယခုရင်ဆိုင်နေရသောအန္တရယ်မျိုးနှင့်ရင်ဆိုင်ခဲ့ရသောနိုင်ငံများ၌ဗုဒ္ဓဘာသာ
ပျောက်ကွယ်ခဲ့ရသည့်သက်သေများအာရှသမိုင်းတွင်အထင်အရှားရှိသည်။
ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့်အိမ်ထောင်ပြု၊ ဘာသာပြောင်း၊သားသမီးအတားအဆီးမရှိမွေးကာတိုင်းပြည် လူဦးရေ၏သဘောသဘာဝ (demographics) ကိုပြောင်းလဲမည့်အန္တရယ်ကျနေရောက်နေသည်ဟုဗမာ
-ရခိုင်-ရှမ်း-ကရင်ဗုဒ္ဓဘာသာဝင်များ၏စိုးရိမ်မှုသည်မနှစ်ကစ၍သိသိသာသာတိုးလာနေသည်။
ဤအသံတိပ်လှုပ်ရှားမှုသည် လူမှုရေးနှင့်အစပြုကာ - ဘာသာရေးကိုအသုံးချပြီး- နိုင်ငံရေးတွင်အဆုံးသပ် ရည်ရွယ်ချက်ဟုသံသယရှိနေကြသည်။ ဘာသာရေးသည် ‘အလယ်က’ ကွင်းဆက်ဖြစ်သည်။
ရှိပြီးဖြစ်သော၁၉၅၄ ခုနှစ်ဗုဒ္ဓဘာသာမိမ္မများအထူးထိမ်းမြားခြင်းဥပဒေ(1954 Buddhist Women Special Marriage Act) သည်ဘာသာခြားနှင့်လက်ထပ်ပြီးဘာသာမပြောင်းဘဲနေသောဗုဒ္ဓဘာသာဝင်အမျိုးသမီးများ- နှင့်သူတို့ ၏ဘာသာခြား
ခင်ပွန်းနှင့်ရသောခလေးများအမွေဆက်ခံနိုင်ရေးလောက်ကိုသာအထောက်အကူပေးနိုင်သည်။ ပြဿနာဖြစ်လာလျှင်
တရားမကြောင်းအရသာဆောင်ရွက်နိုင်သည်။
ထို့ ကြောင့် ၁၉၅၄ ခုနှစ် ဥပဒေသည်အခြေအနေသစ်တွင်ပေါ်လာသောအန္တရယ်သစ်ကိုတားဆီးဘို့ မလုံ
လောက်ဟုစိုးရိမ်မှုတွေဖြစ်ပေါ်လာနေကြသည်။
ထို့ ကြောင့် “မျိုးစောင့်ဥပဒေ”ဟုပဏာမအားဖြင့်မှည့်ခေါ်ထားသောအမည်တစ်ခုထွက်ပေါ်လာသည်။
မရည်ရွယ်သော်လည်းထို “မျိုးစောင့်ဥပဒေ” ဆိုသောနာမည် (title) ကအမျိုးမစောင့်သူတစ်စုံတစ်ယောက်ကိုမတော်တဆ သွား၍ခလုပ်တိုက်မိကောင်းတိုက်မိနိုင်သည်။ထို့ ကြောင့်ဤဥပဒေပထမမူကြမ်းမထွက်မီယခုကတည်းကပင်လူအများ
နားဝင်ချိုမည့်အခြားအမည်တစ်ခုခုသို့ ပြောင်းလဲပေးပါရန်ယခုဆောင်းပါးရှင်ကပင်“ပြင်ဆင်ချက်” တင်လိုသည်။
[အနောက်ကမ္ဘာတွင် “ထောင်”ကိုလူတွေနားခံသာအောင်အမှားပြင်ရေးသိပ္ပံကျောင်း
(Correctional Institute) ဟု euphemism သုံး၍ အမည်ပြောင်းလဲခေါ်ကြသည်။]
ဤတိုင်းပြည်၌လွပ်လပ်စွာထိမ်းမြားလက်ထပ်ခွင့်ကိုဘယ်တုံးကမှမတားမြစ်ခဲ့ပေ။တားမြစ်၍လည်းမရ
စကောင်း သောသဘာဝဖြစ်သည်။ဇီဝဗေဒသဘောအရလည်းမျိုးကွဲနှင့်သွေးစပ်သူများပိုထူးချွန်သည်။
သို့ သော်ရှိနေ သောအလွန်လစ်ဘရယ်ကျသောလူမှုဆက်ဆံရေးပါတ်ဝန်းကျင်ကိုတရားလွန်အမြတ်ထုတ်ခြင်း
ကိုတော့တားမြစ်ရပေမည်။ (Over exploitation of the existing liberal social environment has to be stopped.)
ထို့ ကြောင့်ဘာသာခြားချင်းအိမ်ထောင်ပြုရာတွင်စင်္ကာပူမှာလို special marriages act တစ်ခုပြဌန်းစေချင်ကြသည်။ သို့ မှသာအိမ်ထောင်ရေး (လူမှုရေး) ကိုအသုံးချ၍နိုင်ငံရေးစီမံကိန်းတစ်ခုခုအကောင်အထည်ဖေါ်လာလျှင်တားဆီးနိုင်မည်
ဟုဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေကယုံကြည်နေသည်။
ဗုဒ္ဓဘာသာဝင်အမျိုးသမီးများဘာသာခြားနှင့်အိမ်ထောင်ပြုလျှင်- မိမိယုံကြည်ရာဘာသာကိုဆက်လက်၍ ကိုးကွယ်ခွင့်၊ဘာသာခြားမိသားစုအတွင်းမြန်မာအမျိုးသမီးများခံစားနေကျအခွင့်အရေးများဆက်လက်ခံစား ခွင့်ရှိစေဘို့ တို့ ကိုဥပဒေပြု၍အကာအကွယ်ပေးရန်သူတို့ စီစဉ်တာဟုသိရသည်။
ဘုန်းကြီးတွေအားထုတ်ကြမည်ဆိုသောဤမျိုးစောင့်ဥပဒေတွင်ဘယ်အချက်အလက်များ(Letters of the law) အတိအကျပါမည်ကိုမမြင်ရမဖတ်ရသေး။ သို့ သော်ဥပဒေ၏ရည်ရည်ရွယ်ချက်(Spirit of the law) ကိုကားကြို တင်၍သိရပြီဖြစ်ဖြစ်သည်။
ပုဂ္ဂလိကအမြင်ကိုပြောရလျှင်ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိုအာရုံပြုကာနှစ်ဘက်ဘာသာရေးခေါင်းဆောင် များကကိုယ့်နောက်လိုက်များကိုကိုယ်ထိမ်းသိမ်းကြစေချင်သည်။ ဤသို့ ထိမ်းကြရမည့်အစားတဘက်ဘက်က လမ်းမှားလိုက်နေလျှင်အခြားတစ်ဘက်ကလည်းသင့်တော်သောတုန့် ပြန်မှုများ(Corresponding measures) ပြုလုပ်ရန်စဉ်းစားလာလိမ့်မည်သာ။
ဧည့်သည်/အိမ်ရှင်မခွဲခြား - လူနည်းစု/လူများစုသတ်မှတ်ချက်မထား- အားလုံးနိုင်ငံသားတွေချည်းဖြစ်သည်။
သို့ သော်အားလုံး၏သည်မိမိတို့ မွေးဖွားကြီးပြင်ရှင်သန်နေထိုင်ကြရာတိုင်းပြည်၏သစ္စာကိုတော့စောင့်သိကြ
ဘို့ တော့လိုသည်။ သစ္စာပျက်ယွင်းကြောင်း - သစ္စာဖေါက်ကြောင်းပေါ်ပေါက်လာလျှင်အချိန်မှီပြုပြင်ရမည်။
ဤသို့ ပြုပြင်ရာတွင်နည်းအကန့် အသတ်မရှိ။ နိုင်ငံတော်၏အချုပ်အချာအာဏာဟူသည်အကန့်အသတ်မရှိ
သောအာဏာမျိုးဖြစ်သည်။
ဒီမိုကရေစီခေတ်၌ထိုအာဏာသည်ပြည်သူကဆင်းသက်သည်ဖြစ်ရာပြည်သူတွေကလည်းကျင့်သုံးခွင့်ရှိသည်။
(Popular sovereignty)
တည်ငြိမ်နေသောလူမှုရေးချိန်မျှညီအနေအထား (Social equilibrium) ကိုပျက်သွားအောင်၊
ပြောင်းလဲသွားအောင်ကြံစည်ခြင်းသည်နိုင်ငံကိုလုပ်ကြံခြင်းဖြစ်သည်။
လူတိုင်းလူတိုင်းမိမိနှင့်လူမျိုးတူဘာသာတူသူတွေတခြားတိုင်းပြည်များမှာရှိကြတာချည်းဖြစ်သည်။
ရွှေမြင့်မောင်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...