ရင်သို့ထိသောစာများ
အရမ်းကို စိတ်ထိခိုက်ရတဲ့ အဖြစ်အပျက်လေးတစ်ခုပါပဲ - - - ။
ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်းကပေါ့ ။ အသက် ၅ နှစ်လောက်ပဲရှိတဲ့ ကောင်လေးတစ်ဦးကို အရောင်းစာရေးမလေးက ပြောနေတာကို မြင်ခဲ့တယ် ။ အရောင်းစာရေးမလေးကပြောတယ် ။
“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”
အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင် သွားပြီး ကျွန်တော့်ကို မေးတယ် ။ “ ဦးဦး ကျွန်တော့်မှာ ငွေမလုံလောက်ဘူးဆိုတာ သေချာလားဟင် ”
ကျွန်တော်သူ့ငွေတွေကိုရေတွက်ကြည့်ပြီးပြန်ပြောခဲ့တယ်
။ “ အင်းဟုတ်တယ် ကောင်လေး မင်းမှာ ဒီအရုပ်လေးဝယ်ဖို့ ငွေမလုံလောက်ဘူးလေ ”
ကောင်လေးဟာ သူ့လက်ထဲမှာ အရုပ်ကလေးကိုဆက်ပြီးကိုင်ထားတုန်းပါပဲ ။ နောက်ဆုံး ကျွန်တော်သူ့နားသွားပြီး သူ့ကိုမေးခဲ့တယ် ။ အဲဒီအရုပ်ကလေးက ဘယ်သူ့ကိုဝယ်ပြီးပေးမလို့လဲ ဆိုတာကိုပေါ့ ။
“ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပါ သူအရမ်းလိုချင်နေခဲ့တယ် သူ့မွေးနေ့အတွက် ကျွန်တော်ဝယ်ပြီးသူ့ကိုပေးချင်လို့ပါ ဦးဦး”
“ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအရုပ်ကလေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တွေနဲ့ စကားကိုဖြည်းဖြည်းချင်းပြော တယ် ။
“ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော်ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ ”
ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့်ကိုစိုက်ကြည့်ပြီးဆက်ပြောတယ် ။ “ ကျွန်တော်အဖေ့ကိုပြောပါတယ် အမေ့ကို မသွားဖို့ တားပေးဖို့အတွက်ပေါ့ ကျွန်တော်အခု အရုပ်ဝယ်ပြီးပြန်သွားတဲ့အချိန်ထိ အမေ့ကို စောင့်နေစေချင်တယ်လေ ” ပြီးတော့ ကောင်လေးက သူရယ်မောနေတဲ့ပုံလေးတစ်ပုံကို ကျွန်တော့်ကို ထုတ်ပြတယ် ။
“ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေကပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တဲ့ ” ကောင်လေးဟာ ရီေ၀၀မ်းနည်းနေတဲ့ မျက်လုံးတွေနဲ့ လက်ထဲက အရုပ်ကလေးကို စိုက်ကြည့်ရင်းပြောနေတယ် ။
ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက်တယ် ။ “ ငါတို့နောက်တစ်ခါ ပြန်စစ်ရအောင်အရုပ်အတွက် လုံလောက်တဲ့ ပိုက်ဆံ ရှိချင်ရှိနေမှာပေါ့ မဟုတ်ဘူးလားကလေးရဲ့ ”
“ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင်တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို အမြန်ထုတ်ယူပြီးကောင်လေးငွေ တွေကို စတင်ရေတွက်ခဲ့တယ် ။ အရုပ်အတွက် ငွေက လုံလောက်ယုံတင်မကပါဘူး ပိုတောင်ပိုလို့နေပါသေးတယ် ။
ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွ က် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ် ” တဲ့ ။
“ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက်တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”
“ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက် ၀ယ်ပေးချင်ပါတယ် -- ဘုရားသခင်ဆီမှာ ကျွန်တော်အများကြီးမတောင်းရဲတော့ပါဘူး ဒါပေမယ့် သူက ကျွန်တော့်ကို အရုပ်တစ်ရုပ်နဲ့ နှင်းဆီအဖြူတစ်ပွင့်အတွက် လုံလောက်တဲ့ငွေကိုပေးခဲ့တယ် လေ မေမေက နှင်းဆီဖြူလေးတွေကိုချစ်တယ် ”
########################## ##############
ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ ကျွန်တော့်စိတ်အခြေအနေက လုံးဝကွဲပြားခြားနားသွားပြါ ပီ
ကျွန်တော်ကောင်လေးကို စိတ်ထဲကနေ လုံးဝမမေ့နိုင်ခဲ့ဘူး ။ အဲဒီနောက်မှာ
ကျွန်တော် လွန်ခဲ့တဲ့ ၂ရက်လောက်က သတင်းစာထဲက သတင်းတစ်ပုဒ်ကိုသွားပြီးသတိ ရမိလိုက်တယ် ။ အရက်မူးသမားတစ်ဦးမောင်းလာတဲ့ကားတစ်စီးက
အမျိုးသမီးတစ်ဦးနဲ့ ကောင်မလေးငယ်တစ်ဦးကို တိုက်မိပြီး ကောင်မလေးကတော့
နေရာတင်ပဲ ပွဲချင်းပြီး သေဆုံးသွားတဲ့သတင်းပေါ့ ။ အမျိုးသမီးကတော့
အရေးပေါ်ကုသမှုနဲ့ ဆေးရုံမှာ ရောက်နေတဲ့အကြောင်း ။
နောက်ဆုံးမတတ်နိုင်တော့တဲ့အ ဆုံး သူ့မိသားစုက အသက်ကို ဆွဲဆန့်ထားရတဲ့အသက်ကယ်စက်တွေကို ဖြုတ်ပစ်ဖို့ သဘောတူဆုံးဖြတ်လိုက်ကြောင်း
ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးဟာ Coma လို့ခေါ်တဲ့ အချိန်ကြာကြာ
သတိလစ်မေ့မျောခြင်းကနေ ပြန်လည် အသက်ရှင်သန်လာနိုင်မှု မရှိတော့တဲ့အတွက်
ဖြစ်ပါတယ် ။ ဟင် ဒါဆို ဒီကောင်လေးဟာ အဲဒီမိသားစုက ကောင်လေးများဖြစ်နေမလား ?
ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနော က် ၂ ရက်မြောက် နေ့မှာပေါ့ ။ ကျွန်တော် သတင်းစာမှာဖတ်လိုက်ရတဲ့ ။ ဆေးရုံပေါ်က အရေးပေါ်အခြေအနေရောက်နေတဲ့အမျိုးသမီးဟာ ကွယ်လွန်သွားပြီဖြစ်တဲ့အကြောင်း
-----။ ကျွန်တော်ဘယ်လိုမှ မခံစားနိုင်တော့ပါဘူး ။ ကျွန်တော် နှင်းဆီ ဖြူ
အစည်းတွေဝယ်ပြီး နာရေးအိမ်ကို လိုက်သွားခဲ့တယ် ။ အဲဒီနေရာမှာ
ကျွန်တော်တွေ့ခဲ့တဲ့ ကောင်လေးနဲ့ သူ့ဖခင်တို့ဟာ အမျိုးသမီးနဲ့
မိန်းကလေးငယ်လေးတို့အတွက် မမြုပ်နှံခင် နောက်ဆုံးဆုတောင်းစကားတွေပေးဖို့
-- လူတွေကြည့်ဖို့ စောင့်နေပါတယ် ။ အမျိုးသမီးကိုထည့်ထားတဲ့
ခေါင်းတလားထဲမှာတော့ အမျိုးသမီးရင်ဘတ်ပေါ်မှာ နှင်းဆီပွင့်လေးတစ်ပွင့် နဲ့
ရယ်မောနေတဲ့ ကောင်လေးရဲ့ ဓါတ်ပုံကို တင်ထားပါတယ် ။ ဘေးနားက ကောင်မလေးရဲ့
ရင်ဘတ်ပေါ်မှာတော့ အရုပ်ကလေးတစ်ရုပ်တင်ထားပါတယ်
။ ကျွန်တော် ဆက်ပြီး ကြည့်ဖို့ ခွန်အားမရှိတော့ပါဘူး ။ မျက်ရည်တွေနဲ့
ကျွန်တော် အဲဒီနေရာကနေ ထွက်ခွာလာခဲ့တယ် ။ အဲဒီအချိန်ကစလို့ ကျွန်တော် ဘ၀ဟာ
ပြောင်းလဲသွားခဲ့ပါတယ် ----။
ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရားဟာ ပုံဖော်ပြဖို့တောင်ခက်ခဲလွန်းလှပါတယ် ။ ဒါပေမယ့် အချိန်တစ်စက္ကန့်အတွင်းမှာပဲ အမူးသမားတစ်ဦးက သူ့ကို သူ့မိဘ ၊ သူ့အမ တွေနဲ့ ခွဲခွာစေပြီး အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တယ် ။
########################## ###############
ကျေးဇူးပြုပြီး
ေ က် း ဇူ း ၿပ ဳ ၿပီ း - - - -
“ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ”
အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။
- ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက်သောက်ပြီးကားမကောင်းကြပါနဲ့ လို့ ပြောဖြစ်အောင်ပြောပေးကြပါ ။
- သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။
“ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/ သူမ ဘာတွေ ပေးဆပ်နိုင်သလဲဆိုတဲ့အပေါ်မူတည်တ ယ် -- သူ/သူမ ဘာတွေ လက်ခံနိုင်သလဲဆိုတဲ့အပေါ် မူတည်နေတာမဟုတ်ပါဘူး ”
သက်တန့်ချို
Feb 25-2012
Do not drink and drive အား ဘာသာပြန်ခံစားသည် ။
( ကျွန်တော်ဒီစာလေးဘာသာပြန်ပြီးတော့
စိတ်မကောင်းလွန်းလို့ အကြာကြီး ထိုင်နေမိတယ် -- စိတ်မကောင်းပါဘူး
ကောင်လေးရယ် -- ငါတို့လည်းတစ်နေ့ လိုက်သွားကြရမှာပါ အဲဒီအခါ မင်းရယ် မင်း
အမေ ရယ် မင်း မမ ရယ် မင်းတို့မိသားစုလေး ပြန်လည်ဆုံတွေ့ကြပါစေလို့ ဦးဦး
ဒီနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်ကွာ ----)
ကျွန်တော် စတိုင်းဆိုင်တစ်ခုမှာ ဈေးဝယ်ထွက်ဖို့ လမ်းလျှောက်နေတဲ့အချိန်တုန်
“ စိတ်မကောင်းပါဘူးကလေးရယ် မင်းမှာ ဒီအရုပ်လေးကို ၀ယ်ဖို့ ငွေမလောက်ဘူးလေ ”
အဲဒီတော့ ကောင်လေးက ကျွန်တော့်ကြည့်နေတာကိုမြင်
ကျွန်တော်သူ့ငွေတွေကိုရေတွက
“ ဒီအရုပ်ကလေးက ကျွန်တော့် အစ်မ သိပ်ကြိုက်ခဲ့တဲ့အရုပ်ကလေးပ
“ ဒီအရုပ်ကလေးကို ၀ယ်ပြီး အမေ့ကို ပေးလိုက်မယ် အဲဒီအခါ အမေက နေ အစ်မဆီသွားတဲ့အခါ အဲဒီအရုပ်ကလေးကို ပေးနိုင်မှာပါ ” သူ့မျက်လုံးထဲမှာ အလွန် ၀မ်းနည်းနေတဲ့အရိပ်အယောင်တေ
“ တကယ်တော့ အစ်မ က ကောင်းကင်ဘုံမှာပါ အဖေက ကျွန်တော့်ကိုပြောတယ် အမေလည်း မကြာခင်မှာ ကောင်းကင်ဘုံမှာ အစ်မ ကိုသွားပြီး တွေ့လိမ့်မယ်တဲ့ ဒါကြောင့် အစ်မဆီကို အမေနဲ့အတူ ကျွန်တော်ဒီအရုပ်ကလေးကို လက်ဆောင်ပေးလိုက်ချင်လို့ပါ
ကျွန်တော့် နှလုံးခုန်သံဟာ ရပ်တန့်သွားမတတ်ပါပဲ ။ ဒီအသက် ၅ နှစ်အရွယ်ကောင်လေးက ကျွန်တော့်ကိုစိုက်ကြည့်ပြီ
“ ကျွန်တော် ဒီပုံလေးကို အမေနဲ့ထည့်ပေးလိုက်မယ် အမကျွန်တော့်ကို မမေ့သွားအောင်ပေါ့ ဒါပေမယ့် အဖေကပြောတယ် သားမေမေဟာ သားမမ နဲ့ အမြန်ဆုံးသွားတွေ့ရတော့မယ်တ
ကျွန်တော် ပိုက်ဆံအိတ်ကိုချက်ချင်း ဆွဲထုတ်ပြီးကလေးကိုပြောလိုက
“ ကောင်းပါပြီ ” လို့ ကောင်လေးကပြောတယ် ။ “ ငွေပြည့်ပါစေလို့ ကျွန်တော်ဆုတောင်းနေပါ့မယ် ” ကျွန်တော် သူမမြင်တွေ့ခင်မှာပဲ ပိုက်ဆံအိတ်ထဲကငွေအချို့ကို
ကောင်လေးကပြောတယ် “ ကျွန်တော့်ကို လုံလောက်တဲ့ငွေတွေပေးတဲ့အတွ
“ ကျွန်တော်လွန်ခဲ့တဲ့ညက မအိပ်ခင် ဘုရားသခင်ကိုပြောခဲ့တယ် အမကို လက်ဆောင်ပေးလိုက်ဖို့အတွက် လုံလောက်တဲ့ ငွေလိုချင်ပါတယ်လို့ အခု သူကြားသွားသလားမသိဘူးနော် ! ”
“ ကျွန်တော် အမေ့အတွက်လည်း နှင်းဆီအဖြူလေးတစ်ပွင့်လောက
##########################
ကျွန်တော်ဈေးဝယ်ပြီးတဲ့အခါ
ကောင်လေးနဲ့ ကျွန်တော်တွေ့ဆုံခဲ့ပြီးနော
ကောင်လေးရဲ့ သူ့အမေနဲ့သူ့အမ အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာတရ
##########################
ကျေးဇူးပြုပြီး
ေ က် း ဇူ း ၿပ ဳ ၿပီ း - - - -
“ အရက်သောက်ပြီး ကားမမောင်းကြပါနဲ့ ”
အခု ခင်ဗျားမှာ ရွေးချယ်စရာ ၂ ခုရှိပါတယ် ။
- ဒီစာလေးနဲ့ မက်ဆေ့လေးကို သူငယ်ချင်းတွေဆီမျှဝေပေးပါ Share လုပ်တဲ့အခါမှာလည်း အရက်သောက်ပြီးကားမကောင်းကြပ
- သင့် နှလုံးသားကို ဒီအဖြစ်အပျက်လေးက မထိ စေခဲ့ဘူးဆိုရင်တော့ သင်မေ့လိုက်ပါ ။
“ ယောက်ျားတစ်ယောက် မိန်းမ တစ်ယောက်ရဲ့ တန်ဖိုးဟာ သူ/
သက်တန့်ချို
Feb 25-2012
Do not drink and drive အား ဘာသာပြန်ခံစားသည် ။
( ကျွန်တော်ဒီစာလေးဘာသာပြန်ပြ
0 comments:
Post a Comment