Thursday, December 15, 2011

သူက သူ့ကို ဘယ်လိုသတ်မှာလဲ

by Zay Ya on Friday, December 16, 2011 at 11:37am
 
How to stop thinking?
အတွေးစဉ်ကို ဘယ်လိုရပ်ရမလဲ။

ရှေ့တစ်ပုဒ်မှာ ကျနော် ဖြေထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ထပ်မေး လာတာမို့ ထပ်ဖြေကြည့် ပါမယ်။

အတွေးစဉ်ကို ရပ်လို့ မရပါဘူး။ ရပ်လည်း မရပ်နိုင်ပါဘူး။ ရပ်ဖို့ မကြိုးစားသင့်ဘူး။ ဘာလို့ဆို အတွေးဟာ သူ့အလိုအလျောက်သာ ရပ်သွား နိုင်မယ်။ မိမိကိုယ်၌က အတင်းအကျပ် ရပ်ဖို့ ကြိုးစားရင် မှားပါလိမ့်မယ်။ ဒီအချက်ကို အရေးတကြီး နားလည် မှတ်သား ထားနိုင်ဖို့ လိုပါတယ်။ အတင်းရပ်ဖို့ ကြိုးစားရင် ရူးသွပ် သွားတာသာ အဖတ်တင် ကျန် နေရစ် ပါလိမ့်မယ်။


ဘယ်တွေးခေါ်မှု ဘယ်စဉ်းစားမှုမှ မရှိတော့တဲ့ အခြေအနေကို ဇင်မှာ “no-mind” စိတ်အတွေးစဉ် ကုန်ဆုံးသွားခြင်း လို့ ခေါ်ပါမယ်။ no-mind ဆိုတဲ့ စိတ် အတွေးစဉ် ကုန်ဆုံးသွားတာဟာ ရပ်တန့်ထားတာ မဟုတ်ပါဘူး။ ဒါဟာ လုပ်ယူပြီး ရပ်တန့်ပစ်ရတဲ့ အရာ မဟုတ်ဘူး။ ရပ်တန့်ဖို့ ကြိုးစား အားထုတ် နေသမျှဟာ စိတ်ဇောကိုသာ ဖြစ်သွားစေလိမ့်မယ်။ ခင်ဗျား စိတ်အတွင်းမှာ အချင်းချင်း ပဋိပက္ခ တွေသာ ဖြစ်ပေါ်အောင် ဖန်တီး နေလိမ့်မယ်။ ခင်ဗျား စိတ်အစဉ် ဖရိုဖရဲ ဖြစ်သွားမယ်။ နောက်ဆုံး စိတ် ကစဥ့်ကလျားနဲ့ ရူးသွပ် သွားပါလိမ့်မယ်။ အတွေးစဉ်ကို ရပ်တန့်ဖို့ ကြိုးစားခြင်းဟာ ရူးသွပ်သွား ဖို့က လွဲရင် ဘာမှ မကူညီ နိုင်ဘူး လို့ ကျနော် ဆိုလိုပါတယ်။

ဒါပေတဲ့ အချို့ရှိတာက - ( အများအားဖြင့် ) အတင်း လုပ်ယူတယ်။ အဲ့ဒီ အခါ- ခင်ဗျား ကြိုးစား အားထုတ်နေတဲ့ အချိန် ခဏတာလေး အတွင်း အောင်အောင်မြင်မြင် ရပ်တန့် သွားကောင်း ရပ်တန့် သွားမယ်။ ဥပမာ - ငါ ဘာမှ မတွေးတော့ ဘူးကွာ လို့ အတင်း အကျပ် - စိတ်ကို စိုက်ကြည့် ဖယ်ရှားနေတာမျိုး။ အဲ့ဒါဟာ အဲ့ဒီ ခဏတာ အတွက် ဖြစ်ပါတယ်။ အောင်အောင်မြင်မြင် ငြိမ်ကျသွားမယ်။ အဲ့ခဏတာ လေး အတွင်း ခင်ဗျား စိတ်အတွေးစဉ် ကို ဖယ်ချ ထားနိုင်မယ်။ အမှောင်ချည်း သက်သက်၊ ဗလာချည်း သက်သက် ငြိမ်သွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒါဟာ ငြိမ်သွားတာ သက်သက်ပါပဲ ။ စင်စစ် ဘာဝနာရဲ့ တကယ့်အဖြစ် No-mind ( စိတ်အတွေးစဉ် ကုန်ဆုံးမှု ၊ တိတ်ဆိတ်မှု )  ဆီကို ရောက်ရှိ တာ မဟုတ်ဘူး။ စိတ် အတွေးတွေဟာ ခဏ ရပ်တန့်ထားတာ သက်သက်။ အားစိုက် ထုတ်ထားတဲ့ ရပ်တန့် နေမှု သက်သက်။   သူ့ရဲ့ အောက် - ခင်ဗျားရဲ့ အတွင်းစိတ် ၊( ဆစ်ဂမန်ဖရွိုက်ရဲ့ စကားနဲ့ ဆိုရင်-  မသိစိတ် ) မှာ ဖိစီး ထားခံ လိုက်ရတဲ့ အတွေးစိတ် ခံစားချက်တွေ ငုပ်လျိုး ကျန်နေရစ်တယ်။ အဲ့ဒီ အငုံ့စိတ်တွေဟာ ခင်ဗျား ပုံမှန် ပြန်ဖြစ်တာနဲ့ ( ဘာဝနာကနေ ကင်းလွတ်လိုက်တဲ့ ခဏမှာ ) ဒုက္ခ ပေးတော့တာပဲ။

ဒါ့ကြောင့် အတွေးစဉ်ကို ရပ်တန့်ဖို့ မကြိုးစားစေချင်ဘူး။ သူ့ကို သီးခြား ရပ်တန့် ပစ်ဖို့ နည်းလမ်း မရှိဘူး။ ကြိုးစား အားထုတ်လို့ မရပါဘူး။ အတွေးစဉ်ဟာ သူ့အကြောင်းနဲ့ သူ့ဘာသာ ရပ်တန့် သွားနိုင်တာပဲ ရှိပါတယ်။

စိတ်ကို ရပ်တန့်ဖို့ ကြိုးစားတာ မဟုတ်ဘူး ဆိုရင် ကျနော်တို့ ဘာလုပ်မလဲ။ -

အဖြေက တစ်ခွန်းတည်း ရှိတယ်။ စောင့်ကြည့် နေရုံမျှ စောင့်ကြည့်နေ ပေးဖို့ပါ။ ဒါဟာ ဘာဝနာရဲ့ အစလည်း ဖြစ်သလို၊ အဆုံးလည်း ဖြစ်ပါတယ်။ ဘာဝနာရဲ့ မူရင်း အဓိပ္ပာယ်ကိုက “စောင့်ကြည့်၊ သိမြင်မှု၊ သတိ” ပါ။ သတိထားရမှာက - ခင်ဗျား စိတ်သန္တာန်အတွင်း ဖြစ်ပေါ်သမျှ ဘယ်အရာကိုမှ ပိတ်ပင်ခြင်း၊ တားဆီးခြင်း မရှိရဘူး။ ဖြစ်စဉ် မှန်သမျှ မပြတ် မလပ် စောင့်ကြည့်နေရုံ သက်သက် ပဲ။

ခင်ဗျားက ထပ် မေးမယ်။ စောင့်ကြည့် နေသူက ဘယ်သူလဲ။

အဲ့သလို စောင့်ကြည့်နေသူ ဆိုတဲ့ အတွေးနဲ့ ကြည့်နေမယ် ဆိုရင် ခင်ဗျား သန္တာန် အတွင်း မှာ စောင့်ကြည့်နေသူ ဆိုတဲ့ အတွေးရယ် စောင့်ကြည့် ခံနေရတယ် ဆိုတဲ့ အတွေး ရယ် - စသဖြင့် အပိုင်းပိုင်း ကွဲပြား နေဦးမယ်။ အတွေးတစ်ခု က အတွေးတစ်ခုကို လိုက်လံ တိုက်ခိုက် နေဦးမယ်။ အဲ့ဒီနောက် ရှေ့ အတွေးက နောက်အတွေး တွေ ကို သတ်ပစ်မယ်။ တစ်ခုပြီး တစ်ခု ရစ်ပတ်ထပ် ဖြစ်နေမယ်။ အဲ့ဒါကိုကလည်း ရူးသွပ်လွန်း ပါသေးတယ်။ နောက်ဆုံး ခင်ဗျား တကယ် ရူးသွားဖို့သာ ရှိတယ်။

တကယ် စင်စစ်က ခင်ဗျား တွေးနေဖို့ မဟုတ်ဘူး။ “သိ” နေဖို့။  ဆိုလိုတာက ခင်ဗျား တွေးနေတဲ့ အတွေးစဉ်၊ ခင်ဗျား သန္တာန် အခု ပစ္စုပ္ပန် ခဏတိုင်း ဖြစ်ဖြစ်သမျှ စောင့်ကြည့် သိနေပေးဖို့။ အဲ့ဒါဟာ ထပ်တွေး နေဖို့ မဟုတ်ပါဘူး။ ခင်ဗျား အတွေးစဉ်မှာ ဖြစ်ပျက်နေသမျှကို စောင့်ကြည့်နေဖို့ ၊ သိမြင် နေဖို့ ( Witness ) သက်သက်ပါ။ အဲ့ဒီ စောင့်ကြည့်မှုမှာ - ခင်ဗျားရဲ့ စိတ်အစဉ် တစ်ခုလုံးကို အပြည့်အဝ လွတ်လပ်မှု ပေးထားပါတယ်။ သူ အလိုဆန္ဒ ရှိသလောက် မမေ့မလျော့ အသိရှိရှိနဲ့ စီးမျော နေနိုင်တယ်။ ခင်ဗျား ဘာ တစ်ခု မှ ဝင် မကွပ်ကဲဘူး။ ဝင် မထိန်းချုပ်ဘူး။ စောင့်ကြည့်နေရုံ၊ သိနေရုံမျှလေး ရှိပါတယ်။

စိတ် အစဉ် ဟာ မက္ကင်းနစ် စက်တစ်ခုသာ ဖြစ်မယ် ဆိုရင် ကမ္ဘာမှာ အလှပဆုံး ဖွဲ့စည်းပုံမျိုးပဲ။ သိပ္ပံပညာ ဘယ်လောက်ပဲ တိုးတက် လာပါစေ - စိတ် နဲ့ အလားသဏ္ဍာန် တူမယ့် အရာ အခြားတစ်ခုကို ဖန်တီးနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။ စိတ်မှာ ရှုပ်ထွေး သလောက် စွမ်းအား အပြည့်အဝ ရှိတယ်။ စွမ်းရည် အပြည့်အဝ ရှိနေတယ်။ ခင်ဗျားက ဒါကို စောင့်ကြည့် နေရုံပဲ။ ဒီလို လှပတဲ့ စိတ်အစဉ်ကို သိမှတ် ပျော်ရွှင် နေမယ်။

ဒီအချိန်မှာ - ခင်ဗျားရဲ့ စိတ်သန္တာန်ဟာ ခင်ဗျား အတွက် ရန်သူမဟုတ်ဘူး ဆိုတာလဲ သိထားဖို့ လိုပါတယ်။ အကြောင်းက ကိုယ့်စိတ်ကို ကိုယ် ရန်သူ အနေနဲ့ ရှုမြင်နေပြီ ဆိုရင် ခင်ဗျား အလုပ်ဖြစ်တဲ့ စောင့်ကြည့်မှုကို ဆက်ပြီး လုပ်လို့ မရတော့လို့ပဲ။


.................................
Notes-
  • Let thoughts move in total freedom. And then bigger intervals will be coming. You will be blessed with small satoris. Sometimes minutes will pass and no thought will be there; there will be no traffic -- a total silence, undisturbed. When the bigger gaps come, you will not only have clarity to see into the world -- with the bigger gaps you will have a new clarity arising -- you will be able to see into the inner world. With the first gaps you will see into the world: trees will be more green than they look right now.
  • You will be surrounded by an infinite music -- the music of the spheres. You will be suddenly in the presence of God -- ineffable, mysterious. Touching you although you can not grasp it. Within your reach and yet beyond. With the bigger gaps, the same will happen inside. God will not only be outside, you will be suddenly surprised -- He is inside also. He is not only in the seen; He is in the seer also -- within and without. By and by... But don't get attached to that either. Attachment is the food for the mind to continue.
  • Non-attached witnessing is the way to stop it without any effort to stop it. And when you start enjoying those blissful moments, your capacity to retain them for longer periods arises. Finally, eventually, one day, you become master. Then when you want to think, you think; if thought is needed, you use it; if thought is not needed, you allow it to rest. Not that mind is simply no more there: mind is there, but you can use it or not use it. Now it is your decision.
..............
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..............

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...