Tuesday, June 18, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၈-၆)

သစ်ထူးလွင်



Posted: 18 Jun 2013 05:50 AM PDT
အကြမ်းဖက်မှုများကြောင့် လူသေဆုံး သည်အထိ ဖြစ်ပေါ်ခဲ့သော မလေးရှား နိုင်ငံတွင် တရားမဝင်မြန်မာလုပ်သား နှစ်သိန်းခန့် ရှိနေပြီး ၄င်းတို့ကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိရန် အထောက် အထားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 05:36 AM PDT
ပုဒ်မ ၁၄၄ ထုတ်ပြန်ထားဆဲ ဖြစ်သည့် မိတ္ထီလာမြို့ မှာ မိတ္ထီလာ လေတပ်ရှေ့ ညကင်းစောင့်သော ရဲဘော်နှင့် အကြပ်တပ်သားများက မလျော်သြဇာသုံးပြီး ညအိပ် ကားသမားများအား ထိုးကြိတ်ကန် ကြောက်မှုတစ်ခု ၁၇.၆.၂၀၁၃ရက်နေ့ည ၁၁း၃၀နာရီ အချိန်မှာ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထိုးခံရသူဖြစ်သော ကိုသက်နိုင်ဦး(ယာဉ်မောင်း)နှင့် ကိုနေသောင်း(ယာဉ်နောက်လိုက်)တို့မှ အခုလို ပြောဆို သွားပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 05:16 AM PDT
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖက်ဒရယ်ပြည်ထောင်စုကို မဖြစ်မနေ တည်ဆောက်ဖို့ လိုအပ်တာကြောင့် အခုကတည်းက ပြင်ဆင်လုပ်ဆောင်ကြဖို့ လိုအပ်ကြောင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ဆုံပွဲမှာ တင်ပြဆွေးနွေးပါတယ်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကတည်းက လက်တွဲခဲ့တဲ့ တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့အစည်းက ခေါင်းဆောင်တွေကို ဖိတ်ကြား တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားခေါင်းဆောင်များ ဆွေးနွေးနေစဉ်

Posted: 18 Jun 2013 05:13 AM PDT
ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အင်းမအုပ်စု မြစ်ရိုးတန်းကျေးရွာနဲ့ သမိန်ထောကျေးရွာရှိ ဒေသခံတောင်သူတွေကို  ဒေါက်တာသန်းထွဋ်ကုမ္ပဏီက မြေလွတ်မြေရိုင်း ဥပဒေနဲ့ တရားစွဲဆိုပြီး တောင်သူတွေဘက်လည်း ကုမ္ပဏီကို လယ်မြေကျူးကျော်မှုနဲ့ ပြန်လည်တရားစွဲဆိုပါတယ်။ အင်းမအုပ်စု မြစ်ရိုးတန်းကျေးရွာနဲ့ သမိန်ထောကျေးရွာရှိ ဒေသခံတောင်သူတွေဟာ သူတို့်လယ်ယာမြေတွေကို ဒေါက်တာသန်းထွဋ်ကုမ္ပဏီက ကျုးကျော် လုပ်ကိုင်တဲ့အတွက် လယ်မြေပြန်ရရေး နိုင်ငံတော်သမ္မတထံ လိပ်မူ တိုင်ကြားခဲ့ပါတယ်။  ဒါ့အပြင် ကျုးကျော်မှုမလုပ်ဖို့ တားမြစ်ခဲ့တဲ့အတွက် ဒေသခံတောင်သူတွေကို ဒေါက်တာသန်းထွဋ်က မြေလွတ်မြေရိုင်းဥပဒေနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 05:07 AM PDT
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ပြည်ပ ခရီးစဉ်တစ်ခုတွင် ၎င်းအနေနှင့် ၂၀၁၅ ခုနှစ်တွင် သမ္မတဖြစ်လိုကြောင်း ပြောကြားခဲ့ပြီး၂၀၁၃ ခုနှစ် ဇွန် လဆန်းက နေပြည်တော်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်၌ သတင်းဌာန တစ်ခု၏ မေးမြန်းချက်ကို ဖြေကြားရာတွင်လည်း အလားတူ ဖြေကြားခဲ့ပါသည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ၎င်း၏ အမေရိကန် ခရီးစဉ်တွင် RFA သတင်းဌာန၏ အမေးကို ဖြေကြားရာ၌ ၎င်းအနေနှင့် သမ္မတလုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်ဟု သိရှိရပါသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Jun 2013 05:02 AM PDT
စင်္ကာပူ နိုင်ငံတွင် မီးခိုးမြူများ ထူထပ်နေခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်ကိုပင် အစိုးရက ထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။ တနင်္လာနေ့က လေထုညစ်ညမ်းမှုကို တိုင်းတာသော PSIအဆင့် သတ်မှတ်ချက်သည် (၁၅၅)ထိ ရှိလာခဲ့ပြီး ယင်းသည် ကျန်းမာရေးအတွက် ဖြစ်သင့်သည့် ယူနစ် (၁၀၀)ထက် သိသိသာသာ ကျော်လွန်သွားပြီ ဖြစ်သည်။ ယခုလက်ရှိ အခြေအနေသည် (၁၉၉၇)ခုနှစ် နောက်ပိုင်းတွင် အမြင့်ဆုံးထိ ရပ်တည်နေခြင်းလည်း ဖြစ်လာသည်။ အင်ဒိုနီးရှားတွင် တောမီး ပြင်းထန်စွာ လောင်ကျွမ်းမှုများမှ ထွက်ပေါ်လာသော မီးခိုးများသည် စင်္ကာပူတွင် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 03:16 AM PDT
သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၏ တန့်ယန်းမြို့နယ် ပြည်နယ်လွှတ်တော် အမတ် စိုင်းထွန်းထွန်းလွင် ယနေ့ မနက် ရုတ်တရက် ကွယ်လွန်ခဲ့ပြီ ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “ရုတ်တရက်ကြီး ဖြစ်သွားတဲ့ အခါကျတော့ ကျနော်တို့ ကျားဖြူ ပါတီ အနေနဲ့ တကယ်ဘဲ ဝမ်းနည်းပြီး ယူကြုံး မရဖြစ် ခဲ့ပါ တယ်။ ဆရာဝန်တွေ ကတော့ အစာအိမ် သွေးကြော ပေါက်တာလို့ ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

တန့်ယန်းမြို့ ကျားဖြူပါတီရုံး ဖွင့် ပွဲ၌ စကားပြောနေသော စိုင်းထွန်းထွန်းလွင် (ဓါတ်ပုံ- ကျားဖြူသတင်းစဉ်)

Posted: 18 Jun 2013 02:50 AM PDT
အကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လာသော မလေးရှားပြန် အလုပ်သမားများကို အလုပ် ရှာပေးမည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ပြောကြားသည်။ မလေးရှားနိုင်ငံက ပြန်လာသည့် လုပ်သားများကို ၄င်းတို့တတ်ကျွမ်းသည့် လုပ်ငန်းများတွင် အလုပ်အကိုင် ရရှိအောင် လုပ်ဆောင်ပေးသွားမည် ဖြစ်ပြီး ဝန်ကြီး ဌာနမှ အရာရှိ တစ်ဦးကို ယခုရက်ပိုင်း အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကောင်တာတစ်ခုဖွင့်ကာ နေရာချထားရန် စီစဉ်ထားကြောင်း ၄င်းက ဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 02:37 AM PDT
အခုရက်ပိုင်းအတွင်း မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်မြို့ ပေါ်တွင် (ဒုတိယ အကြိမ် ဂျေဟပ်(က်)ကြေညာခြင်း) ခေါင်းစဉ်ဖြင့် စာများ ဖြန့်ဝေလျှက်ရှိရာ ပြည်သူများ အကြား ထိပ်လန့်မှုများ ဖြစ်ပေါ်နေပါသည်။ ၄င်းစာရွက်များမှာ ကျောက်ဆည်မြို့နယ် မွတ်စလင်များ နေထိုင်ရာ လက်ပန်ကျေးရွာမှ ဖြန့်ဝေနေကြောင်း သိရပါသည်။
Myanmar News Now

ကျောက်ဆည်မြို့တွင် ဘာသာရေးလှုံ့ဆော်မှုစာများပျံ့နှံ

Posted: 18 Jun 2013 02:31 AM PDT
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ကတ်ဖ ကျေးရွာအုပ်စု၌ လွယ် တိုင်းရင်းသားများ နေထိုင်သည့် ဝမ်ခမ်း မိုင်ရွာတွင် တောင်ယာလုပ်ကိုင်ရာ မှ တွေ့ရှိသော မှိုများကို ဖားနှင့် ရောနှော ချက်ပြုတ် စားသောက်ရာမှ ကလေးနှစ်ဦး အပါအဝင် လူငါးဦးနှင့် ခွေးလေးကောင် သေဆုံးသွားကြောင်း အဆိုပါ ကျေးရွာခံများထံမှ သိရသည်။ "ဆေးရုံကို ဇွန် ၉ ရက်က မှိုစားလို့ မူးမော်ပြီး အန်နေတဲ့ လူနာရှစ်ဦး ရောက် လာတယ်။ ဇွန် ၁၁ ရက်မှာ အသက် ခုနစ်နှစ်အရွယ် မောင်အိုက်ဆန်းနဲ့ ဇွန် ၁၄ ရက် မှာ အသက် ၁၄ နှစ်အရွယ် နန်းအွေစွတ်တို့ ဆုံးသွားတယ်" ဟု ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Jun 2013 02:14 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ဇွန်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့ အထိ နှစ်ရက်အတွင်း လိုင်စင်မဲ့ မော်တော်ယာဉ် ၂၄ စီး ဖမ်းဆီး ရမိခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ဒုတိယ ရဲမှူးအေးခိုင်က အတည်ပြု ပြောကြားသည်။ ကလေး-တမူးလမ်း၊ ကလေး-ကလေးဝလမ်းနှင့် ကလေးမြို့နယ် အတွင်း မောင်းနှင်နေသော ယာဉ်များကို ရပ်တန့် စစ်ဆေးခဲ့ရာမှ ယင်းကဲ့သို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ဇွန်လ ၁၅ ရက်နေ့တွင် ၂၃ စီး နှင့် ဇွန်လ ၁၆ ရက်နေ့တွင် တစ်စီး ဖမ်းဆီး ရမိခဲ့ပြီး Mark II၊ Super Custom၊ ပါဂျဲရိုး၊CRV ကား အမျိုးအစားများ ပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 02:09 AM PDT
မြန်မာနိုင်ငံသို့ ပြန်လာချင်သည့်  မြန်မာလုပ်သား အခိျု့မှာ ယင်းတို့၏အလုပ်ရှင်များက ပတ်စ်ပို့များ သိမ်းဆည်း ထားသောကြောင့် ပြန်လာ ရန် အခက်အခဲဖြစ်နေကြောင်း မလေး ရှားနိုင်ငံမှ ပြန်လာသော လုပ်သား များ၏ ပြောပြချက်အရ သိရသည်။ ဇွန် ၁၅ ရက်နှင့် ၁၈ ရက် တို့တွင် မလေးရှားနိုင်ငံမှ ပြန် ရောက်လာသည့် မြန်မာလုပ်သား များက လက်ရှိ မလေးရှားနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ ကြုံတွေ့ နေရ သည့် အခက်အခဲ များနှင့် ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။ ဇွန် ၁၈ ရက်က မလေးရှား မှ ပြန်လာသူ ဦးဇာနည်က ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Jun 2013 02:00 AM PDT
တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့ မြိတ်တောင် နယ်မြေတွင် ပြီးခဲ့သည့် အပတ်က သင်္ကန်းဝတ် ဖြင့် ရပ်ကွက်အတွင်း လိုက်လံအ လှူခံပြီး မူးယစ် သောက်စားမှု ပြု သည့် ရဟန်းတု သုံးဦး၊ ကိုရင်တု သုံးဦး၊ ကပ္ပိယ အယောင်ဆောင် နှစ်ဦး အပါအဝင် စုစုပေါင်း ရှစ် ဦးကို ဖမ်းဆီးခဲ့ကြောင်း ဖမ်းဆီး ရာတွင် ပါဝင် သည့် မြိတ်တောင် ကျေးရွာပါရမီ (၂)ရပ်ကွက် အရန် မီးသတ် တပ်ဖွဲ့ဝင်များထံမှ သိရ သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 01:39 AM PDT
ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် မကွေးတိုင်း ဒေသကြီး  ပခုက္ကူခရိုင် ရေစကြိုမြို့နယ်  ညောင်တော အုပ်စု ရှစ်အိမ်တန်း ကျေးရွာမှာ မြစ်ကမ်းပါးများ  ပြိုပျက်ကျနေပြီး အခုချိန်ထိ ဘေးလွတ်ရာကို အိမ်တွေဖျက်ပြီး ရွှေ့နေရတဲ့ အိမ်ခြေ စုစုပေါင်း ၁၂၀ ကျော်ရှိနေပြီ ဖြစ်ကြောင်း ဒေသခံတွေ က ပြောပါတယ်။

အခုလို မြစ်ရေတိုက်စားမှုဟာ ဒီနှစ်က ဒုတိယအကြိမ်ဖြစ်ပြီး အခုလက်ရှိ အိမ်တွေဖျက် ရွှေ့ထားရတဲ့ ဒေသခံမိသားစုတွေဟာ ဘယ်နေရာမှာ အိမ်ပြန်ဆောက်နေရမှန်း မသိကြရသေးသလို အရင်နှစ်က ရွှေ့ခဲ့ရသူတွေကတော့ တခြားပိုင်မြေတွေမှာ ၁ နှစ်ကို ကျပ် ၂ သောင်း နှစ်ကြေးပေးနေကြရပါတယ်။

အခုဆိုရင် အဲဒီရွာက ဘုန်းတော်ကြီးကျောင်းနဲ့ မူလတန်းကျောင်းတွေဟာ မြေအနေအထား စိုးရိမ်စရာဖြစ်နေပြီး ပြောင်းရွှေ့ဖို့ မြေနေရာ မရရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။

 by ဒီဗွီဘီ


Posted: 18 Jun 2013 01:35 AM PDT
လာမယ့် ၂ဝ၁၄ ခုနှစ်မှာ အာဆီယံအဖွဲ့ အလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူဖို့ မြန်မာအစိုးရ ပြင်ဆင်ဆောင်ရွက်နေတာတွေဟာ အဆင်ပြေချောမွေ့နေတယ်လို့သိရကြောင်း Jakarta Post သတင်းစာက ဖေါ်ပြပါတယ်။ အင်ဒိုနီးရှားဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမင်းလွင်က "အာဆီယံဥက္ကဌ တာဝန်အတွက် အဆင်သင့်ဖြစ်လုနီးနေပါပြီ၊ အသေးစိတ်ကိစ္စကလေးတွေသာ ကျန်ပါတော့တယ်၊ လာမယ့်စက်တင်ဘာလမှာ အားလုံးပြည့်စုံသွားမှာပါ" လို့ Jakarta Post ကို ပြောကြားခဲ့ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 01:29 AM PDT
ဇွန်လ (၁၈)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Jun 2013 01:27 AM PDT
ဇွန်လ (၂၂)ရက်နေ့ ထုတ်  Techspace နည်းပညာဂျာနယ် အတွဲ ၂၊ အမှတ် ၁၂

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ


Posted: 18 Jun 2013 01:21 AM PDT
ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်၊ အလန်းကျေးရွာ အုပ်စုတွင် လယ်သမားများသည် လယ်ယာမြေ ပိုင်ဆိုင်ကြောင်း ပြေစာရရှိရန် တစ်ဧကလျှင် ငွေသုံးသောင်း ပေးနေ ရကြောင်း ယင်းကျေးရွာရှိ လယ်သမားများက မဇ္ဈိမကို ပြောသည်။ ယင်းသို့ လယ်မြေပိုင်ဆိုင်ခွင့် ပြေစာရရန် မအူပင်မြေစာရင်းရုံးမှ ကျပ်သုံးသောင်းပေးမှသာ ပြေစာထုတ်ပေးသဖြင့် လယ်သမားများ အခက်ခဲတွေ့နေရကြောင်း အလန်းကျေးရွာ အုပ်စုမှ လယ်သမားများက ဆိုသည်။

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လယ်ယာမြေပိုင်ဆိုင်ကြောင်း ပြေစာရရန် တစ်ဧက သုံးသောင်း ပေးနေရ မအူပင်မြို့နယ်တွင် လယ်မြေပိုင်ဆိုင်ကြောင်း ပြေစာရရှိရန် တစ်ဧကလျှင် ကျပ်သုံးသောင်း ပေးရသည်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)

Posted: 18 Jun 2013 01:17 AM PDT
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲတပ်ဖွဲ့ဝင် တိုးချဲ့ရန် ယခုနှစ်တွင် ဒုရဲအုပ်လောင်း ဦးရေ နှစ်ဆနီးပါး တိုးမြှင့်ခေါ်ယူမည် ဖြစ်ကြောင်း နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ ၂၀၁၂ ခုနှစ်တွင် ခေါ်ယူခဲ့သည့် ဒုတိယ ရဲအုပ်လောင်းသင်တန်းတွင် တက်ရောက်လိုသူ ၄၀၀၀ ကျော်အနက် လူ ၃၀၀ ခန့် တက်ရောက်ခွင့် ရရှိခဲ့ပြီး ယခုနှစ်တွင် ရဲတပ်ဖွဲ့ အင်အား လိုအပ်ချက်ကြောင့် ဒုရဲအုပ်လောင်း အမျိုးသားဦးရေ ၂၅၀ ခန့်နှင့် အမျိုးသမီးဦးရေ ၂၅၀ ခန့် စုစုပေါင်း ဒုရဲအုပ်လောင်း ၅၀၀ ခန့်ကို ခေါ်ယူမည် ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 01:14 AM PDT
ရန်ကုန်မြို့တော် အိမ်၊ ခြံ၊ မြေ ဈေးကွက်ကို ဦးဆောင်နေသော တိုက်ခန်း၊ ကွန်ဒိုနှင့် လုံးချင်း အငှားဈေးနှုန်းများမှာ ယခင်နှစ်ထက် နှစ်ဆခန့်မြင့်တက် လာကြောင်း ရန်ကုန်မြို့ အခြေစိုက် အိမ်၊ ခြံ၊ မြေ အကျိုးဆောင်များ ထံမှ စုံစမ်း သိရှိရသည်။ ယခုကဲ့သို့ အငှားဈေးနှုန်းများ မြင့်တက် လာရခြင်းမှာ နိုင်ငံခြားသားများ လုပ်ငန်းလုပ်ကိုင်ရန် ငှားရမ်းခြင်း၊ လုံးချင်း ပိုင်ဆိုင်သူများက ၎င်းတို့၏ အိမ်များကို အငှားချကာ ဈေးနှုန်း ပိုမို သက်သာသော တိုက်ခန်းများ၊ ကွန်ဒိုများ ပြန်လည် ငှားရမ်းနေထိုင်ခြင်း တို့ကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 18 Jun 2013 12:54 AM PDT
မလေးရှားနိုင်ငံ ဒုက္ခသည် စခန်းများရှိ မြန်မာ အလုပ်သမား များကို လွှဲပြောင်းပေးရန် မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ဆွေးနွေး ထားကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမောင်မြင့်က ပြောသည်။ ဝန်ကြီးက ယင်းသို့ ပြောကြားခြင်းမှာ ဇွန် ၁၇ ရက်က နေပြည်တော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနရုံးတွင် ကျင်းပပြုလုပ်သည့် ပြည်ပတွင် အလုပ်လုပ်ကိုင်မှု ကြီးကြပ်ရေး ကော်မတီ အစည်းအဝေးတွင် ပြောကြားခြင်း ဖြစ်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 18 Jun 2013 12:48 AM PDT
ပြီးခဲ့တဲ့လကုန်ပိုင်းက ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မျာ ဖြစ်ပွါးသွါးခဲ့ တဲ့ ကဋိပက္ခ နေရာ ကို သွားရောက်သတင်းယူ ခဲ့ တဲ့ ABC သတင်းထောက် Zoe Daniel က လားရှိုး မြို့ အခြေအနေကို သတင်းပေးပို့ ခဲ့ပြီး တဖက်နဲ့တဖက် ယုံကြည်မှု ကင်းမဲ့နေသေး တယ်ဆိုတာကို တွေ့ ရကြောင်း ပြောပါတယ်။ သာမန်အားဖြင့် လူစည်ကားတဲ့ မြို့လည်ကို စစ်တပ်ကနေ ပိတ်ချထားတဲ့ အတွက်၊ ဈေးဆိုင်တွေ ပိတ်ထားတာ မြင်ရတဲ့အကြောင်း၊  ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 12:45 AM PDT
တရားမဝင် ကုန်သွယ်မှု ထိန်းချုပ် တားဆီးရေးအတွက် ပင်လယ်ရေကြောင်း ဝင်ပေါက်၊ ထွက်ပေါက်များနှင့် ပြည်တွင်း ဆိပ်ကမ်းများတွင် ဇွန်လနောက်ဆုံးပတ်မှ စတင်၍ ကုန်ပစ္စည်းများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူ ရေးရာဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်က ပြောကြားသည်။ ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုသည် တစ်နိုင်ငံလုံး ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်း ရှိသဖြင့် ယင်းကဲ့သို့ စစ်ဆေးနိုင်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 18 Jun 2013 12:42 AM PDT
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ အခြေခံပညာ ကျောင်းအချို့တွင် ကျောင်းသားဦးရေနှင့် စာသင်ဆောင် မမျှတသဖြင့် သင်ကြားရေး ပိုင်းတွင် အခက်အခဲ တွေ့လျက် ရှိကြောင်း အဆိုပါ အခြေခံပညာ ကျောင်းဆရာ၊ ဆရာမများထံမှ စုံစမ်း သိရှိရသည်။ ပြည်ကြီးတံခွန် မြို့နယ်ရှိ အ.မ.က (၁၆) တွဲဖက် အလယ်တန်းကျောင်းကို လက်ရှိ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် အ.လ.က (၂၃) အလယ် တန်းကျောင်း အဖြစ် တိုးချဲ့ ဖွင့်လှစ်ခဲ့သောကြောင့် ကျောင်းသားဦးရေနှင့် ညီမျှရန် နှစ်ထပ်ကျောင်းဆောင် တည်ဆောက်ရန် လိုအပ်လျက် ရှိကြောင်း အဆိုပါ အလယ်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမကြီး ဒေါ်နုနုရီက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 17 Jun 2013 08:42 PM PDT
မုံရွာကွန်ပျူတာ တက္ကသိုလ်အနီးရှိ ကေတီဗွီနှင့် မာဆက်ဆိုင်သို့ လာရောက် သောက်စားသော လူအုပ်စုတစ်စုမှ (၁၆.၆.၂၀၁၃)နေ့ ည ၁၁ နာရီဝန်းကျင်ခန့်က အရက်အလွန်အကျွံ မူးအောင် သောက်ကြပြီးနောက် ဆိုင်ရှေ့သို့ ထွက်ကာ လမ်းပေါ်တွင်သွား လာနေသော ဆိုင်ကယ်စီး သူများအား တားဆီး နှောင့်ယှက်ရာမှ တစ်ဆင့် လူငယ်အုပ်စု တစ်စုနှင့် တွေ့ကာ အပြန်အလှန် ရိုက်နှက်ကြရာ
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...