အတွေးလွဲလို့  သေခဲ့သော်
by Ngwe Sinthoun (Notes) on Monday, June 17, 2013 at 6:49am

အကျိတ်တစ်ခုကို စမ်းမိနေတာ သေချာတဲ့အခါတဲ့ အငိုလွယ်သော သူမ သည် မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာသည်။ ဘာလုပ်ရမှန်းလည်းမသိဘူး။ ကင်ဆာဆိုတဲ့သည့် အရာကို သူမ ကြောက်သည်။ ထို့  အတူ အနာရောဂါမဖြစ်ချင် သေသာ သေလိုက်ချင်သည့်အတ္တဆိုးတစ်ခု သူ့ မ မှာ ရှိသည်။ ဟိုမေး ဒီမေး သူငယ်ချင်းများကို စိတ်ဒုက္ခပေးမိသည်။ သူမမှာ မေးစရာလည်း သူငယ်ချင်းများသာ ရှိသည် ....
သောက်ဆေးလည်း သောက် ... လိမ်းဆေးလည်း လိမ်းရင်နဲ့ ဘာမှန်းမသိသော ဗယ်ဘက်နားရွက်အဖျား အသားထဲက အကျိတ်သည် မယောင်တော့ပဲ အနာသက်သာလာသည်။ သို့ သော် အကျိတ်ကတော့ ရှိမြဲရှိနေသည်။ ဆေးခန်းသွားသော အခါတွင်လည်း ပျောက်သွားမှာ ပါဆိုသည့်စကားကို သူမ နားနဲ့  အကြိမ်ကြိမ်ကြားသော်လည်း ခြောက်ခြားသည့်စိတ်နဲ့  ကြောက် တတ်သော သူမ သည် အိပ်မပျော်ခဲ့ပါ။ တစ်ပတ်လုံး ဟီး ဟီး ဟား ဟား ရယ်နေတဲ့အခါ နေသော်လည်း တုန်တုန်လှုပ်လှုပ်ဖြစ် ကြောက်စိတ်က ခြိမ်းခြောက်နေခဲ့ပါတယ်။ အဲ့ဒီတစ်ပတ်အတွင်းမှာ လုပ်ငန်းခွင် အတွင်း အလုပ်လုပ်ရင်းနဲ့  ဗယ်ဘက်ခြေထောက်ခေါက်သွားပါတယ်။ ဗယ်ဘက်ခြေချင်းဝတ် ယောင်နေတာမြင်သော်လည်း ဆေးလိမ်းရင်း ညဖက် ပတ်တီးစီးရင်းနဲ့  သူမ ၃ ရက်တော့ အလူး အလဲခံစားလိုက်ရပါတယ်။ ညာဖက်နားက အကျိတ်မှန်းမသိ ဘာမှန်းမသိတဲ့အချိန် ဗယ်ဘက်ခြေထောက် ခေါက်လဲကျတဲ့အတွက်လောကကြီးကို သူမ အတော်စိတ်ကုန်ပါတယ် ။ သို့ သော် ခြေခေါက်လဲခြင်းသည် သူများ စိတ်ပိုင်းဆိုင်ရာကို များစွာ မထိခိုက်ပါ။ သူမက မြင်နေသော အရာများကို သိပ်မကြောက်တတ်ပဲ မမြင်ရ မသိရသော အနာများကို အထူးကြောက်ရွံတတ်နေပြီ ဖြစ် ပါသည်။
တစ်ခုခုဖြစ်ရင် အိမ်ကိုသာ မပြောရင်နေမယ် fb က သူငယ်ချင်းများကို အင်မတန်အားကိုးပါသည်။ ဘယ်နားလေးနာနေတယ် ဘာဖြစ်နေတယ် ဘယ်ရှုခင်းက ဘယ်လို အင်မတန်ပြောပြချင်ပါတယ်။ မသိရင်လည်း မပြောပြမချင်း သူမ အမေးအမြန်းထူပါတယ်။ ခြေထောက်နာတာကို အပြင်ဒါဏ်ရာမြင်နေရလို့  မကြောက်ပေမယ့် နားက အကျိတ်ကို အရမ်းကြောက်ပါတယ်။ နောက်ဆုံးတော့ ကြောက်တတ်လွန်းရင် ၂ ခါသေတယ်ဆိုတာကို သူမ လက်ခံသွားပါတယ်။ တစ်ပတ်တိတိ တစ်ယောက်ထဲ ခံစားပြီ နောက်တစ်ပတ်စာ ခွင့်ရတော့ ဆေးခန်းရှေ့ ကနေ ခြေစုံပေါက် ပြီး ထွက်လာပါတယ်။ ခပ်တည်တည် နဲ့  ဆေးခန်း ကုန်ကျငွေကို ကဒ်နဲ့ ရှင်းခဲ့ပါတယ်။ လက်ထဲမှာ ရှိတဲ့ 20 တန် တစ်ရွက် 10 တန်တစ်ရွက် 5 ကျပ်တန်တစ်ရွက်လေးနဲ့  အကျိတ်က ကင်ဆာတော့မဟုတ်ပါဘူးဆိုတဲ့စကားနဲ့  ဗိုက်ပေါက်အောင် စားခဲ့ပါသေးသည်။
စိတ်လက်ပေါ့ပေါ့ပါးပါးဖြစ် အိပ်ခဲ့ရသောသူမအတွက် တနင်္လာနေ့ မနက်သည် ယခင်တနင်္လာနေ့ များကဲ့သို့  လှပနေအုံးမယ်လို့ သာ တွေးထင်ခဲ့မိပေမယ့် မနက် ၆ နာရီနိုးတဲ့အခါမှာ အရမ်းကို ကြောက်ရွံတုန်လှုပ်မိပြန်ပါသည်။ ဦးခေါင်းတစ်ခုလုံး လုံးဝမလှုပ်နိုင်ပဲ တရိပ်ရိပ်မူးနောက်နေပါတယ်။ မျက်နှာသစ်ဖို့  အခန်းနှင့် ကပ်လျက်ရေချိုးခန်းသို့  လုံးဝမ၀င်နိုင်ပါ။ ယခင် မနက်မိုးလင်းရင် ဖုန်းနဲ့  fb လေးတော့ ဖွင့်ကြည့်ရမှ ကျေနပ်တတ်သော စိတ်တို့ သည် သေဆုံးသွားခဲ့ပါတသည်။ လက်တစ်ဖက်မြှောက်ဖို့ ကိုတောင် ခဲယဉ်းသော ခံစားမှုနဲ့  မျက်စိမှိတ်ထားရင်လည်း မူးတဲ့အမူးက လေဟာနယ်ထဲမှာ တရိပ်ရိပ် နဲ့ မျောနေပါတော့တယ်။ အားလုံးကို ဘယ်လို မှ လက်မခံချင်လည်း လက်ခံလိုက်ရတာတော့ ငါ ဘာမှမလှုပ်ရှားနိုင်တော့ဘူး။ ငါ့ကိုယ်လုံးတောင် ငါမထိန်းနိုင်တော့ပါလားဆိုတဲ့အသိက စိတ်ဓာတ်များကျပြီ ဘာလုပ်ရမှန်း မသိ ယောင်တောင်တောင်ဖြစ်လာပါတယ်။
မူးတယ် မူးတယ်လို့  အမှတ်တစ်ခု အသိတစ်ချက်ဝင်တယ်ဆိုရုံလေးဖြစ်တဲ့အချိန်မှာ ငါသာ သေသွားခဲ့ရင်လို့ သူမ အတွေးတစ်ချက်ဝင်သွားတယ်။ သေရင်လည်း သေနိုင်တယ်လို့ လည်း ထပ်တွေးမိတယ်။ ဒါပေမယ့် စိတ်တွေအားလုံးက မိသားစုဆီ ချက်ချင်းရောက်သွားတယ်။ ငါပိုင်ဆိုင်မှု အနည်းငယ်လေးရှိတယ် ဘယ်သူ နာမည်နဲ့ မှ လွှဲမပေးရသေးတဲ့အတွက် ဒုက္ခပါပဲ ... ဆိုတဲ့အတွေးဝင်လာတယ်။ ၉ လပိုင်းကြရင် ဘာလက်ဆောင်လေးပေးမယ်ဆိုတဲ့ ဂတိပေးထားတဲ့အတွက်ငါ့ ဂတိမတည်သွားနိုင်ခဲ့ရင်ဆိုတဲ့ အတွေးက ထပ်ဝင်လာပြန်တယ်။ မနေ့ ကပဲ ဖုန်းဆက်လိုက်သေး .... အိမ်နဲ့  စကားပြောကြတဲ့အခါ အကျိတ်ကိစ္စရော် ခြေထောက်ခေါက်တာရော် မပြောဖြစ်ပဲ ( မပြောချင်လို့  မပြောတာ )
ခု ဒီမနက် ဒီလို မူးဝေနေတဲ့ ဒါဏ်ကို မခံစားနိုင်တဲ့ ရုတ်တရက်ဘာမှန်းမသိ မတ်တပ်မရပ်နိုင် ခြေကုန်လက်ပန်းကျတာထက်ဆိုးတဲ့ ဖြစ်ရပ်တစ်ခုကို ရင်ဆိုင်နေရတာ မပြောလိုက်ရပဲ သေသွားခဲ့ရင် ဘယ်သူက ငါ့ကို အရင်သေဆုံးနေတာ ဘယ်သူ သိပါ့မလဲဆိုတဲ့အတွေးက ထပ်ဝင်လာပြန်တယ်။ တကယ့်ကြောက်ဖို့  ကောင်းတဲ့ အတွေးတွေပါ။
ဝေဒနာဆိုးကို တစ်ရိပ်ရိပ်နဲ့ ခံစားပြီးတဲ့အချိန်မှာ မနက် ၁၀ နာရီ ထိုးတော့မှ မတ်တပ်ရပ်လာနိုင်တယ်။ အခြေအနေတစ်ခုကို အမြန်သုံးသပ်ပြီ ဒီနေ့  အလုပ်မဆင်းနိုင်ကြောင်း အလုပ်မလုပ်နိုင်ကြောင်း အကြောင်းကြားခဲ့ပြီ တစိမ့်စိမ့် ပြန်တွေးမိတယ်။ ရောဂါခံစားနေတုန်းက တရားမမှတ်ဘူး။ အသိ မမြဲဘူး။ သတိ နဲ့ မဆင်ခြင်ခဲ့ဘူး။ သိပ်ကြောက်ဖို့ ကောင်းတဲ့ ဝေဒနာကို ခံစားနေတုန်းမှာ အိမ်ကိုစွဲလန်းတယ်။ မိသားစုကို စွဲလန်းတယ်။ ဘယ်သူမှမသိတဲ့အဝေးမှာ သေသွားရတော့မယ်လို့ တွေးပြီ ချောက်ခြားစိတ်ဖြစ်နေတယ်။ ငါ့သာ သေသွားရင် လုပ်ရမယ့် အရာတွေ မပြီးသတ်မသွားနိုင်သေးဘူးဆိုတဲ့ အတွေးဆိုးတွေနဲ့ သူမ ပူလောင်ခဲ့တယ်။ တကယ်သာ အဲ့ဒီအချိန်မှာ သေသွားခဲ့ရင်တော့ မတွေးဝံ့စရာပါ ။
ဘကြီးဘုန်းကြီးကို ၅ သိန်းတန်ဖုန်းတစ်လုံး လှူဖူးတာ မတွေးမိဘူး။ ပိုက်ဆံမရှိတဲ့အချိန်တွေ ကြုံခဲ့ပေမယ့်လည်း နှစ်တိုင်း သင်္ကန်ကပ်ဖူးတာတွေ မတွေးမိဘူး။ ကလေးတွေ အယောက် ၄၀ လောက်ကို စနေတိုင်း ထမင်းနဲ့  ဟင်း ချက်ကျွေး လှူခဲ့တာတွေ မတွေးမိဘူး။ စေတီ ၂ ဆူနဲ့ ဘုရား ရုပ်ပွားတော် ၁ ဆူတည်ဖူးတာကိုလည်း စဉ်းစားဥာဏ်မရောက်ဘူး။ ခေါင်းရင်းအိမ်က အဖိုးကြီး အဖွားကြီး လင်မယား နေမကောင်းတိုင်း ဆေးခန်းပို့  တတ်နိုင်တာထက်မက စားသောက်ဖို့ ထောက်ပံ့ဖူးတာတွေလည်း မတွေးမိဘူး။ ဘာကုသိုလ်ကောင်းမှုကိုမှ အာရုံမရောက်ဘူး။ မဟာတေဇမုနိဘုရားမှာ ကျောက်စာတိုင် တစ်ချပ်လှူခဲ့တာလည်း သတိမရဘူး။ ကျောင်းတတ်ချင်တဲ့ ချို့ တဲ့ တဲ့ ကလေးတစ်ယောက်ကို ၁၀ တန်းတစ်နှစ်လုံး ကျောင်းထားဖူးတဲ့ အကြောင်းကိုလည်း မေ့နေတယ်။ ကရင်ဝင်းစိန်ရွာမှာ စေတီတော် ထုံသုပ်ဖို့  တစ်နေကုန် ထုံးအိုးတွေ ခေါက်တုံ့  ခေါက်ပြန် ရွက်ဖူးတာလည်း မေ့နေတယ်။ နယ်မှာနေတုန်းက မနက်တိုင်း အာရုံဆွမ်းလောင်းဖူးတာ .. ရန်ကုန်ရောက်တော့ ၀ါတွင်း ၃ လ လုံး မနက်ဆွမ်းလှူခဲ့တာ အမေ နဲ့ အတူ အိမ်ကို ဘုန်းကြီး ၃ ပါး နေ့စဉ် ဆွမ်းဒါန ကုသိုလ်ကူညီပေးတာတွေ ၊ ရပ်ကွက်အတွင်း တန်ဆွမ်း နှင့်တကွ အမျိုးတွေကို သင်္ကန်စည်း ရဟန်းတတ်ဖူးတာတွေ မနက်က တစ်ခုမှမတွေးမိဘူး။
ပိုင်ဆိုင်တာလေး မဖြစ်စလောက်ကို ရသင့်တဲ့သူအတွက် မလုပ်ပေးရသေးဘူး ဆိုတာနဲ့  ကိုယ့် နေရပ် မြန်မာပြည်ကိုသာ စွဲလန်းပြီ ရောဂါခံစားနေရတဲ့အချိန် စိတ်ထဲ စစ်ပွဲဖြစ်နေ တယ် ။ သီလရှင် ၂ခါ ၀တ်ဖူးတာလည်း သတိမရ။ ဖားအောက်တောရမှာ လှူဒါန်းဖူးတာတွေ လည်း မေ့။ လှိုင်မဟာစည်မှာ မွေးနေ့တိုင်း ဆွမ်းလှူခဲ့ဖူးတာတွေလည်း မတွေးဖြစ်။ ဘ၀ရဲ့ ကောင်းကျိုးများ ကြက်ခြေနီသင်တန်းတတ်ပြီ အချိန်ပိုင်းလှုပ်ရှားမှုတွေ အများကြီး လုပ်ဖူးတာလည်း မေ့ .... ကြောက်ဖို့ ကောင်းပေစွ။ ယုတ်စွ အဆုံး နိုင်ငံခြားရောက်နေတဲ့အချိန်မှာ သီရိလင်္ကာဘုန်းကြီးကျောင်းမှာ ကျောင်းဆောက်ဖို့  မြေ၀ယ်ဖို့  လှူဖူးတယ်။သင်္ကန်ကပ်ဖူးတယ်။ ဆွမ်းလှူဖူးတယ်။ စားသောက်စရာ ပစ္စည်းနဲ့  ဘုန်းကြီးကျောင်းသုံး သန့် ရှင်းရေးပစ္စည်းတွေ အများကြီး လှူဖူးတာတွေလည်း မေ့နေခဲ့တယ်။ ဘာဆို ဘာအလှူကိုမှ မတွေးမိဘူး။ ကိုယ့်ရဲ့ဝေဒနာနဲ့ ကိုယ့်ပိုင်ဆိုင်မှုများကိုသာ တွေးနေမိတယ်။ မပြီးသေးတဲ့ လုပ်စရာတွေနဲ့  မတည်နိုင်သေးတဲ့ ဂတိတွေ အကြောင်း တွေးနေခဲ့မိတယ်။
အရမ်းတုန်လှုပ်ဖို့ ကောင်းပါတယ် အရမ်းလည်းကြောက်စရာကောင်းပါတယ်။ ၁၀ နာရီကျော်လို့ မတ်တပ်ရပ်နိုင်တဲ့အခါမှာ မျက်နှာသစ်ရင်လည်း ဒီအကြောင်းတွေးမိတယ်။ ရေချိုး အကျီလဲရင်းလည်း ဒီအကြောင်းတွေးမိတယ်။ သွက်သွက်ခါအောင် မူးနောက်နေတုန်းက အသိတစ်ချက်မှားပြီ သေများသေသွားခဲ့ရင် .. သူမ အောက်ဆုံးသွားရမှာပါ။ သံသရာမှာ တစ်ခါပြန်အမြင့်ရောက်ဖို့  အတော်ကြိုးစားရမယ့် အောက်ဆုံးကို သူမ ရောက်နေမှာပါ ...။ ဒါကြောင့် မသေခင် အရင်ပြင်ဆင်တယ် ဆိုတဲ့စကားက အလကားမဟုတ်တာ ခုတော့တွေးနေတယ်။ အသေသာ ဦးသွားရင်တော့ သွားပါပြီ။ အိပ်ခန်း ၃ ခန်းနဲ့  တိုက်ခန်းကို ဘယ်သူကို မပေးရသေးတာ ... ၁၄၀ ရပ်ကွက်က ခြံက ဘယ်လိုလုပ်ရမှာ ... တစ်ထပ်တိုက်လေးက ဘယ်လိုပြင်မပြီးသေးတာ ... ဘယ်လကြရင် ဘယ်သူကို ဂတိပေးတာလေး မလုပ်ပေးရသေးနဲ့ သာ တွေးရင်း သေရင် သူမ ဘ၀ကတော့ မတွေးရဲစရာပါ။
အင်မတန်ကြောက်ရွံတုန်လှုပ်မိပါသည်။ လောဘဇောကပ်နေတာကိုတောင် မသိပဲ သေသွားရင် မလုပ်ရသေးတာတွေ စိတ်မှာ စွဲပြီ သေသွားခဲ့ရင် .... အို .... သူမ မတွေးရဲပါ ။ သူမ အတွေးတွေ နဲ့ ဇောတစ်ခုသာ လွဲခဲ့ရင် အဲ့ဒီအောက်ဆုံးထပ်ဆိုတဲ့နေရာမှာ ခုချိန်ဆိုရင် ရောက်နေလောက်ပါပြီ ။။ ဘ၀ဟာ ခဏလေးဆိုတာသိပေမယ့် တကယ့်ဝေဒနာခံစားနေတဲ့အချိန်မှာ ဘာတွေတော့ မလုပ်ရသေးဆိုတဲ့ မပြီးသေးတဲ့တာဝန်ကိုသာ သူမတွေးမိနေပါတယ်။ သတိတစ်ခုရလို့  အမှတ်တစ်ခုနဲ့ ဘယ်လိုမှ စိတ်ကိုဆင်ခြင်လို့ မရခဲ့ပါဘူး။ သေသာသွားခဲ့ရင် ငါဘာမပြီးသေး ဘူးတွေးနေတဲ့အတွေးကို သူမ မလွန်ဆန်နိုင်ခဲ့ပါဘူး။
သူမ ဘာတွေလုပ်ခဲ့တယ် ဆိုတာ မတွေးပဲ သေသာ သွားခဲ့ရင်ဆိုပြီ အခု အထူးတုန်လှုပ်မိပါတယ်။ မသေခင်ပြင်ဆင်တယ်ဆိုတဲ့အရာတွေထဲမှာ မသေခင်လှူဖို့  လည်းလိုသလို လှူခဲ့တာတွေကိုလည်း အကြိမ်ကြိမ်အဖန်ဖန်ပွားများ ဆင်ခြင်ဖို့ လည်း လိုသေးတယ်ဆိုတာ သုံးသပ်တတ်လာပါတယ်။ ဒီနေ့ ကတော့ အမှတ်တရပါ။ သူမမှာ တုန်လှုပ်ခြောက်ခြားများစွာနဲ့  ၄ နာရီမျှသော အချိန်ကို သတိတစ်ခု အသိတစ်ချက်မှ မကပ်ပဲ စိတ်အတွေးပေါင်းများစွာရဲ့ ဖိနှိပ်ခြောက်ခြားခြင်းကို ခံလိုက်ရပါတယ်။ ရေတစ်ပွက် ပွက်သလို မိုးတပါက်ကျသလို အသိတစ်ချက်မ၀င်ဘူးဆိုရင်ဖြစ် လူဖြစ်ခဲ့တဲ့ သက်တမ်းမှာ လုပ်ခဲ့သမျှ တလွဲသာဖြစ်ပါတော့မယ်။
ကြောက်စရာကောင်းလှပေစွ။ သင်္ခါရမသိပဲ မောက်မာနေသေးရင် ပြင်ချိန်တန်ပြီ။ တစ်ယောက်ကို တစ်ယောက် အထင်မြင်လွဲနေရင် မေတ္တာရှေ့ ထားသင့်ပြီ။ သူမ အတွေးတွေ မှားပြီ လှူခဲ့တာတွေ မဆင်ခြင်မတွေးနိုင်တဲ့အတွက်အောက်ဆုံးထပ်ကို ရောက်မှာပါ။ အသေမဦးခင် ဥာဏ်ဦးသူများ ဖြစ်စေရန် မျှဝေရေးသားပါတယ်။ စာလုံးပေါင်းပြန်မစစ်တဲ့အမှားနဲ့  ဘ၀မှာ အချိန်မှီယုံလေး သိလိုက်တဲ့ ကြောက်စရာကောင်းခြင်းအတွက် သူမကို အပြစ်တင်ပါ။ သူမ စာကြောင့် စာဖတ်သူများလည်း အသိတစ်ချက်ဝင်ရင် ကုသိုလ်အကြောင်းကို အဖန်ဖန်တွေးတတ်ရင် ကိုယ့်ရဲ့ စိတ် နဲ့ ခန္ဒာ နာနေချိန် ကုသိုလ်တွေ ပွားများဖို့  တွေးတော ဆင်ခြင်တတ်ရင် သူမကို ကျေးဇူးတင်ပါ။
/ မငွေစင်သွန်း /
17/6/2013 ( 4:36 PM )
0 comments:
Post a Comment