Thursday, December 1, 2011

မီးပြတိုက် သတင်းစုစည်းမှု

  1. ဟီလာရီကလင်တန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင် ထံ သွားရောက်တွေ့ဆုံ ၊
  2.  မြန်မာသတင်းထောက်တွေကို အမေရိကန်က အယုံအကြည် လုံးဝ မရှိ ၊
  3.  တောတွင်းလက်နက်ကိုင်အဖွဲ့များ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက် ၊
  4.  (၂၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် ခရီးသွားလုပ်ငန်းပြပွဲ ပုဂံတွင်ကျင်းပ ၊
  5. အာဆီယံ ဆက်သွယ်ရေးဝန်ကြီးများ ညီလာခံ နေပြည်တော်တွင် ကျင်းပမည်  ၊
  6. သန်း ၃၉၀ ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ဆောက်မည်  ၊ 
  7. ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများ ရှိနေပါက ၎င်းတို့ကို ဆူပူမှု၊ အုံကြွမှုအတွက်မပါဘဲ နိုင်ငံရေးကြောင့်ဆိုပါက အထူးကိစ္စ တစ်ရပ်အနေဖြင့် စဉ်းစားပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြား ၊
  8.  မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သတင်းထုတ်ပြန် ၊
  9.  မြန်မာနိုင်ငံတွင် ကမ္ဘာထိပ်တန်းဘဏ်ကိုယ်စားလှယ်ရုံး မကြာမီ ဖွင့်လှစ်မည်  ၊
  10.  မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင် ၊
  11.  မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံလိုကြောင်း ကမ်းလှမ်းမှုများ ၊
  12.  ဘဏ်အရစ်ကျ ငွေချေစနစ်ဖြင့် ကားဝယ်ယူနိုင်  ၊
  13.  ပြည်ပနိုင်ငံများမှ ကားအစီးရေ ၁၄၀၀ ကျော် ဒုတိယအသုတ် ထပ်မံရောက်ရှိမည် ၊
  14.  တာတာကားအရောင်းပြခန်း ၁၀ ခန်း လာဖွင့်မည်  ၊
  15.  ပြည်တွင်း၌ ပြန်ရောင်းမည် ဆိုပါက မည်သည့် နိုင်ငံမှမဆို ကား ထုတ်လုပ်ခွင့် ပြုမည်  ၊
  16.  တစ်ကမ္ဘာလုံးမှ ကားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည် ၊

ဟီလာရီကလင်တန် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် နှင့် နိုင်ငံခြားရေးဝန်ကြီး ဦဝဏ္ဏမောင်လွင် ထံ သွားရောက်တွေ့ဆုံ

23:04  Myanmar Express Group  5 comments

အမေရိကန် အဆင့်မြင့် အရာရှိ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တာဟန် နှစ် ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် အဖြစ် နိုဝင်ဘာ ၃၀ ရက်နေ့ မနေ့က ညနေကပဲ နေပြည်တော်သို့ ရောက်ရှိခဲ့ပါတယ်။ ဟီလာရီကလင်တန်နဲ့အတူ အရှေ့အာရှ ဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်းဘဲ နှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပေါ့စနာတို့ ပါဝင်ကြောင်းသိရပါတယ်။ မြန်မာနိုင်ငံ ဆိုင်ရာ အထူးသံတမန် ဒဲရက် မစ်ချယ်က မြန်မာ နိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးနှင့်အတူ လေဆိပ်ကို သွားရောက်ကြိုဆိုခဲ့ပါတယ်။ အမေရိကန်ဖက်က အဆင့်မြင့်အရာရှိ နိုင်ငံခြားရေးဝန်ကြီး တစ်ယောက်က တကူးတက လာရောက်ခဲ့ပေမယ့် မြန်မာနိုင်ငံဖက်ကတော့ ဒုတိယဝန်ကြီး ဒေါက်တာမျိုးမြင့် ကပဲ သွားရောက်ကြိုဆိုတာကို တွေ့ရပါတယ်။

လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် သိသာ ထင်ရှားတဲ့ ပြောင်းလဲမှုများ အပေါ် အမေရိကန် နိုင်ငံက အသိအမှတ်ပြုတဲ့ သင်္ကေတ တစ်ခုအနေဖြင့် လည်းကောင်း၊ မြန်မာ- အမေရိကန် ဆက်ဆံရေး ပိုမို တိုးတက် ကောင်းမွန်လာစေရေး၏ ခြေလှမ်း တစ်ရပ် အနေဖြင့် လည်းကောင်း လာရောက်ခြင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံဘက်မှ ကြည့်မည် ဆိုလျှင်လည်း အစိုးရသစ် လက်ထက် အိမ်နီးချင်း နိုင်ငံများနှင့် ဆက်ဆံရေးကို သာမက တစ်ကမ္ဘာလုံးနှင့် ဆက်ဆံရေး နယ်ပယ်ကို တိုးချဲ့လိုက်ခြင်းပင် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဘာလီကျွန်အစည်းအဝေးတုန်းကလည်း အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး တိုးတက်မှုတွေကို အသိအမှတ်ပြု ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရှိရာ ရုံးခန်းကို သွားရောက်တွေ့ဆုံခဲ့ပြီး မနက် ၁၀ နာရီ ခန့်က နိုင်ငံတော် သမ္မတကြီးကို သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရောက် ဟီလာရီကလင်တန်ကို မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာမျိုးမြင့် မှ ကြိုဆို

တွေ့ဆုံမိတ်ဆက်

ဟီလာရီကလင်တန်မှ ဦးဝဏ္ဏမောင်လွင်ထံ သွားရောက်တွေ့ဆုံ

နိုင်ငံခြားရေး ဝန်ကြီးအချင်းချင်း ဆွေးနွေးညှိနှိုင်း

ဟီလာရီကလင်တန်မှ နိုင်ငံတော် သမ္မတကြီး ရုံးခန်းသို့ သွားရောက် တွေ့ဆုံ

ကြုံတောင့်ကြုံခဲ နိုင်ငံတော် သမ္မတကြီးနှင့် အတူ

ဟီလာရီ ကလင်တန်နှင့် နိုင်ငံတော် သမ္မတကြီး တွေ့ဆုံဆွေးနွေး


ဟီလာရီကလင်တန် မြန်မာနိုင်ငံကို ရောက်မလာခင်ကတည်းက အမေရိကန် လုံခြုံရေးတွအများအပြား ရောက်နေကြာင်း သိရပါတယ်။ ကမ္ဘာပေါ်မှာ ဟီလာရီကလင်တန်နဲ့ အမေရိကန်ကို မကျေနပ်သူ အလွန်ပေါများပြီး လုပ်ကြံချင်သူ များတာကြောင့် ခရီးစဉ်အတွင်း လုံခြုံရေး တင်းကြပ်မှုတွေ ရှိတယ်လို့လည်း သိရပါတယ်။


အမေရိကန် လုံခြုံရေးအဖွဲ့များ


မြန်မာသတင်းထောက်တွေကို အမေရိကန်က အယုံအကြည် လုံးဝ မရှိ

08:37  Myanmar Express Group  17 comments


ဟီလာရီကလင်တန်လာတော့ စတုတ္ထမဏ္ဍိုင် များက နှစ်ပေါင်း ငါးဆယ် ကျော်ခွဲနေရတဲ့ အမေနဲ့ ပြန်တွေ့ရတဲ့ အလား ဝမ်းသာစိတ် ငယ်ထိပ်ရောက်ကာ အားကိုးတကြီးပြေးကြပါတယ်။ ဟီလာရီနဲ့တွေ့ရင် ဟီလာရီက အနည်းဆုံး လက်ပြ ပြုံးပြပြီး hi လို့တော့ နှုတ်ဆက်မှာပဲလို့ မျှော်လင့်ကြပါတယ်။ လေးစားအားကျရတဲ့ ဒီမိုကရေစီနိုင်ငံကြီးက ဆိုတော့ လွတ်လွတ်လပ်လပ် သတင်းယူလို့ ရမှာပဲပေါ့။ မျှော်လင့်ချက်တွေက တော့ အကြီးကြီးပါပဲ။ ဒါပေမယ့်လည်း မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘုး။ ဘာလို့လည်းဆိုတော သူတို့ အားကိုးတကြီး ပြေးကြိုချင်တဲ့ အမေရိကန်တွေက သတင်းထောက်တွေကို လုံးဝ မယုံမကြည်မရှိပါဘူး။ ဘယ်တုန်းကမှ အစစ်မခံဘူးတဲ့ နည်းတွေနဲ့ အမျိုးမျိုး စစ်ပါတယ်။

လွှတ်တော်အစည်းအဝေးတွေ ကျင်းပတုန်းက သတင်းထောက်တွေကို စစ်ဆေးတုန်းက အသံတွေကို ဆူညံပွက်လောရိုက်အောင် ထွက်ခဲ့ပါတယ်။ အမျိုးမျိုးတင်းကြပ်တယ်၊ လွတ်လပ်စွာ သတင်းယူလို့မရဘူးပေါ့။ အခုတော့ ဘယ်သတင်းထောက်မှ ဘာမှမပြောရဲကြပါဘူး။ ရှိတာအကုန်ထုတ် ဆိုတော့ အသာလေး ထုတ်ပြလိုက်တာပါပဲ။ တစ်ခွန်းမှကို ပြန်မပြောရဲကြပါဘူး။

အမေရိကန်လုံခြုံရေးတွေက တစ်ခါရှာတယ်၊ မယုံကြည်လို့ ထပ်ခါ ထပ်ခါ အကြိမ်ကြိမ်ရှာတယ်။ ဘာမှ ပြန်မပြောရဲဘူး။ အိပ်ထဲရှိသမျှ အကုန်ထုတ်ပြီး အောက်ချပြရတော့တာပဲ။ နေပြည်တော် လေဆိပ်ထဲမှာ သုံးကြိမ်တိုင်တိုင် စစ်ဆေးတာတွေ လုပ်ထားတာကို မယုံသင်္ကာနဲ့ပဲ လေယဉ်ကွင်းထဲရောက်တော့ ထပ်ပြီး စစ်ပြန်ပါသေးတယ်။
ခွေးတစ်ကောင်မှ လိုက်လံစစ်ဆေးစဉ်
ခွေးမှ လိုက်လံစစ်ဆေးနေစဉ် သတင်းထောက်များမှ ဘေးတွင် အသာရပ်စောင့်နေရ

မြန်မာသတင်းထောက်တွေ ဒီနေ့အစစ်ခံရသလိုမျိုး ဘယ်ကြာကူလီ ဝရမ်းပြေးမှ အစစ်မခံရဖူးပါဘူး။ သတင်းထောက် သိက္ခာ၊ သတင်းထောက် ကျင့်ဝတ်ဆိုတာတွေလည်း ဘာမှ မရှိတော့ပါဘူး။ မဟုတ်တာလုပ်မယ့်လူတွေလိုလို ခိုးချောင်ခိုးဝှက် လုပ်မယ့်လူတွေလိုလို ကြည့်တာတွေ ခံရပါသေးတယ်။ အမေရိကန်ဖက်က မြန်မာသတင်းထောက်တွေအပေါ် ယုံကြည်မှု လုံးဝ မရှိပေမယ့် သတင်းထောက်တွေကတော့ အမေရိကန်တွေကို အကြည်ညိုမပျက် ကိုးကွယ်နေကြတုန်းပဲ ရှိနေကြပါတယ်။

အယုံအကြည်မရှိလို့ အကြိမ်ကြိမ် စစ်ဆေးခံရတဲ့ သတင်းထောက်တွေထဲမှာ အခြားနိုင်ငံတွေက သတင်းထောက် အနည်းအကျဉ်းသာ ပါပေမယ့် မြန်မာနိုင်ငံက သတင်းထောက် ၆၀ ကျော်လောက်ရှိတယ်လို့သိရပါတယ်။

တောတွင်းလက်နက်ကိုင်အဖွဲ့များ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်
နိုင်ငံတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် ဆက်လက်လျှောက်လှမ်းနေခြင်း၊ တပ်မတော်အနေဖြင့်လည်း အဓိကလုပ်ငန်း တာဝန်ဖြစ်သော နိုင်ငံတော်ကာကွယ်ရေး တာဝန်အပြင် နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်သော ဒေသများ၌ ဒေသခံပြည်သူများနှင့် ပူးပေါင်းပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်တို့၏ သဘောထားအမှန်ကို သိမြင်လာကြသော သောင်းကျန်းသူအဖွဲ့ဝင်များသည် ၄င်းတို့၏ လုပ်ရပ်များအပေါ် နားလည်သဘောပေါက်လာပြီး နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်တို့၏ ရင်ခွင်သို့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်လျက်ရှိသည်။ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ်နယ်မြေအတွင်း အောက်တိုဘာ ၂၅ ရက်တွင် ကေအိုင်အေ(ကချင်) အဖွဲ့မှ ဒုတိုက်နယ်မှူးအဆင့်ရှိ အိုက်စံသည်လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် ဗိုလ်ကြီးအဆင့်ရှိ တက်ကယ်(ခ) အိုက်လီသည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်ငါးထောင့်၊ ဒုတပ်ခွဲမှူး အဆင့်ရှိ ဆန်နှုတ်သည် အမ်-၂၁ သေနတ်တစ်လက်၊ ကျည်ငါးထောင့်၊ တပ်ကြပ်အဆင့်ရှိ ကော်လာသည် အမ်-၂၁ သေနတ်တစ်လက်၊ ကျည်ငါးထောင့်တို့ဖြင့် လည်းကောင်း၊ နိုဝင်ဘာ ၂၂ ရက်တွင် ကေအိုင်အေ(ကချင်) အဖွဲ့မှ တပ်သားအဆင့်ရှိ ဟုန်ရှင်းကွမ်သည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးထောင့်၊ ပွိုင့်-၃၈ ပစ္စတိုတစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်လေးထောင့်၊ တရုတ်လက်ပစ်ဗုံးတစ်လုံး၊ တပ်သားအဆင့်ရှိ ရင်ကွယ်ရွှင်သည် အမ်-၂၂ သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည်ငါးထောင့်၊ တရုတ်လက်ပစ်ဗုံးတစ်လုံးတို့ဖြင့် လည်းကောင်း လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့ကြသည်။ အဆိုပါ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ခဲ့သူများအား နယ်မြေခံတပ်မှ တာဝန်ရှိသူများက လှိုက်လှဲပျူငှာစွာ ကြိုဆိုကြပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အလားတူ လက်နက်နှင့် ငြိမ်းချမ်းရေး လဲလှယ်ဝင်ရောက်ရန် ကျန်ရှိနေသေးကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။



(၂၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် ခရီးသွားလုပ်ငန်းပြပွဲ ပုဂံတွင်ကျင်းပ
w79_18 (၂၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ခရီးသွားလုပ်ငန်းအဖွဲ့ အစည်းအဝေး၊ ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲနှင့် ခရီးသွားလုပ်ငန်းပြပွဲများကို နိုဝင်ဘာ ၂၇ ရက်နေ့က ပုဂံမြို့ ရွှေနန်းတော် ဟိုတယ်တွင် အခမ်းအနားဖြင့် စတင်ကျင်းပခဲ့ကြောင်း သိရသည်။  ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ မဲခေါင်ဒေသခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(MTCO) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Mason Florence၊ အာရှပစိဖိတ် ခရီးသွားအသင်း (PATA) မှ အမှုဆောင် အရာရှိချုပ် Mr. Martin J. Craigs ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ မဟာမဲခေါင်ဒေသ ခြောက်နိုင်ငံမှ ခရီးသွားလုပ်ငန်း အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ၊ မြန်မာနိုင်ငံဟိုတယ်ဇုန် ၁၁ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးဌေးအောင်၊ မဲခေါင်ဒေသခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(MTCO) မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr. Mason Florence၊ အာရှပစိဖိတ် ခရီးသွားအသင်း (PATA) မှ အမှုဆောင် အရာရှိချုပ် Mr. Martin J. Craigs ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့မှ တာဝန်ရှိသူများ၊ မဟာမဲခေါင်ဒေသ ခြောက်နိုင်ငံမှ ခရီးသွားလုပ်ငန်း အဖွဲ့ခေါင်းဆောင်များ၊ နိုင်ငံကိုယ်စားပြု ယဉ်ကျေးမှုအဖွဲ့များ၊ မြန်မာနိုင်ငံဟိုတယ်ဇုန် ၁၁ ခုမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မဟာမဲခေါင်ဒေသတွင်း ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ တရုတ် ခြောက်နိုင်ငံ ခရီးသွားမြှင့်တင်ရေးအတွက် ရည်ရွယ်သော ယင်းပွဲတော်ကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ရွှေနန်းတော်ဟိုတယ်၊ ပုဂံနန်းမြင့်မျော်စင်တွင် နိုင်ငံအလိုက် ခရီးသွားလုပ်ငန်းဆိုင်ရာ ပြခန်းများ၊ မြန်မာနိုင်ငံအတွင်းရှိ ဟိုတယ်ဇုန် အသီးသီးမှ ပြခန်းများအပြင် ခရီးသွားလုပ်ငန်းဆိုင်ရာ စာတမ်းဖတ်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးသွားလုပ်ငန်းပြပွဲအား နိုဝင် ဘာလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့ထိ ကျင်းပမည်ဖြစ်ရာ ဗူးဘုရားတွင် ညဈေးတန်းခင်းကျင်း ခြင်း၊ မဟာမဲခေါင်ဒေသ ခြောက်နိုင်ငံ နိုင်ငံကိုယ်စားပြုအဖွဲ့ဝင်များ၏ဖျော်ဖြေ တင်ဆက်မှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်းလည်း သိရှိရသည်။


အာဆီယံ ဆက်သွယ်ရေးဝန်ကြီးများ ညီလာခံ နေပြည်တော်တွင် ကျင်းပမည်

အာဆီယံ ဆက်သွယ်ရေးဝန်ကြီးများနှင့် အကြီးတန်း အရာရှိကြီးများ တက်ရောက်ဆွေးနွေးမည့် 11th ASEAN Telecommunication and Information Technology Ministers Meeting (Telmin) နှင့် 12th ASEAN Telecommunication and Information Technology Seniors Officials Meeting(Telsom) အာဆီယံ ဆက်သွယ်ရေး ညီလာခံအား ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်နေ့ထိ နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန၌ ကျင်းပမည်ဟု သိရသည်။
အာဆီယံ ဆက်သွယ်ရေးဝန်ကြီးအဆင့် ညီလာခံမှာ ဒီဇင်ဘာလ ၅ ရက်နေ့ မှ ၇ ရက်နေ့အထိဖြစ်ပြီး အာဆီယံ အကြီးတန်းအရာရှိကြီးများ ညီလာခံမှာ ဒီဇင်ဘာလ ၈ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ယင်းညီလာခံတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ၏ ဆက်သွယ်ရေး ၀န်ကြီးများနှင့် အကြီးတန်းအရာရှိကြီးများမှ အာဆီယံနိုင်ငံများအတွင်း ဆက်သွယ်ရေးနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် ကိစ္စရပ်များအား အဓိကထား ဆွေးနွေးသွားမည်ဟု သတင်းရရှိပါသည်။
''Telmin နဲ့ Telsom ပွဲက အာဆီယံ ကိုးနိုင်ငံမှာ ကျင်းပပြီး သွားပါပြီ။ မနှစ်က မြန်မာနိုင်ငံမှာ ကျင်းပဖို့ အဆင်မပြေတာကြောင့် မလေးရှားနိုင်ငံက နှစ်ကြိမ်မြောက် လက်ခံကျင်းပခဲ့ရပါတယ်။ ဒီပွဲမှာ အာဆီယံနိုင်ငံတွေ အပြင် Dialogue Partners တွေ ဖြစ်တဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယားနဲ့ အိန္ဒိယနိုင်ငံတွေလည်း ပါဝင်မှာပါ'' ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။


သန်း ၃၉၀ ကျောက်မီးသွေး လျှပ်စစ် ဓါတ်အားပေး စက်ရုံ ဆောက်မည်


p_3_46_9
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ထိုင်းနိုင်ငံ ရစ်ချဘူရီခရိုင် လျှပ်စစ်ထုတ်ဝေ ဖြန့်ဖြူးရေးကုမ္ပဏီမှ ထားဝယ် ရေနက်ဆိပ်ကမ်း၌ ထိုင်းဘတ်ငွေ ၁၂ ကုဋေ (အမေရိ ကန်ဒေါ်လာ သန်းပေါင်း ၃၉၀) အကုန်ကျခံ၍ လျှပ်စစ် ဓာတ်အားပေး စက်ရုံတစ်ခုအား ၂၀၁၂ ခုနှစ်မှ စတင်၍ ရင်းနှီးမြှုပ်နှံတည ဆောက်သွားမည်ဟု သိရသည်။ 
အဆိုပါ ကုမ္ပဏီသည် ထိုင်း နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိက လျှပ်စစ် ဓာတ်အားထုတ်လုပ်သည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ကျောက်မီးသွေး အသုံး ပြု လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် လေး ထောင်ထုတ်လုပ်နိုင်သော လျှပ်စစ် ဓာတ်အားပေး စက်ရုံ တည်ဆောက် ရန်အတွက် ထားဝယ်ရေနက်ဆိပ် ကမ်း တည်ဆောက်ရေးတာဝန်ယူ ထားသည့် အီတာလျံ-ထိုင်း ဖွံ့ဖြိုး ရေးကုမ္ပဏီနှင့် သဘောတူ လက် မှတ်ရေးထိုးပြီးဖြစ်သည်ဟု ကုမ္ပဏီ ဥက္ကဋ္ဌဖြစ်သူ Noppol Milinthanggoon က ဆိုသည်။
ထိုစီမံကိန်း တည်ဆောက်ရေး နှင့်ပတ်သက်၍ ရစ်ချဘူရီ ကုမ္ပဏီ က ၃၀ ရာခိုင်နှုန်းပါဝင်ပိုင် ဆိုင်ပြီး အီတာလျံ-ထိုင်း ကုမ္ပဏီက ၇၀ ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်း၊ ထိုစီမံ ကိန်း၏ ပထမအဆင့်အနေဖြင့် လျှပ်စစ်ဓာတ်အား ၄၀ဝ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ် အားပေး စက်ရုံငယ်သုံးရုံကို ၂၀၁၂ ခုနှစ်မှ စတင် တည်ဆောက်သွား မည်ဖြစ်ပြီး ၂၀၁၄ ခုနှစ်တွင် ပြီး စီးမည်ဖြစ်ကာ ၄င်းစက်ရုံငယ်သုံး ရုံအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂ သန်းကုန်ကျ မည်ဖြစ်ကြောင်း၊ ဒုတိယအဆင့်အနေဖြင့် လျှပ်စစ်  ဓာတ်အား ၃၆၀ဝ မဂ္ဂါဝပ် ထုတ်ယ သုံးစွဲနိုင်သည့် စက်ရုံနှင့် တတိယ အဆင့်၌ လျှပ်စစ်ဓာတ်အား ၆၀ဝ မဂ္ဂါဝပ်ထုတ်ယူနိုင်မည့် လျှပ်စစ် ဓာတ်အားပေးစက်ရုံတို့ကို အသီး သီးတည်ဆောက်သွားမည် ဖြစ်ပြီး ထိုစက်ရုံများအတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ သန်းရင်းနှီး မြှုပ်နှံသွားမည်ဟု ၄င်းက ထပ်မံ ပြောသည်။
သူရထွန်း


ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများ ရှိနေပါက ၎င်းတို့ကို ဆူပူမှု၊ အုံကြွမှုအတွက်မပါဘဲ နိုင်ငံရေးကြောင့်ဆိုပါက အထူးကိစ္စ တစ်ရပ်အနေဖြင့် စဉ်းစားပေးနိုင်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြောကြား
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများရှိနေပါက ၎င်းတို့ကို ဆူပူမှု၊ အုံကြွမှု  အတွက်မပါဘဲ နိုင်ငံရေးကြောင့်ဆိုပါက အထူးကိစ္စတစ်ရပ် အနေဖြင့် စဉ်းစားပေးနိုင်ကြောင်း  ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက နိုဝင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မီဒီယာတစ်ခုက “ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့သူတွေ ရှိနေသေးတယ်လို့ သိရပါတယ်။ သူတို့ တွေကိုရော ဘယ်ကာလမှာ အကြွင်းမဲ့ လွှတ်ပေးဖို့ အစီအစဉ်ရှိပါသလဲ”ဟု မေးမြန်းချက်ကို ယင်းကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက “ဒီနေရာမှာ ဒီစကားနဲ့ပတ်သက်လို့ တစ်ဖက်နဲ့တစ်ဖက် ပေါ့လေ။ တစ်ဖက်နဲ့တစ်ဖက်ဆိုတာ အစိုးရဘက်နဲ့ တောင်းဆိုတဲ့ဘက် ပေါ့လေ။ ဒီလိုစကားရပ်အပေါ်မှာ အငြင်းပွားတာတော့ ရှိကောင်းရှိမယ်။ မိမိအနေနဲ့တော့ ဒီလိုအငြင်းပွားတဲ့ စကားရပ်ကိုမသုံးဘဲနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရတဲ့ အကျဉ်းသားများ(သို့မဟုတ်) နိုင်ငံရေးကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသား တွေရှိတယ်ဆိုလို့ရှိရင်လည်း အများနည်းတူ စဉ်းစားတဲ့နေရာမှာ သူတို့တွေ အတွက်တော့ ခုနကအမှန်တကယ်ပဲ ဒီဆူပူမှု၊ အုံကြွမှုအတွက် မပါဘဲ နိုင်ငံရေးကြောင့် ဆိုလို့ရှိရင်တော့ နိုင်ငံတော်အနေနဲ့ အထူးကိစ္စ တစ်ရပ်အနေနဲ့ စဉ်းစားနိုင်တဲ့ သဘောရှိပါတယ်။ လွှတ်တော်အနေနဲ့ လွှတ်တော် ဥက္ကဋ္ဌအနေနဲ့ ပြောမယ်ဆိုလို့ရှိရင်လည်း မိမိတို့လွှတ်တော်က ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ဆိုတာက ဒီလွှတ်တော် အစည်းအဝေးမှာပဲ လွတ်ငြိမ်းချမ်းသာခွင့် အပါအ၀င် သက်သာခွင့်ရရှိဖို့ အတွက် လွှတ်တော်အနေနဲ့လည်း အဆိုပြု ဆောင်ရွက်ခဲ့တာ ရှိပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရီက “အကျဉ်းသား ထပ်လွှတ်ပေးရေး ကိစ္စနဲ့ ပတ်သက်ပြီး လွှတ်တော်ထဲမှာလည်း ပြောကြတယ်။ အပြင်မှာလည်း ပြောကြတယ်။ လွှတ်ပေးဖို့ ကျန်သေးတယ်လို့ မြင်ပါတယ်။ ဒီမိုကရေစီ နိုင်ငံအဖြစ် သွားနေတဲ့နေရာမှာ ဒီမိုကရေစီရရှိရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ပြောဆို မျက်စိဖွင့်ပေးခဲ့တဲ့ ကျောင်းသားတွေ၊ လူငယ်တွေ၊ နယ်ပယ်အသီးသီးက လူတွေက အခု ကျွန်တော်တို့လုပ်နေတဲ့ လွှတ်တော်နိုင်ငံရေးမှာ တော်တော်လေးမပါကြသေးတာ တွေ့ရပါတယ်။ အဲဒီထဲက လူတချို့က ထောင်ထဲမှာ ကျန်နေကြတာကို တွေ့ရပါတယ်” ဟု ပြောကြားခဲ့သည်။


မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သတင်းထုတ်ပြန်

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် အချက်(၄)ချက်ပါ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်လိုက်ကြောင်း သိရသည်။
၁။ အာဆီယံ သဋိညာဉ်အရ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အခွင့်အရေးနှင့်တာဝန်ယူမှုများတွင် တန်းတူရည်တူရှိရမည်ဟူသော ပဋိညာဉ်ပါပြဌာန်း ချက်နှင့်လိုက်လျောညီထွေစွာ မြန်မာနိုင်ငံအား ၂၀၁၄ ခုနှစ်တွင် အာဆီယံအဖွဲ့၏ အလှည့်ကျ ဥက္ကဌတာဝန်ကိုဆောင်ရွက်ရန်အတွက် အာဆီယံအဖွဲ့ ၀င်နိုင်ငံများ၏ နိုင်ငံအကြီးကဲများ၊ အစိုးရအဖွဲ့အကြီးအကဲများက ဆုံးဖြတ်ခဲ့ခြင်းအပေါ် ကြိုဆိုပါကြောင်း။
၂။ အာဆီယံအဖွဲ့အကြီးအကဲများနှင့် အစိုးရအဖွဲ့အကြီးအကဲများ၏ ဆုံးဖြတ်ချက်သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုရေး-ယဉ်ကျေးမှုပူးပေါင်း ဆောင်ရွက်ရေးတိုးမြှင့်ရန်အတွက် အထောက်အကူပြုစေမည်ဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဥက္ကဌ အဖြစ် တာဝန်ယူဆောင်ရွက်လိုသကဲ့သို့ ဆောင်ရွက်နိုင်စွမ်းရှိကြောင်း။
၃။ အမေရိကန်ပြည်ထောင်စုမှ နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသို့ လာရောက်ခြင်းသည် ကောင်းမွန်သောအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူ့အခွင့်အရေး လေးစားလိုက်နာရေး စသည့်မူဝါဒများ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းကို နိုင်ငံတကာအသိုက်အ၀န်းက အသိအမှတ်ပြုရာရောက်ကြောင်း။
၎။ နှစ်ပေါင်း (၅၀) အတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ပထမဆုံးလာရောက်ခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မြင့်မားစေရန်အတွက် လမ်းစဖော်စေနိုင်သကဲ့သို့ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ရပ်တည်ထောင်ရေး အပြုသဘောဆောင်သော အခြေအနေများ ဖြစ်ပေါ်စေမည်ဟု ကော်မရှင်က မျှော်လင့်ပါကြောင်း ဖြင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကထုတ်ပြန် လိုက်သည်။

မြန်မာနိုင်ငံတွင် ကမ္ဘာထိပ်တန်းဘဏ်ကိုယ်စားလှယ်ရုံး မကြာမီ ဖွင့်လှစ်မည်


ကမ္ဘာ့ထိပ်တန်းဘဏ်တစ်ခုဖြစ်သည့် ပေကျင်းအခြေစိုက် တရုတ်စက်မှုစီးပွားဘဏ် Industrial and Commercial Bank of China (ICBC) ၏ ကိုယ်စားလှယ်ရုံးတစ်ရုံးကို လာမည့်ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်၌ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရသည်။ ကိုယ်စားလှယ်ရုံးအား အခန်း၆၀၁ ၊ SAKURA TOWER တွင်ဖွင့်လှစ်မည်ဖြစ်သည်။ တရုတ် စက်မှုစီးပွားဘဏ်သည် Stock Market တွင် တန်ဖိုး အမြင့်မားဆုံး ငွေစုသူအများဆုံးနှင့် ကမ္ဘာပေါ်တွင်အမြတ်ဆုံးရရှိထားသော ဘဏ်အဖြစ် ကမ္ဘာထိပ်တန်းတွင် ဦးဆောင်နေသည့် ဘဏ်ဖြစ်သည်။ ကမ္ဘာ့နိုင်ငံနှင့် ဒေသပေါင်း ၃၂ ခုတွင် ဘဏ်ခွဲနှင့် ကိုယ်စားလှယ်ရုံးခွဲ စုစုပေါင်း ၁၆၄၃၀ ကျော်ရှိကြောင်း သိရသည်။ ၂၀၁၀ ခုနှစ်တွင်ဘဏ်ငွေစာရင်းစုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂ ထရီလီယံကျော်ရှိပြီး တစ်နှစ်တာ အသားတင်အမြတ်အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံကျော် ရှိကြောင်း သိရှိရသည်။ “အခုအစိုးရသစ်လက်ထက်စီးပွားရေးပြောင်းလဲဖို့ စတင်လာတာတွေ့ရပါတယ်။ နောက်ဆို တရုတ်ကုမ္ပဏီတွေလည်း အရင်ကရှိတာထက် တဖြည်းဖြည်း ပိုတိုးလာတော့မှာပါ။ တရုတ်-မြန်မာနှစ်နိုင်ငံ စီးပွားရေး အရင်ထက်ပိုတိုးတက်အဆင်ပြေအောင်လို့ ရည်ရွယ်ပြီး ဖွင့်လှစ်တာပါ။ နိုင်ငံတကာမှာ ဘဏ်နှင့် ကိုယ်စားလှယ်ရုံးခွဲပေါင်း ၂၀၃ ခုတရုတ်ပြည်မှာ ၁၆၂၂၇ ခုရှိတယ်။ အခုလောလောဆယ်မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်ခွဲဖွင့်ခွင့်မရသေးလို့ ကိုယ်စားလှယ်ရုံးခွဲ အနေနဲ့ အရင်လာဖွင့်တာ။ ဒီက ကုန်သည်တွေရဲ့ အခြေအနေကိုလည်း လေ့လာချင်တယ်။ တိုးချဲ့သွားဖို့လည်း အစီအစဉ်ရှိပါတယ်။ နောက်ပိုင်းမြန်မာနိုင်ငံခြားကုန်သွယ်မှု ဘဏ်၊ Myanmar Foreige Trade Bank, မြန်မာ့စီးပွားရေးဘဏ်၊ Myanmar Economic Bank, မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဘဏ်၊ Myanmar Investment and Commercial Bank တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဦးမှာပါ” ဟု စက်မှု စီးပွားရေးဘဏ် ကိုယ်စားလှယ်ရုံးမှ ကိုယ်စားလှယ်တစ်ဦး ဖြစ်သည့် ရွှီယွင်ချိုင်မှ ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင်ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတကာသုံး VISA Card စတင်အသုံးပြုနိုင်


အကြွေးဝယ်ကတ် (Credit Card) စနစ်ကို ၁၉၉၇ ခုနှစ်ဝန်းကျင်တွင် စတင်အသုံးပြုခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့သော မြန်မာနိုင်ငံ၌ Online မှပစ္စည်းများ ဝယ်ယူနိုင်သည့် နိုင်ငံတကာသုံး VISA Card ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Web Host Myanmar ကုမ္ပဏီ၏ မန်နေဂျာဦးလွင်မျိုးက ပြောပြခဲ့သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကျင်းပခဲ့သည့် ICT ပြပွဲတွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကတ်အရေအတွက် ရာဂဏန်းပမာဏနီးပါး အသုံးပြုနေပြီဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားခဲ့သည်။ “ဒီကတ်နဲ့ ပြည်ပကနေ Domain တွေ၊ Hosting တွေ၊ Skype ငွေဖြည့်တာ စတဲ့ Online Payment တွေ ဝယ်ယူအသုံးပြုလို့ရတယ်။ အစိုင်အခဲပစ္စည်းတွေကိုတော့ မြန်မာနိုင်ငံကနေ ဝယ်လို့မရသေးဘူး” ဟု မန်နေဂျာ ဦးလွင်မျိုးက ရှင်းပြသည်။ အဆိုပါကတ်သည် နိုင်ငံတကာ၏ မည်သည့်နေရာတွင်မဆို ငွေထုတ်ယူနိုင်ပြီး မည်သည့်နိုင်ငံတွင်မဆို Online မှတစ်ဆင့် ယင်းကတ်ဖြင့် ပစ္စည်းများ ဝယ်ယူနိုင်ကြောင်း၊ ပြည်ပနိုင်ငံများ၌ Online မှ တစ်ဆင့် ပစ္စည်းများဝယ်ယူရာတွင် Visa, Master, Paypal အစရှိသော ကတ်များကို အသုံးပြုနေကြကြောင်း စင်ကာပူရောက် မြန်မာအမျိုးသားတစ်ဦးက ပြောကြားသည်။ မြန်မာနိုင်ငံတွင်မူ ယင်း VISA Card ဖြင့် အသုံးပြုနိုင်သည့် နိုင်ငံတကာ Website များတွင် လွယ်ကူစွာ ဈေးဝယ်ယူနိုင်ပြီး ကတ်ဝယ်ယူပြီးလျှင် ကတ်အစစ်ကို အပြင်သို့ ထုတ်ပေးခြင်းမရှိဘဲ ကတ်နံပါတ်၊ CCV Code, Expire Date တို့ကို info@webhostmm.net မှတစ်ဆင့် ကတ်ဝယ်ယူသူ၏ အီးမေးလ်လိပ်စာသို့ ပို့ပေးမည်ဖြစ်ကြောင်း၊ Online VISA Card လျှောက်ထားလိုပါက သုံးရက်မှ ငါးရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ဦးလွင်မျိုးထံမှ သိရှိရသည်။ အဆိုပါ VISA Card ဝန်ဆောင်မှုလုပ်ငန်းလုပ်ရန် စင်ကာပူနှင့် ထိုင်းနိုင်ငံတို့ရှိ ဘဏ်များတွင် ဘဏ်စာရင်း(Bank Account) တစ်ခုစီ ဖွင့်ထားပြီး အမေရိကန်ပြည်ထောင်စုမှ VISA Card ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီဖြင့် ချိတ်ဆက်ထားကြောင်း ၄င်းကထပ်လောင်း ရှင်းပြခဲ့သည်ဟု ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။


မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြုပ်နှံလိုကြောင်း ကမ်းလှမ်းမှုများ

အမေရိကန်လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်မြှုပ်နှံလိုကြောင်း အမေရိကန်သံရုံး ယာယီတာဝန်ခံမှတစ်ဆင့် အမေရိကန်လုပ်ငန်းရှင်များမှ ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။ ယင်းအပြင် ဂျာမဏီ၊ ဆွီဒင် နှင့် နော်ဝေနိုင်ငံအပါအ၀င် အီးယူနိုင်ငံအချို့မှလည်း လာရောက်ရင်းနှီးမြှုပ်နှံခြင်း၊ နည်းပညာများ လာရောက်ထောက်ပံ့ခြင်းများ ပြုလုပ်လိုသည်ဟု ပြောကြားထားသည်ဟု လည်းသိရှိရသည်။ "အမေရိကန်သံရုံး ယာယီတာဝန်ခံက ကျွန်တော့်ကို ပြောပါတယ်။ အမေရိကန်အစိုးရဘက်က တစ်ချို့လူတွေ လာရောက်မြှုပ်နှံချင်တယ်လို့ ပြောတယ်။ အမေရိကန်မှ မဟုတ်ပါဘူး ဆွီဒင်၊ နော်ဝေနဲ့ အီးယူနိုင်ငံတွေကလည်း လာရောက်မြှုပ်နှံပြီး နည်းပညာတွေ ထောက်ပံ့လိုတဲ့အကြောင်း အကြောင်းကြားထားပါတယ်"ဟု နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
ယင်းအပြင် ရန်ကုန်မြို့ကဲ့သို့ အချက်အခြာကျသည့် မြို့များတွင်သာ မဟုတ်ပဲ အခြား မြန်မာနိုင်ငံ၏ မည်သည့်နေရာတွင်မဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမည်ဆိုပါက ခွင့်ပြုပေးသွားမည်ဟုလည်း သိရသည်။
အဓိကအားဖြင့် မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ ခွင့်ပြုခြင်းဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု များပြားမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ များပြားလာခြင်းများ ရှိမည်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့ပါသည်။
"နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု များပြားလာမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ပေါများလာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်း ပေါများမှ လုပ်သားတွေရဲ့ နေ့စဉ်ဝင်ငွေ တိုးတက်လာ မှာပါ။ အခု မြန်မာက အရှေ့တောင်အာရှမှာ တစ်ရက်ဝင်ငွေ အနိမ့်ဆုံးနိုင်ငံထဲ ပါနေတာလေ။ ဘယ်နိုင်ငံက မဆို သတ်မှတ်ချက်နဲ့ ညီရင် အားလုံးကို မြှုပ်နှံခွင့်ပြုသွားမှာပါ။ မြန်မာနိုင်ငံရဲ့ ဘယ်နေရာမှာမဆို ဖွံ့ဖြိုးတိုးတက်အောင် မြှုပ်နှံမယ့် အားလုံးကို ခွင့်ပြုပေးသွားမှာပါ။ ဘယ်ကဏ္ဍမဆို မြှုပ်နှံချင်ရင် MIC မှာ လာပြီးတွေ့ဆုံဆွေးနွေးပါ။ အမြန်ဆုံး ပြန်ချပေးသွားမှာပါ" ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်း နှီးမြှုပ်နှံမှု စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်အထိ အမေရိကန် ဒေါ်လာ ၃၆ ဘီလျံကျော်ရှိပြီး အီးယူနိုင်ငံများ အနေဖြင့် အလုံးအရင်းဖြင့် မြှုပ်နှံမှုမပြုသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဟုသိရသည်။


ဘဏ်အရစ်ကျ ငွေချေစနစ်ဖြင့် ကားဝယ်ယူနိုင်

ဘဏ်အရစ်ကျ ငွေချေစနစ်ဖြင့် ကားဝယ်ယူနိုင်
မြန်မာနိုင်ငံ ဘဏ်များနှင့် ချိတ်ကာ သိန်းထောင်ချီတန် ကားများကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း အဝေးပြေး ယာဉ်လိုင်းများ တင်သွင်း ရောင်းချသည့် Greater Man ကုမ္ပဏီ စီမံခန့်ခွဲမှု ဒါရိုက်တာ ဦးဝင်းမျိုးချစ်က နိုဝင်ဘာလ ၂၁ ရက်နေ့ တွင် The Voice Weekly သို့ ပြောကြားသည်။
" လတ်တလောမှာ ကမ္ဘောဇနဲ့ ဧရာဝတီ နှစ်ဘဏ်လုံးနဲ့ လုပ်မှာပါ " ဟု ၎င်းက ဆိုသည်။
၎င်းတို့ ကုမ္ပဏီမှ တင်သွင်းသည့် ကားများမှာ အဝေးပြေး ခရီးသည်တင် ယာဉ်၊ မြို့တွင်း ခရီးသည်တင် ယာဉ်လတ်၊ ယာဉ်ငယ်များ ဖြစ်ပြီး ကျပ်သိန်းသုံးရာမှ သိန်းတစ်ထောင်ကျော် ထိရှိကြောင်း တာဝန်ခံ ဦးမြင့်ဦးက ဆိုသည်။
ယင်းကားများ ဝယ်ယူနိုင်ရန် အာမခံ နှစ်ဦး လိုအပ်ပြီး သက်ဆိုင်ရာ ဘဏ်တွင် ဘဏ်စာရင်းရှိသူ တစ်ဦးနှင့် ၎င်းတို့ ကုမ္ပဏီက အာမခံ ပေးရာတွင် လက်ရှိ လုပ်ငန်း၌ နာမည်ကောင်းဖြင့် ရပ်တည်နေသည့် ကုမ္ပဏီများကို ရွေးချယ်သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ တာဝန်ရှိသူက ပြောကြားသည်။
အဆိုပါ ဘဏ်များကို မေးမြန်းရာတွင် ၎င်းတို့ဘက်က ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း ဘဏ်မှ တာဝန်ရှိသူများက ပြန် လည် ဖြေဆိုကြပြီး ကမ္ဘောဇ ဘဏ်ကမူ လာမည့် ဒီဇင်ဘာလတွင် စတင်မည်ဟု ၎င်းတို့နှင့် လာရောက် ညှိနှိုင်းသည့် ကုမ္ပဏီ များနှင့် တာဝန်ရှိသူ ထံမှ သိရသည်။
ဘဏ်များ အနေဖြင့် အရစ်ကျငွေ ပေးချေစနစ် အတွက် ဝန်ဆောင်ခ ယူသော အတိုးနှုန်းများမှာ ကွဲပြားနေပြီး ကမ္ဘောဇ ဘဏ်ကမူ ငွေအကြေ ချေမည့် နှစ်ကာလအလိုက် တစ်နှစ်လျှင် တန်ဖိုး၏ ၇ ရာခိုင်နှုန်း၊ တစ်နှစ်လျှင် ၈ ရာခိုင် နှုန်း၊ သုံးနှစ်လျှင် ၉ ရာခိုင်နှုန်းဖြင့် အသီးသီး သတ်မှတ်ထားကြောင်း ယင်း ဘဏ်ချေးငွေဌာန မန်နေဂျာက ပြောကြားသည်။
ဘဏ်အသီးသီးတွင် နိုင်ငံခြားမှ ကားတင်သွင်းသည့် ကုမ္ပဏီများ၊ ပြည်တွင်း ကားထုတ်လုပ် ရောင်းချနေသည့် စက်ရုံများ၊ မကြာခင် ကားအရောင်းပြခန်း ဖွင့်လှစ်မည့် ကုမ္ပဏီများက အရစ်ကျ ငွေပေးချေ စနစ်ဖြင့် ရောင်းချရန် လာရောက် ညှိနှိုင်းနေမှုများ ရှိကြောင်း ပုဂ္ဂလိက ဘဏ်များထံမှ စုံစမ်း သိရှိရသည်။
" ကုမ္ပဏီတွေက လာညှိနှိုင်းနေတာ ရှိတယ်။ အခု လောလောဆယ် မဆုံးဖြတ်ရ သေးဘူး " ဟု ဧရာဝတီ ဘဏ်မှ အထွေထွေ မန်နေဂျာ ဦးကိုကိုဦးက နိုဝင်ဘာလ ၂၂ရက် နေ့တွင် ပြောကြားသည်။
ယခု မြန်မာနိုင်ငံ၌ ဘဏ်များကို စတင် အသုံးပြုသည့် အချိန် ဖြစ်သဖြင့် ဝယ်ယူလိုသည့်လူ သို့မဟုတ် အဖွဲ့ အစည်း တို့၏ အကြွေးစာရင်းများ ဘဏ်တွင် မရှိသဖြင့် ၎င်းတို့၏ ရာဇဝင်ကို စစ်ဆေးရန် မလွယ်ကြောင်း၊ အိမ်ကဲ့သို့ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းမှာ မစိုးရိမ်ရ သော်လည်း ရွှေ့ပြောင်း ပျက်စီးနိုင်သည့် ကားကဲ့သို့ ပစ္စည်းများ အတွက်မူ အချိန်ယူကာ စိစစ်ရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းစနစ်ကို ၂၀၀၇ ခုနှစ် အထိ လုပ်ကိုင်ခဲ့သည့် သမဝါယမ ဘဏ်မှ ဦးဆောင် ညွှန်ကြားရေးမှူး ဦးဖေမြင့် ကမူ " အရင် လုပ်တုန်းက ကားရောင်းပြီး ထွက်ပြေးသွားတဲ့ လူတွေ ရှိခဲ့တယ်။ အဲဒါကြောင့် မလုပ်သေးဘူး " ဟု ဆိုသည်။



ပြည်ပနိုင်ငံများမှ ကားအစီးရေ ၁၄၀၀ ကျော် ဒုတိယအသုတ် ထပ်မံရောက်ရှိမည်


ပြည်ပနိုင်ငံများမှ ကားအစီးရေ ၁၄၀၀ ကျော်သည် မြန်မာနိုင်ငံသို့ ဒုတိယအသုတ်အဖြစ် ဒီဇင်ဘာ ၄ ရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ဌာနမှ သိရသည်။ နှစ်ပေါင်း ၄၀ အထက် ကားများအား ၉၅ မိုဒယ်အထက်ကားများနှင့် လဲလှယ်ရေး အစီအစဉ်အဖြစ် ကားများမှာယူတင်သွင်းခဲ့ရာ ဒုတိယအသုတ် အဖြစ် ဂျပန်နိုင်နိုင်ငံနှင့် တရုတ်နိုင်ငံများမှ ကားများ အဆိုပါရက်တွင် ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ “ဂျပန်ကနေ ကားစီးရေ ၄၀၀ ကျော်လောက် ရောက်လာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံကတော့ ကား ၁၀၀၀ နီးပါးရောက်ဖို့ ရှိပါတယ်။ သူတို့ကိုလဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြည့်စုံရင် မကြာမီမှာဘဲ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဌာန အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ဂျပန်နိုင်ငံမှ ကားစီးရေ ၄၀၀ ကျော်အား MINDORO သဘောင်္ဖြင့် သယ်ဆောင်လာမည်ဖြစ်ပြီး တရုတ်နိုင်ငံမှ ကားစီးရေ ၁၀၀၀ အား Chang Yu သဘောင်္ဖြင့် သယ်ဆောင်လာမည်ဖြစ်ကာ ရန်ကုန်ဆိပ်ကမ်းသို့ ဒီဇင်ဘာ ၄ ရက်နှင့် ၅ ရက်တို့တွင် ဆက်တိုက်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ “ပထမအသုတ်အနေနဲ့ တင်သွင်းလာတဲ့ ကားတွေထဲကနေ အစီး ၁၀၀ ကျော်လောက် ထုတ်ပေးပြီးပါပြီ။ လေး၊ ငါးစီးလောက်ပဲထုတ်ဖို့ ကျန်နေပါသေးတယ်” ဟု ယင်းက ဆက်လက်ပြောသည်။ ပထမအသုတ်အဖြစ် ဂျပန်နိုင်ငံမှ တင်သွင်းလာသည့် ကားအစီးရေ ၁၁၀ အား နိုဝင်ဘာ ၅ ရက်တွင် ရန်ကုန်မြို့သို့ အိုးရှင်းဘလူး ကားကယ်ရီယာ သဘောင်္ဖြင့် ရန်ကုန်မြို့ ဆူးလေအမှတ်(၆) တံတားသို့ ရောက်ရှိလာပြီး အကောက်ခွန်ဦးစီးဌာနက မိုဒယ်မှန်ကန်မှုရှိ မရှိ စိစစ်ပြီး နိုဝင်ဘာ ၈ ရက်မှ စတင်ကာ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ယာဉ်ပိုင်ရှင်များအနေဖြင့် ပြည်ပနိုင်ငံများမှ ကားတင်သွင်းခွင့်ပြုရာတွင် ကယ်ရီယာများဖြင့် တင်သွင်းမှုများအပြင် တချို့ယာဉ်ပိုင်ရှင်များအနေဖြင့် မိမိတို့တင်သွင်းလိုသည့် ကားများကို ကားကုန်သေတ္တာများဖြင့် သယ်ဆောင်မှုများလည်း ပြုလုပ်ကြောင်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပသည်။

တာတာကားအရောင်းပြခန်း ၁၀ ခန်း လာဖွင့်မည်


အိန္ဒိယနိုင်ငံ တာတာကားကုမ္ပဏီက မြန်မာနိုင်ငံ တစ်ဝန်းမှာ ကားအရောင်းပြခန်း ၁၀ ခန်းဖွင့်လှစ်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို တရားဝင်လျှောက်ထားမှုတွေ ပြုလုပ်ထားကြောင်း သိရတယ်။ “တာတာကားအရောင်းပြခန်းတွေ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ပြီးသွားရင် ကားအသစ်တွေချည်းပဲ ရောင်းချပေးသွားမှာ၊ လူတန်းစားမရွေးအသုံးပြုနိုင်ဖို့အတွက် ရည်ရွယ်ပြီးရောင်းပေးမှာ” လို့ တာတာကားကုမ္ပဏီရဲ့ မြန်မာနိုင်ငံ တစ်ဦးတည်ကိုယ်စားလှယ်ဖြစ်တဲ့ Apex Greatest Industrial ကုမ္ပဏီမှ ဒါရိုက်တာ ဦးထူးအောင်လင်းက ပြောပါတယ်။ တာတာကားကုမ္ပဏီက မြန်မာနိုင်ငံအတွင်းရှိ ရန်ကုန်၊ ဖားကန့်၊ လားရှိုး၊ မုံရွာ၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပုသိမ်၊ မော်လမြိုင်၊ ဘားအံစတဲ့ မြို့ကြီး ၁၀ မြို့မှာ ကားအရောင်းပြခန်းတွေ ဖွင့်လှစ်ဖို့ လျှောက်ထားပြီး ရောင်းချမယ့် ကားတွေက တာတာ ကုမ္ပဏီထုတ် Safari, Xenon, Aria, Ace, Magic စတဲ့ ကားအမျိုးအစားတွေ ဖြစ်တယ်လို့ သိရတယ်။ “တာတာကားတွေ ပြပွဲမှာဖော်ပြထားတဲ့ ဈေးနှုန်းတွေထက် လျှော့ချပြီးရောင်းချမှ ပြည်တွင်းကလူတွေ ဝယ်ယူဖို့ စိတ်ဝင်စားကြမှာ၊ ပြပွဲမှာဖော်ပြထားတဲ့ တာတာကားဈေးနှုန်းတွေက အရမ်းများတယ်” လို့ ဟံသာဝတီ ကားဝယ်ရောင်းဈေးကွက်မှ ဝါရင့်ကားဝယ်ရောင်းတစ်ဦးက ဆိုပါတယ်။ တာတာကုမ္ပဏီက ကားအရောင်းပြခန်းတွေသာမက ကားဆားဗစ်စင်တာတွေပါ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။ တာတာကားကုမ္ပဏီက လက်ရှိ အချိန်မှာ စက်မှု (၂) ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး မကွေးမြို့မှာ အမေရိကန် ဒေါ်လာသန်း ၂၀ တန် အကြီးစားကုန်တင်ယာဉ် စက်ရုံတစ်ခုကို တည်ဆောက်ထားတယ်လို့လည်း သိရပါကြောင်း ၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင်ဖော်ပြထားပါသည်။

ပြည်တွင်း၌ ပြန်ရောင်းမည် ဆိုပါက မည်သည့် နိုင်ငံမှမဆို ကား ထုတ်လုပ်ခွင့် ပြုမည်

ပြည်တွင်း၌ ပြန်ရောင်းမည် ဆိုပါက မည်သည့် နိုင်ငံမှမဆို ကား ထုတ်လုပ်ခွင့် ပြုမည်
မြန်မာနိုင်ငံတွင်း၌ ပြန်လည် ရောင်းချ ပေးမည် ဆိုပါက မည်သည့် နိုင်ငံမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကို မဆို မြန်မာနိုင်ငံတွင် ကား ထုတ်လုပ်ခွင့် ပြုမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါသည်။
အဓိကအားဖြင့် ပြည်တွင်း၌ နိုင်ငံသားများ အလုပ်အကိုင်အခွင့် အလမ်းပေါများစေရန်အတွက် ဖြစ်ကြောင်း၊ ထုတ်လုပ်လိုသည့်နိုင်ငံများအနေဖြင့် MIC ဖြင့်လာရောက် ဆွေးနွေးနိုင်ကြောင်းနှင့် သတ်မှတ်ချက်ဖြင့် ညီပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
"ဘယ်နိုင်ငံကမဆို သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ခွင့်ပြုပေးသွားမှာပါ။ MIC နဲ့လည်းလာပြီး ဆွေးနွေးနိုင်ပါတယ်။ အဓိကအချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများအောင်လို့ပါ။ ဒီမှာက အလုပ်အကိုင် မပေါသေးတဲ့အတွက် ၀င်ငွေနည်းတယ်၊ ပြည်ပမှာထွက်ပြီး အလုပ်လုပ်ကြရတာတို့ ဖြစ်နေတာ။ ဒါကြောင့် Show Room ထက် ကားထုတ်လုပ်မယ်ဆို ပိုပြီးခွင့်ပြုပေးသွားမှာပါ။ Show Room ကနောက်မှသာ တစ်ဖြည်း ဖြည်းခွင့်ပြုမှာ။ Show Room ဆိုရင် လူလေး လေးငါးယောက်ပဲ အလုပ်ရမှာ။ ကားထုတ်လုပ်ရင် လူအများကြီး အလုပ်အကိုင်ရမှာ။ ဒါပေမယ့် ကားထုတ်လုပ်တဲ့အခါမှာတော့ ဘယ်နိုင်ငံ ဘယ်ကားကုမ္ပဏီရဲ့ Under License နဲ့ထုတ်မယ်။ ပြည်တွင်းမှာပဲ ပြန်ရောင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့တော့လိုတယ်။ Proton လည်းပေးမယ်၊ Toyota လည်းပေးမယ်။ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလာမှ နည်းပညာတွေ တိုးတက်လာမယ်၊ အလုပ်အကိုင်တွေ များလာမယ်။ Foreign Investment ၁၀၀% လက်ခံမယ်။ ရှေ့လျှောက် JV, PPP အကုန်လက်ခံပေးသွား မယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခဲ့ပါသည်။
"ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ လာဘ်ပေးလာဘ်ယူကြားရင် တိုင်ကြားပါ။ ဖြေရှင်းပေးမယ်" ဟု လည်း MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ထပ်မံ ပြောကြားခဲ့ပါသည်။



တစ်ကမ္ဘာလုံးမှ ကားကုမ္ပဏီများ မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်


မြန်မာနိုင်ငံတွင်း၌ ပြန်လည်ရောင်းချပေးမည်ဆိုပါက မည်သည့် နိုင်ငံမှ ကားထုတ်လုပ်သည့် ကုမ္ပဏီကိုမဆို မြန်မာနိုင်ငံတွင် ကားထုတ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့ပါ သည်။
အဓိကအားဖြင့် ပြည်တွင်း၌ နိုင်ငံသားများ အလုပ်အကိုင်အခွင့် အလမ်းပေါများစေရန်အတွက် ဖြစ်ကြောင်း၊ ထုတ်လုပ်လိုသည့်နိုင်ငံများအနေဖြင့် MIC ဖြင့်လာရောက် ဆွေးနွေးနိုင်ကြောင်းနှင့် သတ်မှတ်ချက်ဖြင့်ညီပါက အမြန်ဆုံး ပြန်လည် ခွင့်ပြုသွားမည်ဖြစ်ကြောင်းလည်း သတင်းရရှိပါသည်။
"ဘယ်နိုင်ငံကမဆို သတ်မှတ်ချက်နဲ့ ညီရင် အမြန်ဆုံး ခွင့်ပြုပေးသွားမှာပါ။ MIC နဲ့လည်းလာပြီး ဆွေးနွေးနိုင်ပါတယ်။ အဓိကအချက်ကတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါများအောင်လို့ပါ။ ဒီမှာက အလုပ်အကိုင် မပေါသေးတဲ့အတွက် ၀င်ငွေနည်းတယ်၊ ပြည်ပမှာထွက်ပြီး အလုပ်လုပ်ကြရတာတို့ ဖြစ်နေတာ။ ဒါကြောင့် Show Room ထက် ကားထုတ်လုပ်မယ်ဆို ပိုပြီးခွင့်ပြုပေးသွားမှာပါ။ Show Room ကနောက်မှသာ တစ်ဖြည်း ဖြည်းခွင့်ပြုမှာ။ Show Room ဆိုရင် လူလေး လေးငါးယောက်ပဲ အလုပ်ရမှာ။ ကားထုတ်လုပ်ရင် လူအများကြီး အလုပ်အကိုင်ရမှာ။ ဒါပေမယ့် ကားထုတ်လုပ်တဲ့အခါမှာတော့ ဘယ်နိုင်ငံ ဘယ်ကားကုမ္ပဏီရဲ့ Under License နဲ့ထုတ်မယ်။ ပြည်တွင်းမှာပဲ ပြန်ရောင်းပေးမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီဖို့တော့လိုတယ်။ Proton လည်းပေးမယ်၊ Toyota လည်းပေးမယ်။ ဘယ်နိုင်ငံကပဲ ဖြစ်ဖြစ်ပေးမယ်။ ရင်းနှီးမြှုပ်နှံမှုတွေလာမှ နည်းပညာတွေ တိုးတက်လာမယ်၊ အလုပ်အကိုင်တွေ များလာမယ်။ Foreign Investment ၁၀၀% လက်ခံမယ်။ ရှေ့လျှောက် JV, PPP အကုန်လက်ခံပေးသွား မယ်" ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် MIC ဥက္ကဋ္ဌ ဦးစိုးသိန်း က ပြောကြားခဲ့ပါသည်။
"ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ လာဘ်ပေးလာဘ်ယူကြားရင် တိုင်ကြားပါ။ ဖြေရှင်းပေးမယ်" ဟု လည်း  MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ထပ်မံ ပြောကြားခဲ့ပါသည်။

--
နောက်ထပ် သတင်းများအတွက် : http://groups.google.com/group/mayanmardailymail/subscribe


With Best Regards,

မီးပြတိုက်
http://www.mee-pya-tite.com/

Facebook စာမျက်နှာ
https://www.facebook.com/pages/%E1%80%99%E1%80%AE%E1%80%B8%E1%80%BB%E1%80%95%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9/124452107639442

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...