Sunday, December 11, 2011

ဖဒိုမန်းငြိမ်းမောင် ကို မင်္ဂလာဒုံမှာ ရုံးထုတ်စစ်ဆေး


ပန်းသတင်းဂျာနယ်
ဒီဇင်ဘာ ၁၂၊ ၂ဝ၁၁


KNU တပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသားတစ်ဦး တရုတ်ပြည်မှ ရန်ကုန်လေဆိပ်သို့ လက်မှတ်အတုဖြင့် ဝင်ရောက်လာသဖြင့် မတရားအသင်းအက်ဥပဒေဖြင့် မင်္ဂလာဒုံတရားရုံးက ဒီဇင်ဘာ ၈ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။

သိုက်ထွန်း (ခ) ဖဒိုမန်းငြိမ်းမောင် ဆိုသူသည် သားထူးဇော် အမည်ဖြင့် နိုင်ငံကူးလက်မှတ် M-073525 ကိုင်ဆောင်၍ တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လွန်ခဲ့သည့် လပိုင်းအတွင်း လာရောက်ခဲ့ရာ လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်း ကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ပေါ်တွင် လေဆိပ်လဝကအတွက် တံဆိပ်တုံး အတုရိုက်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရ၍ လေဆိပ်ရဲစခန်းက (ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့်အရေးယူပြီး မင်္ဂလာဒုံတရားရုံးသို့တင်ပို့ရာ တရားရုံးက သိုက်ထွန်းအား အပြစ်ရှိကြောင်း စစ်ဆေးသိရှိရ၍ စက်တင်ဘာ ၂၇ ရက်က မင်္ဂလာဒုံတရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်းတစ်နှစ်ချမှတ်ခဲ့သည်။

"လေဆိပ်ရဲစခန်းက တာဝန်ရှိသူတွေအနေနဲ့ ပြည်ပအဝင်အထွက်တွေ စနစ်တကျ သေချာစစ်ဆေးတယ်။ မသင်္ကာတဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူလို့ ယူဆရင် သီးခြားအခန်းမှာ အဲဒီသူရဲ့ ပစ္စည်းတွေကို တစ်ခုချင်းစနစ်တကျစစ်ဆေးနေပါတယ်။ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပါတယ်" ဟု လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သိုက်ထွန်းဆိုသူကို ထပ်မံစစ်ဆေးချက်များအရ ၎င်းသည် တရားမဝင်အသင်းအဖြစ် ကြေညာထားသော ကရင်အမျိုးသားအစည်းအရုံး၊ KNU ဗဟိုကော်မတီဝင်၊ နောင်လွမ်းရာ၊ အုန်းပန်မြို့နယ် ထိုင်းနိုင်ငံမှဖြစ်ကြောင်း သိရှိရသည့် အပြင် ၎င်းသည် KNU တပ်မဟာ ၆ တွင်လည်းကောင်း၊ KNU အထူးတပ်ရန်း ၁၀၁ ဝမ်ခဂိတ်တွင် KNU အဖွဲ့ဝင်ဖြစ်ပြီး KNU ဗဟို ညီလာခံ ဗဟိုကော်မတီအဖြစ် ၎င်းတာဝန်ထမ်းဆောင်ခဲ့ကြောင်း စုံစမ်းသိရှိရသဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၏ (၃-၁၁-၁၈၈၉) ပါ အမိန့်ကြေညာစာ အမှတ် (၃/၈၉) ဖြင့် တရားမဝင်အသင်းအဖြစ် ကြေညာထားသော KNU တွင် တာဝန်ထမ်းဆောင်ခဲ့သည့် အတွက် သတင်းအဖွဲ့မှ တရားလိုပြုလုပ်ကာ တိုင်တန်းသဖြင့် မင်္ဂလာဒုံရဲစခန်းမှ (ပ) ၆၉၀/၁၁၊ မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဒီဇင်ဘာ ၈ ရက်တွင် အမှုဖွင့်ကာ ထပ်မံစစ်ဆေးလျက်ရှိသည်။
Posted by Moemaka at 7:30 PM 0 comments

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...