သင်္ကန်းဝတ်တွေက နိုင်ငံရေးသမားတွေကို ရှိခိုးရတော့မလား
ငါက ဘုန်းကြီးကျောင်းသား။ ငါ့လက်ရှိအသက်ရဲ့သုံးပုံတပုံက ဘုန်းကြီးကျောင်းမှာ လူလားမြောက်ခဲ့တယ်။ နိုင်ငံရေးလား???? ငါဘာမှမသိဘူး။ နကန်းတလုံးတောင် နားမလည်ဘူး။ ငါတွေးမိတာငါရေးတယ်။ မှန်တာရှိမယ် မှားတာရှိမယ်။ သေချာတာက သူများအတွေးနဲ့ ယောင်ဝါးဝါး အသက်မရှူဘူး။ ငါတွေးနိုင်သလောက်တွေးပြီး ငါဘာသာငါရှင်သန်တယ်။
ဘာသာရေးအကြောင်းပြောမလား။ ငါသိတာနတ္ထိ။ သရဏဂုံပဲရှိတယ်။ စာဖတ်လေ့ရှိတာသိတဲ့ မိတ်ဆွေတွေက ဘာသာရေးစာအုပ်တွေ ပေးကြတယ်။ ဘုရားကျောင်းဆောင်ပေါ်မှာ တရိုတသေသိမ်းထားတယ်။ ယောင်လို့တောင် ဖွင့်ကြည့်လေ့မရှိဘူး။
ငါဘုန်းကြီးကျောင်းမှာနေတုန်းက ဆရာဘုန်းကြီးပြောဖူးတာရှိတယ်။ “ဘုန်းကြီးတွေဟာ ၀ိနည်း၊ သိက္ခာပုဒ်၊ ပညတ်တွေ စောင့်ထိန်းရတာ အများကြီးရှိတယ်။ အဲဒီလိုစောင့်ထိန်းနိုင်ဖို့ ဒကာ၊ ကပ္ပိယတွေရဲ့ အကူအညီကို လိုအပ်တယ်။ ဒကာတွေရဲ့အကူအညီကိုမရတဲ့အခါ ဘုန်းကြီးက ၀ိနည်း၊ သိက္ခာတွေဖောက်ဖျက်ပြီး မဖြစ်မနေ ကိုယ်တိုင်ဝင်လုပ်ရတတ်တယ်။ ဥပမာ- ဘုန်းကြီးတွေဟာ သစ်ပင် ပန်းပင်လေးတွေကို ချိုးဖြတ်ဖို့မဆိုထားနဲ့၊ ချိုးဖို့ခူးဖို့ ခိုင်းမိရင်တောင် အာပတ်သင့်တယ်။ ဘုန်းကြီးကျောင်းကဘုရားပန်းအိုး
ပဋိယတ္တိ၊ ပဋိပတ္တိ၊ ပဋိဝေဓ ဆိုတဲ့ သာသနာတော်သုံးရပ်နဲ့ ဗုဒ္ဓဘာသာထွန်းကားပြန့်ပွားဖို့ ဘုန်းတော်ကြီးတွေက တာဝန်ယူလုပ်ဆောင်နေကြသလို ဗုဒ္ဓဘာသာဝင် ဒကာ ဒကာမတွေကလည်း ဘာသာ၊ သာသနာ ရေရှည်တည်တံ့နိုင်ဖို့အတွက် နည်းမျိုးစုံနဲ့ ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ယူရမယ်။ ကျားဆိုးတွေသောင်းကျန်းတဲ့ရွာမှ
ရွာသားတွေမလိမ္မာမှုကြောင့် အားလုံးကျားစာဖြစ်မယ့်အရေးကြို
နိုင်ငံရေးနဲ့ဆက်နွယ်ပြီး ဘာသာရေးပိုင်းမှာ ဘုန်းကြီးကျောင်းသားက ပလ္လင်ပေါ်တက် တရားဟောနေတဲ့အဖြစ်မျိုး ကြုံနေ ကြားနေရတယ်။ မေတ္တာတရားထားလိုက်ကြတာများ သိဒ္ဓတ္ထက အကိုပြန်ခေါ်ရလောက်အောင်ကို ဘုရားထက်တလကြီးနေကြတယ်။ ခန္တီစနေလိုက်ကြတာများ ဝေဿန္တရာက အဘ အဘ ပြန်ခေါ်ရလောက်အောင်ကို ခန္တီစနိုင်ကြတဲ့ ဘုရားအလောင်းတွေ မှိုလိုပေါက်နေတယ်။ ဒီကြားထဲ ဟိုဘုန်းကြီးက ဘာလုပ်နေပြန်ပြီ။ ဒီကတုံးက ဘုန်းကြီးအလုပ်ဘုန်းကြီးမလုပ်ဘူ
မင်းတို့ကိုယ်မင်းတို့လည်း ပြန်ကြည့်ကြပါဦး။ မေတ္တာတရားတွေ ခန္တီစတွေပြောပြီး တရားဟောရလောက်အောင် ဂေါတမလို လေးအင်္သချေနဲ့ကမ္ဘာတသိန်း ပါရမီဖြည့်ဖို့မပြောနဲ့၊ အခုဘ၀မှာ ဓမ္မစရိယတောင် အောင်အောင်ဖြေဖို့ ကြိုးစားကြည့်ကြပါဦး။ လူဝတ်ကြောင်ကိုစွန့်ပြီး သင်္ကန်းဝတ်ဖို့မပြောနဲ့၊ မင်းတို့ပစ္စည်းတွေကို အစာကျွေးတာရပ် စွပ်ထားတာလေးချွတ်ပြီး ခြင်ထောင်ထဲကထွက်နိုင်ဖို့ အရင်ကြိုးစားကြည့်ကြပါဦး။
ဘုန်းကြီးကျောင်းသားက ပလ္လင်ပေါ်တက်ပြီး မေတ္တာတရားကို သွင်သွင်ကြီးဟောနေတဲ့အချိန်မှာ ဘုန်းကြီးက သင်္ကန်းတကားကားနဲ့ ဓားတချောင်းကိုင်ပြီး ကျားကိုနှိမ်နင်းဖို့ ကြိုးစားနေရတာ ဘယ်သူသောက်သုံးမကျတာလဲ။ သေချာစဉ်းစားကြ။
ကြံ့ဖွတ်အစိုးရနဲ့နောက်လိုက်ခွေ
မင်းတို့….. မင်းတို့တွေရဲ့ အရေးအသား၊ အပြုအမူ၊ အပြောအဆိုတွေကြောင့် “ပေါ်လတီရှင် သရဏံ ဂစ္ဆာမိ” မဖြစ်ပါစေနဲ့။
မောင်ပါလ
၁၇.၆.၂၀၁၃
ဗုဒ္ဓဘာသာဟာ ဒီအတိုင်းဆိုရင် မကြာမီ ပျောက်တော့မှာပဲ အခုတောင်မှ သံဃာတော်တွေကို ရိုက်တဲ့ ဗုဒ္ဓဘာသာတွေ သံဃာတော်တွေကို ယဉ်ယဉ်ကျေးကျေး ဆဲတဲ့ ယောက်ျားမိန်းမတွေ စတဲ့ သာသနာကိုဖျက်မဲ့ ပါဝါရှင် အစုအဖွဲ့တွေ ဘုရားရင်ပြင်ကို တည်းခိုခန်းထင်သူတွေ ဗုဒ္ဓဘာသာကိုဖျက်မဲ့ ဘာသာခြားတွေ ဖျက်မဲ့အင်အားက အလွန်ကြီးနေပြီ လူဦးရေ သန်းခြောက်ထောင်မှာ တကယ့်ဗုဒ္ဓဘာသာဝင်က ၅ သန်းရှိပါ့မလား သာသနာအရေးရင်လေးစရာပါလား ကာမဂုဏ်ကို စွန့်လွတ်ပြီးနိဗ္ဗာန်ကိုသွားမလား ကာမဂုဏ်ကိုခံစားပြီး ဘုရားသခင်ဆီသွားမလား လူသတ်ပြီးဘုရားသခင်ဆီ သွားမလား လူတွေလောဘ ဒေါသ တွေ ထူပြောလာလေလေ ဗုဒ္ဓဘာသာကွယ်ပျောက်ဖို့ များလေလေပါပဲ ဗုဒ္ဓဘာသာကိုဗုဒ္ဓဘာသာဝင်တွေအဓိကဖျက်စီးကြမှာပဲ ဒီတော့ ဘုန်းဘုန်းတို့ လဲသာသနာနဲ့ ကြုံတုန်း ကိုယ့်ကိုကိုယ်ကယ်ရင်း ကိုယ်စွမ်းညဏ်စွမ်း ရှိသမျှ သာသနာပြုကြပါ ဥပေက္ခာပါရမီကျင့်ကြံကြပါ စေတနာဒေါသောတွေ နဲ့ဆက်လုပ်နေလဲ ဗုဒ္ဓဘာသာသာနာမည်ပျက်မယ် ဒီလူမျိုးတွေ ဒီမိန်းမတွေ ကတော့ ကာမဂုဏ်တောထဲက ထွက်မဲ့သူတွေမဟုတ်ဘူး တချို့ အမျိုးသား အမျိုးသမီးတွေ ဘာသာခြားပုဂ္ဂိုလ်ကြီးတွေဆို ဘုန်းကြီးတွေထက်တောင် သာတဲ့ သူတွေဖြစ်နေပြီ အရှင်ဘုရားတို့ကို ရှစ်ခိုးတာထက် သူတို့ကိုတောင် ပိုရှစ်ခိုးရမယ်ထင်တယ် ဘုန်းကြီးတွေထက် သာလွန်မြင့်မြတ်တဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီးတွေ ကို သမိုင်းက မှတ်တမ်းတင်သင့်တယ် လူ့ဘဝကို အိပ် စား မေထုန် ကာမဂုဏ် နဲ့တင် လူ့ဘဝရကြိုးနပ်တယ်လို့ ထင်သူတွေ ကများလာပြီး ဘုန်းကြီးတွေကို ဘာသာခြားမပြောနဲ့ ဗုဒ္ဓဘာသာဝင်တွေကပါ နှိပ်ကွပ်လာပြီ သာသနာအတွက်ဆိုပြီး စည်းကမ်းမဲ့ မိန်းမတွေကို လင်ယူခြင်း ဥပဒေ ပြုတာ ဗုဒ္ဓဘာသာဝင်စင်စစ်ဆို ဘာနာစရာလိုလဲ ဘုန်းကြီးတွေ ကလုပ်လို့ တဲ့ ဘုန်းကြီးတွေကိုပုတ်ခတ်ပြောလိုက်တာ ဘုန်းကြီးတွေက မိန်းမလည်းမယူရပါဘူး ဘုန်းကြီးတွေလုပ်တာမမျှတဘူးတဲ့ မမျှတဘူးဆိုတော့ မမှန်ဘူးပေါ့ မမှန်တာလုပ်ရင် လူယုတ်မာပေါ့ ဘုန်းကြီးကလုပ်တော့ ဘုန်းကြီးယုတ်ပေါ့ လင်ယူဖို့ အရေး ဘုန်းကြီးတွေကို ဝေဖန်လိုက်တာ မြန်မာတွေ ကိုအခုလို လွတ်လပ်ခွင့်တွေ လူ့အခွင့်အရေးတွေ ပေးတာဟာ အကွပ်မရှိတဲ့ ကြမ်းဗရမ်းဗတာဖြစ်တော့မှာပဲ ဖာနိုင်ငံကြီးဖြစ်တော့မှာပဲ အစစအရာရာဆိုးရွားလှတဲ့ ခောတ်စနစ်ဆိုးတွေ ကထွက်လာတဲ့ ပြည်သူတွေ ကကိုယ့်ဘာသာကိုယ် မှန်ကန်စွာဆုံးဖြတ်နိုင်မှာလား ဘာပညာမှမတတ် လက်မှတ်လောက်နဲ့ ဂိတ်ဆုံး ၅ပါးသီလတောင်ကောင်းကောင်းမသိ စာမဖတ် ဗဟုသုတ မရှိ အကျင့်စာရိတ္တက မကောင်း ငယ်ငယ်ရွယ်ရွယ်နဲ့ အရက်သမားတွေဖြစ် ခောတ်မှီတယ်ဆိုပြီး sexy တွေလုပ် living together တွေနေ ပြီးရင် အပျိုစင် တန်းကမဆင်း nightclubတွေတတ် အရက်တွေသောက် အမျိုးဘာသာ သာသနာ အတွက်ဘာမှသုံးစားမရတဲ့ ဆန်ကုန်မြေလေးတွေ ဒီလိုလူမျိုးတွေ က ဒီမိုကရေစီအပြည့်အဝ ပေးသင့်သလား
ReplyDelete