Sunday, December 11, 2011

ဖတ်ညွှန်းကလေးပါ


ဒီမနက် အိပ်ရာထတော့ ဘေးကစားပွဲမှာ ခေတ်ပေါ် မြန်မာဝတ္ထုစာအုပ်တစ်အုပ်တွေ့တယ်။ ကြယ်စင်မှူးဝေ ဆိုတဲ့ စာရေးဆရာ ..အထီးလား အမလားမသိဘူး။ ၀တ္တုနာမည်က ကာရံပျက်သတို့သမီးတဲ့ဗျာ.။ အိမ်က တူတော်မောင်ငှားဖတ်ပြီးလာထားပုံရတယ်။ နည်းနည်းကောက်လှန်ကြည့်ပြီး လန့်ဖျားတောင်ဖျားမတတ်ဖြစ်သွားတယ်။ ဟိုက်ရှားဘား........ခေတ်ပေါ်ဝတ္ထုတွေ အဆင့်အတန်းမြင့်နေပါလား...အဘား အဘား ဆိုပြီးခုနှစ်အိမ် ရှစ်အိမ်ကြားအော်ဟစ် လက်ခမောင်း ခတ်ချင်စိတ်ပေါက် သွားတယ်ဗျာ..။အခုခေတ် ၀ထ္ထုတွေ မဖတ်တာကြာပါပြီဗျာ။

ဝတ္ထုဇာတ်လမ်းကဒီလို....

သူဌေးလင်မယားတစ်စုံမှာ မျိုးဆက်အတွက် ကလေးမရနိုင်ခဲ့ဘူး။ မိန်းမရဲ့ ရောဂါတခုကြောင့် ကလေးမွေးဖို့ သားအိမ်ကအလုပ်မလုပ်တော့ ဆရာဝန်ကအကြံပေးတယ်။ အထီးမျိုးဥ အမမျိုးဥ ထုတ်ယူပြီး တခြားမိန်းမတစ်ယောက်ဆီမှာ အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့ အကြံပေးတယ်။ ဆေးစစ်ချက်အတိအကျထွက်လာတော့ မိန်းမဖြစ်သူရဲ့ ချွတ်ယွင်းချက်ကြောင့် မိန်းမဘက်ကမျိုးဥလုံးဝမထုတ်နိုင်ဘူးတဲ့။ အဲ့ဒီ အရေးကြီးတဲ့ infomation ကို သူဌေးက လျှို့ဝှက်ထားပြီး မိန်းမကိုအသိမပေးဘူး။ တဖက်ကလည်း မျိုးဆက်သွေးရှိစေချင်တာကြောင့် ..ယောကျာင်္းက အပျိုစင် မိန်းကလေးတစ်ယောက်ကိုစိတ်တိုင်းကျအင်တာဗျူးလုပ်ပြီးရှာတယ်။ အင်တာဗျူးတာ ၁၀ ယောက်လောက်မှာမှ နောက်ဆုံး ချောပေ့၊ လှပေ့၊ ရိုးသားပုံရတဲ့ ကောင်မလေးတစ်ယောက်ကို မျက်စိကျသွားတယ်။ အဲ့ဒီ ကောင်မလေးကိုပွင့်ပွင့်လင်းလင်းညှိတယ်။ သိန်း၁၃၀ ကျော်ပေးပြီး သူနဲ့ အတူနေ ကလေးမွေး။ ကလေးရလာတာနဲ့ ကလေးကို အပိုင်သိမ်းမယ်။ ကလေးမွေးပြီးနောက် ငွေပေးပြီးလုံးဝ မပတ်သတ်ဘူးလို့ သဘောတူညီချက်တွေ ကိုပြောတယ်။ ပထမတော့ ကောင်မလေးကစိတ်တိုဒေါသထွက်တာပေါ့။ သိထားတာကအငှားကိုယ်ဝန်ဆောင်ပေးရမယ်ဆိုတာ။ လက်တွေ့မှာတော့ ကောင်မလေးနဲ့ သူဌေးပေါင်းပြီးကလေးမွေးပေးရမှာ။ သူဌေးရဲ့ ပုံစံကလည်း တည်ကြည်ဖြောင့်မတ်တဲ့ ပုံစံ၊ စာနာထောက်ထားတဲ့ပုံစံ၊ လူကြီးလူကောင်းပုံစံ ဆိုပဲ။ (စာရေးဆြာရဲ့ မှိုင်းတိုက် အာဘော်လေ)။

အဲ့လိုဖြစ်ပြီး သကာလ မိသားစုအခက်အခဲကြုံနေရတဲ့ကောင်မလေးက သူဌေးလင်မယားကိုသနားတာကတကြောင်း ငွေလိုနေတာကတစ်ကြောင်း အလုပ်ကိုလက်ခံလိုက်တယ်..တဲ့ ရေးထားတာ။ (ဘယ်လိုတွေမှန်းမသိပါဘူး၊ ဖတ်ရင်းမျက်စိလည်ထွက်သွားတယ်..ဟိဟိ)

အလုပ်ကိုလက်ခံလိုက်ပြီး..ဖြစ်သွားပါလေရော..သူဌေးနဲ့ကောင်မလေးနဲ့ .. ဒန်တန်တန်. (နူးညံ့သိမ်မွေ့စွာ ရေးသားထားပါတယ်။):P . ကောင်မလေးကို အလုပ်ကိစ္စနဲ့နယ်ဘက်ကိုပို့တယ်ဆိုပြီး ကလေးမွေးခိုင်းတယ်။ အဲ့ဒီကိစ္စကို လျှို့ဝှက်ချက်အဖြစ်ထားတယ်။ သူဌေးမိန်းမက သူ့ရဲ့ မျိုးဥ နဲ့ သူဌေးရဲ့ မျိုးဥ ကို အငှားကိုယ်ဝန်ဆောင်ခိုင်းတယ်ပဲ ထင်တာပေါ့။

နောက်ပိုင်းမှာ သူဌေးမိန်းမက တနည်းနည်းနဲ့ သိသွားတယ်။ အဲ့ဒီမှာပြသနာစတက်တာပဲ..။ သူဌေးမိန်းမက ကိုယ်ဝန်ဆောင်သည်ကောင်မလေးကို လူသတ်သမားတွေ လွတ်ပြီး လုပ်ကြံခိုင်းတယ်။လုပ်ကြံခံရတဲ့ ကောင်မလေးကို စတုထ္ထဇာတ်ကောင် ဆေးကုတဲ့ နာစ် အထီး (နာစ်မမဟုတ်) ဘဲတစ်ပွေက စောင့်ရှောက်ကယ်တင်တယ်။ ဒီဘဲကလည်း ဒီကောင်မလေးကို အပျိုစင် ကိုယ်ဝန်ဆောင်သည်ပဲ ထင်ထားတာ..။ ဒီဘဲက ကောင်မလေးကို သံယောဇဉ်တွယ်ပြန်ရော..။ (ကိုယ်ဝန်သည်ရုပ်ရည်ကြီးကို သဘောကျတဲ့ကောင်ကရှိသေး.. အဟေး.. :P )

ကောင်မလေး လုပ်ကြံခံရတာ သူဌေးသိသွားတော့ သူ့မိန်းမအပေါ်အချစ်ကုန်သွားပါလေရော..။ အဲ့ဒီအပြင် သူ့မိန်းမရဲ့ ဒေါသက ကြီးမားလွန်းတော့ ယောကျာင်္းသူဌေးအပေါ်တောင်အသက်ကိုရန်ရှာပါတယ်။ကလေးလည်းမွေးပြီးသွားရော.. သူဌေးနဲ့ သူ့ မိန်းမ ကွာရှင်းပြတ်စဲကြတယ်။ ကွာရှင်းပြတ်စဲပြီး သူဌေးက ကောင်မလေးကို အချစ်တွေတိုးလာတော့ ချဉ်းကပ်တာပေါ့။ ကောင်မလေးက စာချုပ်သဘောတူညီမှုထဲက အတိုင်း ပဲ.. မာနခပ်ကြီးကြီးနဲ့ အနားအကပ်မခံဘူး.....တဲ့ .။ (ဘယ်လိုမာန.. ဘယ်လိုစိတ်ကူးလဲမသိဘူး.. ဖတ်တဲ့ လူက ရယ်ချင်ရက်ပက်ကျိဖြစ်နေပြီ ..အဟီး)

နောက်ပိုင်း မှာမှ ဗုဒ္ဒဘာသာမြန်မာလူမျိုးတို့ ရဲ့ တရားကိုကိုးကားပြီးထည့်ရေးသွားပြန်တယ်။ သူဌေးမိန်းမ (ကွာရှင်းပြီးသား) က ခရီးသွားရာမှာ ကားမှောက်ပြီးသေသွားတယ်။ သူလုပ်တဲ့ကံ သူ့ပြန်ခံ ဆိုတဲ့ တရားသဘောကို ထည့်သွားတယ်..( အင်း..အခုမှ မြန်မာအိုင်ဒီယာအပြင် ဘာသာရေးသံဝေဃ ကိုထည့်ပေးသွားတယ်.. ၀ထ္ထုတစ်ပုဒ်လုံး ဘာမှန်းကိုမသိပဲ.. အခုမှ တရားနဲ့ ဖြေပေးလိုက်ပါတယ်..သေဟဲ့ မောင်စိုးထက်ရေ..ခဏ စူးစမ်းချင်စိတ်နဲ့ ဖတ်မိတာ မှားပေါ့)


သူဌေးမိန်းမ (ကွာရှင်းပြီး ) ကွယ်လွန်အနိစ္စရောက်ပြီးသကာလမှာ သူဌေးဟာ ကောင်မလေးကို ချဉ်းကပ်ပြီး အချစ်ကိုရယူသွားပါကြောင်း ။ ဘေးက အပျိုကိုယ်ဝန်ဆောင်သည်ထင်ပြီး ကပ်နေတဲ့ ဘဲလည်း အလိုလို ခွါသွားပါကြောင်း...... စာရေးဆရာက ဇာတ်ပေါင်းပေးလိုက်ပါတယ်။
ကောင်မလေးနဲ့ သူဌေးနဲ့ ..ဒန်...တန်....တန် .. အခန်းတွေကို သေချာလေးယဉ်ယဉ်ကျေးကျေး လေး အနည်းငယ်ချရေးထားပါတယ်။ ယဉ်ယဉ်ကျေးကျေးလေးဆိုပေမယ့် အဆိပ်အတောက်သင့်တဲ့ အရေးအသား တွေပါပဲ..။

အဲ့တာ အခု မြ၀တီက လွှင့်တဲ့ ကိုရီးယားဇာတ်လမ်းထဲက ကိုယ်ဝန်ဆောင် တဲ့ အခန်းကို အတိအကျ ထည့်ရေးထားပါတယ်ဗျာ။

ညီအစ်ကိုမောင်နှမများ.... အီကဲ့သို့ မြန်မာစာပေ တိုးတက်ဖွံ့ဖြိုးလာသည်ကို ဂုဏ်ယူဝင့်ကြွားကြပါကုန်.........ဒူ...ဝေ...ဝေ..ဝေ............. :P :P :P :P :P

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...