Friday, December 16, 2011

ငြိမ်းချမ်းရေးသည် နံပါတ်တစ်၊ အခွင့်အရေးကို မလွတ်တမ်း ဆုပ်ကိုင်ထားရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ဆို

by Moenge Aung on Friday, December 16, 2011 at 4:38pm
Popular News

မြန်မာနိုင်ငံအား ငြိမ်းချမ်းသော တိုင်းပြည်ဖြစ်ရန် လုပ်ဆောင်နိုင်သည့် အခွင့်အရေး ရှိနေသဖြင့် ယင်းအခွင့်အရေးကို မလွတ်တမ်း  ဆုပ်ကိုင်ထားရန် လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။  “တကယ့်ကို ငြိမ်းချမ်းတဲ့ နိုင်ငံဖြစ်အောင် လုပ်ဖို့ ကျွန်မတို့ အပေါ်မှာ တာဝန်ကျလာသလို   ဒီလို လုပ်နိုင်ဖို့ အခွင့်အရေးရတဲ့ အတွက်လည်း ကျွန်မတို့ဟာ တာဝန်ကျေသင့်ပါတယ်။ ကျွန်မတို့လက်ထဲမှာ အရင် ခေတ်အဆက်ဆက် မရခဲ့တဲ့ ငြိမ်းချမ်းရေးကို ရအောင် လုပ်နိုင်တဲ့ အခွင့်အရေးရနေပြီ ဆိုတဲ့ စိတ်နဲ့ ဒီအခွင့်အရေးကို လက်မလွှတ်တမ်း ဆုပ်ကိုင်ဖို့ လိုပါတယ်။ ဘာလို့လဲ ဆိုတော့ အခွင့်အရေး ဆိုတာ တစ်ခါတလေ တော်တော်နဲ့ မလာတတ်ပါဘူး” ဟု ၎င်းက ပြောသည်။
ယင်းကို ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၁၀ ရက်နေ့က ကြည်မြင်တိုင်မြို့နယ်၊ နတ်စင်လမ်းရှိ ရွှေညဝါ ပညာဗိမာန်၌ ပြုလုပ်သော ၎င်း၏ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခြင်း နှစ် (၂၀) ပြည့် ဂုဏ်ပြု အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
 ယင်းအခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်ပါက မကြာမီ ကာလအတွင်း ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး အပြည့်အဝ ကာကွယ် ပေးနိုင်သည့် တိုင်းပြည် ဖြစ်လာမည် ဖြစ်ကြောင်း ပြောသည်။ “ဒီနေ့တော့ ငါဘာဖြစ်ဦးမှာလဲ၊ ဘယ်သူက ရန်ပြုဦးမှာလဲ၊ ဘယ်သူက အနိုင်ကျင့်ဦးမှာလဲ၊ ဒီနေ့အတွက် ဝမ်းစာ ဘယ်လို ရှာရဦးမှာလဲ၊ ဒီပူပင်သောကတွေ ဘာမှမရှိဘဲနဲ့ အိပ်ရာက နိုးလာတာဟာ ငြိမ်းချမ်းရေးရဲ့ အရသာပဲ။ ပြည်သူပြည်သား အားလုံး အထူးသဖြင့် အခုချိန်မှာ ဆိုလို့ရှိရင် စစ်မက်တွေကြောင့် မို့လို့၊ အခက်အခဲတွေကြောင့် မို့လို့၊ ရန်လွှားမှုတွေကြောင့် မို့လို့ အေးအေးချမ်းချမ်း မနေရတဲ့ တိုင်းရင်းသားတွေကို စဉ်းစားမိတယ်။ ငြိမ်းချမ်းမှ ဒီနိုင်ငံဟာ သာယာမယ်။ ငြိမ်းချမ်းရေးဟာ နံပါတ်တစ်ပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ယင်းအခမ်းအနား၌ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၁ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့က ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ချီးမြှင့်ခံခဲ့ရပြီး ၎င်းနိုဘယ်လ်ဆု ရရှိခြင်း နှစ် (၂၀) ပြည့် ဂုဏ်ပြုအခမ်းအနားကို နိုဘယ်လ် ကျောင်းသားများက ဂုဏ်ပြုကျင်းပပေးခြင်း ဖြစ်သည်။

ပေါ်ပြူလာနယူးစ်သတင်းအဖွဲ့

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...