မလေးရှားရောက် မြန်မာများအတွက် သတင်း ...
မလေးရှားတွင်
အကြမ်းဖက် တိုက်ခိုက်ခံရ၍ ဆေးရုံတက်နေရသူများနှင့် အခက်အခဲ ကြုံတွေ့နေ ရသော
မြန်မာနိုင်ငံသားများအတွက် ကမ္ဘောဇဘဏ်ဥက္ကဋ္ဌက အမေရိကန်ဒေါ်လာ ငါးသောင်း ကနဦး
လှူဒါန်းမည်။
Tuesday, 11 June 2013 03:54
မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်နေသူများနှင့်  အခက်အခဲ တွေ့နေသူများအတွက်
ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက ကနဦးအနေဖြင့် အမေရိကန်ဒေါ်လာ ငါးသောင်းအား
မလေးရှား နိုင်ငံရှိ ကပုန်း နာရေးကူညီမှုအသင်းသို့ Eleven Media Group
မှတစ်ဆင့် ဇွန် ၁၁ ရက်နေ့တွင် လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ ငွေသားလှူဒါန်းမှုများအပြင် MAI လေကြောင်းလိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဇွန် ၁၂ ရက်မှစ၍ တစ်လတိတိကို လေယာဉ်လက်မှတ်ခ ရာခိုင်နှုန်း ၅၀ လျော့ချပေးမည် ဖြစ်ကြောင်း သိရသည်။
ယခု လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းမှာ ကနဦး လှူဒါန်းခြင်းသာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
Tuesday, 11 June 2013 03:54
မလေးရှားနိုင်ငံတွင် မေ ၃၀ ရက်မှစ၍ ဖြစ်ပွားလျက်ရှိသော မလေးရှားရောက် မြန်မာအလုပ်သမားများ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်ခံရမှုတွင် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်နေသူများနှင်
ယခုကဲ့သို့ ငွေသားလှူဒါန်းမှုများအပြင် MAI လေကြောင်းလိုင်း အနေဖြင့်လည်း မြန်မာနိုင်ငံသို့ ပြန်လာလိုသူ မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများအား ဇွန် ၁၂ ရက်မှစ၍ တစ်လတိတိကို လေယာဉ်လက်မှတ်ခ ရာခိုင်နှုန်း ၅၀ လျော့ချပေးမည် ဖြစ်ကြောင်း သိရသည်။
ယခု လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ငါးသောင်းမှာ ကနဦး လှူဒါန်းခြင်းသာ ဖြစ်ကြောင်းနှင့် လိုအပ်ပါက ဆက်လက်လှူဒါန်း သွားမည်ဖြစ်ကြောင်း သိရသည်။
မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
မလေးရှားမှာ ဒုက္ခရောက်နေတဲ့လူတွေကို ဦးဇော်ဇော်က လေယာဉ်လက်မှတ် (၁၀၀၀) စာ လှူတယ်..
ဦးဇော်ဇော်ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြုတဲ့သူက ပြုတယ်.. မပြုတဲ့သူက မပြုဘူး..
တစ်ချို့ကကျတော့လဲ.. ဒီလူကြီးတွေ ဒီလောက်မျိုဆို့ထားတာတောင်မှ ဒီလောက်လေးပဲ လှူရသလားလို့ ဝေဖန်တယ်..
တကယ်တော့ ခရိုနီနီ၊ ခရိုဝါဝါ.. ဘယ်သူဖြစ်ဖြစ်ပါ.. ကောင်းမှုဆိုတာ မလုပ်ကောင်းတဲ့အရာမှ မဟုတ်တာ..
နာမည်ကောင်းရချင်လို့ လှူတယ်ပဲ ပြောပြော.. သူ့အိတ်ထဲက ပိုက်ဆံ.. သူ ကာယကံမြောက် လှူမပေးရင် ကိုယ်တွေ ဘာတတ်နိုင်မှာ မှတ်လို့..
ဒီလိုလှူတာအတွက် ဝမ်းသာမပေးသင့်ဘူးလား.. အသိအမှတ်ပြုမပေးသင့်ဘူးလား..
ဒီလူတွေ မကောင်းခဲ့ဘူး၊ မှားခဲ့ကြတယ်ဆိုရင်တောင် သူတို့မှာ အမှားပြင်ခွင့် မရှိဘူးလား..
မကောင်းရင် မကောင်းဘူးလို့ ပြောချင်ကြပေမယ့် ကောင်းလာရင်ကျတော့လည်း ချီးကျူးလက်ခံမပေးကြချင်တာ ဘယ်လိုစိတ်ဓာတ်တွေပါလိမ့်..
ကိုယ်တိုင်က တစ်ကျပ်တစ်ပြားမှ မလှူနိုင်၊ မကူနိုင်ဘဲ လှူတဲ့သူကို ဘေးထိုင်ဘုပြောနေတဲ့သူတွေကို မြင်ရတာ စိတ်မသက်မသာ ရှိလိုက်တာ..
တကယ့်ကို ရလေ လိုလေ အိုတစ္ဆေ.. ရလျက် လိုလျက် အိုသဘက်.. ရမြဲ လိုမြဲ အိုသရဲတွေပဲ... >.<
မယ် ပိုး
0 comments:
Post a Comment