Saturday, June 1, 2013

ဒီမိုကရေစီ ၊ လစ်ဖရယ်ဝါဒ နှင့် မျိုးချစ်စိတ်

by Bo K Nyein (Notes) on Saturday, September 22, 2012 at 1:43am

                                        
အမေကျော် ဒွေးတော်လွမ်းပါလို့ ငိုမ၀ တဲ့ ဒီမို သတင်းသမား ၊ ရောမသားများ

စာရေးသူ အထင် လူငယ် အများအဖြင့် ၊ အထူးသဖြင့် စာတတ်သူ လူငယ်တွေ အကြားမှာ ဒီမိုကရေစီ နဲ့ လစ်ဖရယ်ဝါဒ (Liberalism) တို့ကို ရောထွေး နေတယ်လို့ထင်မိတယ်။ 
ဒီမိုကရေစီ ဆိုရာမှာလည်း ကိုယ်စားပြု ဒီမိုကရေစီ (Representative Democracy) ကို ပြောတာပါ။
ဒီလို ထင်ရှားအောင်ပြောရချင်း က ကွန်မြူနစ်တွေ ယုံကြည်တဲ့ ပါဝင်မှု ဒီမိုကရေစီ Participatory Democracy နဲ့ ကွဲပြားအောင်လို့ပါ။

ကိုယ်စားပြု ဒီမိုကရေစီ မှာ မှ ပြည်သူတွေက လူတဦး ၊ မဲတပြား စနစ် နဲ့ မိမိတို့ကို ကိုယ်စားပြုမဲ့ (ကိုယ်စလယ်) ကို (၄) နှစ်တကြိမ် (သို့) ၅ နှစ်တကြိမ် ၊ လွပ်လပ်စွာ ရွေးချယ်ခွင့် ရှိရပါမယ်။


တချို့ စနစ်တွေမှာ မိမိပြည်နယ် ကို ကိုယ်စားပြုမဲ့ ကိုယ်စလယ် တွေကိုလည်း ရွေးချယ် ခွင့်ရရှိကြပါတယ်။

နောက်ဆုံးတော့ မိမိတို့ ရပ်ကွက် ၊ ပြည်နယ် ၊ တိုင်းပြည် ကို ကိုယ်စားပြုမဲ့ ၊ ခေါင်းဆောင်တွေကို ရွေးချယ် ခွင့်ရှိကြပြီး မကြေနပ်ပါက ပြန်ခေါ်ခွင့် ပါရရှိကြပါတယ်။

ကွန်မြူနစ်တွေ ရဲ့ ပါဝင်မှု ဒီမိုကရေစီ နဲ့ ကွာတာက တရုတ်ပြည် လို ကွန်မြူနစ် စနစ် မှာ ပြည်သူကရွေးခွင့် မရှိပါ။ ကွန်မြူနစ် ပါတီကေတာ တွေကသာ မိမိ တို့ခေါင်းဆောင်ကို ရွေးရပါတယ်။ ဥပမာ ၂၀၁၂ နှစ်မကုန်ခင် လာမဲ့ တရုတ်ပြည် အမျိုးသားကွန်ကရက်  အစည်းအဝေးမှာ နောင် (၁၀) နှစ်အုပ်ချုပ်မဲ့ လီ့ရှင်ပင်း (Li Xiping) ကိုခေါင်းဆောင် အဖြစ်ရွေးကြပါလိမ့်မယ်။ တကယ်တော့ ရွေးပြီးသားပါ။ ကြည့်ကောင်းအောင် ၀ိုင်းလက်ခုပ် တီးကြမှာပါ။ တချိန် ထဲမှာ ၂၀၁၂ နိုင်ဝင်ဘာလ ပထမ အင်္ဂါနေ့ မှာ အမေရိကန် နိုင်ငံမှာ သမ္မတရွေးကောက်ပွဲ ကျင်းပ ပါလိမ့်မယ်။ မည်သူနိုင်မည် မသိပါ။ ရွေးကောက်ပွဲ ရောက်မှ သိရပါလိမ့်မယ်။ အမှန်ကတော့ ရွေးကောက်ပွဲ နဲ့ ရွေးချယ်ပွဲ လို့ပြောလို့ရနိုင်မယ်ထင်ပါတယ်

ထို့ကြောင့် ယနေ့ခေတ်မှာ ၊ ဒီမိုကကရေစီ ဆိုတာနှင့် လွပ်လပ်စွာ ရွေးချယ်ခွင့် ရှိသော ကိုယ်စားပြု ဒီမိုကရေစီ ကို ယျေဘူရ အားဖြင့် ဆိုသည်ပါ။

လစ်ဖရယ် အတွေးအခေါ် လွှမ်းမိုးမှု

ဒုတိယ ကမ္ဘာစစ် အပြီးမှာ လစ်ဖရယ် အတွေးအခေါ် ဟာ လွပ်လပ်စွာ မိမိအစိုးရကို ရွေးချယ်ခွင့် ရတဲ့  ၊ တနည်းအားဖြင့် ကိုယ်စားပြု ဒီမိုကရေစီ ကိုကျင့်သုံးတဲ့ နိုင်ငံတွေမှာ လွှမ်းမိုးလာတယ်။ လစ်ဖရယ် အယူဝါဒ ဟာလည်း Classical Liberalism ကနေ Social Liberalism ကို ပြောင်းလဲကူးစက်လာတယ်။ Classical Liberalism ဟာ ၁၉ ရာစု နှစ် တွေမှာ အမေရိကား နဲ့ ဥရောပ နိုင်ငံတွေမှာ ခေတ်စားခဲ့တဲ့ နိုင်ငံရေး အတွေးအခေါ် ဖြစ်တယ်။ Classical Liberalism က (တဦးချင်း လွပ်လပ်မှု) ၊ ဥပဒေ ဘောင်အတွင်းက ၀င်ရောက်စွက်ဖက်မှုနဲ တဲ့ အစိုးရ ၊ တချို့ ကလည်း Limited Government လို့ဆိုကြတယ်။ ပြီးတော့ (စီးပွားရေး လွပ်လပ်ခွင့်) တွေကို အားပေးတဲ့ အတွေးအခေါ် ဖြစ်တယ်။ ၂၀ ရာစု ခေတ်မှာ Friedrich Hayek နဲ့ Milton Friedman တို့က Classical Liberalism ကိုပြန်လည်ဖေါ် ထုတ်လာကြတယ်။ ဒီ ခေတ်သစ် Classical Liberalism ကို ပဲ တချို့က Neo Classical Liberalism လို့တင်စားကြတယ်။

ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ Social Liberalism ဆိုတဲ့ အယူအဆ ကကြီးထွား လာပြန်တယ်။ Social Liberalism ရဲ့ အဆိုက Liberalism ဟာ Social လူမှုရေး အုပ်မြစ်မှာ အခြေခံရမယ် ဆိုတဲ့ ယုံကြည်ချက်ပဲ။ Social Liberalism က Classical Liberalism နဲ့ ကွာတာက (အစိုးရ) ( State) ရဲ့ တရားဝင် ပါဝင်ရေးပဲ။ အစိုးရ က အများအကျိုး အတွက် ဆောင်ရွက် ခြင်းဟာ တဦးချင်းရဲ့ လွပ်လပ်ခွင့် နဲ့ သဟဇာတ ဖြစ်ပါတယ် ဆိုတဲ့ အဆို ပေါ်မှာ မှီပြီး အစိုးရ က စီးပွားရေး အပြင် လူတွေရဲ့ ကျန်းမာရေး ၊ ပညာရေး ၊ အလုပ်လက်မဲ့ ပပျောက်ရေး စတဲ့ လူမှုရေး ကိစ္စ တွေမှာ ၀င်ဆောင်ရွက် ပေးရင်း တချိန်ထဲ မှာ နိုင်ငံရေး အခွင့်အရေး တွေကို တိုးချဲ့ နိုင်တယ် ဆိုတဲ့ အဆိုပဲ။ ဒီ အတွေးအခေါ်ကြောင့် ၂၀ရာစု အစ ကစ ပြီး ဥရောပ မှာ Liberal reforms တွေ လုပ်ရာက Welfare State အတွက် အခြေခံ အုပ်မြစ်တွေ ချပေးခဲ့ရာက ဒုတိယ ကမ္ဘာစစ် ကြီး အပြီး မှာ ဥရောပ မှာ Welfare State အတွေးအခေါ်ဟာ ကြီးထွားခဲ့ရတယ်။ Welfare State ရဲ့ အတွေးအခေါ်က လူတွေ အလုပ်မရှိရင် အစိုးရ ကငွေ ထောက်ပံ့မယ် ၊ Universal Health လို့ခေါ်တဲ့ (နိုင်ငံသား) တိုင်း ဆေးကုသ ခွင့်ရစေရမယ် ၊ ခလေးတိုင်းကျောင်း အခမဲ့ ထားပေးမယ် ၊ ဆင်းရဲ ရင်သော်၎င်း ၊ ခလေးများ၍ အလုပ်မလုပ် နိုင်ရင် အစိုးရ က တာဝန်ယူမယ် ဆိုတော့ Welfare State ရဲ့ အတွေးအခေါ်က Tax and Spend ဆိုတဲ့ လစ်ဖရယ် အတွေးအခေါ် ပေါ်ထွက်လာရတာ။

ဒီ Tax and Spend ဆိုတဲ့ လစ်ဖရယ် ပေါ်လစီ ရဲ့ နောက်ဆက်တွဲ ရလဒ်က လူတွေဟာ အစိုးရကို အားကိုးတဲ့ Dependency ဆိုတာ ၀င်လာတယ်။ အစိုးရ က ကျွေး ၊ အစိုးရက ပေးကမ်းးဆိုတော့ ကာ လူတွေဟာ (ပျင်း) လာကြတာ လူ့ သဘာဝ ပဲ။ အင်္ဂလိပ် စကားမှာ ရှိတယ်။ နေ့တိုင်း (ငါး) ကျွေး မဲ့အစား (ငါး) ဖမ်းတတ်အောင်သင်ပေးပါတဲ့။ Welfare State က (ငါး) ဖမ်းတတ်အောင် မသင်ပေးပဲ နေ့တိုင်း (ငါး) ကျွေးနေတော့ အစိုးရကိုပဲ မှီခိုချင် လာတာမဆန်းလှပါဖူး။

နောက်အားနဲချက်က ဒီလို လူမှုရေးကိုရှေ့ ရှုပြီး အစိုးရ က ကျွေးမွေးရတဲ့ ပရိုဂမ်တွေ များလာတော့ အစိုးရ က အခွန် များများ တိုးကောက်ရရော။ ဒီတော့ စီးပွားရှာ နိုင်တဲ့ သူတွေကို (ဒဏ်) ခပ်ရာရောက်တယ်။ ဥပမာ အင်္ဂလန်မှာ NHS လို့ ခေါ် တဲ့ အားလုံးကိုဆေးကုပေးတဲ့ Universal Health System ကိုဖေါ်ဆောင်တော့ အင်္ဂလန်က ဆရာဝန်တွေ လူတော်တွေဟာ ငွေများများရတဲ့ အမေရိကန် နိုင်ငံကို ကိုထွက်ပြေး ကြပြီး ၊ NHS က နိုင်ငံခြား ၊ အထူးသဖြင့် ကိုလိုနီ နိုင်ငံဟောင်း ကဆရာဝန်တွေ ကို အလုံးအရင်း နဲ့ ခေါ်သွင်းခဲ့ကြရတယ်။ ထို့နည်းတူစွာ ပဲ ၀င်ငွေများတဲ့ လုပ်ငန်းရှင်တွေလည်း အခွန်ဒဏ် မခံနိုင်တော့ တိုင်းပြည်က ထွက်ပြေးကြရ တာပေါ့။ အောင်မြင်လာတဲ့ အနုပညာရှင်တွေလည်း ပြေးရတာပဲ။

အစမှာတော့ မသိသာ

ဒုတိယ ကမ္ဘာစစ်ကြီးပြီး တော့ ဥရောပ ကိုပြန် တည်ထောင်ဖို့ အမေရိကန် က ငွေထုတ်ပေးပြီး အနောက်ဥရောပ ကို ပြန်ထူထောင်ခဲ့ကြတယ်။ အမေရိကန် နိုင်ငံခြားရေ၀န်ကြီး ဗိုလ်ချုပ်ကြီးဟောင်း မာရှယ် ကို အမှုးပြုပြီး မာရှယ် ပလင် (Marshal Plan) လို့အမည်တွင်ပါတယ်။ စစ်ကြီးပြီးပြီးချင်းမှာ ဆိုဗီယက် ရုရှား နဲ့ အမေရိကန် တို့ အားပြိုင်ကြတဲ့ စစ်အေးတိုက်ပွဲ ကလည်း ချက်ချင်း ပေါ်ထွက်လာတဲ့ အတွက် စီးပွားရေး ပြန်တည်ထောင် တာရော စစ်ရေးပြိုင်ဆိုင်မှု ကိုပါ တပြိုင်တည်း တည်ဆောက်ကြရတာကိုး။ တိုင်းပြည်ပြန်လည် တည်ဆောက်တဲ့ အခါ အလုပ်သမားတွေ ရဲ့ လုပ်အား လိုလာတော့တယ်။ ဒီတော့ကာ အင်္ဂလိပ် နဲ့ ပြင်သစ်တို့ သူတို့ရဲ့ ကိုလိုနီ အဟောင်း က ယေက်ျားတွေကို အလုံးအရင်း နဲ့ သွင်းလာကြသလို ဂျာမဏီ ကတော့ ပထမ ကမ္ဘာစစ်အပြီးမှာ သူ့ကိုလိုနီ တွေကို ပေးလိုက်ရတာမို့ ၊ နီးစပ်ရာ တူရကီ က အလုပ်သမား တွေကို ခေါ်သွင်းခဲ့ ရ တော့တယ်။

အပယ်ခံ

ပြင်သစ်က ဥဏ်ကြီးရှင်တွေက ယခင် ကိုလိုနီ နိုင်ငံ အလုပ်သမားတွေ ခေါ်လာ ၊ ပြင်သစ်မတွေ နဲ့ရ ၊ ပြင်သစ် ကလေးတွေမွေးလာ ၊ ကြာတော့ assimilate ဖြစ်ကုန်ကြလိမ့်မယ် လို့ ရိုးရိုးရှင်းရှင်း လေးတွေးခဲ့ကြတယ်။ တကယ်လက်တွေ့ကြတော့ ၊ ဘသားချော် တွေက ပြင်သစ် မတွေကို မယူပဲ ၊ သူတို့ နိုင်ငံက မွပ်စလင်မ တွေကိုပဲ ခေါ်ယူကြတော့ ရွှေဥါဏ်တော် ဆူးရောက်တဲ့ ပညာရှင် တွေတွေးသလို ပြင်သစ်ကလေးတွေ မဖေါက် ဖွားလာပဲ ၊  မွပ်စလင် လေးတွေပဲ တိုးပွားလာကြရတယ်။ ပြင်သစ်ကိုခေါ်ယူတဲ့ အလုပ်သမားတွေက ဆင်းသက်လာတဲ့ ခလေးတွေက assimilate မဖြစ်ပဲ ၊ သပ်သပ် (identity) ကိုဖေါ်ဆောာင်လာကြတယ်။

နိုင်ငံတိုင်း မှာ သူ့နိုင်ငံ ယဉ်ကျေးမှု ဆိုတာရှိကြစမြဲပါ။ အနောက်နိုင်ငံ အများစု ဟာ Judea – Christian ယဉ်ကျေးမှုလို့ ပြောလို့ရပါတယ်။ ဥပမာ တရုတ်ပဲ ဖြစ်ဖြစ်  ဗမာပဲဖြစ်ဖြစ် အမေရိကန် ရောက်လျှင် အမေရိကန် ယဉ်ကျေးမှုကို လက်ခံ ကျင့်သုံးကြပြီး တရုတ်အမေရိကန် ၊ ဗမာအမေရိကန် တွေဖြစ်ကုန် ကြတာကို ၊ ပင်းရင်း နိုင်ငံသား စရိုက် ဖြစ် သွားတာကို assimilate ဖြစ်တယ်ခေါ်ပါတယ်။ မွပ်စလင် က မရဖူး ၊ သူ့ဘာသာ ရဲ့ ယဉ်ကျေးမှု ကို အတင်း သွပ်သွင်းလာပါတော့တယ်။ နောက်ဆုံးတော့ (ဆီ) နဲ့ (ရေ) လို့ မပေါင်းစပ်နိုင်ကြ ပဲ တကယ်တော့ (အပယ်ခံ) တွေလာဖြစ်ကြရတာပဲ။

နောက် ယဉ်ကျေးမှုချင်း မတူတဲ့ လူမျိုးတွေ ပေါင်းစပ်တဲ့ အခါ (ခွဲခြားမှု) ဆိုတာ ရှိစမြဲပဲ။ ဒါကို တချို့ က Discrimination လို့သတ်မှတ် ကြပါတယ်။ ဒါကောင်း သလား ၊ မကောင်းပါဖူး။ ဥရောပ ကလူတွေက လူ့အခွင့်ရေး Human Rights ဆိုပြီး ကြီးကြီးကျယ်ကျယ် တွေအော် နေကြပေမဲ့ ယနေ့ အချိန် အထိ လက်တွေ့မှာ (အဖြူ) မဟုတ်ရင် Professional အလုပ်နဲ့ management မှာ အလုပ် ၊ နေရာ ၊ မပေးချင်ကြဖူး။ အစိုးရ နဲ့ liberal NGO တွေကသာ တွင်တွင် အော်နေကြတာ လက်တွေ့ ၊ အောက်ခြေ လူတန်းစား မှာ Discrimination  ရှိတယ်။ လက်မခံကြပါ။ လက်မခံတော့ အလုပ်မရကြ။ ဒီတော့ (အပယ်ခံ) တွေဖြစ်လာကြတယ်။ ဒီတော့ အစိုးရ က Public Housing ဆိုတဲ့ မိုးထိအောင်မြင့် တဲ့ Public Housing မှာ (အပယ်ခံ) တွေကို ထားပြီး အစိုးရ ပိုက်ဆံ ၊ WELFARE ငွေတွေ နဲ့ အစိုးရ စရိတ်နဲ့ တင်ကြွေးထားရတာပဲ။

အမေရိကန်မှာ တော့ ပြဿနာကတမျိုး။ စစ်ကြီးပြီး သွားတော့ စစ်သားတွေ သန်းနဲ့ချည် ပြန်လာကြတော့ GI Bill ဆိုပြီး အစိုးရက ကော်လိပ်ကျောင်းတက်ဖို့ (ငွေ) ထုတ်ချေးတယ်။ စစ်အတွင်းက ယေက်ျားတွေ စစ်တိုက် ထွက် နေရတော့ ၊ စက်ရုံတွေကို မိန်းမတွေ နဲ့ပဲ လည်ပတ်နေရတယ်။ ကားစက်ရုံတွေဟာ တင့်ကားထုတ်တဲ့ စက်ရုံတွေ ဖြစ်သွားရာက ၊ စစ်ပြီးတော့ ကားစက်ရုံတွေ ဘ၀ပြန်ရောက်သွား ကြပြီး အမေရိကန် ရဲ့ စက်မှု လက်မှု တိုးတက်မှုဟာ တရှိန်ထိုး တက်လာပြီး ၊ Industrial Giant ၊ ကမ္ဘာမှာ စီးပွားရေးအရရော ၊ စစ်ရေးမှာပါ နံပတ် (၁) လာဖြစ်တယ်။ သို့သော် အမေရိကားရဲ့ အပယ်ခံ တွေက (အမဲ) တွေ။ Discrimination ကြောင့် အမဲ ဆိုရင် (အလုပ်) မရဖူး။ မြို့ထဲကို အမဲ တွေရောက်လာတော့ ၊ အဖြူတွေက မြို့ပြင် Suburbs တွေကို ထွက်ပြေးတော့ အမေရိကန်မြို့တွေဟာ Downtown မှာ run down ဖြစ်လာကြတယ်။ ဒီတော့ အစိုးရကပဲ Public Housing မှာ (အပယ်ခံ) တွေကို ထားပြီး အစိုးရ ပိုက်ဆံ ၊ WELFARE ငွေတွေ နဲ့ အစိုးရ စရိတ်နဲ့ တင်ကြွေးထားရတာပဲ။ နောက်ဆုံး ပုံသဏ္ဍန် က တော့ အတူတူပါပဲ။

အလုပ် ကအဓိကပဲ။

(အလုပ်) မရ နိုင်တော့ ဒီ Public Housing တွေဟာ ဒုစရိုက် စုဝေးရာ နေရာဖြစ်လာကြရတော့တယ်။ ပြင်သစ်မှာ ရော အမေရိကားမှာ ပါ ဒီရပ်ကွက်ဆိုးတွေကို ပုလိပ်တောင် မ၀င်ရဲ ဖြစ်လာ ကြရတယ်။ ပါရီ (Paris) မြို့ကြီး ပတ်ပတ်လည်မှာ အပယ်ခံ ရပ်ကွက်တွေ ပေါ်လာရတယ်။ လွန်ခဲ့တဲ့ နှစ် အနဲငယ်ကပဲ ဒီအပယ်ခံမြို့ တွေမှာ မီးရှို့သောင်းကျမ်းမှု ( Riots) တွေဖြစ်ခဲ့သေးတယ်။ ဥါဏ်ကြီးရှင် လစ်ဖရယ် ပညာတတ်တွေ ရွှေဥါဏ်တော် ဆူးရောက်ပြီး နိုင်ငံခြားသားတွေ ခေါ်လာပြီး ထင်သလို မရောနှော ( Assimilate) မဖြစ်ပဲ သီးခြား Identity ထူထောင်လာတော့ ပြဿနာပေါ်ကြရော။ ပြင်သစ်မှာမွေးရင် ပြင်သစ် ဖြစ်တယ် ဆိုတဲ့ ဥပဒေ ရှိတော့ ပြင်သစ်မွပ်စလင် တွေများလာရော။  Human Rights ကိုခြေခံပြီး Rights တွေတောင်းဆိုလာတော့ မငြင်းနိုင်။ တဖြည်းဖြည်း အိမ်ကြီး ထဲမှာ အိမ်ငယ်ဆောက်ရာက နောက် ဆုံး လူးဦးရေ တိုးပွားမှု Population Growth ကို လက်နက် အဖြစ်သုံးပြီး တဖြေးဖြေးချင်း အမြိုခံရရော။ အိမ်ငယ်ဆောက် တာကလည်း အလုပ်လုပ်ပြီးဆောက်ကြတာ မဟုတ်။ တိုင်းပြည်စရိတ် နဲ့ ဆောက်ကြတာ။ သူတို့က မွေး ၊ တိုင်းပြည်က ကြွေး ၊ လူများလာတော့ Sharia Law ကျင့်သုံးရမယ်လို့ တောင်းဆို ၊ နောက်ဆုံး ဥရောပက အဖြူမ တွေ Burqa ၀တ် ၊ ယောက်ျားတွေ မုတ်ဆိတ်မွှေးတကားကား နဲ့ အတင်းအဓမ္မ ဘုရားရှိခိုး အခိုင်းခံရမှာ မြင်ယောင်  သေးတယ်။ ဥရောပ က လစ်ဖရယ် ဥါဏ်ကြီးရှင်တွေကြောင့် ကြာရင် Islamization အဖြစ်ခံရဖို့ ရှိတယ်။

ဂျာမဏီ မှာလည်း ဂျာမန်တွေဟာ တူရကီ ကအလုပ် သမားတွေနဲ့ လူမျိုးရေး ပြဿနာ ဖြေရှင်းနေကြရတာပဲ။ ဂျာမဏီ မှာ ဂျာမန်လို မတတ်ရင် အလုပ်ရဖို့ ကမလွယ်။ ဂျာမန် ကိုလိုနီ တွေမရှိတော့ ဂျာမန်လိုပြော တတ်သူတွေက အင်္ဂလိပ် ၊ ပြင်သစ် လောက် မများကြ ၊ ဒီတော့ ဂျာမန်မှာ ပြဿနာ က တူရကီ (Turkish) နိုင်ငံသားတွေပဲ။ တူရကီ နိုင်ငံကို အီးယူး ထဲ အ၀င်ခံလိုက်ရင် မွပ်စလင်တွေ ဥရောပ ကို တူရကီက လှိမ့်ဝင်လာမှာ ဆိုးလို့ နည်းမျိုးစုံ နဲ့ တူရကီ ကို ပိတ်ထားတာ လူတိုင်း အသိပါ။ ဂျာမဏီ ၀န်ကြီးချုပ် မာကာလ် တောင် Multiculturalism မအောင်မြင်ပါလို့ ထ အော်နေရပြီ။

အပယ်ခံခြင်း ကွာကြတယ်

ဒီနေရာမှာ အမေရိကန် နဲ့ ဥရောပ ကွာတာရှိတယ်။ အမေရိကန်မှာ က အသားရောင် ခွဲခြားတာသက်သက်။ ဘာသာရေး မပါ။ ဥရောပ မှာ က Discrimination က Native နိုင်ငံသား တွေက ခွဲခြားတာ။ Separation က မွပ်စလင်တွေက ငါ့ဘာသာ ငါ့ယဉ်ကျေးမှု ဆိုပြီး (ခွဲခြား) ထောင်တာ။ assimilate ဖြစ်ဖို့ နေနေသာသာ လူများတာနဲ့ Sharia Law ကိုအသိမှတ် ပြုရမယ် ဆိုပြီးတောင်းဆိုကြတာပဲ။ ဒါထက် လူနဲနဲ ပိုများလာရင် သီးခြားပြည်နယ် ပေးရမယ်။ နောက်ဆုံး လွပ်လပ်သော Islamic State ကိုတောင်းဆိုကြတော့တာပဲ။ သူတို့ရဲ့ ရည်မှန်းချက် က ဘော်ဒါမရှိတဲ့ ထောက်လျှောက် မွပ်စလင်နိုင်ငံဖြစ်တဲ့ caliphate အထိဖြစ်ချင်တာ။ အားလုံး မွက်စလင် လိုဝတ် ၊ မွက်စလင် လိုစား ၊ မွက်စလင် လိုကိုးကွယ် ၊ အားလုံး တနေ့ (၅) ခါ ဘုရားရှစ်ခိုးကြပေတော့။

Political Rights။ နိုင်ငံရေး အခွင့်အရေးများ တောင်းဆိုမှု

Social Liberalism က လူမှုရေး နဲ့ စီးပွားရေး တွေမှာ အစိုးရ က ၀င်အုပ်စီး ရုံမက Political Rights တွေကိုလည်း ပေးရမယ် ဆိုထားတော့ ရှိရှိသမျှ လူတွေက သူတို့ရဲ့ Rights တွေကို တောင်းဆိုကြတာပေါ့။ Labor Rights, Women Rights, Abortion Rights, Religious Rights, Immigration Rights,  Minorities Rights, လူတိုင်း rights တွေကို တောင်းဆိုလာကြရော။ လူတိုင်းက အလကား လိုချင်ကြတယ်။ ဘယ်သူကမှ အနစ်နာ မခံချင်ကြဖူး။ ကြာတော့ အစိုးရက အားလုံးကို စောင့်ရှောက် ရမဲ့ ဘ၀ ရောက်လာရော။

ဒီလို လူတကာက Rights တွေ တောင်းဆိုလာတော့ Islamic တွေ အတွက် အကွက်တွေ့လာကြရော။

အင်္ဂလန်အဖြစ်အပျက် လေးတွေကို ကြည့်ရအောင်။
Religious Rights ကို ဘန်းပြပြီး Visa လျှောက်တော့ မပေးရင် အစ္စလန် ဘာသာရေး ဆရာမို့လို့ ညစ်တာပါ ဆိုပြီး ၀ိုင်းကလော်တုတ်ကြမယ်။ ဗီဇာရတော့ အိုပြန်ရင် အနှိပ်စက်ခံကြရပါမယ် ၊ ဆိုပြီး နိုင်ငံရေး ခိုလှုံခွင့် လျှောက်ကြရော ၊ ဘယ် မွတ်စလင် နိုင်ငံဟာ စစ်မှန်တဲ့ ဒီမိုကရေစီ ကျင့်သုံးကြလို့တုန်း။ နေခွင့် ရတော့ အလုပ်လုပ်စား နိုင်တဲ့ သူတွေမှ ၊ မဟုတ်တာ ၊ နောက်ဆုံး Welfare ထုတ်စား။ ပြီးတော့ သေကြာ နေ့ ပလီ မှာ အနောက်နိုင်ငံ တွေဟာ အစ္စလမ် ဘာသာဝင်တွေ ကို ဘယ်လို နှိပ်စက်နေကြပါတယ် ဆိုပြီး (မုန်းတီး) ရေးတရားတွေ ဟောတော့တာပဲ။ 9/11 အပြီး နောက်နိုင်ငံ အစိုးရ တွေက စောင့်ကြည့် နေကြတော့ ။ ဒင်းတို့ ကို တရားစွဲ တော့ ဒင်းတို့က အစ္စလမ်မုန်းတီမှု (Islamophobia) ပါဆိုပြီး ၀ိုင်းအ်ာကြရုံ မက European Court of Human Rights စီကို အသနားခံစာတင်တော့ ကိုရွှေ တရားသူကြီးတွေက (နေစေ) ဆိုလိုက်တော့ အိမ်ရှင်နိုင်ငံမှာ နိုင်ငံ့စရိတ်နဲ့ (နေ) ၊ အိမ်ရှင်နိုင်ငံကို ရန်ရှာ ၊ ဘာသာရေး လွှမ်းမိုးဖို့ ကြိုးးစားနေကြတဲ့ အစ္စလမ်ဘာသာရေး ဆရာ မာလာဝီ တွေ ဥရောပ မှာ သောင်းကြမ်းနေကြတဲ့ အဖြစ် ကလေးတွေပါပဲ။ ဥပမာ အင်္ဂလန်မှာ ဂျော်ဒန်က အစွန်း ရောက် radical cleric Abu Qatada ကိုအင်္ဂလန်အစိုးရက ပြည်နှင်ဖို့ကြိုးစာတာ ဥရောပ လူ့အအခွင့်အရေး ခုံရုံး က ငြင်းပယ်လိုက်တဲ့ လက်တွေ့ ဘ၀က ဖြစ်ရပ် က သက်သေ ထူလျက် ရှိပါတယ်။

Immigration ဆိုတာ နောက်ဆုံးတော့ Colonization ဖက်ရောက်သွားတာပါပဲ။

လူ့လောက ဆိုတာ တဆင့်ထဲ ၊ တလွှာထဲ ၊ တဖက်ထဲ ကို ကြည့်လို့ မရပါ။ Social Fabric လို့ခေါ်တဲ့ လူလူချင်းပေါင်းစပ်နေကြတဲ့ ၊ အလွန် ရှုပ်ထွေး တဲ့ ကွန်ယက် ကြီး မှာ ဟိုဖက်က လှည့် ဆက်စပ် ၊ ဒီဖက်က လှည့် ဆက်စပ် နိုင် နဲ့ အလွန် ရှုပ်ထွေး နိုင်တဲ့ ဖြစ်စရာ ကိစ္စရပ်တွေ ဖြစ်လာတတ်ပါတယ်။ ဥရောပ နဲ့ အမေရိကား မှာ Immigration ပြဿနာ တွေဟာ ဇင်းမြစ် အရင်းခံ မတူကြပေမဲ့ နောက်ဆုံး လွှမ်းမိုးခြင်းမှာ တော့ (အတူတူ) လာဖြစ်ကြတာပါပဲ။

ဥရောပမှာ Immigration ပြဿနာ က တိုင်းပြည် ပြန်လည် ထူထောင်တဲ့ နေရာမှာ လိုအပ် တဲ့ အလုပ်သမားတွေ ကို ဖြည့်ရင်း နဲ့ မိမိတို့ စိုးမိုးအုပ်ချုပ် ခဲ့တဲ့ ကိုလိုနီ နိုင်ငံ က လူတွေကို လက်ခံ ခေါ်ရင်း လူဦးရေများ လာရာက ဘာသာရေးလွှမ်းမိုးမှု ပါလာတော့ 9/11 အပြီးမှာ ပြဿနာပေါ်ကြတော့တာပဲ။ ဟိန္ဒူ ဘာသာဝင်တွေ ၊ Sikh ဘာသာဝင်တွေ ၊ ဗုဒ္ဓဘာသာဝင် တွေက သူတို့ဘာသာ အချင်းချင်း စုဝေးကြပြီး သူတို့ ဘာသာရေး ဘုရားကျောင်း တွေကို တည်တောင်ကာ အေးအေးချမ်းချမ်း ကိုးကွယ် စုဝေးနေထိုင်ကြတယ်။ အစ္စလမ် ဘာသာဝင်တွေက မရဖူး။ သူတို့ရဲ့ ဘာသာ ယဉ်ကျေးမှု ကို အတင်း သွပ်သွင်း လာတော့တယ်။  စာရေးသူ တွေးရတာက တခြားဘာသာတွေက သူတို့ရဲ့ ဘာသာ အရင်းခံ ဂျမ်းဂန်တွေကို တခြားဘာသာ နဲ့ ရေးသားထားကြတာ။ ဥပမာ ဗုဒ္ဓဘာသာ ဆိုရင် ပါဋ္ဌိဘာသာ တတ်မှ ၊ ဘာသာရေး ပါလာတာနဲ့ ပါဋ္ဌိ စကားလုံးကြီး တွေပါလာရော။ ပြောပြန်ရင်လည်း ပါဋ္ဌိတွေပါလာတယ်။ ရိုးရိုးရှင်းရှင်း အကြောင်းအရာကို ပဲ ဘုန်းကြီးတွေ နဲ့ ဆွေးနွေးတာနဲ့ ပါဋ္ဌိ ကြီးတွေပါလာတယ်။ အကြောင်းအရာ အပြင် ၊ ဘာသာ အခက်အခဲ လာရှိတယ်။ ခရစ်ရန် ဆိုရင်လည်း Lost in Translation တွေရှိမှာပဲ။ ဒါ့အပြင် ၊ ဂျူး ဆိုရင် အမေ က ဂျူး ဖြစ်ရမယ် ဆိုတဲ့ Bloodline ကြီးက လာခံနေပြန်တယ်။ အစ္စလမ်ရဲ့ ဦးတည်ချက် က (လွှမ်းမိုးမှု) ပဲ။ ဒါကြောင့် အစ္စလမ်က အားလုံး Arabic သင်ပဲ။ မိမိ native language ဗမာ ၊ အင်္ဂလိပ် ၊ Urdu ၊ မတတ်ခင်မှာ ခလေးတွေကို ပလီ ခေါ်သွားပြီး Arabic သင်ပေးပြီး ဘာသာရေး ရိုက်သွင်း လိုက်တာပဲ။ Common Language နဲ့ ကလေးတစ်ယောက် အစောကြီး (စ) သိ လိုက်တာဟာ (အာလာအရှင်မြတ်) ပဲ။ နောက် အစ္စလမ်က ဘာသာ ရဲ့ အဓိက ဦးတည်ချက် က (ဘာသာ) ပြန့်ပွားရေး။ ဒါကြောင့် အစ္စလမ် က အစောကြီး ရန်ငါစည်း တားထားလိုက်ပြီ။ Believers နဲ့ Infidel ။  အမှန်က ဒါ Discrimination ပဲ။

ဘာသာတိုင်းဟာ (အကြောက်တရား) နဲ့ (ခြောက်) ပြီး လူတွေကို ထိန်းချုပ် ဖို့ကြိုးစားကြတာပဲ။ ဗုဒ္ဓဘာသာ မှာလည်း (ငရဲ) ဆိုတာရှိတာပဲ။ ဒါပေမဲ့ (ထာဝရ) မဟုတ်ဖူး။ ဖန်ဆင်းရှင် ကိုယုံတဲ့ ဘာသာတွေက နိဗ္ဗန်ရောက် ရင်လည်း (ထာဝရ) ၊ (ငရဲ) ရောက်လည်း ထာဝရ။ (ခြိမ်းခြောက်) မှုက ပြင်းထန်တယ်။ ဒါကြောင့် အစ္စလမ် ဟာ မိန်းမ တွေကို မတရား ဖိနှိပ် ထားတဲ့ ကြားက မိန်းမတွေ ဟာ (ရုန်း) မထွက် နိုင်ကြဖူး။ ဒီတော့ ဘာသာတွေ အားလုံးထဲမှာ အစ္စလမ်က Common Language အပြင် ၊ ငယ်ငယ် ကတည်းက Brain Washed လုပ်ထားပြီးသား။ ကျန်တဲ့ ဘာသာတွေ နဲ့ မတူတာက Shria Law ၊ Islamic Banking ဆိုပြီး Total Control အတွက် ပြင်ဆင်ပြီးသား ။ နောက် သောကြာနေ့မှာ ပလီ တက်ကြရတော့ (လူစု) ပြီးသား။ ဘာသာ ပြန့်ပွားရေး နဲ့ လွှမ်းမိုးရေး ကို အကွက်ချ ပြီးသား။ တခြားဘာသာ တွေက  Traditionalist တွေများတယ်။ အဖေအမေ က ဘုရားသွားလို့ ၊ Church သွားလို့ ၊ Temple သွားတယ် ၊ ဒါကြောင့် မိရိုးဖလာ ဘာသာဝင် ဖြစ်ကြတာများ တယ်လို့ထင်မိတယ်။ ခရစ်ယာန် တွေကမှန်မှန် Sunday မှာ Church သွားရမယ် ဆိုတဲ့ ပညတ် ချက်ရှိသေးတယ်။ ဗုဒ္ဓဘာသာမှာ စိတ်ပါမှ သွား ဆိုတော့ (မှန်မှန်) ဘာသာရေး အတွက် အချိန်ပေးရတဲ့ (စနစ်) မရှိတော့ဖူး။ မိရိုးဖလာ ဗုဒ္ဓဘာသာ ၀င်တွေက များပြီး ဘာသာကိုယ်နှိုက် က (ငါ) ဆိုတာကို (ဖြုတ်) ဖို့ ၊ (ငါ) ပြတ်မှ သံသရာက လွပ်နိုင်မှာကိုး ….

ခရစ်ယာန် တို့ ၊ အစ္စလမ် တို့ က (ငါ့) ဘာသာ ၊ (ငါ့) ဘုရား ၊ (ငါ့) တမာန်တော် ။ (ငါ့) ဘာသာ ပြန့်ပွားရေး ဆိုတဲ့ (ငါ) ကို Based လုပ်တာ။ (ငါ့) ဘာသာ အတွက်ဟေ့ ဆိုရင် နိဗ္ဗန် ရောက်ရင်လဲ (ထာဝရ) လေ။
Incentive ကလည်း ကြီးမားတယ်။ လူ့သဘာဝ နဲ့ လည်း (ပို) နီးတယ်။ Capitalism ဟာ ( greed ) ကို အခြေခံသလို အစ္စလမ် ဟာလည်း (ငါ) ကို အခြေခံ တော့ (တွန်းအား) ကောင်းနေပြီလေ။ လူတိုင်းဟာ (ငါ) ဆိုတဲ့ (Self) ပါလာရင် (incentive) ချင်း မတူ။ Motivation ချင်းမှ မတူတော့တာ။

ဗုဒ္ဓဘာသာ တရားဟာ Universal Truth ဖြစ်တာကြောင့် တကယ်တမ်း လေ့လာရင် ၊ အင်မတန် အေးချမ်းပြီး တန်ဖိုးရှိလှ ပေမဲ့ ၊ ဗုဒ္ဓဘာသာ ရဲ့ အနှစ်သာရ Essence ကိုက (Self) ဆိုတဲ့ (ငါ) ကိုဖြုတ် ခိုင်းတော့ ၊ (ငါ) ဆိုတဲ့ ( Self) ကို promote လုပ်တဲ့ အစ္စလမ် လို ဘာသာနဲ့ တွေ့တော့ (zeal) (မာန်) ချင်း မတူကြတော့ဖူး။

Immigration နဲ့ Population Growth လက်နက်အဖြစ် သုံးတဲ့ ခေတ်။

Immigration တစ်ခုထဲနဲ့ ထင်မက ၊ Population growth ကိုလည်း လက်နက်အဖြစ် အသုံးပြုကြပြန်တယ်။ တိုးတက်တဲ့ နိုင်ငံတိုင်းရဲ့ ပြဿနာ တစ်ခုက တိုင်းပြည်တိုးတက်လာတာနဲ့ အမျှ လူတွေရဲ့ အသိဥါဏ် Capacity တိုးတက်လာတာနဲ အမျှ ၊ မိမိရင်သွေးတွေကို မိမိထက်သာစေချင်တဲ့ စေတနာရယ် family Planning ကြောင့်ရယ် ခလေးအရမ်း မယူကြတော့ဖူး။ Capacity နဲတဲ့ ၊ ပညာမတတ်တဲ့ ၊ ဆင်းရဲတဲ့ မိဖတွေဟာ ခလေး မွေးတယ် ဆိုတာ ခိုင်းစားဖို့မွေးကြတာ။ ဘာသာရေး ယုံကြည်မှုပြင်းတဲ့ သူတွေအဖို့ကတော့ ဘုရားသခင်ရဲ့ အလိုကျ ဆိုပြီး family Planning ဆိုတာ စိတ်မ၀င်စားကြဖူး။ ဒါကြောင့် ပါကစ္စတန် ၊ ဘင်္ဂလာဒေ့ခ်ျ် စတဲ့ နိုင်ငံတွေမှာ population growth ပြဿနာတွေကို မထိန်းနိုင်ကြဖူး။ ဖိလစ်ပိုင်မှာလည်း ဒီပြဿနာ ရှိတယ်။

ကိုယ့်နိုင်ငံမှာ population growth ဟာ ပြဿနာ လာဖြစ်ရပေမဲ့ တိုးတက်တဲ့ နိုင်ငံရောက်တော့ Immigrant ဘ၀မှာ ၊ ခလေးများတာဟာ (လက်နက်) လာဖြစ်တယ်။

တိုးတက်ပြီးတဲ့ နိုင်ငံတွေမှာ လူငယ်တိုင်း ပညာသင်ရမယ်ဆိုတဲ့ ဥပဒေ တွေရှိတယ်။ ခလေးများလို့ အလုပ်မလုပ် နိုင်ရင် နိုင်ငံတော်က ကျွေးရမယ် ဆိုတဲ့ Welfare System ရှိတယ်။ ဒီတော့ Religious Rights ကို အကာအကွယ် ယူလိုက်တော့ ကိုယ်ကမွေး ၊ နိုင်ငံတော်ကကျွေး ၊ နဲ့ ဟန်ကိုကျလို့။ တချို့များ ခလေးမွေးစား နေကြတယ်။ အင်္ဂလန်မှာ ခလေးများတဲ့ သူတွေက အစိုးရပေးတဲ့အိမ်ကျဉ်းတယ်လို့ အော်ကြတော့ သန်းနဲ့ ချီတန်တဲ့ အိမ်တွေမှာအစိုးရ စရိတ်နဲ့ ဇိမ်ကြနေတဲ့ Immigrants တွေက အများကြီး။   

Social Liberalism ဆိုတာ တကယ်တော့ Idealism လို့ခေါ်တဲ့ (စိတ်ကူးယဉ်) နိုင်ငံရေး သက်သက်ပါပဲ။

စာရေးသူရဲ့ အမြင်အရ Social Liberalism ဟာလည်း Communism ကွန်မြူနစ်စနစ် လိုပဲ မကြာခင် ဂျောက်ကြီးထဲကို ထိုးကျတော့မှာပါ။ ထိုးဆင်း (စ) ၊ ပြုနေပါပြီ။ Euro Crisis ဟာ သာဓက ပဲ။

Communism ဟာ Karl Marx စိတ်ကူးယဉ်ခဲ့တဲ့ Utopia ကို အာဏါရှင် စနစ်နဲ့ လျှောက်လိုက်ကြတာ (လူ) တွေရဲ့ (လောဘ) စိတ်ကို ထဲ့မတွက်ပဲ Materialism မျက်စိသက်သက် နဲ့ ကြည့်ပြီး စိတ်ကူးယဉ်ခဲ့ကြတယ်။ ထို့ကြောင့် (လူ့သဘာဝ) ကို မကျော် နိုင်ပဲ (ပျက်စီး) ခဲ့ရတယ်။

Social Liberalism က လူသား အားလုံးကို ( Human Rights) (မျက်စိ) နဲ့ ကြည့်ပြီး ( From Womb to Tomb) ဆိုတဲ့ (utopia) အသေးစားကို တည်ဆောက်ကြတယ်။ အမှန်က (၀ိုင်းလုပ် - ၀ိုင်းစား) ဆိုတဲ့ (စိတ်ဓါတ်) အားလုံးမှာ (ရှိရင်) အောင်မြင် နိုင်ပါတယ်။

ဒီ (စိတ်ဓါတ်) ရှိဖို့ က (Culture) နဲ့ ( Value System) လိုလာပါတယ်။

ဥပမာ Work Ethics တို့ ၊ Integrity တို့ Credibility တို့ Honesty တို့ Discipline တို့ဆိုတာ တွေဟာ Value System ကလာတာ။

စာရေးသူ ဟာ Colonialism ကို အသေ မုန်း ပေမဲ့ Western Culture ကပါလာတဲ့ အဖိုးတန် တဲ့ ( Value System) တွေကိုတော့ တန်ဖိုးထားတယ်။

ဒီမိုကရေစီ ရဲ့ အနှစ်ကို တကယ် ယုံတယ် မယုံဖူး ဆိုတာကလည်း ဒီ (Value System) တွေက ဆင်းသက်လာတာပါပဲ လို့ ခံယူမိတယ်။

ဒုတိယ ကမ္ဘာစစ် မှာ ဖွပ်ဖွပ်ကြေ ခဲ့တဲ့ ဂျပန် နဲ့ ဂျာမဏီ တို့ဟာ ဘာကြောင့် ကမ္ဘာထိပ်တန်း နိုင်ငံတွေ ပြန်ဖြစ်လာကြသလဲ။

Discipline မှာ ဘယ်သူမှ သူတို့ကို မမှီကြဖူး။ (Value System) ကြောင့် ၀ရိယ မှာ လည်း မတူကြပြန်ဖူး။

သူတို့က မွေးကတည်း က စည်းကမ်းရှိရမယ် ဆိုတဲ့ (အသိ) ကို (သိ) လာခဲ့ကြတယ်။ အလုပ်ကို အလုပ်နဲတူအောင် လုပ်တယ်။ ဒါကြောင့် ဒုတိယ ကမ္ဘာစစ်ကြီး အပြီးမှာ ပြာပုံကနေ ပြန်ထုထောင်လိုက်ကြတာ အနှစ် (၂၀) လည်းကြာရော ၊ ထိပ်တန်း စီးပွားရေး နိုင်င်ငံတွေ ပြန်ဖြစ်လာကြတယ်။ အတုယူ စရာ မကောင်းဖူးလား။ အင်္ဂလိပ်တွေ နေမ၀င်အင်ပါရာ တည်ဆောက် နိုင်တာလည်း စည်းကမ်း နဲ့ စနစ် ရှိလို့ပဲ။

ဒါတွေအားလုံးဟာ နိုင်ငံရဲ့ ယဉ်ကျေးမှုကလာကြတာ။ Culture က Value System ကိုဖေါ် ထုတ်ပေးတာလို့ ပြောနိုင်တယ်။ ယူဆ နိုင်တယ်။ Culture ကိုဘယ်သူက လွှမ်းမိုးသလဲ။ ဘာသာရေးလေ။

မတူညီတဲ့ Value System တွေကြည့်ရအောင်။

စာရေးသူ အတွက်ကတော့ Honor Killing ဆိုတဲ့ အကျင့် ၊ အတွေးအခေါ် ဆိုတာ လူးသားမျက်စိ နဲ့ကြည့် ရင် အတော်အောက်တန်း ကျတဲ့ အတွေး အခေါ်တရပ်ပဲ။ (ငါ) ဆိုတဲ့ မာန အတွက် မိမိရင်သွေး တွေကို သတ်ဖြတ်တာဟာ လူမဆန်တာပဲ။ ပြီး ပါကစ္စတန် မှာ မိန်မတွေကို အက်ဆစ်နဲ့ ပက် ၊ မီးရှို့ နှိပ်စက် တာဟာ မိန်မတွေကို သစ်ကုလားအုပ် (Camel) လောက်မှ တန်ဖိုး မထားတဲ့ အာရပ်ယဉ်ကျေးမှု ရဲ့ လွှမ်းမိုးမှု လို့ ပြောလို့ရတယ်။ ဘုရားလက်ထက် က အခုသတ်ဖြတ်မှု တွေနဲ့ နံမည်ကြီးနေတဲ့ ပါကစ္စတန်က Swat Valley ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ၊ အလွန်အေးချမ်း တိုးတက်တဲ့ နယ်မြေဖြစ်ခဲ့ဖူးတယ်။ အစ္စလမ်ဘာသာ လွှမ်းမိုးပြီး နောက်ပိုင်း အစိုးရက အုပ်စိုးလို့ မရနိုင်လောက် အောင် စိတ်ကြမ်း ၊ လူကြမ်း ၊ နဲ့ လူရမ်းကားကြီးတွေ ဖြစ်ကုန်ရပြီ။

အစ္စလမ်ဘာသာဝင် လူငယ်တစ်ယောက် က စာရေးသူကို အစ္စလမ်ဘာသာ အကြောင်းနားလည် အောင် သူတို့ရဲ့ ကိုရမ် ကျမ်းစာ ကိုဖတ်ကြည်ဖို့ တိုက်တွန်းလာဖူးတယ်။ အစ္စလမ်ဘာသာ ဟာ ဖန်ဆင်းရှင် Creator ကို ယုံကြည် တဲ့ဘာသာဖြစ်တဲ့ အတွက် ဖန်ဆင်းရှင်ပြောတာတွေ အားလုံးဟာ (လုံးဝအမှန်တရား) (Absolute truth) လို့ ယူဆကြတယ်။ ဒါ့ထက်ဆိုးတာ က (ငါ) တို့ဘုရားကို မထိနဲ့ ၊ (ငါ) တို့ဘာသာကို မစော်ကားနဲ့ ၊ (ငါ) တို့ဘာသာကိုပြောင်းမှ ..ဆိုတဲ့ (ငါ) လွှမ်းမိုးနေတဲ့ အကြမ်းဖက်နည်း တွေဟာ ယနေ့ အစ္စလမ် ဘာသာကိုမောင်ပိုင်စီးထားတဲ့ ၂၁ခေတ် အစ္စလမ် လို့ ပြောနိုင်တဲ့ Wahhabism ရဲ့ အရင်းခံ လာဖြစ်တယ်။ ၀ါဟာဖီတွေ အတွက် ကိုရမ် ကျမ်း အဆိုဟာ (လုံးဝ) အမှန်တရားပဲ။ ပြဿနာက ကိုရမ် ကျမ်းစာအုပ် ဖြစ်ဖြစ် ၊ ဘယ်စာအုပ်ဖြစ်ဖြစ် ၊ စာဖတ်သူရဲ့ Capacity ကျွမ်းကျင်မှု အပေါ်မူတည်ပြီး နာလည်မှု ကွဲလွဲ နိုင်ကြတာပါပဲ။ ဒီတော့ ကိုရမ်ကျမ်းစာ အပေါ် ဘယ်သူ့ Interpretation ဆိုတာ က ပြဿနာ အရင်းခံ လာဖြစ်တယ်။ တနည်းပြောရရင် (တဆင့်ခံ) အမှန်တရားပဲ။ ဥပမာ ဘာသာရေးဆရာ Wahhabi ရဲ့ နားလည်မှု ၊ ဖြစ်ချင်မှု တွေဟာ ကိုရမ်ကျမ်း ကို အခြေခံ လိုက်တော့ Absolute Truth လာဖြစ်တယ်။ အမှန်က ဘုရား ကိုရှေ့က တင်ပြီး အကာအကွယ်ယူထားတဲ့ Wahhabi ရဲ့ (အတွေးအခါ်) တွေပဲ။ ဒီ (တဖက်စွန်း) အတွေးအခေါ်တွေ နောက်မှာ တဖက်စွန်း Value System  တွေဟာ ကပ်ပါလာတယ်။

တရိစ္ဆာန်လေးတွေ လည်လှီးရင်း စိတ်ကြမ်းကိုယ်ကြမ်း ဖြစ်နေတဲ့ ဘာသာ ကို Wahhabi နည်းလည်မှု နဲ့ ပေါင်းလိုက်တော့ မီးပုံထဲ (ရမ်း) (Gun Powder) ထဲ့ လိုက်သလိုပေါ့။

ဘာသာက Culture ယဉ်ကျေးမှု နဲ့ Value System ကိုဖေါ်ထုတ် ပေးနိုင်တယ် ဆိုတာ ကိုသိစေချင်တာပါ။

Results ရလဒ် ကို လေ့လာလို့ရပါတယ်။

အသက်ကြီးမှ ကိုရမ်ဖတ်ဖို့ အာရပ်ဗစ် သင်ရင် ( က ကာ ကိ ကီ ) အဆင့် နဲ့ ပါဋ္ဌိ ကိုဘယ်လိုဖတ်ပြီး နားလည် နိုင်မှာလဲ။ ကိုရမ် ဖတ်တာထက် အစ္စလမ် ဘာသာဝင် တွေရဲ့ အကျင့် အနေအထားကို ကြည့်ခြင်းဖြင့် ဘာသာရဲ့ ကျင့်စဉ် တွေကို လေ့လာ သိရှိ နိုင်ပါတယ်။

ဥပမာ ဘာသာရဲ့ ညွှန်ကြားချက် အရ အသားကို မစားခင် မှာ တောင်ရက်ရက်စက်စက် လည်လှီးရတဲ့ အတွက် ဘာသာဝင် တွေဟာ စရိုက်ကိုက ကြမ်းတမ်း မကုန်ကြဖူးလား လို့ ငြင်းချက် မထုတ်နိုင်ဖူးလား။ (၆) ရာစု နှစ် အတွေးအခေါ်အရ ၊ ဒီအမူအကျင့် ကို  လက္ခံနိုင်စရာ ရှိပေမဲ့ ၂၁ ရာစု နှစ် အတွေးအခေါ် ၊ Animal Rights အမြင်နဲ့ကြည့် ရင် ရက်စက်ရာမရောက်ဖူးလား။ Australia ကနွားတွေ အင်ဒိုနီးရှားကို တင်ပို့ခဲ့ရာ Australia နွားတွေကို ရက်ရက်စက်စက် လည်လှီးတဲ့ Documentary ကို Australia မှာပြခဲ့ရာ ရက်စက်လွန်းတယ် ဆိုပြီး ကန့်ကွက်ကြလို့ အင်ဒိုနီးရှားကို Australia နွားတင်ဖို့မှု ကို ရပ်ခဲ့ရတယ်။ စာရေးသူ အမြင်အရ ။ လူဆိုတာ evolution အရ (အသိ) ဆိုတာ တိုးတက်ပြောင်းလဲ လာတယ်။ ၂၁ ရာစု (အသိ) နဲ့ (၆)ရာစု (အသိ) ဘယ်တူနိုင်ပါ့ မလဲ။ ၂၁ ရာစု မှာ (၆) ရာစု (အသိ) ကို အတင်း အဓမ္မ သွပ်သွင်းနေရင် (အ၀ိုင်း) ထဲ (လေးထောင့်) အတင်းထဲ့သလို ဖြစ်နေဦးမှာပဲ။

(ဂျူး) တွေက မိုဟာမက်ကို တမာန်တော် အနေနဲ့ လက်မခံ တာကြောင့် ကမ္ဘာ့ရန် လာဖြစ်ကြရပေမဲ့ ၊ Orthodox Jews တွေရဲ့ အဆုံးအမ တွေမှာ အစ္စလမ် နဲ့ တူတာတွေ အများကြီးပဲ။ ဟာလာ အသားအစား ၊ ဂျူးတွေ က Kosher meat လို့ခေါ်တယ်။ လည်လှီးရတာချင်း လည်း ဆင်ဆင်ပဲ။ Sex နဲ့ ပတ်သက်တဲ့ ပညတ်ချက်တွေမှာ လည်း အတွေးခေါ်တွေက ခပ်ဆင်ဆင်တွေပဲ။ ကွာတာက ဂျုး တွေက ဘာသာရေးလွှမ်းမိုး မှု ကို မဦးအတည်တဲ့ အပြင် ၊ သူတို့သည် ဘုရားသခင်ရဲ Chosen people လို့ယူဆတဲ့ အတွက် ဂျူး ဖြစ်မြောက်ဖို့ရာ ပညတ်ချက် တွေပါလာပြန်တယ်။ ဂျူး အားလုံသည်လည်း Orthodox ဂျူးတွေ မဟုတ်ကြ။ ဒါကြောင့် numbers game မှာ ဂျူး တွေ မနိုင်။ သို့သော် စာရေးသူ အမြင်အရ ဂျုး တွေကို ကမ္ဘာကြီး က (မွေး) ထားဖို့လိုပါတယ်။ ကြောင် ရှိရင် ကြွက် မလာသလိုပဲ ၊ ဂျူးတွေကို အာရပ် နဲ့ အစ္စလမ် တွေ မကျော်နိုင်ပါ။ ဂျူးတွေ တော်တာ ၊ ဂျူးတွေ အစွမ်းထက်တာတော့ မည်သူမှ မငြင်းနိုင်။ Quality ကို Quantity က မနိုင်တဲ့ သဘောပါပဲ။

စာရေးသူ အတွက် အရေးကြီးတာ က ကိုရမ် ကျမ်းက ဘာပြောတယ် ဆိုတာထက် ၊ ကိုရမ်းကျမ်းကို အကာအကွယ်ယူ ပြီး ၊ ကျင်ကြံ နေထိုင်ကြတဲ့ အစ္စလမ် ဘာသာဝင်တွေ ရဲ့ (အမူအကျင့်) က ပိုအရေးကြီးပါတယ်။ ဒါက ရလဒ် ကိုဖေါ်ပြနေသည် မဟုတ်ပါလား။ သူတို့ရဲ့ အမူအကျင့်မှ သူတို့ရဲ့ ဦးတည်ချက် ကို အထင်းသားမြင်နိုင်ပါတယ်။

Jihad ဆိုတဲ့ စကားလုံးကို တွင်တွင် သုံးပြီး ဘာသာခြားတွေကို တကမ္ဘာလုံး လိုက်သတ်နေကြတာ ၊ Honor Killing အမူအကျင့်တွေ ၊ အဓမ္မနည်းနဲ့ ဘာသာဖြန့်တာတွေဟာ ၂၁ရာစု အတွေးအခေါ်နဲ့ လားလားမှ အံဝင်ခွင်ကျ တဲ့ အမူအကျင့်တွေ မဟုတ်ပါ။

စာရေးသူ မလေးရှားက အပြန် ၊ Thai Airways ပေါ် တက်လိုက်တာနဲ့ ယဉ်ကျေးမှုခြင်း ကွာတာကို ချင်ချင်း ခံစား လိုက်ရတယ်။ (စ၀ါဒီခ) ဆိုတဲ့ စကားနဲ့ ၊ လက်အုပ်ချီ နှုတ်ခွန်းသ ကြိုဆိုလျှက်။ ဗုဒ္ဓ ရဲ အေးချမ်းတဲ့ ၊ မေတ္တာ အဆုံအမ တွေဟာ ရောင်ပြန်လျှပ်လျှက် … အို …. ငြိမ်းချမ်းလိုက်တာ။ နိုင်ငံ တစ်ခုရဲ့ ယဉ်ကျေးမှု ဟာ ဘာသာ အပေါ်မှီတာကို ချက်ချင်း ခံစား လိုက်ရတယ်။ ဒါကြောင့် ရိုဟင်ဂျာ ပြဿနာက တဆင့် လူမျိုးရေး လွှမ်းမိုးမှု ၊ ဘာသာရေးလွှမ်းမိုးမှု အန္တရယ် ကို မြင်မိတဲ့ အတွက် ၊ တိုင်းပြည်နဲ့ လူမျိုး အဒွန့် ရှည်ရေး အတွက် အမုန်းခံ ရေးနေရတာပါ။

လစ်ဖရယ်အမြင် နဲ့ကြည့်ရင်တော့ ……..

လူတစ်ယောက် ရဲ့ အမြင် ဆိုတာ ထိုသူရဲ့ Capacity level အပေါ်မှာ (မူတည်) တယ်လို့ ထင်မြင်မိတယ်။

စာရေးသူ ဟာ Absolute truth ကိုလက်မခံ ၊ Relative truth ကိုသာ လက္ခံ အတဲ့ အတွက် ဘယ်သူ မှားတယ် မှန်တယ် လို့ မပြောလိုပါ။

အရေးကြီးတာက ရလဒ် တွေမှာ Consequence လို့ခေါ်တဲ့ နောက်ဆက်တွဲ ပြဿနာ တွေ ရှိတတ်တယ်။ ခံစားမှု emotion တစ်ခုထဲ ကိုကြည့်လို့ မရ။ နက်နက်တွေးပြီး Consequence ကိုထဲ့စဉ်းစား ပြီးပြီလား။ အကယ်၍ ကိုယ်ထင်တဲ့ အတိုင်း မဖြစ်လာရင် (အဖြေ) ရှိသလား ဆိုတာကိုပါ ထဲ့စဉ်းစားတတ်ဖို လိုပါတယ်။

ဆက်ရန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...