Sunday, December 11, 2011

မပြောင်းလဲနိုင်သေးတဲ့ ငါ

by Shwe Aeim Si on Monday, December 12, 2011 at 12:50pm
 
ငယ်ရွယ်လွတ်လပ်
အကန့်အသက်မဲ့စိတ်ကူးနဲ့
ငါ့ရဲ့အိမ်မက်ထဲမှာ
... ကမ္ဘာကြီးကိုပြောင်းပစ်မယ်
အသက်လေးရလာ
ပညာဆိုတာနည်းနည်းသိ
ပြန်ကြည့်လိုက်တော့မှ
ကမ္ဘာကြီးဟာကမ္ဘာကြီးပါပဲ။
အိမ်မက်ကိုဈေးဆစ်
ငါချစ်တဲ့ငါ့တိုင်းပြည်
တစ်ခုခုဖြစ်ရမည်ပေါ့
သည်တစ်ခါလည်း
တိုင်းပြည်ဟာတိုင်းပြည်ပါပဲ။
ဘ၀ရဲ့ဆည်းဆာချိန်
အိမ်မက်တွေအရှိန်ကုန်စ
ဇနီးမယားသမီးသားအတွက်
ပေးဆပ်ဖို့ကြိုးစားဆဲ
သူတို့လည်းသူတို့ဘာသာ
မိသားစုဟာဒီအတိုင်းပါပဲ။
သေရာညောင်စောင်း
လည်းလျောင်းချိန်ရောက်တော့မှ
ငါသိရပြီ(ပဌမဆုံးအကြိမ်ပါ)

ငါဟာငါဘဲ
ဘာမျှမပြောင်းလဲ။
စာကဗျာချစ်တဲ့ 
ရွှေအိမ်စည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...