သစ်ထူးလွင် သတင်းစုစည်းမှု (၂၁-၆)
သစ်ထူးလွင် |
|
- TIME မဂ္ဂဇင်းရဲ့  စွပ်စွဲချက်ကို အံသြမိတယ်လို့  အရှင်ဝိရသူ မိန့် ကြား (ရုပ်/သံ)
- အင်္ဂပူမှာ စစ်တပ်က အဓမ္မသိမ်းထားတဲ့ ဧက ၂ဝဝလယ်မြေပေါ် ရွာသား ၄ဝ ထွန်တုံးတိုက်ပွဲဆင်နွှဲ (ရုပ်/သံ)
- ရိုက်နှက်ခံရသည့် တောင်ကြီးမှ ကလေးငယ် မိဘမဲ့အမျိုးသမီး သင်တန်းကျောင်းပို့မည်
- သရုပ်ဆောင်မေဇွန်ကို လူသတ်မှုအပါအဝင် အမှုသုံးမှုဖြင့် ထောင်ကိုးနှစ်ကျော် ချမှတ်
- ဒုက္ခသည်များ၏ ပူးပေါင်းမှု ရခိုင်ပြည်နယ်အစိုးရ လိုလား
- မယ်လဒုက္ခသည်စခန်းတွင် သွေလွန်တုပ်ကွေး ဖြစ်ပွားမှု မြင့်မား
- မသန်းသန်းအေး သေဆုံးမှု အမှန်တရား ပေါ်ပေါက်ရန် အမှုဖွင့်သွားမည်
- မြို့နယ်အုပ်ချုပ်ရေးမှူး မေတ္တာရပ်ခံ၍ ညောင်နှစ်ပင် ထွန်တုံးတိုက်ပွဲ ရပ်ဆိုင်း
- တက္ကသိုလ်ဝင်တန်း အမှတ်စာရင်းများ ဇူလိုင်ပထမပတ် ထုတ်ယူနိုင်မည်
- ILO ကန့်သတ်ချက်အားလုံး ရုတ်သိမ်းမှု မြန်မာ ကြိုဆို
- အမျိုးသမီးသုံးယောက်မှာ တစ်ယောက်နှုန်းနဲ့ အကြမ်းဖက်ခံရ
- စိုက်စရိတ်ချေးငွေ နောက်ကျ ထုတ်ချေး
- DKBA နယ်မြေအတွင်း မြေမြှုပ်မိုင်း အန္တရာယ်မရှိတော့ဟု စစ်ဗျူဟာမှူး ပြော
- Times Magazine အား ပြင်းထန်စွာကန့်ကွက် ရှုတ်ချ
- သိမ်းဆည်းခံ လယ်မြေများ ပြန်ရလိုကြောင်း ပြည်နယ်ဝန်ကြီးချုပ်ထံ ရခိုင် လယ်သမားများ စာရေးတောင်းဆို
- ဇွန်လ (၂၁)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ဇွန်လ (၂၁)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇွန်လ (၂၁)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ
- အခြေခံပညာ အတန်းများ အားလုံး စာမေးပွဲ အကျမရှိသည့်စနစ် ကျင့်သုံးရန် လွှတ်တော်တွင် ဆွေးနွေးမည်
-
လားရှိုးပဋိပက္ခလားရှိုးပဋိပက္ခကဲ
့သို့ ဖြစ်လာမည်ကို နမ္မတူဒေသခံများ အထူး စိုးရိမ် - မြန်မာငွေမဲ ခဝါချပေးခဲ့တဲ့ ဂျပန်ဘဏ် ဒဏ်ရိုက်ခံရ
- တိလောကမာရဇိန်ဘုရားကြီး ရှေးဟောင်းအရုပ်များ အခိုးခံရ
- NLD နှင့်ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ပြန်လာလျှင် ဗဟိုကော်မတီသို့ ရှင်းရမည်
- လက်ပံပြားရွာ အရှေ့ဘက်က ရေထွက်ကလေး ဆည် ပြုပြင်တိုးချဲ့ တဲ့ လုပ်ငန်း အပေါ် ပြည်သူတို့ ရဲ့ အသံများ
- ဇွန်လ (၂၁) ရက်နေ့ ထုတ် EURO SPORTS Journal (VOL.4, NO.61)
Posted: 21 Jun 2013 06:33 AM PDT
ကမ္ဘာကျော်
TIME မဂ္ဂဇင်းမှာ ခေါင်းစဉ်နဲ့ စွပ်စွဲ ရေးသား ထားချက်နဲ့ ပတ်သက်လို့
အံ့သြမိတယ်လို့ အရှင်ဝိရသူက ဒီဗွိဘီကို မိန့်ကြားပါတယ်၊
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 06:14 AM PDT
လယ်ဧက ၂ဝဝကျော်ကို စစ်တပ်ကသိမ်းယူပြီး သီးစားချထားပေးတဲ့ လယ်မြေတွေကို လယ်လုပ်ခွင့်တားမြစ်လိုက်တာကြော
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 05:46 AM PDT
ရှမ်းပြည်နယ်
တောင်ကြီးမြို့နေ အဒေါ်ဖြစ်သူ၏ ရိုက်နှက်ခြင်းခံရသည့် မိဘမဲ့ကလေးငယ်ကို
မိဘမဲ့ အမျိုးသမီးသင် တန်းကျောင်းသို့ ပို့ဆောင်ပေးမည်ဟု တောင်ကြီးမြို့
လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဦးတင်မောင်ရီက မဇ္ဈိမကို ပြောသည်။
''သည်လို နှိပ်စက်ညင်းပန်းမှု ပြုလုပ်နေတဲ့ အုပ်ထိန်းသူတွေနဲ့ အတူထားလို့
မရပါဘူး။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Jun 2013 05:38 AM PDT
MRTV-4
၏ Flowers & Butterflies ရုပ်သံဇာတ်လမ်းတွဲ အတွက် သရုပ်ဆောင်အဖြစ်
ရွေးချယ်ခံခဲ့ရပြီး လူသိ များလာသည့် သရုပ်ဆောင်မေဇွန် (ခ) မမျိုးဇာနည်ညွန့်
ကို ဇွန်လ ၁၀ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်းခရိုင် တရားရုံး က
လူသတ်မှု၊ မတရားချုပ်နှောင်မှု၊ နာကျင် စေမှုတို့ဖြင့် အလုပ်နှင့်ထောင်ဒဏ်
ကိုးနှစ်နှင့်လေးလ ချမှတ်ခဲ့ကြောင်း အဆိုပါ တရားရုံးထံမှ စုံစမ်းသိရှိရသည်။
---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 05:28 AM PDT
ရခိုင်ပြည်နယ်
ဒုက္ခသည် စခန်းတွေမှာ မွတ်စလင် ဒုက္ခသည်တွေက အစိုးရအဖွဲ့ဘက်က ဆောင်ရွက်
ချက်တွေကို ပူးပေါင်းပါဝင်မှု မရှိတာကြောင့် ကုလသမဂ္ဂနဲ့ လုပ်ဆောင်ရတဲ့
အပိုင်းတွေမှာ အခက်အခဲ ရှိတယ်လို့ ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး
ဆပ်ကော်မတီက ပြောဆိုပါတယ်။ မွတ်စလင် ဒုက္ခသည်တွေအနေနဲ့ ပြည်နယ်
အစိုးရအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေ အပေါ်မှာ ငြင်းဆန်မှု တချို့ရှိနေလို့
အတူတကွ ငြိမ်းချမ်းစွာ နေထိုင်ဖို့ အရေးမှာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Jun 2013 05:23 AM PDT
ထိုင်းနိုင်ငံ
တာ့ခရိုင်အတွင်းရှိ မယ်လဒုက္ခသည်စခန်းမှာ သွေးလွန်တုပ်ကွေးကြောင့် ၁ ဦး
သေဆုံးပြီး ရောဂါဖြစ်ပွားမှု မြင့်မားနေတယ်လို့ စခန်းတာဝန်ရှိသူတဦးက
ဒီဗွီဘီကို ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းမှာ
မေလကုန်ပိုင်းကစပြီး သွေးလွန်တုပ် ကွေးရောဂါ စတင်ဖြစ်ပွားနေပြီး
လက်ရှိအချိန်ထိ ဆေးရုံမှာ လူပေါင်း ၂၀၀ လောက် ကုသမှုခံယူ နေရပါတယ်။
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 21 Jun 2013 04:17 AM PDT
ခိုးမှုသံသယဖြင့်ဖမ်းဆီးစစ်ဆေး
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 04:04 AM PDT
ရန်ကုန်မြောက်ပိုင်းခရိုင်
မှော်ဘီမြို့နယ် ညောင်နှစ်ပင် ဖိုးဒေါနကုန်းကျေးရွာ အုပ်စုရှိ လယ်သမား ၂၀၀
သည် သိမ်းဆည်းခံ လယ် ၂၄၆ ဧက ပြန်လည်ရရှိရန် ဇွန် ၂၀ ရက် နေ့နံနက် ၈
နာရီတွင် ပြုလုပ်မည့် နွား ၁၀ ရှဉ်း၊ ထွန်စက်တစ်စီးတို့ဖြင့် ထွန်တုံး
တိုက်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းဖြေရှင်းပေးမည် ဟုဆို၍
ရပ်ဆိုင်းခဲ့ကြောင်း လယ်သမားများက ပြောကြားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 03:54 AM PDT
နိုင်ငံတစ်ဝန်း
၂၀၁၃ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးသူတိုင်း အတွက်
တက္ကသိုလ် ဝင်တန်း အမှတ်စာရင်း များကို ရန်ကုန်နှင့် နေပြည်တော်တို့ရှိ
စာစစ်အဖွဲ့ ဦးစီးဌာနများတွင် လာမည့် ဇူလိုင်လ ပထမပတ်၌ စတင်ထုတ်ယူနိုင်ပြီ
ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ စာစစ်အဖွဲ့ ဦးစီးဌာန ထံမှ
သိရသည်။ အမှတ်စာရင်း ထုတ်ရာတွင် တံဆိပ်ခေါင်း၊ လျှောက်လွှာနှင့် စာအုပ်ကြေး
ကျပ် ၄၀၀ ကျော် ကုန်ကျမည်ဖြစ်ပြီး အဆိုပါ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 03:42 AM PDT
မြန်မာနိုင်ငံအပေါ်
ကျန်ရှိနေသေးတဲ့ တားဆီး ကန့်သတ်ချက်အားလုံးကို အပြည်ပြည်ဆိုင်ရာ
အလုပ်သမားအဖွဲ့ (ILO ) က ပြန်လည် ရုတ်သိမ်းလိုက်တဲ့ အပေါ် မြန်မာအစိုးရက
ကြိုဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အဓမ္မလုပ်အားယူ ခိုင်းစေမှုတွေကြောင့်
ILO ဖွဲ့စည်းပုံ ပုဒ်မ (၃၃) အရ ILO က အရေးယူခဲ့တာပါ။ ဒါပေမဲ့ လက်ရှိ
မြန်မာနိုင်ငံမှာ တိုးတက်ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့ အဓမ္မလုပ်အား
ယူခိုင်းစေမှု တိုက်ဖျက်ရေးဆိုင်ရာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 03:39 AM PDT
ကမ္ဘာမှာ
အမျိုးသမီး သုံးယောက်မှာ တစ်ယောက်ဟာ အိမ်တွင်း အကြမ်းဖက်မှု ခံနေရပြီး၊
အာရှနဲ့ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံတွေမှာ ပိုပြီး အဖြစ်များ တယ်လို့ ကမ္ဘာ့
ကျန်းမာရေးအဖွဲ့ WHO က မနေ့က ပြောပါတယ်။ ကမ္ဘာတ၀ှမ်း အမျိုးသမီးများ
အကြမ်းဖက်ခံရမှုနဲ့ ကျန်းမာရေး ပြဿနာဆိုင်ရာ ပထမဆုံးအကြိမ် စနစ်တကျ
လေ့လာခဲ့ရာမှာ အမျိုးသမီး သုံးပုံတစ်ပုံဟာ လင်ယောင်္ကျားတွေရဲ့
အကြမ်းဖက်နှိပ်စက်မှု ခံစားနေရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ကြောင်း၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 03:27 AM PDT
မိုးရာသီစိုက်ပျိုး
စရိတ်ချေးငွေတွေ ထုတ်ချေးပေးနေရာမှာ ထုတ်ချေးတဲ့အချိန် နောက်ကျတယ်လို့
လယ်သမားတွေက ပြောပါတယ်။ တချို့ဒေသတွေမှာ စိုက်ပျိုးစရိတ်ချေးငွေ
ထုတ်ယူရရှိနေကြပေမယ့် တချို့ဒေသတွေ မှာတော့ အခုအချိန်ထိ မရကြသေးဘူးလို့
သိရပါတယ်။ အခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေတွေကို ဇွန်လ ၁၇
ရက်ကစပြီး သက်ဆိုင်ရာ လယ်ယာဖွံ့ဖြိုးရေးဘဏ်က တဧက ကျပ် ၁ သိန်းနှုန်းနဲ့
စတင်ထုတ်ချေးပေး နေပါပြီ။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 21 Jun 2013 03:20 AM PDT
ဗုဒ္ဓဘာသာ
ကရင်အမျိုးသား အစည်းအရုံး DKBA ၏ ကရင်ပြည်နယ်အတွင်း
ထိန်းချုပ်နယ်မြေများတွင် အသုံးပြုခဲ့သည့် မြေမြှုပ်မိုင်းများ
ယခုအချိန်တွင် အန္တရာယ်မရှိတော့ဟု DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး
ထွန်းထွန်းက မဇ္ဈိမကို ပြောသည်။ ဗိုလ်မှူးကြီးထွန်းထွန်းက ယခင်
အစိုးရတပ်များနှင့် စစ်ဖြစ်ပွားမှုအတွင်း အသုံးပြုခဲ့သည့်
မြေမြှုပ်မိုင်းများကို ရည်ညွှန်းကာ ပြောဆိုခြင်းဖြစ်သည်။ ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Jun 2013 10:17 PM PDT
Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏
ပုံနှိပ်ရေးသား ဖော်ပြချက် အချို့အား ကျွန်ုပ်တို့မှ ပြင်းထန်စွာကန့်ကွက်
ရှုတ်ချ လိုက်သည်
21, June 2013 သောကြာနေ့ နံနက် 9 နာရီ Vol 182, No.1, July 1 ရက်နေ့ထုတ် ကမ္ဘာကျော် Times Magazine ကြီး၏ မျက်နှာဖုံးတွင် ကျွန်ုပ်တို့ ဗုဒ္ဓဘာသာဝင်များ၏ ကိုးကွယ်ရာဖြစ်သည့် ရတနာသုံးပါးတွင် တစ်ပါးအပါအ၀င်ဖြစ်သော သံဃာတော်အရှင်သူမြတ် (ဆရာတော်ဦးဝီရသူ)၏ဓာတ်ပုံအား ဖော်ပြကာ ဗုဒ္ဓဘာသာအကြမ်းဖက်သမားဟူသော အဓိပ္ပာယ်ရသည့် စွပ်စွဲရေးသားချက်များ၊ မြန်မာဘင်လာဒင်ဟူသော အကြမ်းဖက်လူသတ် ကမ္ဘာအား ဖျက်ဆီးနေသည့် အိုစမာဘင်လာဒင်နှင့် ခိုင်းနှိုင်းကာ ရေးသားဖော်ပြထားချက်များအား ကျွန်ုပ်တို့ First Media Group အနေဖြင့် Times Magazine ကြီးနှင့် ပါဝင်ပတ်သက်သူများအား ပြင်းထန်စွာ ရှုတ်ချကန့်ကွက်သည်။ ကျွန်ုပ်တို့ မြတ်ဗုဒ္ဓ၏သားတော် ဆရာတော်ဦးဝီရသူသည် အမျိုးချစ်စိတ်၊ ဘာသာချစ်စိတ်ပြင်းထန်သည်ကို ကျွန်ုပ်တို့ ၀န်ခံပါ၏။ သို့သော် ဆရာတော် ဦးဝီရသူသည် ဒေသတွင်းငြိမ်းချမ်းရေးအားခြိမ် မြတ်ဗုဒ္ဓကိုယ်တိုင်ပင်လျှင် မေတ္တာဓာတ်ဖြင့် ရန်ပြုတိုက်ခိုက် သူများအား အောင်နိုင်ခြင်းဖြစ်ကြောင်း သာသနာ့သမိုင်းတွင် အထင်အရှား ပြသလမ်းညွှန်ခဲ့ပြီးဖြစ်သလို သံဃာတော်အစစ်အမှန်တို့ မည်သည် မေတ္တာဓာတ်ဖြင့်သာ ဘာသာအားလည်းကောင်း၊ အမျိုးအနွယ် အားလည်းကောင်း၊ တိုင်းနိုင်ငံအားလည်းကောင်း ကာကွယ်စောင့်ရှောက် ကယ်တင်ခဲ့ကြသည်ကို နိုင်ငံ့သမိုင်းနှင့် သာသနာ့သမိုင်းက သက်သေ ပြပြီးလည်းဖြစ်ပါသည်။ ထို့အတူ Times Magazine ၏ရေးသား ဖော်ပြချက်များသည် အခြားဘာသာတစ်ခုမှ အခြားဘာသာ တစ်ခုကို ထင်ယောင်ထင်မှားဖြစ်စေသည့် စွပ်စွဲရေးသားချက်များဖြစ်သလို ဗုဒ္ဓဘာသာ သာသနာတော်အား ညှိုးနွမ်းစေရန် ရည်ရွယ်ခြင်းဟု ကျွန်ုပ်တို့ ယူဆသည်။ ထို့ကြောင့် ကမ္ဘာကျော် Times Magazine ကြီး၏ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းဒေသ၊ အာဖရိက၊ တောင်ပစိဖိတ်ဒေသအတွက် ရိုက်နှိပ်ဖြန့်ချိသော ဆရာတော် ဦးဝီရသူ၏ဓာတ်ပုံနှင့် ရေးသားစွပ်စွဲချက်များအား ကျွန်ုပ်တို့အနေဖြင့် ပြင်းထန်စွာရှုတ်ချကန့်ကွက်သည်။ ဖြေရှင်းချက် တစ်စုံတစ်ရာအားလည်း အဆိုပါ Times Magazine ကြီး၏ တာဝန်ရှိသူ များမှ မီဒီယာကျင့်ဝတ်နှင့်အညီ ဖြေရှင်းပေးရန် ကျွန်ုပ်တို့တောင်းဆို လိုက်သည်။ The First Weekly News Journal နှင့် The First Media Group |
||
Posted: 20 Jun 2013 10:13 PM PDT
ရခိုင်ပြည်နယ်
ပုဏ္ဍားကျွန်းမြို့နယ်မှ လယ်သမား ၂၀ ကျော်က ဆိပ်ကမ်းအာဏာပိုင်များနှင့်
ရေတပ်မှ သိမ်းဆည်းထားသည့် လယ်မြေများကို ပြန်ရလို၍
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်ထံ ဇွန်လ ၁၈ ရက်နေ့က
စာရေးတောင်းဆိုလိုက်ကြောင်း သိရသည်။ စာရေးတောင်းဆိုလိုက်သည့်
လယ်သမားများမှာ ပုဏ္ဍားကျွန်းမြို့နယ် ခမောင်းတောအုပ်စု ရဲရိုးပြင် ကျေးရွာမှ
လယ်သမားများဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Jun 2013 09:55 PM PDT
|
||
Posted: 20 Jun 2013 09:35 PM PDT
|
||
Posted: 20 Jun 2013 09:24 PM PDT
|
||
Posted: 20 Jun 2013 09:13 PM PDT
သူငယ်တန်းမှ
အထက်တန်း ပြီးဆုံးသည်အထိ ကျောင်းသားများ အားလုံး စာမေးပွဲ အကျပေးခြင်း
မရှိသော အမျိုးသား အဆင့်ပညာရေး မူဝါဒ သစ်တစ်ခုကို အောက်လွှတ်တော်တွင်
ဆွေးနွေးနိုင်ရန် ပညာရေး ပြုပြင်ပြောင်း လဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် က
ပေးပို့ထားသည်။ နိုင်ငံတဝန်းတွင် ဆွေးနွေး ပွဲများ အကြိမ်
ကြိမ်ဆောင်ရွက်ပြီးမှ ရရှိလာသည့် ရလဒ်ကို လွှတ်တော်သို့ တင်ပြလိုက်ခြင်း
ဖြစ်သည့် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Jun 2013 09:13 PM PDT
ဘုရားရှိခိုးချိန်
လက်အုပ်မချီလိုသည့် ကျောင်းသားတစ်ဦးမှစ၍ သျှမ်းပြည် မြောက်ပိုင်း
နမ္မတူမြို့အတွင်း လူစု လူဝေး ဖြစ်ပေါ်လာသဖြင့် လားရှိုးကဲ့သို့ ပဋိပက္ခ
ဖြစ်လာမည်ကို ဒေသခံများ အထူး စိုးရိမ်နေကြကြောင်း ဆိုပါ သည်။ “စ-ဖြစ်တာက
အမက (၃) ကျောင်းက။ ဒီနေ့ မနက်ပိုင်း ကျောင်းတက်တော့ ဘုရားရှိခိုးကြတယ်။
ဘာသာခြား ကျောင်းသားတယောက်က လက်အုပ်မချီဘူး။ ဆရာမက
ဘုရားမကန်တော့ချင်ရင်လည်း လက်အုပ်ချီပေးပါ လို့ ပြောတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 20 Jun 2013 05:22 PM PDT
အမေရိကန်
နိုင်ငံက အီရန်၊ ဆူဒန် နဲ့ မြန်မာ နိုင်ငံတွေနဲ့ စီးပွားရေး
လုပ်ဆောင်မှုတွေ တားမြစ် ပိတ်ပင်ထားတဲ့ အချိန်မှာ ၊ အမေရိကန် နိုင်ငံမှာ
ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်း ကနေ တဆင့် အဲဒီနိုင်ငံတွေ ကိုယ်စား ငွေမည်း
ခ၀ါချမှုတွေ လုပ်ဆောင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ အကြီးဆုံး ဘဏ်ကို ဒေါ်လာသန်း
၂၅၀ ဒဏ်ရိုက်လိုက်ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
|
||
Posted: 20 Jun 2013 05:05 PM PDT
ကျိုက်လတ်မြို့၊
တိလောကမာရဇိန် ဘုရားကြီး ပရ၀ဏ်အတွင်း လွန်ခဲ့သော နှစ်ပေါင်း (၉၀)ကျော်က
ဆောက်လုပ်ခဲ့သည့် ကုသိနာရုံကြီးတွင် မြတ်စွာဘုရား ပရိနိဗ္ဗာန်
စံပုံဖြစ်တော်စုံကို အရုပ်များ ထုလုပ်ပြသခဲ့ရာ ၄င်းအရုပ်များ အနက်မှ
(၁၇)ရုပ် အခိုးခံရမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ ဇွန်လ ၁၆ရက်
ည(၁၀)နာရီခွဲအချိန်တွင် ကြွက်ထိုးသူ တစ်ဦးက မင်္ဂလာကန်တော်ကြီး ချုံပုတ်
အတွင်း ကြွက်ထိုးရင်း ရွှေရောင်ဝင်း နေသော ရဟန္တာအရုပ်ကို တွေ့ရှိရာ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Jun 2013 04:55 PM PDT
ပြည်ခိုင်ဖြိုး
ပါတီဥက္ကဋ္ဌ တာဝန်ယူ ထားသော သူရဦးရွှေမန်း အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ
နောက်ပိုင်း NLD ပါတီနှင့် ပြည်ခိုင်ဖြိုး ပူးပေါင်း၍ ညွန့်ပေါင်း
အစိုးရတစ်ရပ် ဖွဲ့စည်းရန်ကိစ္စ အမေရိကန် ခရီးစဉ် အတွင်း ပြောကြားခဲ့
ခြင်းသည် ပါတီ ဗဟိုကော်မတီ သဘောထား မပါဘဲ မိမိကိုယ်ပိုင် သဘောထားဖြင့်
ပြောဆို ခဲ့ခြင်းဖြစ်၍ ၎င်းကိစ္စအား နိုင်ငံခြားခရီးစဉ်မှ ပြန်လာလျှင် ပါတီ
ဗဟိုကော်မတီသို့ ပြန်လည် ရှင်းလင်း တင်ပြရမည် ဖြစ်ကြောင်း ပါတီဗဟို
အတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာ သံတော်ဆင့်သို့ ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ |
||
Posted: 20 Jun 2013 03:37 PM PDT
ပြီးခဲ့တဲ့မိုးခေါင်မှု
ကြောင့် ကျောက်ပန်းတောင်း နယ်သူ နယ်သား များ အပါအဝင်၊ မြန်မာနိုင်ငံ
အလယ်ပိုင်းမှ ပြည်သူလူထု အများအပြား အတွက် ရေတွင်း တူးဖော်ခြင်း၊
ရေကန်ဆယ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်း၊ ရေစီးရေလာ ကောင်းအောင်
ပြုပြင်ခြင်း လုပ်ငန်းများအတွက် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က
ရပ်ရွာများသို့ ငွေကြေး ချထားပေးကာ ဆောင်ရွက်ခဲ့ကြလို့ ပြည်သူအများက
ဝမ်းသာအားရ နဲ့ ပျော်ရွှင်ကျေနပ် ခဲ့ကြပါတယ်။ တော်တော်များများ လုပ်ငန်းတွေ
ကို ဆည်မြောင်းဦးစီးဌာန က ကြီးကြပ်ပြီး ပြင်ပ ကန်ထရိုက်များကို
လုပ်ကိုင်စေခဲ့ပါတယ်၊ ဒီလို မျိုး လုပ်ငန်းတွေ လုပ်ကိုင်ရာမှာ
ပြည်သူတွေအများက ကျေနပ်ခဲ့ပေမဲ့ အနီးကပ် စောင့်ကြည့်လေ့လာသူ တွေ နဲ့
သိနားလည်သူတွေက တော့ ခြစားမှုတွေ လေလွင့်ပျက်စီးမှုတွေ အများအပြားရှိတယ် လို့
ဝေဖန်ခဲ့ကြပါတယ်၊ ကျမတို့ မြို့နယ် မှာ ငွေကြေးအများဆုံး(သိန်း ၃၀၀စီ)
ရရှိတာက လက်ပံပင် ရွာနားက ချောင်းမင်းကန် ရယ် လက်ပံပြားရွာနားက
ရေထွက်ကလေးဆည် တို့ပါပဲ။
ချောင်းမင်းကန် လုပ်ငန်းခွင် ကတော့ ပြီးစီး အောင်မြင်ခဲ့ပြီဖြစ်ပြီး ပြည်သူတွေ ရဲ့ ရင်ထဲက စကားလေးတွေကို သီးခြားပိုစ် တစ်ခုတင်ပေးပါ့မယ်၊ အခုလောလောဆယ် မိုးရွာနေသည်အထိ မပြီးစီးနိုင်သေးပဲ ပြ ဿနာ တွေနဲ့ ရင်ဆိုင် နေရတာက လက်ပံပြား ရွာမှာပါ၊ ပြီးခဲ့တဲ့ သီတင်းပတ်ကတည်း က သတင်းပေးပို့ သူရှိလို့ ကျမရဲ့ မိတ်ဆွေ ကျောက်ပန်းတောင်းက အလွတ်တန်း အင်ဂျင်နီယာတစ်ယောက်ကို စုံစမ်းပေးဖို့ အကူအညီတောင်းခံခဲ့ ရာက တွေ့ရှိလာတဲ့ အခက်အခဲ လေးတွေ ကို သက်ဆိုင်ရာက တာဝန် ယူ ဖြေရှင်းပေးဖို့ ဒီ ပိုစ် လေးနဲ့ တောင်းဆိုလိုက်ပါတယ်၊ သက်ဆိုင်ရာတို့ သိရှိစေရန် ရှယ်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။ ပထမဆုံး ပြဿနာက တော့ ဆည်မြောင်းထိန်းသိမ်းရေး က ပို့ ပေးလိုက်တဲ့ ဆီပီပါတွေ လျော့နေခြင်းပါပဲ၊ ဆီပီပါ အလုံး ၂၀ရောက်တာ ပီပါတိုင်းမှာ ဂါလံ ၅၀ ရှိရမဲ့အစား ဂါလံ ၄၀သာရှိတယ် လို့ ရေကြီးကြပ်တဲ့အဖွဲ့က ပြောကြားပါတယ်။ သူတို့ တွေ လုပ်တာက လွန်လွန်းတယ်၊ အခုစစ်ကြည့်လည်း ရသေးတယ်၊ အဲဒီလို လျော့နေတာကို စက်ကြီးအဖွဲ့ လည်း သိတယ်၊ ရွာက လည်း သက်သေရှိတယ်၊ ဒီလို ဖြစ်တော့ လုပ်ရမဲ့အတိုင်းအတာကို ဘယ်လို လုပ်ပြီးနိုင်မှာတုန်း ဟုပြောခဲ့ပါတယ်၊ ဒုတိယ ကိစ္စက ဘက်ဟိုး ပျက်တဲ့ ပြဿနာပါ၊ ပိုင်ဆိုင်သူက တပ်မတော်က အရာရှိကြီး တစ်ယောက်လို့ပြောပါတယ်၊ ဆ မ တံဆိပ် တော့ကပ်ထားတာပါ၊ အဲဒီစက် ပျက်လို့ လုပ်ငန်း နှောင့်နှေးရတဲ့ ကြားထဲမှာ စက်ပြင်ဆင်စရိတ်တွေ၊ စက်ပြင်ဆရာ ခေါ်ယူသယ်ပို့ ဧည့်ခံကျွေးမွေးစရိတ်တွေကို ပါ ရွာအတွက်ချပေးထားတဲ့ သိန်း၃၀၀ထဲမှ ကျခံရမယ်လို့ ပြောပါတယ်၊ သူဌေးကြီးများရဲ့ စက်ပျက်တာကို ရွာသောက်သုံးရေ အတွက် ငွေကြေးထဲမှ သုံးစွဲ စေ ဆိုတာက တော့ဘယ်လို မှ မျှတမှုမရှိပါ၊ တတိယ ကိစ္စက တော့ အင်ဂျင်နီယာရဲ့ အမြင် နဲ့ ပြောပြတာပါ၊ လုပ်ငန်းက ပြီးသင့်တဲ့ အချိန်ထက် အရမ်းနောက်ကျနေပြီ၊ ရထားတဲ့ ငွေကြေးနဲ့ ပြီးစီးတဲ့ လုပ်ငန်းပမာဏက နည်းလွန်းနေတယ်၊ ပြီးတော့ ဒီလို လုပ်ငန်းတွေက နောက်ကျလို့ လုံးဝမရဘူး၊ မိုးလေဝသ ရာသီဥတုကို မှီပြီးအချိန်မီပြီးစီးအောင် လုပ်ရတာ၊ နိုင်ငံတကာမှာ ဒီလို နောက်ကျ နေရင် လျော်ကြေးကို အများကြီးပေးရမှာ၊ ဒီလို လုပ်ငန်းသေးလေးကို တောင် ကောင်းကောင်းမကြီးကြပ်နိုင်တဲ့ အင်ဂျင်နီယာနဲ့ တာဝန်ယူထားတဲ့ ဌာနမှာ အများကြီး တာဝန်ရှိတယ် လို့ စုံစမ်းစစ်ဆေးခဲ့သူ အလွတ်တန်း အင်ဂျင်နီယာက သုံးသပ်ခဲ့ပါတယ်၊ ရပ်ရွာ ပြည်သူလူထုအပေါ်ရော တိုင်းဒေသကြီးအစိုးရ အပေါ်ရော လှူဒါန်းမှု ပြုခဲ့တဲ့ အဖွဲ့အစည်းတွေ အပေါ်မှာပါ သူတို့ အပြစ်ကျူးလွန်နေတာပါ လို့ ထပ်မံပြောပြခဲ့ပါတယ်၊ မေပုပ္ပား ၂၀၁၃ ဇွန်လ ၂၀ရက် |
||
Posted: 20 Jun 2013 03:34 PM PDT
|
0 comments:
Post a Comment