Saturday, June 1, 2013

ဒေါက်တာလှိုင်မြင့်နှင့် အမေးအဖြေ..

Wai Yan De Mo

လတ်လော ရန်ကုန်မြို့မှာ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေ
အကြပ်ရိုက်လောက်အောင် မိုးပျံနေတဲ့ ရန်ကုန်မြို့တော် မြေဈးနဲ့ပတ်သက်ပြီး ရန်ကုန်မြို့မှာ ဒီရေရေအားလျှပ်စစ်လုပ်ငန်း စမ်းသပ်ဖော်ထုတ်ပြသရန် ရောက်ရှိနေတဲ့ ဒီမိုဝေယံဘလော့ဂ် ပင်တိုင် ဆောင်းပါးရှင် ဒေါက်တာလှိုင်မြင့်နဲ့ ဆက်သွယ် မေးမြန်းချက်အား ဖော်ပြလိုက်ပါတယ်...။

ရန်ကုန်မြေဈေး အပိုင်း(၁)
(မေး) ဆရာ တလောက ဆရာက ရန်ကုန်မြေဈေးတွေ ထိုးကျတော့မယ် ဆိုပြီး တူမဖြစ်သူကို မြေတွေ အမြန်ရောင်းခိုင်းတယ်လို့  ကိုမျိုးထူး ဆီကကြားရပါတယ်။ ဘယ်လိုကြားထားလို့ (ထိုးကျ) မယ်အခိုင်အမာ ပြောရတာပါလဲ။

(ဖြေ) ဟုတ်ကဲ့။ ရန်ကုန်မြေဈေးက မတရားမြင့်နေပါတယ်။ ရှိသင့်တဲ့ တန်ဖိုးထက် အများကြီးပိုမြင့်နေတာဟာ မူမမှန်သောဈေးပါ။ ရန်ကုန်မြို့ တော်မှာ စီးပွားရေးအရ အချက်အခြာနေရာတွေမှာ မြေဈေးဟာ နယူးယောက် ကမ္ဘာ့စီးပွားရေးရဲ့ ဗဟိုအချက်အခြာကျတဲ့ မက်ဟက်တန်က မြေဈေးထက် ပိုမိုဈေးကြိးနေတယ်လို ဆိုနေကြပါတယ်။

သေချာတာကတော့ ကမ္ဘာ့စီးပွားရေးမှာ အနိမ့်ဆုံး စီးပွားရေးအရ အသေးဆုံး ဖြစ်တယ်။ မြို့ တော်ကလဲ မြို့ တော်အင်္ဂါရပ်တွေတောင် အဆင့်အတန်း မမှီလှတာကို ဈေးက အလွန်အမင်း ခေါင်ခိုက်နေတာဟာ တခုခုလွှဲချော်နေပြီဆိုတာ ဦးဏှောက်ရှိသူတွေဆို စဉ်းစားပါပြီ။ အဓိက အကြောင်းရင်းတွေ ရှိနေပါတယ်။ some thing wrong and it's not good for the development.
ဘာကိုပြနေသလဲဆိုတော့ လူတစုလက်ထဲမှာ ငွေတွေ စုပုံနေပြီး လူထုလက်ထဲမှာ ငွေပျောက်နေတယ်။ လူထုလက်ထဲ ငွေမရှိတော့ စီးပွားလုပ်စရာမရှိ ဖြစ်သွားတယ်။ လူထု လက်ထဲငွေရှိနေမှ အဲဒီငွေတွေက လည်ပတ်နေမှ စီးပွားရေးက အသက်ဝင်နေမှာ။ အခုတော့စီးပွားရေး လုပ်စရာက မရှိတော့ ငွေတွေ မြေဈေးကစားတဲ့ အထဲမှာ အောင်းထားကြတာပါ။
အဲဒါ နင်းကန်စားထားပြီး ဗိုက်ကြီးဆူဖေါင်းနေတာ ပေါက်ထွက်သွားဖို့ တာဆူနေပြီ။ နိုင်ငံရေး အုံကြွပေါက်ကွဲမှုကြီးကို လက်ယက်ခေါ်နေပြီ။ အခုတလော ဘာသာရေး အဓိကရုန်းတွေက စီးပွားရေး ကြပ်တည်းမှု အဲဒီမကျေနပ်မှုတွေက လောင်စာဘဲ။

(မေး) တခြားမြေဈေးကြီး စေတဲ့အချက်တွေ ဆရာ့အမြင်ပေါ့ ရှင်းပြပါဦး။
တခြားအကြောင်းတွေကလဲ အများကြီးရှိပါတယ်။ ကျနော်မြင်တာလေးတွေ ပြောပြပါမည်။

(ဖြေ)
(၁) မြို့တော်ဧရိယာဟာ မြို့ ကြိးတစ်မြို့ အဆင့်အထိကျယ်ဝန်းမှု မရှိတာ။
တနည်းမြို့တော်ကို ယခင်အစိုးရတွေ လက်ထက်ချဲ့ ထွင်ခဲ့ရာမှာ စီးပွားရေးအရ အချက်အခြာကျတဲ့မြို့ နေရာတွေ မတိုးချဲ့ ခဲ့ဘဲ မိမိတို့ အာဏာတည်မြဲရေး ရှုဒေါင့်မှ ဆူပူရာမှာ ပါဝင်နိုင်သူ လူဆင်းရဲတွေကို မြို့ပြင် (ကန်ထုတ်) ခြင်းသက်သက်သာ ဖြစ်နေပါတယ်။ မြို့ တော် နိုင်ငံတကာ အဆင့်မှီအောင် ကြံဆောင်ချက် မဟုတ်ခဲ့ပါ။ မြို့ တော်တိုးတက်ရေး ရှုဒေါင့်ကနေ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ။
ဒီတော့ကြာလာလေ မြို့စွန်ကနေ မြို ထဲသို့လာရတာ ပိုမိုကြလာလေ မြို့လယ်မြေဈေးက ရှားလာလေ ဈေးတက်လေ။ ဒီတော့မြေဧရိယာက မချဲ့လေ ပိုပိုရှားလာလေ ဈေးကစားသူတွေက လှောင်လာလေ တက်လေ။ ဂျာအေးသူ့ အမေရိုက် ဖြစ်နေတာပါဘဲ ။

(၂) မြေဈေးကစားမှု
မြေဈေးက မြန်မာပြည်မှာ ဈေးကစားရင် တနှစ်အတွင်း၊ နှစ်ဆ၊ သုံးဆ စသည် တက်တက်သည်။ တက်နေသည်။ ဒါကြောင့် ပြည်ပနဲ့ အဆက်သွယ်ရှိသူတွေက သတင်းပေးကြတော့ ပြည်ပက လူတွေတောင်မြန်မာပြည်မှာ မြေတွေဝယ်ပြီး လှောင်ထား ဈေးကစားလာကြပါတယ်။ နိုင်ငံခြားမှာ ဒီလိုမြေလှောင်ထားလို့ တနစ်မပြောနဲ့  ငါးနှစ်တောင် နှစ်ဆ မတက်ပါဘူး။
ဒီကြားထဲ မြန်မပြည်က ငွေမဲပေါတဲ့ တိုင်းပြည်ဆိုတော့ ငွေမည်းခဝါချလိုသူတွေအတွက် ငွေဖြူလဲပြနိုင် ရင်းနှီးထားတဲ့ မြေအပေါ်ကလဲ မြတ်ခြေကကောင်းတော့ မြေလှောင်တဲ့ စတောက်ဈေးကွက်ကြီး (real estate stock market) ပေါ်နေပါတယ်။
အနောက် နို်င်ငံကြီးတွေမှာ မြေကိုကစားဖို့  ဂွင်မရှိဘူး။ ဒီမှာ အာဏာပိုင်တွေနဲ့ နီးစပ်ရင် မြေကစားလို်က်ရင် သိန်း (၁၀၀) လောက်ရင်းလိုက်ရင် သိန်း (ထောင်) ဂဏန်းမြတ်တာတွေ ဖြစ်နေတာ အခြေခံလူထုကို ကုန်ဈေးဖေါင်းပွမှုနဲ့ နှစ်သတ်နေတယ်ဆိုတာ အုပ်ချုပ်သူတွေ မြင်တတ်ဖို့ လိုနေပါပြီ။

(ငွေမည်းဆိုတာ အာဏာရှိသူကလဲ လာဘ်စားထားတာတွေ။ ပါမစ်နဲ့ ကားသွင်း ဖုံးသွင်းပါမစ်နဲ့  လုပ်ငန်းဂွင်တွေ ရိုက်စားထားတဲ့ ငွေမည်းတွေ ဘိန်း၊ မူးယစ်ဆေးဝါး ငွေမည်းတွေ အများကြိးရှိနေတဲ့ တိုင်းပြည်) တခါ အခြေခံလူထုက လက်လုပ်လက်စား ဘဝကိုက တနေ့တခြား ပိုမိုကြပ်တည်းလာနေတော့ ငွေမည်း ကိုင်ထားသူတွေအတွက် စီးပွားလုပ်နိုင်တဲ့ အလုပ်တွေက မရှိနိုင်တော့ဘူး။

(၃) ယခင်ခေတ် အဆက်ဆက် အုပ်စိုးသူတွေက စီးပွားရေးအမြင်က တော်တော်လေး လွှဲချော် နိမ့်ကျတော့ အခြေခံ အဆောက်အအုံ Infrastructure အမြင်မရှိတော့ မြို့တော်မှာ ယခင်ခေတ်ဟောင်း လက်ထက်က တည်ထားတဲ့ နေရာတွေကဘဲ အခြေခံအဆောက်အအုံ အဖြစ်ရှားပါးစွာရှိနေရတာတွေ ဈေးတက်တော့တာပါဘဲ။
မြန်မာစကား (မရှိတာထက် မသိတာခက်) ဆိုတာ အဲဒီအုပ်ချုပ်သွားတဲ့ သူတွေကိုပြောတာပါ လက်တွေ့ဘဲ။ အခုယခင် အစိုးရလုပ်ခဲ့သမျှ ဦးသိန်းစိန် ဦးရွှေမန်း တို့ ခမျာ ပြောင်းပြန်နီးနီး ပြန်ပြောင်းနေရတာတွေက သက်သေပါဘဲ။

(၄) တခါ စီမံကိန်း Planning ကို ဦးစားပေးရကောင်းမှန်း အစိုးရကိုယ်တိုင် ကောင်းစွာ သဘော မပေါက်သေးတာလဲ တစ်ကြောင်းပါတယ်။

ဗိုလ်ခင်ညွှန့် လက်ထက်က ပိုဆိုးသေးတယ်။ ဟိုလိုဖြစ်နေပါတယ် တင်ပြလိုက် ဒီလိုလုပ် ဒါကိုဒီလိုချဲ့  ဒီစီမံကိန်းလုပ်ဆိုပြီး ညွှန်ကြားလိုက်ပါ။ ဒါကိုပင် ဗိုလ်ခင်ညွှန့်ဟာ တကယ်တော်တဲ့ သူလို့ အတော်ကို အမျှော်အမြင်ကြီးတဲ့သူနဲ့  ဝိုင်းချီးကျူးကြတယ်။ တကယ်ကို အထင်ကြီးနေကြတာ။ တကယ်လုပ်ရမှာက စီမံကိန်းဌာနက လူတွေကို စီမံချက်တွေ ရေးဆွဲ တင်ပြခိုင်း ရှင်းလင်းခိုင်း ပြီးသူ သဘောကျတာကိုရွေးတယ် ဆိုတော်သေးတယ်။ ခုတော့ သူကလူတတ်ကြီးလုပ် လက်ညှိုးထိုးရတာကို အဟုတ်ထင်သွားတာ တိုင်းပြည် အမှိုက်ပုံဖြစ်နေတာက သက်သေဘဲ။ စီမံကိန်းဌာန ဆိုတာ ရှိစရာ မလိုဘူးတောင် ထင်နေပုံရတယ်။

တကယ်က စီမံကိန်းဆိုာတာ လူမှုရှုဒေါင့်ပေါင်းစုံက စာရင်းဇယားတွေ များစွာကို စုံစမ်း လေ့လာကောက်ထားပြီး နောက်လာမယ့် ၁၀-နှစ် အနှစ် ၂၅- မှာ ဒီလိုတွေ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်လာမှာကို တင်ကြိုပြီး ဒါတွေ ဒီလိုတွေ ဟိုလိုတွေ လုပ်သင့်တယ်ဆိုပြီး အဖွဲ့ပေါင်းစုံ ပညာရှင်များစွာက ငြင်းကြ ခုန်ကြ ဆွေးနွေးကြ တိုင်ပင်ကြပြီး ဆုံးဖြတ်ချက်ချကြ။ ဒါကိုလွှတ်တော်ကိုတင် ဆုံးဖြတ်ကြ အတည်ပြုကြရတာပါ။
လူတစ်ဦးတစ်ယောက် ပညာရှင် တစ်ဖွဲ့ ထည်းနဲ့  မိုကောင်းကင်က ကျလာသလို လုပ်ရတာမဟုတ်ပါဘူး။

(မေး) ဒါဆိုဆရာ ဒလ တံတားကဆောက်တော့မယ်လို့ သိထားလို့လား။ ဘယ်တော့ လောက်ဆောက်နိုင်မလဲ။

(ဖြေ) တံတားက ဆောက်မယ်လို့ အတိအကျ မသိရသေးဘူး။ ဒါပေမဲ့ အစိုးရကို ဂျပန် တတ်သိအဖွဲ့  (Think Tank) တခုက စီမံချက် ရေးဆွဲပေးထားပြီး။ အစိုးရကလဲ မြေဈေးကို မချရင် မဖြစ်တော့တာမို့ လုပ်ကို လုပ်ရတော့မယ်။
ဒါပေမယ့် အာဏာပိုင်တွေထဲက ဒိုင်လျှို၊ မြေတွေ လှောင်ထားတဲ့သူတွေက အများကြီး ရှိနေတော့ မြေဈေးထိုးကျမှာကို အသေကြောက်နေကြတယ်။ သူတို့က အာဏာနဲ့  တကယ့် ကောင်းပေ့ဆိုတဲ့ မြေတွေကို ဈေးချိုချိုလေးနဲ့ ယူထားတာ။ အခုပေါက်ဈေးက မတရားမြင့်တဲ့ဈေးကို သူတို့အရင်းလို့ ထင်နေကြတာ။ တကယ့်အရင်းက သိန်း - ၁ဝဝ။
သူတို့က ဒလ စီမံချက်ကို ကြောက်နေတော့ အချိန်ဆွဲနိုင်သမျှ ဆွဲနေကြတယ်။ ဒလ-ဘက်မှာလဲ မြေတွေ လယ်ကွက်တွေကို လို်က်ဝယ်နေကြတယ်။ နှစ်ပင်စားဖို့ ကြံနေကြတာ။
နိုင်ငံတော်အရေးကို မိမိအရေးထက် ဦးစားပေးပါမယ် ဆိုထားသူတွေဆိုတော့ ..

အခုတော့ ရန်ကုန်မြေဈေးကြိးတာက နိုင်ငံခြားက ရင်းနှီမြုပ်နံမဲ့  လုပ်ငန်းတွေကို ကန်ထုတ် နေရာရောက်နေပါပြီ။ ဟိုကလာရင်းနှီးဖို့ မဝယ်ဖို့  မြေဈေးက ယုတ်တိမဲ့စွာ ခေါင်ခိုက်အောင်မြင့်နေတယ်။ သူတို့က ဝယ်ပြီးရင်းကြပါပြီတဲ့  ဟောဗြုန်းစားကြီး ဒလတံတားထိုး ကြည့်မြင်တိုင် တံတားကောက်ထိုးပြီး တဖက်ကမ်းမှာ မြေကွက်အသစ်တွေဖေါ်လိုက်ရင် လုပ်ငန်းက မြတ်မှာက နည်းနည်း မြေအပေါ်ရှုံးလိုက်ရမှာက နည်းမှာမဟုတ်ဘူး။ ဒေဝါလီခံသွားနိုင်ပါတယ်။ အဲဒီတော့ လန်ပြေးကုန်ကြရတယ်။ ကြာရင် ရင်းနှီးတဲ့သူတွေက အစိုးရအပေါ်ယုံကြည်မှု မရှိလို့ ဆိုတာ အသံတွေထွက်စပြုနေပြီ။

ဒါပေမဲ့ ဒလကို တကယ်အချိန်ဆွဲလို့ ကမရတော့ဘူး။ ဒလ - ဘက်ကိုသာ မြို့တော် တိုးချဲ့ ရတော့မှာပါ။ တိုးချဲ့ ရတော့မှာကတော့ (သေ)ချာနေပါပြီ။ (သေ)ချာတာမှ အင်္ဂလိပ်လိုတော့ DEAD SURE။ (သေ) ချာတာမှ (ဒူး အော် ဒိုင်း)။ DO or DIE ပါ။
ဒါဘာလို့ ပြောရသလဲဆိုရင် အစိုးရမှာ ဖိအားသဘော သက်ရောက်တာ ခံနေရပါတယ်။

(က) က မြေဈေးကြောင့် လာရောက်ရင်းနှီးချင်သူတွေ လက်လန်ပြန်လှဲ့ နေကြရတာက တစ်ကြောင်း။ အဲဒီလိုပြန်ကြတာကို အစိုးရ မူဝါဒတွေကြောင့်ဆိုပြီး သတင်းအထုတ်ခံနေရတယ်။
(ခ) မြေဈေးကြောင့် အခြေခံ လူတန်းစားတွေ ဝန်ထမ်းတွေ အိမ်ငှားခ ထောင်းတာ ခံနေကြရတယ်။ ဒါကိုမဖြေရှင်းနိုင်လျှင် တချိန်ချိန်တွင် လူမှုစီးပွားရေး အုံကြွမှုကြီး ပေါ်ပေါက်လာနိုင်ပါတယ်။ မြေဈေးမြောက်တော့ အခြေခံလူထုက ဒီဒါဏ်ကို သေလုမျောပါးခံနေကြရတယ်။ တစ်ဖွဲ့ဖွဲ့ က လက်မှတ်ထိုး ကမ်ပိန်းဆိုချလိုက်ရင် လူထုက ကြပ်နေတော့ ပါလာကြမယ်။

အစိုးရက လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေးစီမံချက်ကို ဒီတိုက်ခန်း အငှားဈေးက လက်သီးပုန်းထိုးတာ ခံနေရပါတယ်။ လစာကို ၁ဝ- ဆတိုးပေးနိုင်ဦး ဟိုက ထပ်တိုးလိုက်မှာလေ။ ကြိုက်သလောက်လာခဲ့ဘဲ။

ယခင်ကျနော်ရေးဖူးတယ်လေ။ အခုလက်ရှိ စက်မှုဇုံတွေက လုပ်ငန်းရှင်တွေ ဒလ ဘက်ကိုပြောင်းချင်ပြောင်း မပြောင်းရင် လဒစာဖြစ်သွားမယ်ဆိုတာကို အခု ဦးသိန်းစိန် ဒလ ကိုတိုးချဲ့ ရင်ချဲ့  မတိုးချဲ့ ရင် ၂ဝ၁၅မှာ လဒ စာဖြစ်သွားပါမယ်။ ဒါနဲ့ မကြာခင်တုံးက ရွှေတိဂုံစေတီတော်ကြီးပေါ်ကို လဒ နားခဲ့တာ ပြည်သူတွေ ထိပ်လန့် နေကြတယ်။ တကယ်က ဦးသိန်းစိန်ကို ဒလ ကို နမိတ်ပြနေတာပါ။ လဒ ကိုယတြာခြေ ဖို့ ပြတာပါ။ တိုက်ရိုက်ကွက်တိ ယတြာကတော့ ဒလ ပါဘဲ။ မြင်တတ်ရင်ပေါ့ ။
တချို့ က နောက်နေသေးတယ်။ ပြောင်ကြီး ကောင်းစားဦးမယ် ခေတ်တဲ့။

(ဂ) ဒါတော့ နိုင်ငံရေး ကျားကွက်ဘဲ။ ဒေါ်အောင်ဆန်းစုကြည် ၂၀၁၂ - ဇွန်လထဲမှာ ဥရောပကို သွားတော့ လန်ဒန်မှာ လန်ဒန်မြို့ တော်က မြို့တော်စိမံကိန်း ဗသုကာပညာရှင် အဖွဲ့ ကြီးနဲ့  ဆွေးနွေးတဲ့ အခါ ဒလမြို့ ကိုတိုးချဲ့ဖို့  ဟိုက လေးလေးနက်နက် အကြံပြုခဲ့တယ်။ သူတို့ စီမံချက်ကို ချပြခဲ့ပါတယ်။ ဒါကိုရန်ကုန်ပြန်ရောက်တော့ ဒေါ်စုရဲ့ အကြံပေး လဲဖြစ် ဗိသုကာပညာရှင်လဲဖြစ် ဗဟိုအလုပ်အမှုဆောင်ကော်မတီလဲဖြစ်တဲ့  ဦးဟန်သာမြင့်က (ပြည်သူ့ ခေတ်ဂျာနယ်) ကနေ ၂၀၁၂- နိဝင်ဘာလလယ်မှာ ဒေါ်စုသာ အစိုးရဖြစ်လာလျှင် ရန်ကုန်မြို့ တော်ကို ဒလဘက်သို့ တိုးချဲ့ ရေးကို ပထမဦးစားပေး ဖေါ်ဆောင်ပါမယ်။ ပြောကြားလိုက်တာက နိုင်ငံရေးအမြင် စီးပွားရေးအမြင် ဘယ်သူဟာ အမျှော်အမြင်ပိုရှိတယ် ဆိုတာ ပြသလိုက်ရာ ရောက်သွားပါပြီ ။

ဒလ စီမံချက် အကောင်အထည်ဖေါ်လိုက်တာနဲ့  ရန်ကုန်မြေဈေးဟာလဲ ဝယ်သူမရှိတော့ဘဲ လှောင်လက်တွေက ထိုးရောင်းလို့  ရောင်းသူတွေ များပြီး ဝယ်လက်ပျောက်သွားပြီး ဈေးတွက်ထိုးကျသွားမှာ မြေကြိးလက်ခတ်မလွှဲပါ။

၅ဝ - % ထိုးကျမလား။ ၆ဝ -%အထိ ထိုးကျမလား။ ၉ဝ - % အထိကိုကျသွားနိုင်ပါတယ်။ သေချာတာကတော့ ဝယ်သူမဲ့သွားပါမယ်။ လှောင်လက်တွေကလဲ ဒလ ဘက်ပြေး အလုအယက်ဝယ်ကြဖို့ တစ်ရက်ထက်တစ်ရက် ဈေးတွေက ကျကျလာတာထဲ မပိတ်မိအောင် အလုအယက် ရောင်းကြရတော့မှာပါ။ (ဆူနာမီး ကျဈေးလို့) ပင်သုံးနုံးယူရအေင် ပြိုကွဲသွားပါမယ်။

(မေး) ဒီလိုဆိုတော့ဆရာ ၂ဝဝ၈ - အမေရိကန်လို စီးပွားရေး ပျက်တာမျိုးများ
မြန်မာနိုင်ငံမှာ ဖြစ်လာနိုင်မလား ။ အမေရိကန်မှာပြိုကွဲသွားတာကလဲ အိမ်ဈေးပြိုတာက စခဲ့လို့ပါ။

(ဖြေ) အမေရိကန်မှာ ဖြစ်သွားတာက ဘဏ်ကြိးတွေက ငွေတွေကိုထုတ်ချေးရာမှာ ဘဏ်ငွေဖြန့် ဝေထားရဲ့  နောမ် ( NORM ) ဘောင်တွေ မူဝါဒတွေ ကိုကျော်လွန်ပြီး ငါးပွက်ရာငါးစာချ လုပ်ခဲ့တဲ့ အမှားပါ ။ ဘဏ်ကြီးတွေဟာ သူတို့ ပိုင်ဆိုင်ငွေ လည်ပတ်ငွေ ရဲ့  ရာခိုင်နှုန်း ကန့်သတ်ချက် တခု (နောက်ကတော့ လုပ်ငန်းတစ်မျိုးထဲကို ငွေစုပုံ မချေးရတာပါ)။ ဥပမာ ဆောက်လုပ်ရေး (လုပ်ငန်း အမျိုးအစားတစ်ခုကို - ၁၂ - %) ထက်ပိုမချေးရ သတ်မှတ်ထား တတ်ကြပါတယ်)။ အမေရိကန်မှာ့ ဖြစ်သွားတာက အိမ်ခြံမြေလုပ်ငန်းတွေကို ငွေတွေ စုပုံပြီး အများကြီး ချေးလိုက်တော့ အိမ်ခြံမြေ ဆောက်လုပ်သူတွေက အပြိုင်အဆိုင် ဆောက်လုပ်ကြတော့ ဝယ်လိုအား Demand ထက် ပိုဆောက်လိုက်ကြတော့ Supply ကများသွားတော့ ရောင်းသူတွေ အလုအယက် ရောင်းကြရာကနေ အိမ်ခြံမြေဈေးကွက် ပျက်သွားရတာပါ။

ဘဏ်တွေက ငွေချေးရာမှာ ငွေတွေကို ကဏ္ဍအလိုက် အချိုးညီခွဲဝေ ချေးရတာကို စာဖတ်သူတွေ သဘောပေါက်အောင် ဥပမာလေး ပေးချင်ပါတယ်။ ဘဏ်ဆိုတာ ပင်စည်တခုအပေါ်မှာ အကိုင်းတွေ ၁၂- ကိုင်းဖြာနေတဲ့ အပင်လို ငွေတွေကို ချေးရာမှာ ၁၂ ခက်ဖြာနေအောင်မှ ချေးရတာပါ။ တစ်ကိုင်းထဲ များများချေးလိုက်ရင် အခြားကိုင်းတွေက သေးသွားမယ်။ အဲဒီတစ်ကိုင်းထဲက မတရားကြီး နေမယ်ဆိုရင် သစ်ပင်ကြီး ဟန်ချက်မညီတော့ဘူး။ လေကြမ်းတချက် ထိတာနဲ့ လဲတော့တာပါဘဲ။

မြန်မာနိုင်ငံမှာ ၂ဝဝ၃ - ခုနစ် ဖေဖေါ်ဝါရီ- ၁ဝ- ရက်နေ့ မှာ ဘဏ်တွေကနေ ငွေထုတ်ခွင့် ပိတ်လိုက်ရတာ ဒီပုံစံပါဘဲ။ မြန်မာပြည်မှာ ဘဏ်ကြီးတွေ ကို်ယ်တို်င်က အိမ်တွေဆောက် အလုအယက် ဆောက်လိုက်ကြတာက ဖြစ်သွားတာ။
ဖေဖေါ်ဝါရီ - ၂-ရက်နေ့ မှာ ကျနော်ကိုတောင် မေးတာခံရပါသေးတယ်။ ကျနော်က ညီတွေ မောင်နှမတွေကို ဘဏ်အပ်ထား ငွေတွေ မြန်မြန်ထုတ်ထားကြ လိုက်ပြောနေတာ သိသွားလို့။
အဲဒီမှာ သူတို့ဆီက ဘဏ်ငွေတွေနဲ့  ရင်းနှီး လုပ်ကိုင်ကြတာဆိုတော့ အချိန်တန်တော့ ဘဏ်တိုးတွေက တဖြေးဖြေးချင်းတက်လာပြီး မြေဈေး အိမ်ဈေးက ကျတော့ မိအေး နှစ်ခါပြန်နာ တော့တာပေါ့။

အဆောက်အဦးတည်ဆောက်ရေး လုပ်ငန်းတွေကို သူတို့ ဘဏ်ပိုင်ဆိုင်ငွေရဲ့  အမာခံငွေထက်ပိုချေးလိုက်တာ ဘဏ်တွေရဲ့ အမှား ။ လုပ်ငန်းကြိးတွေကလဲ အားလုံး(အများစု) ငွေကို အိမ်ခြံမြေထဲရင်းထဲ့လိုက်တော့ အဲဒီဈေးကွက်လဲ ယိုင်ရော ခြေတဖက်ထဲအပေါ်ရပ်နေတဲ့လူလို ခြေတဖက်ကျိုးတော့ လဲရောဘဲ ။
သူတို့ ဆီမှာ ဘဏ်ချေးငွေ နဲ့  ဘဏ်တိုး ကတဖက်။ အိမ်တွေက ဝယ်လိုအားထက် ရောင်းအားက များသွားတယ်။ ငွေပမာဏက အလွန်များပြားသွားတယ်။ ဒီငွေတွေကို ကျားကန်ပေးဖို့ အရံငွေ မရှိတော့ ဘဏ်တွေ ဒေဝါလီ ခံကြရတာပါ။
ကျနော်တို့ ဆီမှာ မြေဈေးကျမယ်ဆိုတာက မြေဈေးက ဖြစ်သင့်တဲ့ဈေးကို ပြန်ဆင်းတာပါ။ ဥပမာပေးရရင် နွားနို့ကို ပုံးရှည်ရှည်ထဲ ထည့်ပြီး မီးအပူ ပေးထားရင် နွားနို့ သဘာဝ အမြုပ်တွေ ထလာပါတယ်။ သာမန်ကြည့်လိုက်ရင် နွားနို့တွေ အိုးကြီးပြည့်ပါဘဲ။ မီးထိုးတာ ရပ်လိုက်လို့ အေးသွားရင် အမြုပ်ထနေတာတွေ ရပ်သွားပြီး နို့ရဲ့  တကယ့် အရှိပမာဏအမှန်ကို မြင်ရပါမယ်။

ကျနော်တို့က ဈေးရင်းအမှန်ကို ပြန်ဆင်းမှာ။ ပြီးလူတွေလက်ထဲ လည်ပတ်နေတဲ့ငွေတွေကို ဘာမှမထိခိုက်ဘူး။
ကျနော်တို့ဆီက မြေဈေးက နွားနို့အိုးအမြုပ် တွေဝေနေတာနဲ့ တူပါတယ်။ တကယ်တန်းတာက နဲနဲ မြေဈေးကစား သူတွေက စားထားလို့ (မီးထိုးထားလို့) အမြုပ်ထနေတဲ့ နွားနို့အိုးပါ။ နောက်အခုမြေဈေးမှာ ဘဏ်ငွေတွေ မပါထားတော့ ဘဏ်တွေပြိုကွဲစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ အမေရိကန်မှာနဲ့ မတူတာက အမေရိကန်မှာက အိမ်ဈေးကျတာက တကယ့် ဆောက်လုပ်ရတဲ့ အရှိတန်ဖိုးထက်ကို နိမ့်ကျသွားတာ။ အဲဒီအချိန်မှာ အိမ်တလုံးကို ဆောက်ရင် ဝယ်တာထက် စားရိတ် နှစ်ဆလောက် များနေပါတယ်။

ဝယ်လက်ပျောက်သွားတာ။ ကျနော်တို့ ဆီမှာက ဝယ်လက်က ရှိနေတယ်။ ဈေးက မဟားဒယား မြောက်နေလို့ မဝယ်နိုင်ကြတာ။ အမေရိကန်နဲ့က ပြောင်းပြန်... စီးပွားရေးကျသွားမှာ တစက်မှ ပူစရာမလိုဘူး။ ဟိုမှာလူထုကိုက ငိုကြ သတ်သေကြဖြစ်ကုန်တာ။ ဒီမှာလူထုက ထခုန်ကြမှာ။
အဲဒီတော့ ဆောက်လုပ်ရေးလုပ်ငန်းကြိး အခုထိ ပြန်နလန် မထူနိုင်သေးပါဘူး။ ကျနော်တို့ ဆီမှာက အိမ်ခြံမြေဈေးက ဘူဘောင်းကြီး ဖေါင်းနေတာ။ အရှိတန်ဖိုးထက် များနေတာ။ ဒါကိုအစိုးရက ချပေးမှ ဝန်ထမ်းတွေ ခံသာမယ်။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမဲ့သူတွေ ဝင်နိုင်မယ်။
အစိုးကိုယ်တိုင် ဈေးချပေးရမှာက သူတို့  တာဝန်။ တခါ ဒလ ဘက်မှာမြို့ အသစ်ဖေါ်လိုက်ရင် ဆောက်လုပ်ရေး လုပ်ငန်းတွေ ပိုများလားမယ်။ ပြည်သူတွေ အလုပ်အကိုင် ၃-သိန်း ကနေ - မြို့ တော်ကို တကယ်ကြီးကြီး ချဲ့လိုက်ရင် အလုပ်အကိုင် တစ်သန်းလောက် ပေါ်လာမယ်။ အမေရိကန်နဲ့ လုံးဝ ပြောင်းပြန်နော်။ ဟိုမှာက အခုချိန်အထိ ဆောက်လုပ်ရေးလုပ်ငန်းတွေ နလန်ပြန် မထူနိုင်သေးဘူး။ နောက် ၁ဝ-နှစ်မက ပြန်ထူဖို့ မလွယ်သေးဘူး။

(မေး) ဒါဆိုဆရာ အိမ်ဈေးမြေဈေးတွေကျတော့ ရှုံးတာဘယ်လိုအကျိုးဆက် တွေပေါ်လာနိုင်မလဲ။ အမေရိကန်မှာလို စီးပွားရေး ဂယက်ရိုက်သွားနိုင်သလား။

(ဖြေ) လုံးဝ မဖြစ်ပါဘူး။ အမေရိကန်မှာ ဖြစ်သွားတာက မြေဈေးကျတာမဟုတ်ဘူး။ တိုင်ခန်းဈေး ကျသွားတာ။ ဝယ်လက်တွေ ပျောက်သွားတော့ တိုက်ခန်းတခု ရောင်းဈေးက ဆောက်လုပ်ခရဲ့ သုံးပုံတစ် ပုံဘဲရှိတော့တာ။ ဆောက်လုပ်ရေး လုပ်ငန်းကြိး ပြိုကွဲသွားတာ။ အလုပ်တွေပါရပ်သွားတော့ လူတွေအလုပ်လက်မဲ့ဖြစ်သွားတာ။ လူထုထိခိုက်တော့ နိုင်ငံစီးပွားရေးတွေ ပါကျသွားတာ။
ကျနော်တို့ ဆီမှာက ဝယ်လိုအားက ရှိနေတယ်။ Demand ကရှိနေတယ်။ လူတွေမှာ အိမ်မရှိဘူး။ ဝယ်ဖို့က မဟားဒယားဈေး။ အခုဈေးကျရင် လူတွေက ပျော်လို့ ထခုန်ကြကကြမှာ။ ပြောင်းပြန်။ ဒလ ချဲ့တဲ့အတွက် အလုပ်အကိုင်က တစ်သန်းလောက်အထိ တိုးလာဦးမယ်။ အလုပ်အကို်င်တွေ တိုးလာတော့ ငွေကြေးလည်ပတ်မှု ပိုအားကောင်းလာပြီး စီးပွားရေးပါ ထောင်တက်လာမယ်။

အမေရိကန်နဲ့ ပြောင်းပြန်လို့ ပြောထားပြီးပါပြီ။ ဒီမြေဈေးတွေက ဘူဖေါင်းကြီးပါ။ ဒီဘူဖေါင်းကြီးကြောင့် စီးပွားရေး အဟန့် အတားတွေဖြစ်နေရတာ။ ဒီဘူဖေါင်း ပျောက်သွားမှ (တကယ့်အမှန် ဈေးအထိကျမှ) စီးပွားရေးတွေ အဆင်ပြေလာပါမယ်။
မြေပိုင်ဆိုင်ထားသူတွေ အရှုံး ပေါ်ရင်ဆိုတာတော့ ကျနော်ရှင်းပြပါ့မယ်။ အမေရိကန်မှာ မြေဝယ်ထားလို့  တစ်နှစ်ကို ဘဏ်တိုးက (၅-%) လောက်ရှိရင် အဝယ်မှန်ရင် မြေဈေး။ တိုက်ခန်း ဈေးပေါ်ကနေ ဈေးတက်လာတဲ့ နှစ်အပိုင်းတွေမှာ (၈- ကနေ ၁၂ %) လောက်မြတ်တာကို တွက်ပြီး အလောင်းအစား ဆန်ဆန် ရင်းနှီးကြရတာပါ။
တနည်း အများကြီးရင်းထားမှ (၅ -% ကနေ ၁၀ -% ) လောက်မြတ်ကြရတာပါ။

ဒီမှာက သိန်း ၁၅ဝ-လောက်စိုက် ဝယ်ထားတဲ့မြေက (၂ - ၃) နှစ်လောက်နေတော့ သိန်း ၅ဝဝ သိန်း ၁၅ဝဝ- အဲဒီလို ခုန်တက်နေတာပါ။ ဒီလိုတက်နိုင်လေ မြေလှောင် လက်တွေပေါ်လာလေပါ။ မြေလှောင်တဲ့ အလုပ်ဆိုတာ လူကောင်းတွေမှ မဟုတ်တာ။ မြေဈေးကျလို့ ပြည်သူတွေမထိဘူး။ မြေလှောင်သူတွေဘဲထိမှာ။ မကောင်းသူတွေ ထိတာ ဘာပူစရာလဲ။ သာဓုတောင်ခေါ်ရဦးမယ်။
သူတို့ က မရှုံးဘူး။ ရှုံးတာမဟုတ်ဘူး။ အမြတ်နည်းသွားတာဘဲရှိမယ်။ မရှုံးဘူး။
အဲဒီတော့ ဒလ - ဘက်တိုးချဲ့ လိုက်ရင် မြေက ဧကပေါင်း- ၃- သိန်းကျော် ပေါ်လာပါမယ်။ ကြည်မြင့်တိုင် တဖက်ကမ်းကို တံတားထိုးလို်က်ရင် နောက်ထပ် ဧကပေါင်း တစ်သိန်းလောက် ပေါ်လာပါမယ်။ မြေတွေပေါလာရင် ဈေးကျရမှာက ထုံးစံ။

(မေး).... မြေပိုင်ရှင်တွေ အရှုံးပေါ်နိုင်တာပေါ့နော်။ အဲဒီလိုအရှုံးပေါ်တော့ ဖြစ်လာမယ့် စီးပွားရေးဂယက်က ဘယ်လိုရှိနိုင်ပါမလဲ။

(ဖြေ) အရှုံးမပေါ်ပါဘူး ။ သူတို့ တကယ့်အရင်းက သိန်း- ၁၅ဝ ဘဲရှိတာလေ ။ အခုသိန်း ၁၅ဝဝ ၂ဝဝဝ-တန်တာက ကျသွားချိန်မှာ ... သိန်း - ၅ဝဝ လောက်အေးအေးရောင်းနို်င်ရင်ကို သိန်း - ၂၅ဝ ၃ဝဝ- မြတ်နေသေးတယ်။ မရှုံးပါဘူး။ အမြတ်နည်းသွားတာဘဲရှိပါတယ် ။
စီးပွားရေးက ဒလ - ဘက်တိုးချဲ့ လိုက်တာနဲ့  မြောက်ဒဂုံ လှိုင်သာယာတွေ တိုးချဲ့ တာနဲ့  မိုးနဲ့ မြေလိုကွာခြားပါမယ်။ ၁၉၈၉ ခုနစ် ဗိုလ်ခင်ညွှန့်တို့ တိုးချဲ့ တယ်ဆိုတာ လယ်ကွင်းထဲက နုံးမြေတွေကို ဘူဒိုဇာနဲ့ထိုး ပုံပေးပြီး လမ်းဖေါက်ပေးတာလေးနဲ့ မြို့ သစ်လို့ သမုတ်လိုက်တာပါ။ ဘာမှ မြို့ တော်အင်္ဂါရပ်နဲ့ ညီတဲ့  မြေအောက်ရေမြောင်းမပြောပါနဲ့  ကွန်ကရစ် ရေဆင်းမြောင်တောင်မလုပ်ပေးတော့ အခုသွားကြည့်လို့ ရပါတယ် ။ လမ်းဘေးမှာ ရေဆိုးမြောင်းတွေ ဖြစ်နေတာ အခုထိရှိတုံး။
ဒလ-ဘက်တိုးချဲ့ လိုက်ရင် အစိုးရအတွက်ကလဲ ဘတ်ဂျက် အများကြီး ရနိုင်ပါတယ်။ လယ်မြေတွေကို လျှော်ကြေးပေးသိမ်းလိုက်ပြီး လူနေအိမ်ကွက်ဖေါ်ပေးလိုက်ရင် တစ်ဧက သိန်း ၂၀- အမ်းထားရင် တစ်ဧကကို သိန်း -ထောင်ချီမြတ်နေပါပြီ ။ နိင်ငံတော်အတွက် ဘတ်ဂျက် ဘီလျံနဲ့  ချီဝင်လာပါမယ် ။

(မေး) ကျနော်တို့ နိုင်ငံခြားကနေကို ကြားနေရတယ်။ လူကြီးတွေနဲ့ ပိုင်တဲ့ ပြည်ပတရုတ်တွေ ဒလဘက်မှာ လယ်တွေကို ဈေးအများကြီး ပေးလိုက်ဝယ်ပြီး လ.န ပြောင်းတာလုပ်နေကြတယ်တဲ့။ ဆရာသိလား။ သမတကြီးမိသားစုနဲ့ ခင်တဲ့တရုတ်( ပြည်မ တရုတ်) ကအများကြီး ဝယ်နေတယ်လို့ ကြားရပါတယ်။

(ဖြေ)ကြားမိတယ်။ သေသေချာချာ တော့မသိဘူး။ လူကြီးတစ်ဦးနဲ့ ရှယ်ပြီး လယ်တွေကို လ-န ပြောင်းဖို့ လုပ်နေတယ် ကြားတယ်။ တကယ်က ဒါနိုင်ငံတော်မှာ ယခင်အစိုးရလက်ထက်က တင်ရှိနေတဲ့ ကြွေးမှီတွေကို ဆပ်ဖို့  နိုင်ငံတော်ကသာ ခံစားသင့်တာပါ။ အခုတော့ ပြည်ပ နိုင်ငံသားတွေ ဝယ်ရဲတာ အာဏာရှိသူတွေနဲ့  လက်ဝါးချင်း ရိုက်နေနိုင်တယ်ဆိုတာ တဖက်လှဲ့  ပေါ်နေတာပါ။ သမ္မတကြီး မိသားစုနဲ့ ပတ်သက်တာတော့ ကျနော်မကြားမိသေးဘူး။ စုံစမ်းလို့ ရနိုင်ပါတယ်။

(မေး) ဒါနိုင်ငံတော်ကို ပြည်ပလူတွေလက်ထဲ အနုနည်း ထိုးအပ်နေတာပါ။ ခေတ်သစ်ကိုလိုနီနယ်ချဲ့ မွေးနေတာပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့
ပြည်ပက အကြောင်းပြပြီး ကန့် သတ်ဖို့ လုပ်နေသူတွေကိုယ်တိုင်က ပြည်သူတွေ နားမဆန့် ကြားနေ သိနေတာတွေကို မသိဘူးလား။ ဒါတိုင်းပြည်ကို ထိုးရောင်းစားတာ မဟုတ်ဘူးလား။

(ဖြေ) ဟုတ်တာပေါ့။ နို်င်ငံနဲ့ လူမျိုးအပေါ် သစ္စာဖေါက်တာဘဲ။ ဒါကိုသစ္စာဖေါက်တာ ဟုတ်မဟုတ် လွှတ်တော်မှာ ဆွေးနွေးဆုံးဖြတ်ချက်ချလာတဲ့
အထိ လှုပ်ရှားမှုကြိးပေါ် နိုင်တယ်။ အဲဒီ့တရုတ်တွေကတော့ အာဏာပိုင်တွေနဲ အဆက်အသွယ်ကောင်းတယ်။ လယ်ယာမြေတွေကို လ န ချက်ချင်းပြောင်းနိုင်တယ်လို့တော့ သတင်းထွက်နေတယ်။

ဒါနဲ့ ပြောကြသေးတယ် ။ သူတို့ ဝယ်လို့ လိုက်မဝယ်ကြနဲ့ နော်တဲ့။ ဗမာတွေဆိုရင် လ န အပြောင်းလုပ်ဖို့ မလွယ်ဘူးတဲ့။ ကြားလို်က်ရတာ မယုံနိုင်အောင်ကိုဖြစ်သွားတယ်။ ပြောသေးတယ။ ဒေါ်စုရဲ့ မဲဆန္ဒနယ်မှာ (ဝ) တို့ နေချင်လို့ ပါတဲ့။ ၂ဝ၂ဝ- ကျရင် ဒေါ်စု မဲလာဆွယ်ရင် မန်ဒရင်းစကား နဲ့ လာမဲဆွယ်နိုင်မှ မဲရမယ်ဆိုပါ့လား။
ဒလ ဘက် မြေဈေးတွေ မေးကြည့်ဦးမယ်။

(မေး) ဒလ ဘက်ကိုတံတာထိုးရင် ကားဘယ်နစ်လမ်းမောင်းထိုး သင့်ပါသလဲ ။ တံတားထိုး ကုန်ကျစားရိတ်ပြန်ရနိုင်ချေ ကောင်းရှိပါ့မလား..

(ဖြေ) ကောင်းမွန်တဲ့ မေးခွန်းတွေပါ။ ကားလမ်းကတော့ အစိုးရဘယ်လိုမြင်တယ် အစိုးရအမြော်အမြင်ပေါ် မူတည်ပါမယ်။ ကျနော့်သဘောကတော့ အနည်းဆုံး - ၆-လမ်းသွား။ ဖြစ်နိုင်ရင် ၈-လမ်းသွား လုပ်စေချင်တာပေါ့ ။ အခုဂျပန်ပညာရှင်တွေဆွဲပေး ထားတာရှိတယ် ကြားပါတယ်။

တံတားကုန်ကျစားရိတ်က တနေ့  တနေ့ ကို ဖြတ်သန်းနေရမဲ့  ကားတွေက ပထမနှစ်မှာတင် ပျမ်းမျှတနေ့ ကို ကားအစီးရေ တစ်သောင်းမက ဖြတ်ပါမယ်။ နောက်နစ်တွေဆိုရင် ၂..၃.. ၅-သောင်းဖြတ်နေကြရပါမယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေအတွက် ပစ္စည်းတွေသယ်ကြ။ လုပ်သားတွေ ကူးလူးကြရ။ လုပ်ငန်းရှင်တွေ ကူးပြီးရင် တဖက်ကမ်းမှာ နေစရာမရှိသေးတော့ ပြန်ကူးကြရနဲ့  ယဉ်ကျောပိတ်တဲ့ အထိ ဖြစ်နိုင်ပါတယ်။

ကားတစ်စီးကို ဖြတ်သန်းခ- တစ်ဒေါ်လာကောက်ရင်တောင် တနေ့ ကို ဒေါ်လာသောင်းချီရမှာပါ။
နောက် ကျနော်မြင်ထားတာပေါ့နော်။ ဒလ ဘက်မှာ အခုအင်္ဂလန်က မန်ချက်စတာ လီဗာပူးမြို့ တွေကလို ပင်လယ်ကူးသင်္ဘောတွေကို ကုန်းမြေ အတွင်းပိုင်းထဲ အထိ အထဲကို ဝင်နိုင်အောင် တူးမြောင်းကြီးတွေ လုပ်ထားမယ်။ သင်္ဘောတွေကို ရေတံခါးနဲ့ ပိတ်ထားရင် ဒီရေ အတက်အကျများတဲ့ နေရာမှာ သင်္ဘောကြီးတွေကို ဒီရေအနိမ့်အမြင့် ကိုလိုက်ချိန်နေရတဲ့  ဒုက္ခငြိမ်းသွားမယ်။ သင်္ဘောဆိပ်ကမ်းအနီးနဲ့ ဘေးအနားမှာ စက်မှုဇုံတွ ဖေါ်ပေးထားရင် စက်မှုဇုံကို ကုန်ပစ္စည်း အသွားအပြန် သယ်ပို့ရတဲ့  ကွန်တိန်နာကား စာရိတ်တွေငြိမ်းသွားပြီ။ ကားတွေနည်းလေ ယဉ်ကျောပိတ်ဆိုတဲ့ ပြသနာ နည်းလေ။ ကုန်ုထုတ်လုပ်ခ စားရိတ်တွေ အများကြီးလျော့ကျ သွားရင် ထိုင်း မလေးက စက်ရုံတွေ ဒီကိုရွှေ့ လာကြရပါမယ်။

တခါ စက်မှုဇုံအနီးမှာ အလုပ်သမားမြို့ တော် ဖေါ်ပေးထားရင် အလုပ်သမားတွေ အချိန်မကုန် မပင်ပန်းဘဲ အလုပ်ဆင်းနိုင်တော့ လုပ်အား (အလုပ်စွမ်းရည်) တွေ တိုးလာပါမယ် ။ ယဉ်ကျောပိတ်စရာ လျော့သွားပြန်ပြီ။

အကျိုးအမြတ်တွေ အပေါင်းလက္ခဏာတွေ တသီကြီးပါ။ နိုင်ငံတော် လူကြီးတွေသာ တခြားနိုင်ငံတွေက အခက်အခဲတွေကို နမူနာယူတတ် မြင်ကြရင် ကျနော်တို့ က စီမံချက် ကျကျ လုပ်နိုင်တော့တာပေါ့။

ဆရာဒေါက်တာလှိုင်မြင့်နဲ့ ဆက်သွယ်မေးမြန်းချက် ရန်ကုန်မြေဈေး အပိုင်း(၂)အား ဆက်လက်ဖော်ပြပေးပါမည်..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...