အိပ်မက်မြေပုံလေး ခပ်ရေးရေး
လူဗိုလ်
(၁)
အသက် (၂၀) ကျော် ကျောင်းသားအရွယ်လောက်ကစ၍ မိမိသည် အနုပညာဟုခေါ်သော
ဆို က ရေး တီး အမှုများတွင် ကခြင်းမှလွဲ၍ အားလုံးနီးပါးကို စိတ်ဝင်စားခဲ့မိသည်။ စိတ်မ၀င်စားဆုံးဖြစ်ခဲ့သည့်
ကျောင်းစာ သင်ကြားရေးခရီးစဉ်ကြီးတွင် ဆယ်စုနှစ်တခုကျော် အချိန်ပေးခဲ့ရမှုအပေါ်တွင်လည်း
နောင်တရမိသလိုလို။ မိမိကျောင်းသားဘ၀တလျှောက်လုံး အချိန်ပေးလေ့လာခဲ့သော ကျောင်းပညာများက
လက်တွေ့ဘ၀တွင် အသုံး ချစရာက ရှာမရဖြစ်ခဲ့သည်ကိုး။ ထိုစဉ်က မိမိမက်ခဲ့သည့် အိပ်မက်များကို
ပွင့်လန်းစေသူကို ပြောပါဆိုလျှင် (ဦး) အောင်ဝင်း(စိတ်ပညာ) ဟု ပြောရပါမည်။ သူ့စာများက
ကျနော့်အတွက် စိတ်ဓါတ်ခွန်အားနှင့် လမ်းညွှန်မှုအချို့ ကို ပေးစွမ်းနိုင်ခဲ့၏။
ရလဒ်လုပ်ရပ်အနေနှင့် မိမိ၏အိပ်မက်မျာကို ဆန်ကာချမိ၊ ချနိုင်ခဲ့ခြင်းပင်။
မိမိဝါသနာများစွာအနက် မိမိနှင့် အကိုက်ညီ၊ အဖြစ်နိုင်ဆုံးကို ရွေးချယ်နိုင်ခဲ့သည်။
ပန်းချီ၊ ပန်းပု၊ စာရေးဆရာ၊ ဒါရိုက်တာ အစရှိသည့်မိမိနှင့် အလှမ်းကွာအိပ်မက်မျာကို ပယ်ချ၍
ဂီတအနုပညာဆိုသည့်အိပ်မက်ကို ပထမအကြမ်းစား ရွေးချယ်မိသည်။ ထိုမှတဆင့် အသံမကောင်းခြင်း၊
ထူးခြားသည့်အသံကို မပိုင်ဆိုင်ခြင်း အစရှိသည်များကြောင့် အဆိုကိုပယ် သည်။ လက်ကဘယ်သန်ဖြစ်နေခြင်းနှင့်
ဘယ်သန်ယဉ်ကျေးမှု အားမကောင်းသောပတ်ဝန်းကျင်တွင် ရှင်သန် နေထိုင် ရသူဖြစ်ခြင်းတို့ကြောင့်
အတီးကို ထပ်ပယ်သည်။ ထို့ကြောင့် ရွေးချယ်စရာမှာ အရေးသာကျန်တော့၍ တေးရေးဆိုသည်ကို မိမိကျေနပ်စွာလက်ခံမိခဲ့၏။
ကိုစောနုစကားအရဆိုလျှင် Composer လား၊ Song maker လားတော့ မပြောတတ်သေး။
မိမိရွေးချယ်မိသောအိပ်မက် အလှပဆုံးဖြစ်စေဖို့မှာ ငုတ်မိသဲကိုင်
နိုင်ဖို့လိုသည်ဟု ယုံကြည်၏။ သို့အတွက် ကျောင်းစာအပါအ၀င် မိမိအချိန်ကို စုပ်ယူနေသော
ကိစ္စအချို့ကို လျှော့ချခဲ့သည်။ အိပ်မက်ဖေါ်ထုတ်နိုင်ရေး လုပ်ငန်းစဉ်များအတွက် အားဖြည့်ခဲ့သည်။
ရနိုင်သမျှ စာကဗျာများကို ဖတ်မှတ်လေ့လာခဲ့သည်။ စကားလုံး အသစ်တွေရနိုင်ဖို့၊ ခရစ္စယာန်ကျမ်းစာကို
ဖတ်ရန်၊ ခံစားချက်တွေ ရှင်သန်နေစေဖို့ ရည်စားများများထားရန် ထူးထူးခြားခြားအကြံပေးမှုများနှင့်
ဆရာမောင်သာနိုး၏ ထင်းရူးပင်ရိပ်စာအုပ်ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ရောက်လေရာရာ စာအုပ်အဟောင်းဆိုင်တွေမှာ
ရှာပုံတော်ဖွင့်ခဲ့ရသည်များကိုလည်း အမှတ်ရမိသေးသည်။ လက်လှမ်းမီရာ တေးသီချင်းများ၏ထူးခြားမှုများကို
သရုပ်ခွဲကြည့်မိခဲ့သည်။ ရလဒ်အဖြစ်ကား ကျောင်းကို အောင်သည်ဟုပြောနိုင်ရုံနောက်ဆုံး အဆင့်ဖြင့်သာပြီးခဲ့သည်။
မိဘအကူအညီဖြင့်ရခဲ့သောအလုပ်မှ မိဘကိုပင် အသိမပေးပဲထွက်ခြင်း၊ မိမိရည်ရွယ်ချက် အစပြုနိုင်ရေးအမှုများဖြင့်
လုံးချာလည်ခဲ့ရပြီး ကျင်လည်ရာအသိုင်း အ၀ိုင်းတို့က မိမိအား စည်းအပြင်ကလူတယောက်အဖြစ်သာ
သတ်မှတ်ခဲ့ကြပေသည်။ ဂီတတက္ကသိုလ်ရှိသော နိုင်ငံတခုခုသို့ ပညာသင်းသွားရန် အိပ်မက်တခုကိုတော့
မက်ခဲ့မိ၏။ ၎င်းသည်လည်း လက်တွေ့ဘ၀ကို ရောက်မလာနိုင်ခဲ့။
(၂)
မြန်မာ့ဂီတရှာပုံတော်ခရီးတွင် မိမိအသိအမှတ်ပြုလိုက်မိသူများမှာ
မြို့မငြိမ်း၊ ကိုစောညိမ်း၊ သွှအောင်၊ ဖိုးချို၊ စိုင်းခမ်းလိတ်၊ တင်ဝင်း(ဆေးမန်း)၊
ကိုမောင်မောင်၊ ကိုနေ၀င်း၊ နိုင်မင်း၊ ဆူး၊ Jမောင်မောင်၊ နောင်နောင် ( s.f )၊ ဗဒင်နှင့်
ထူးအိမ်သင်တို့ ဖြစ်ခဲ့၏။ ထိုသူများတွင်ပင် ၂ မျိုးခွဲခြားနိုင်သေးသည်။ မြန်မာ့ဟန်ရှိခြင်းနှင့်
ကမ္ဘာ့အ ဆင့်မီခြင်း တဖက်ဖက်တွင် သာရပ်တည်နိုင်ကြပြီး ၂ ဖက်စလုံးတွင်ပြည့်မီသူမှာ ခပ်ရှားရှား။
သို့သော် ထိုပုဂိုလ် များသည်ပင် လေးစားလောက်စရာအိပ်မက် မက်ခဲ့သူများဟုယုံကြည်မိသည်။
ထိုအထဲမှာပင် မိမိအနှစ်သက် ဆုံးပုံစံမရှိ၊ မိမိလိုချင်သည့် အဆင့်ကိုမတွေ့ရခဲ့။ ထိုအချက်သည်ပင်
မိမိအတွက် မျှော်လင့်ချက်၊ မိမိ၏အိပ်မက် ပင် ဖြစ်နေမလားဟုတွေးလျှက် အားတက်ခဲ့ရပြန်ပါသည်။
မိမိရည်ရွယ်သည်က မိမိမွေးဖွာလိုက်သော သီချင်းကိုကြားလိုက်ရလျှင်
မြန်မာသီချင်းမှန်းသိရမည်။ ဥပမာ အိန္ဒိယသီချင်း၊ ဂျပန်သီချင်းတို့ကိုကြားလျှင် ဘာသာစကားကိုနားမလည်သည့်တိုင်
အိန္ဒိယသီချင်း၊ ဂျပန်သီချင်း မှန်း သိသလိုမျိုး၊ မိမိသီချင်းကိုကြားလျှင် မြန်မာ့သီချင်းမှန်းကို
သိစေရမည်။ စာသားကိုနားလည်ခံစားနိုင်သူ မြန်မာနိုင်ငံသားများ အကြားတွင်လည်း မည်သည့်အဆိုတော်ပင်ဆိုဆို
မိမိရေးစပ်သောသီချင်းမှန်း သိရမည်။ အခြားသီချင်းများနှင့် ဟန်(Style) အရဖြစ်စေ၊ စကေး
(Scale) အရဖြစ်စေ ကွဲပြားခြားနာသည့် ထူးခြားမှုတခုခု ကို မိမိဖန်တီးလိုက်သောသီချင်းများတွင် ရှိနေစေရမည်။
ဖြစ်နိုင်လျှင် တကမ္ဘာလုံးခံစားနိုင်စေရန် အင်္ဂလိပ်ဘာ သာဖြင့် သီချင်းရေးချင်သည်။ ကိုယ်ကြိုက်သည့်၊
ကိုယ့်သီချင်းနှင့်ကိုက်ညီမည့် အဆိုတော်ကိုပင်မွေးမြူ၍ ကိုယ့် သီချင်းများကို ဆိုစေမည်။
အဆိုတော်အကြိုက်လိုက်ရေးစရာမလို။
မိမိလေ့လာဖူးသော ဂီတစံသတ်မှတ်ချက်များတွင် ပထမအဆင့်ကို Beat, Bar, Timing ။ ဒုတိယ အဆင့်ကို Style,
Scale ။ တတိယအဆင့်ကို Mood ဟူ၍ရှိကြသည်။ မြန်မာနိုင်ငံတွင် ဂီတပညာကို စနစ် တကျသင်ကြား
ခွင့် မရကြသူများမှာ အများစုဖြစ်ကြသည့်အတွက် ပထမအဆင့်ကို အခြေအခိုင်မီမှာပင် တတိယအဆင့်ကို
ကျော်လွန်၍ မူးယစ်ဆေးဝါးအားကိုဖြင့် လှမ်းတက်ကြရာ သက်တမ်းမစေ့မီမှာပင် စုန်းစုန်း မြုပ်ခဲ့ကြရသည်။
ကြီးမားသော ဆုံးရှုံးမှုတရပ်ပင်။
မြန်မာ့ဂီတတွင် စကေးကို ဆိုင်းဝိုင်းအခေါ်အဝေါ်၊ စောင်းအခေါ်အဝေါ် ကွဲပြားစွာရှိနေခဲ့ကြသော်လည်း
တကမ္ဘာလုံးသုံးစွဲနေသော ဒို ရေ မီ ဖါ ဆို လာ ထီ ဒိုး ဆိုသည့် Diatonic scale
(Netural scale) ထဲက မထွက်ခဲ့ကြ။ မြန်မာ့သီချင်းများကိုဆိုလျှင် မည်သည့်သီချင်းကိုဆိုဆို
ဂီတာတလုံးထဲဖြင့် တီးခတ်၍ရနေသည်။ ကြိုးပြောင်းညှိစရာမလို၊ ကြိုညှိနည်းတခုထဲကိုသာ သုံး၍ရသည်။
မှတ်မှတ်ရရ ထိုကိစ္စနှင့်ပတ်သက်၍ တခါက မိမိအတွေး ကွန့်မိခဲ့ဖူး၏။ မြန်မာတွင် သနပ်ခါးသည် ထူးခြားမှုတခု၊ သနပ်ခါးသည် မြန်မာ့သင်္ကေတတခုဟု ဆိုနိုင်စရာ။ သို့ဆိုလျှင် သနပ်ခါးခေါက်ကို တခုကိုယူ၍ ၎င်းတွင် ဘေးတိုက်မြင်ရသော လှိုင်းကွေးကလေးများကို အင်တာနေရှင်နယ် ဂီတသင်္ကေတ မျဉ်းကြောင်း ၅ ခုထဲတွင် ထည့်ကြည့်မည်။ ပေါ်လာသော အနိမ့်အမြင့် သံစဉ်လှိုင်းလေးကို မြန်မာ့ဂီတ၏ မူပိုင်စကေးတခုအဖြစ် ယူမည်ဟု။ အများကလက်ခံ မခံမှာ မသေချာ လှသော်လည်း မိမိအတွက်မူ ကိုယ်ပိုင်စကေးတခု ရလိုက်တန်ကောင်းမျှော်လင့်ခဲ့ဖူး၏။ ၎င်းသည်လည်း မိမိအတွက် အိပ်မက်တခုမျှသာ။
မှတ်မှတ်ရရ ထိုကိစ္စနှင့်ပတ်သက်၍ တခါက မိမိအတွေး ကွန့်မိခဲ့ဖူး၏။ မြန်မာတွင် သနပ်ခါးသည် ထူးခြားမှုတခု၊ သနပ်ခါးသည် မြန်မာ့သင်္ကေတတခုဟု ဆိုနိုင်စရာ။ သို့ဆိုလျှင် သနပ်ခါးခေါက်ကို တခုကိုယူ၍ ၎င်းတွင် ဘေးတိုက်မြင်ရသော လှိုင်းကွေးကလေးများကို အင်တာနေရှင်နယ် ဂီတသင်္ကေတ မျဉ်းကြောင်း ၅ ခုထဲတွင် ထည့်ကြည့်မည်။ ပေါ်လာသော အနိမ့်အမြင့် သံစဉ်လှိုင်းလေးကို မြန်မာ့ဂီတ၏ မူပိုင်စကေးတခုအဖြစ် ယူမည်ဟု။ အများကလက်ခံ မခံမှာ မသေချာ လှသော်လည်း မိမိအတွက်မူ ကိုယ်ပိုင်စကေးတခု ရလိုက်တန်ကောင်းမျှော်လင့်ခဲ့ဖူး၏။ ၎င်းသည်လည်း မိမိအတွက် အိပ်မက်တခုမျှသာ။
မိမိအိပ်မက်ကို အသေးစိတ်
ပုံဖေါ်ကြည့်မိသည့်အခါ ထွက်လာသည့်အဖြေကား ကမ္ဘာ့အဆင့်မီ မြန်မာ့ဟန်ပါသည့် ကိုယ်ပိုင်သံစဉ်တေးများ
ဖန်တီးနိုင်ရေး။ သို့ဆိုပါလျင် ကမ္ဘာ့ဂီတနှင့် မြန်မာ့ဂီတတို့ကို ကွဲကွဲပြားပြား သိနားလည်ထား၍ မြန်မာ့ဂီတဟန်၏ အနှစ်ချုပ်ကိုလည်း ဆုပ်ကိုင်မိထားဖို့လိုပါမည်။ ကိုယ်ပိုင်အနုပညာဖန်တီးမှု
စွမ်းရည်မှာမူ မရှိမဖြစ်။
(၃)
အိပ်မက်သည် လက်တွေ့မဟုတ်၊ ညီမျှခြင်းချမရဆိုသည်ကို လက်တွေ့ဖြတ်သန်းမှုများမှ
သက်သေပြခဲ့၏။ မိမိတွင် ဂီတမျိုးရိုးမရှိ၊ မိမိထိစပ်ရာပတ်ဝန်းကျင်တွင်လည်း ဂီတပညာရှင်မရှိ၊
ဂီတပညာကိုစနစ်တကျနှင့် အဆင့်မြင့်သင်ကြားနိုင်ခွင့်မရှိ၊ ကမ္ဘာ့ဂီတကို စုံစုံစေ့စေ့လေ့လာနိုင်စရာနေရာ မြန်မာနိုင်ငံတွင် မရှိ။ မြန်မာ့ ဂီတဟုပြစရာ အထောက်အထား
သက်သေ မရှိ၊ မြန်မာ့ဟန်ဟုပြောစရာ အထောက်အထား သက်သေမရှိ၊ ပိုမိုဆိုရွားသည်မှာ စတူဒီယိုခေတ်တွင်
မြန်မာ့ဂီတ၊ မြန်မာ့ဟန်ဟုပြောစရာ သက်သေအထောက်အထားမရှိ။ မည်သည့်သီချင်းကို ပြောရမည်နည်း။
မည်သည့်အချက်ကြောင့် ပြောရမည်နည်း။ မည်သူမျာက အသိအမှတ် ပြုခဲ့ကြသနည်း။ မည်သည့်ခေတ်က
ဂီတကို မြန်မာ့ဂီတအစဟု သတ်မှတ်မည်နည်း၊ အဘယ်ကြောင့်နည်း စသည့်အချက်များသည်လည်းမရှိ။
မိမိ မသိခြင်းနှင့် လက်လှမ်းမမီခြင်းများလည်း ဖြစ်နိုင်၏။ ထိုမရှိခြင်း၊ မသိ ခြင်းများနှင့်
ရင်ဆိုင်တိုးခဲ့ရသောမိမိမှာ တာထွက်ထွက်ခြင်းအစမှာပင် ခရီးစဉ်ပျက်ခဲ့ရ။
သီချင်းလေး အပုဒ် ၅၀ ကျော်လောက်ရေးဖြစ်ခဲ့သည်။ အများနှင့်မတူအောင်
Scale , Style ,Timing တို့ကို စမ်းသပ်တီထွင်ကြည့်သည်။ သီချင်းတပုဒ်မှာပင် စာသားတမျိုးထဲကို
သံစဉ် ၂ မျိုး။ စကေး ၂ မျိုး။ Timming ၂ မျိုး ပါအောင်၊ ထူးအောင် ကြိုစားကြည့်ဖူးသည်။
မည်သူမှမသိလိုက်ကြ။ သိအောင်လည်းမစွမ်းနိုင်ခဲ့။ ကိုယ်လို ချင်သည့်အဆင့် အထိလည်းမရောက်ခဲ့။
ဘယ်သူများ ဒီလမ်းကိုလျှောက်နေပြီလဲ မျှော်ကြည့်ပြန်တော့လည်း တယောက်မှမတွေ့ရသေး။
Rap, Hip-Hop တွေထဲ သံသရာလည်၍ကောင်းကြတုန်း။ မြန်မာ့ဟန့်ဟုပြောစရာ ဘာသာစကားနှင့် လူမှလွဲ့၍မပါ။
မြန်မာ့ဂီတကို ကမ္ဘာ့ဂီတရင်ပြင်တွင် တက်ရောက်ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ကြသော
မြို့မငြိမ်းကဲ့သို့သော မြန်မာ့ ဂီတသူရဲကောင်းကြီးများ လမ်းတ၀က်တွင် အရှုံးပေးခဲ့ကြရသည်ကို
စာနာလာမိ၏။ ကိုယ့်အလံကိုယ်ကိုင်၍ တက် ရောက်ယှဉ်ပြိုင်ခြင်းသည် ခက်ခဲတတ်စမြဲဖြစ်သည်ကိုး။
သူများအလံကိုကော်ပီလုပ်ခြင်းမှာကား ပြဿနာ မရှိ။ ဤပုံဖြင့် မြန်မာ့ဂီတ ( ရွေအိုးစည်၊
ဒိုးသံ၊ ဗျောသံတို့၊ ရှမ်းအိုးစည်၊ ကရင်ဒုံးယိမ်းတို့) သည် အာဖရိကလူမဲ တို့၏ ဂီတများကဲ့သို့ ကမ္ဘာ့ဂီတရင်ပြင်တွင် နေရာရလာစရာ လမ်းကြောင်းမမြင်။
၎င်းကိစ္စများသည် မည်သူတွေ၏ တာဝန်ဖြစ်မည်နည်း။ မိမိမျှော်လင့်ခဲ့သော ဂီတသူရဲကောင်းများ
မည်သည့်အချိန်တွင် ပေါ်လာမည်နည်း။ မိမိ ရှင်သန်နေစဉ် ကာလတွင်ပင် မိမိအိပ်မက်ထဲမှ သီချင်းမျိုးကို
ကြားချင်စမ်းလှပါဘိ။
အခွင့်ထူးတရပ်ဟုဆိုရမည်လား မသိ။ အာရှဆီးဂိမ်းကို ၂၀၁၃ ခုနှစ်တွင်
မြန်မာနိုင်ငံတွင် အင်ဒိုနီးရှားထက်သာ အောင် ကျင်းပမည်ဟု သမတဦးသိန်းစိန်က ဆိုခဲ့သည်။
သေချာသည်မှာ အင်ဒိုနီးရှားတွင်ကျင်းပစဉ်က ပိတ်ပွဲ အခန်းအနားတွင်ဆိုသွားသော “တို့ ကိုကြီးကျော်” သီချင်းလောက်နှင့် မပြီးသင့်တော့။
အလွယ်မဖြစ်သင့်တော့။ မြန်မာ့ကိုယ်စားပြု သီချင်းသစ်တွေ ကြားရတော့မည်ထင်ပါ၏။
0 comments:
Post a Comment