သစ်ထူးလွင် သတင်းစုစည်းမှု (၁၁-၆)
သစ်ထူးလွင် |
|
- အမြွှာညီအစ်ကို ခြောက်ဘာသာ ဂုဏ်ထူး ကိုယ်စီဖြင့် ယခုနှစ်တက္ကသိုလ်ဝင်တန်း နှစ်ချင်းပေါက်အောင်
- မြရည်နန္ဒာ အိုးအိမ် ဖျက်ဆီးခံရသူများအရေး ဒေါ်အောင်ဆန်းစုကြည် ဆောင်ရွက်ပေးမည်
- ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ လယ်ယာမြေ ဝယ်ယူမှုများပြား
- မလေးရောက် မြန်မာများကိုကူညီရန် အစိုးရကိုယ်စားလှယ်အဖွဲ့ ထွက်ခွာ
- မလေးရောက် မြန်မာနိုင်ငံသားများအတွက် မိသားစုဝင်များ စိုးရိမ်ပူပန်
- ဖားကန့်တွင် တနိုင်တပိုင် ကျောက်တူးသူ ၂၀၀ ကျော် အဖမ်းခံရ
- အချုပ်ယာဉ် ဘရိတ်ပေါက်၍ ယာဉ်တိုက်မှုဖြစ်
- လူသတ်မှု ၃ ခုအတွက် သံသယရှိသူ ၃ ဦးအား မလေးရှားရဲ အလိုရှိနေ
- မိုက်ခရိုဆော့ဖ်က မြန်မာဈေးကွက်အတွက် သင့်တင့်နှုန်းထား ဆောင်ရွက်ပေးမည်
-
စကားများရန်ဖြစ်ကာဓါးဖြင့်ထိုး
သူရဲတပ်ဖွဲ့ဝင်အားအရေးယူ - မလေးပြန်မြန်မာများအတွက် အဲပုဂံလေကြောင်းမှာ အခမဲ့စီးနိုင်ပြီး နယ်ပြန်နိုင်
- မလေးရှားမှ မြန်မာတွေ အတွက် ထူးဖောင်ဒေးရှင်းမှ ဒေါ်လာတစ်သိန်းလှူဒါန်းမည်
- မြန်မာ့စီးပွားရေး ပြောင်းလဲပြီလား
- ပြည်သူ့အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေး ဖမ်းဆီးခံရ
- ထွန်တုံးတိုက်ပွဲဝင် အင်းလေးဒေသခံများ ရှောင်ပုန်းနေရ
- ထိုင်းကုမ္ပဏီတွေ ဒေသခံတွေအပေါ် ပြစ်မှုကျူးလွန်ရင် တိုင်ကြားနိုင်
-
မလေးရှားမှာမြန်မာတွေကိုသတ်ဖြတ်
နေတဲ့ အဓိက အကြမ်းဖက်သမားတရားခံများ - AGD ဘဏ်ရှယ်ယာများ ယခုနှစ်အတွင်း စရောင်းမည်
- ကလေး ၂ ဦးထက်မပိုရ ကန့်သတ်ချက် ၀န်ကြီး ဦးခင်ရီ ထောက်ခံ
- ၂၀၁၅ တွင် မဲအများစု အနိုင်ရပါက သူရဦးရွှေမန်းကို ကြံ့ခိုင်ရေးပါတီ သမ္မတ တင်သွင်းမည်
- ပြည်သူ့ရင်ပြင်တွင် ရေကစားနေသူကို ရဲက ဓားဖြင့်ထိုး
- မလေးရှားရောက် မြန်မာများ ပြည်တော်ပြန်နိုင်ရန် MAI ဈေးထက်ဝက်လျှော့
- တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းအောင်ချက် မွန် အများဆုံး
- ဇွန်လ (၁၁)ရက်နေ့ ထုတ် မဇ္ဈိမ သတင်းစာ အတွဲ (၁)၊ အမှတ် (၁၃)၊
- အမေရိကန် ထောက်လှမ်းရေးသမား ဟော်တယ်ကနေ ပျောက်သွားပြီ
Posted: 11 Jun 2013 06:23 AM PDT
ဒဂုံအထက
၁ မှ အမြွှာညီအစ် ကို နှစ်ဦးစလုံးမှာ ခြောက်ဘာသာဂုဏ် ထူးကိုယ်စီဖြင့် ၂၀၁၃
ခုနှစ်တက္ကသိုလ်ဝင်တန်းကို နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်။ အချိန်
တစ်မိနစ်သာခြားပြီး မွေး ဖွားခဲ့သူ အဆိုပါအမြွှာ ညီအစ်ကိုမှာ ၂ဝ၁၃
တက္ကသိုလ်ဝင်စာမေးပွဲကို ခုံအ မှတ် ဆဒဂ-၃၇၃ နှင့် ဆဒဂ ၃၆၅ တို့ ဖြင့် ဒဂုံ
အထက ၁ စာစစ်ဌာနတွင် ဝင်ရောက်ဖြေဆိုခဲ့ရာ နှစ်ချင်းပေါက် အောင်မြင်ခဲ့သည်ဟု
သိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 06:19 AM PDT
မန္တလေးမြို့တော်
မြရည်နန္ဒာမြို့သစ် ၅၃၇ ကွင်းမှ အိုးအိမ် ဖျက်ဆီး ခံရသူများနှင့် မြေသိမ်း
ဆည်းခံ တောင်သူများ ကိစ္စကို ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ
ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား သည်။ ပြင်ဦးလွင်မြို့တွင် ဇွန်လ ၉
ရက်နေ့က ပြုလုပ်သော လူထုတွေ့ ဆုံပွဲတွင် မြရည်နန္ဒာ အိုးအိမ် ဖျက်ဆီး
ခံရသူများ အနက် တစ်ဦးက ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 06:15 AM PDT
မန္တလေးမြို့ပြင်
အနီးတစ်ဝိုက်နှင့် ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးအနီးရှိ လယ်ယာ မြေအကွက်
များကို တိုင်းရင်းသားများ ဝယ်ယူမှု များပြားနေကြောင်း ဇွန်လ ၉ ရက်နေ့
ဈေးကွက် အခြေအနေအရ မန္တလေး အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များထံမှ
သိရသည်။ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ထုံးဖိုရွာ အနီးတစ်ဝိုက်ရှိ
လယ်ယာမြေများကို အဝယ်များပြီး တစ်ဧကလျှင် ကျပ်သိန်း ၈၀၀ ခန့် အထိရှိကြောင်း
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ လယ်ယာမြေများသည် တစ်ဧကလျှင် ကျပ်
သိန်း ၂၀၀၀ ကျော်ခန့် အထိရှိကြောင်း ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 06:08 AM PDT
မလေးရှားရှိ
မြန်မာအလုပ်သမားတွေကို ကူညီဖို့ မြန်မာဒုတိယ နိုင်ငံခြားရေး ၀န်ကြီး
ဦးဇင်ယော်ခေါင်းဆောင်တဲ့ အဆင့်မြင့် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ
ဒီနေ့ညနေပိုင်းက မလေးရှားနိုင်ငံကို ထွက်ခွာသွားကြပါတယ်။
မြန်မာကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ အလုပ်သမားဝန်ကြီးဌာနက ဦးစီးအရာရှိ
ဦးဖြိုးသူက သူတို့ လုပ်ဆောင်ပေးမယ့် အစီအစဉ်တွေကို ခုလို ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 11 Jun 2013 06:03 AM PDT
မလေးရှားနိုင်ငံရောက် မြန်မာတွေ အကြမ်းဖက်ခံနေရတဲ့သတင်းတွေကြော
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 05:56 AM PDT
ကချင်ပြည်နယ်
ဖားကန့်ဒေသမှာ တနိုင်တပိုင် ကျောက်တူးနေသူတွေကို ရဲနဲ့စစ်တပ်က ရှောင်တခင်
ဝင်ရောက်ဖမ်းဆီးခဲ့တာမှာ လူပေါင်း ၂၀၀ ကျော် အဖမ်းခံခဲ့ရပါတယ်။ ဖားကန့်ဒေသ
ဆိတ်မူကျေးရွာအုပ်စုထဲမှာရှိတဲ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 04:12 AM PDT
၁၁.၆.၂၀၁၃
ရက်နေ့ ၁၅၀၅ အချိန် မင်္ဂလာတောင်ညွှန့် မြို့နယ်တရားရုံးမှ အချုပ်တရားခံ
ကျား(၅)ဦး၊ မ(၅)ဦး၊ ပေါင်း (၁၀)ဦးအား တပ်ဖွဲ့ဝင်များဖြင့်
အင်းစိန်အကျဉ်း ထောင်သို့ပို့ရန် ယာဉ်မောင်း ရဲတပ်သား စည်သူဝင်းနိုင်
မောင်းနှင်သည့် ယာဉ်အမှတ် ၁ခ/၇၇၈၇ အချုပ်ယာဉ်သည် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 04:00 AM PDT
မလေးရှားနိုင်ငံ
ဆီလန်ဂေါ ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် မှုခင်း ၃ ခုနှင့်ပတ်သက်၍ သံသယရှိသူ ၃
ဦးအား အလိုရှိကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
သံသယရှိသဖြင့် အလိုရှိကြောင်း ကြေညာချက် ထုတ်ခံရသူ ၃ ဦးမှ မြန်မာ ၂
ဦးနှင့် ဘင်္ဂလားဒေ့ရှ် တစ်ဦးဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 03:48 AM PDT
မြန်မာနိုင်ငံက
ကွန်ပျူတာ သုံးစွဲသူတွေ အကြား အချိန်အတော် ကြာကြာ တရားမဝင် သုံးစွဲနေကြတဲ့
မိုက်ခရိုဆော့ဖ်ရဲ့ ထုတ်ကုန်တွေကို တရားဝင် သုံးစွဲလာ နိုင်ဖို့အတွက်
အားလုံး တတ်နိုင်တဲ့ ဈေးနှုန်းတွေနဲ့ သတ်မှတ် ရောင်းချပေးဖို့
မိုက်ခရိုဆော့ဖ်က စီစဉ်နေပါတယ်။ မိုက်ခရိုဆော့ဖ် အနေနဲ့ မြန်မာပြည်
ဆော့ဖ်ဝဲဈေးကွက်ကို ဝင်ရောက်ဖို့ အတွက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 03:42 AM PDT
၉.၆.၂၀၁၃
ရက်နေ့ ၁၇၀၀ အချိန် ဒဂုံမြောက်မြို့နယ်နေ မောင်ရှိုင်းမင်းလတ်သည်
သူငယ်ချင်းများ နှင့်အတူ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင် အတွင်းရှိ
ရေလွှာလျှောစီး ကစားကွင်းသို့ ရောက်ရှိကစားစဉ် သူငယ်ချင်းဖြစ်သူ
မောင်မျိုးမင်းဇော်အား ရဲတပ်သားဇင်မင်းသူ (ရန်ကုန်တိုင်း ဒေသကြီး
အကူတပ်ခွဲ)မှ ဓါးဖြင့် ထိုးသွားကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 03:28 AM PDT
အဲပုဂံက
မလေးရှားရောက် မြန်မာများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ လာပါက
သက်ဆိုင်ရာဒေသများသို့ သွားရောက်နိုင်ရန် အတွက် အဲပုဂံလေကြောင်း
လိုင်းများတွင် အခမဲ့စီးနင်းခွင့် ပေးသွားမည်ဖြစ်ကြောင်း သတင်း
ထုတ်ပြန်လိုက်သည်။ “ကျမတို့က International လေကြောင်း လိုင်းမဟုတ်တဲ့အတွက်
သူတို့ ပြန်လာမှာကို သွားခေါ်လို့မရပါဘူး ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 03:03 AM PDT
မလေးရှားနိုင်ငံတွင်
ဖြစ်ပေါ်နေသည့် အကြမ်းဖက်ခံ ရမှုများကြောင့် အမိမြန်မာနိုင်ငံသို့
ပြန်လာကြမည့် သူများအတွက် ထူးဖောင်ဒေးရှင်းမှ ကနဦး လှူဒါန်းမှုအဖြစ်
အမေရိကန်ဒေါ်လာ တစ်သိန်းအား လှူဒါန်းပေးသွား မည်ဖြစ်ကြောင်း Htoo Foundation
(facebook) အင်တာနက် စာမျက်နှာ ဖော်ပြထားပါသည်။
|
||
Posted: 11 Jun 2013 02:27 AM PDT
မြန်မာ့စီးပွားရေး ပြောင်းလဲပြီလား။ Llks wef youths for sunday june9 - လင်းလက်ကြယ်စင်
အသံဖိုင် နားဆင်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 02:18 AM PDT
နတ္တလင်းမြို့နယ်နဲ့
ပေါင်းတည်မြို့နယ်ထဲက လယ်သမားတွေဟာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က သိမ်းယူထားတဲ့
လယ်မြေတွေမှာ ဇွန် ၁၀ ရက်နေ့က ထွန်တုံးတိုက်ပွဲ ဆင်နွှဲမှုကြောင့်
ဦးဆောင်သူ ၃ ဦးကို ဒီနေ့မနက်မှာ ရဲက ဖမ်းဆီးထိန်းသိမ်း လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 11 Jun 2013 02:04 AM PDT
ရှမ်းပြည်နယ်
အင်းလေးဒေသမှာ ထွန်တုံး တိုက်ပွဲဝင်ခဲ့တဲ့ တောင်သူတချို့ကို
နယ်မြေခံရဲတွေက အချိန်မတော် ၀င်ရောက်ဖမ်းဆီးပြီး နောက်ပိုင်း
တောင်သူတချို့ အိမ်မှာမနေရဲဘဲ ထွက်ပြေး ပုန်းရှောင် နေကြပါတယ်။ ပြီးခဲ့တဲ့
ဇွန် ၉ ရက်နေ့ နံနက် ၂ နာရီလောက်မှာ သူတို့ကို နယ်မြေခံရဲတွေက လာရောက်
ဖမ်းဆီးခဲ့တယ်။ ရွာသားတွေက ၀ိုင်းဝန်း တားဆီးကြလို့
ပြန်လွှတ်ပေးခဲ့ပေမယ့်လည်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 11 Jun 2013 01:56 AM PDT
မြန်မာနိုင်ငံအပါအဝင်
အိမ်နီးချင်းနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံနေတဲ့ ထိုင်းကုမ္ပဏီတွေက
ဒေသခံတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်မှု၊ သဘာဝပတ်ဝန်းကျင်ဖျက်စီးမှုတွေ
ကျူးလွန်တယ်ဆိုရင် ထိုင်းအမျိုးသား လူအခွင့်အရေးကော်မရှင်မှာ
တိုင်ကြားနိုင်ကြောင်း ထိုင်းအမျိုးသား လူအခွင့်အရေးကော်မရှင်မှ
ဦးဆောင်ညွှန်ကြားရေးမှူး Dr. Niran Pitakwatchara က ပြောကြားလိုက်ပါတယ်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 01:42 AM PDT
ဒီမနက် မလေးရှား သတင်းစာမှာပါလာပြီ.. မလေးရှားမှာ အကြမ်းဖက်တဲ့ သူတွေ ကို
ဖမ်ဝရမ်းထုတ်လိုက်ပြီ ပုံမှာပါတဲ့ သူတွေကို သတိထားကြပါ။ မြန်မာများ
သတိထားနိုင်ရန် ဖြစ်ပါသည်။
Nyein Chan |
||
Posted: 11 Jun 2013 01:38 AM PDT
အများပိုင်ဘဏ်
အဖြစ်ပြောင်းလဲ လုပ်ကိုင်မည့် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD)က
ဘဏ်၏ ပိုင်ဆိုင်မှုများ တန်ဖိုး တွက်ချက်ခြင်း ပြီးစီးတော့မည် ဖြစ်သဖြင့်
ရှယ်ယာများကို အများပြည်သူသို့ ယခုနှစ်အတွင်း ထုတ်ရောင်းမည် ဖြစ်ကြောင်း
အဆိုပါဘဏ် အုပ်ချုပ်မှု ဒါရိုက်တာ ဦးရဲမင်းဦးက The Voice သို့
ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 01:27 AM PDT
ရခိုင်ပြည်နယ်က
ဘင်္ဂါလီတွေ တအိမ်ထောင် ကလေး ၂ ယောက်ထက် မပိုရ ဆိုတဲ့ကန့်သတ်ချက်ကို
လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးခင်ရီက ထောက်ခံလိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိကြတဲ့
ဘင်္ဂါလီအမျိုးသမီးတွေမှာ ကလေးတွေ အများကြီး ရှိနေပြီး တချို့နေရာတွေမှာ
တမိသားစုတည်းမှာကို ကလေးက ၁၀ ယောက်နဲ့ ၁၂ ယောက်လောက် ရှိနေတယ်လို့လည်း
ဦးခင်ရီက ဆိုပါတယ်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 01:22 AM PDT
၂၀၁၅
ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီက မဲဆန္ဒနယ် အများစု အနိုင်ရပါက သူရဦးရွှေမန်းကို
နိုင်ငံတော်သမ္မတ အဖြစ် တင်မြှောက်ရန် ရွေးချယ် တင်သွင်း မည် ဖြစ်ကြောင်း
ကြံ့ခိုင်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး The Voice သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 01:16 AM PDT
ရန်ကုန်တိုင်း
ဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင် အပန်းဖြေ ဥယျာဉ် အတွင်းရှိ ရေလွှာ
လျှောစီး ကစားကွင်းတွင် ဇွန်လ ၉ ရက်ညနေ ၅ နာရီခန့်က ရေကစားနေသူ တစ်ဦးကို
ရဲတပ်သားတစ်ဦးက ဓားဖြင့် ထိုးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး
ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။ ပြည်သူ့ရင်ပြင် ရေလွှာလျှောစီး
ကစားကွင်းတွင် မအေးထူး (ခ) မဂျူးဝေနှင့် သူငယ်ချင်း ခုနစ်ဦး ရေကစားနေစဉ်
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 11 Jun 2013 01:12 AM PDT
မလေးရှားတွင်
ရောက်ရှိ နေသော မြန်မာ နိုင်ငံသားများ ငွေကြေး အခက်အခဲ ရှိသော် လည်း
မြန်မာ နိုင်ငံသို့ ပြန်လာ နိုင်ရန် အပြည်ပြည် ဆိုင်ရာ မြန်မာ့ လေကြောင်း
(MAI) က ဇွန်လ ၁၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့ အထိ တစ်လဈေးထက် ဝက်လျှော့
ပျံသန်း မည်ဖြစ်ကြောင်း MAI ၏ ဈေးကွက် မန်နေဂျာ ဒေါ်အေးမရသာက The Voice
သို့ ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jun 2013 09:30 PM PDT
၂ဝ၁၂-၁၃ ပညာသင်နှစ် တစ်နိုင်ငံလုံးတက္ကသိုလ်ဝင်တန်းေ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 10 Jun 2013 09:20 PM PDT
|
||
Posted: 10 Jun 2013 08:52 PM PDT
အမေရိကန်ရဲ့
လှိျု့ဝှက်ချက်တွေကို တရားဝင် ခွင့်ပြုချက်မရှိပဲ ဖွင့်ချ ဖေါ်ထုတ်
လိုက်တဲ့ ကန်ထရိုက် စာချုပ်နဲ့ အလုပ်လုပ်တဲ့ အမေရိကန် ထောက်လှမ်းရေး Edward
Snowdon ဟာ သူပုန်းအောင် တည်းခိုနေထိုင်ရာ ဟောင်ကောင်က ဟော်တယ်ကနေ
ပျောက်နေတယ်လို့ သိရပါတယ်။ အခု သူဘယ်မှာလဲ ဆိုတာ မသိရပေမယ့် သူ့အကြောင်း
ထုတ်ဝေခဲ့တဲ့ လန်ဒန်က ဂါးဒီးယန်း သတင်းစာကြီး အပြောအရ မနေ့က တနေ့လုံး
ဟောင်ကောင်မှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
0 comments:
Post a Comment