တရားဥပဒေစိုးမိုးစေချင်တယ်
by Wai Maw on Tuesday, December 13, 2011 at 1:42pm
- ပြည်ချစ်သား
-(၁၃-၁၂-၂၀၁၀)
မြန်မာနိုင်ငံတွင်မည်ကဲ့သို့ ပေါ်ပေါက်လာသည်ဖြစ်စေ လွတ်တော်နဲ့အရပ်သား အစိုးရဟူ၍ရှိနေပြီ။
နိုင်ငံတကာနဲ့မြန်မာအသိုင်း အဝိုင်းကြားမှာ ပြောင်းလဲမှုတွေကိုထောက်ခံသူတွေ အားပေးသူတွေ အများကြီးတွေ့လာ ရနေပြီ။
သို့တော် တိုင်းပြည်နဲ့ပြည်သူ တွေအတွက် မည်သည့်အကျိုးခံစားခွင့်တွေမရကြသေးပါ။
ဤနေရာတွင် တိုင်းပြည်ဖွံ့ဖြိုးတိုးတတ်စေလိုလျှင် ပြည်သူလူထုကြီး ပွားချမ်းသာစေလိုလျှင် အရေးအကြီးဆုံး အချက်မှာ တရားဥပဒေ စိုးမိုးရေးဖြစ်သည်။
တရားဥပဒေစိုးမိုးရေးဆိုသည်မှာတွင် ယခင် စစ်အစိုးရက အဓိပ္ပါယ်ဖွင့်ဆိုသကဲ့သို့ ငြိမ်ငြိမ်နေ ဘာမှပြန်မပြောနဲ့၊ ငါတို့ကို ဝေဖန်ခြင်းသည် ဥပဒေ ကိုချိုးဖောက်ခြင်း ဖြစ်သည် ဆိုသကဲ့သို့မဟုတ်ပါ။
ဥပဒေစိုးမိုးခြင်းဆိုသည်မှာ လူတဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်း တခုကိုဖြစ်စေ၊ နိုင်ငံတော်တခုလုံးကို ဖြစ်စေထိခိုက် နစ်နာအောင် လုပ်ခြင်းမှ ရှောင်ကျဉ်ခြင်းသည်။့
ဥပဒေစိုးမိုးခြင်းဖြစ်သည်။
ဤကားအကျဉ်းမျှယေဘုယျသာပြောခြင်းဖြစ်၏။
အကျယ်ချဲ့သော်ကား စာအုပ်တအုပ်ပင်ရေး၍ရပေသည်။
တရားဥပဒေစိုးမိုးရေးဆိုရာနှိုက် လက်နက်ကိုင်အဖွဲ့အစည်း သည် အရေးအပြီးဆုံးဖြစ်၏။
အဘယ်ကြောင့်ဆိုသော် လက်နက်ဆိုသည်မှာ သေနတ်ကိုပြောခြင်းဖြစ်၍ ထိုသေနတ်ဖြင့်ပစ်သော အခါ လူတွေသေနိုင်သောကြောင့် လူတို့သည် သေနတ်ကိုင်ထားသောသူတို့အားကြောက်ကြရ၏။
ပြီးခဲ့သည် နှစ် ၂၀ ကျော်ကာ လတို့ကိုကြည့်ပါ။
တို့အဖွဲ့အစည်းက တရားဥပဒေကိုတိကျစွာမလိုက်နာသောအခါ လူမှု အဖွဲ့အစည်း တခုလုံး ပျက်စီးသွား ပေသည်။
စိတ်ဓာတ်ရေးရာပျက်စီးခြင်း၊ ကိုယ်ကျင့်တရားပျက်စီးခြင်း၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုပျက်စီးခြင်း၊ အမှားများကို လူအများလုပ် ဆောင်နေကြ၍ ဒါကိုပင်အမှန်ဟုထင်နေခြင်းတို့ဖြစ်ပေ၏။
သို့သော်လက်ရှိလွတ်တော်နဲ့ အစိုးရသည်ထိုတရား ဥပဒေစိုးမိုးရေးကိစ္စ၊ လာဘ်စားမှုတိုက်ဖျက်ရေးကိစ္စ စသည့် အရေးကြီးကစ္စရပ်များကို ဥပဒေရေးဆွဲခြင်း၊ ဆွေးနွေးခြင်း၊ တိုင်ပင်ခြင်းမရှိသေးပါ။
တရားဥပဒေစိုးမိုးကိစ္စအရေးကြီးဆုံးအဖွဲ့များဖြစ်သည့် စစ်တပ်နဲ့ရဲတပ်ဖွဲ့များကိုလဲတားမြစ်ပိတ်ပင်ခြင်း၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ ပြည်သူပြည်သားများ၏ ဘဝလုံခြုံမှုအတွက် စီမံပေးခြင်းများကို မတွေ့ရသေးပါ။
ယခုလွတ်တော်မှ အစိုးရထဲတွင် တရားဥပဒေကိုချိုးဖောက်ခဲ့သော ချိုးဖောက် နေဆဲလဲဖြစ်သော သူတွေက အများဆုံးဖြစ် နေ၍လားတော့ မပြော တတ်ပါ။
အမှန်တကယ်ဆို ပြည်သူကိုယ်စားပြုသောအစိုးရ၊ ပြည်သူကိုယ်စားလှယ်ဟု ကိုယ့်ကိုယ်ကိုခံယူထားပါက တရားဥပဒေ စိုးမိုးရေးကိစ္စများကို အရင်ဆုံးဖော်ဆောင် သင့်လှပေသည်။
နိုင်ငံတနိုင်ငံလုံး တရားဥပဒေစိုးမိုးလာပါက လူအခွင့်အရေးလဲတန်း တူဖြစ်လာမည်။ လူတိုင်းသည်ချမ်းသာချင်ကြ၏၊
အသိဥာဏ်လဲရှိကြ၏။
တရားမျှတမှုရှိသော လူ့အခွင့်အရေးလဲအပြည့်အဝရှိ သော လူ့အဖွဲ့အစည်း သည် အလိုလိုဖွံ့ဖြိုး တိုးတတ် လာစမြဲဖြစ်သည်။
တရားဥပဒေစိုးမိုးရေသည် ဘာသာရေးနှင့်လည်းဆက်စပ်နေ၍ ဗြဟ္မာရ်စိုတရား ထွန်းကားရန် အတွက် တရားဥပဒေ စိုးမိုးသည် အရေးအကြီး ဆုံးဖြစ်သည်။
လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ တပါးသူအား နစ်နာအောင်မလုပ်ရဟု ဥပဒေစိုးမိုး ထားသောအခါ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည် ဖြစ်စေ လုပ်၍မရတော့ပါ။
- ချမ်းသာသောနိုင်ငံများနှိုက် ဥပဒေစိုးမိုးသော အခါ ဗြဟ္မာစိုရ်တရား ထွန်းကား၍ လူကိုပင် မပြောနဲ့ တိရိစ္ဆာန်ကိုပင် ရိုက်၍မရ၊
ဈေးဆိုင်နှိုက် ကလေးဘဲဝယ်ဝယ် လူကြီးပဲဝယ် ဝယ် ၅ ကျပ်တန် သည် ၅ ကျပ်ဘဲပေးရ၏။
လူကြီးတမျိုးနားမလည်သည့် ခလေးကို တမျိုးပြောရောင်း၍မရ။
မုဒိန်းမှုများတော့ ရှိတတ်၏။
ချက်ချင်းဖော်ထုပ် ချက်ချင်းအရေးယူအပြစ်ပေး၏။
ထိုနိုင်ငံတို့နှိုက် ဗုဒ္ဓဘာသာဝင်တို့၏ ငါးပါးသီလကိုနားမလည်ပါ သို့သော် တရားဥပဒေ စိုးမိုးသော အခါ ကံ ၅ ပါးကို ကျူးလွန်ဖို့ ခဲယဉ်းပါသည်။
မြန်မာနိုင်ငံမှာတော့ အကြီးဆုံးခေါင်ချုပ်မှနေ၍ ဥပဒေမဲ့ မိမိ မိသားစု ကောင်းစားရေး မိမိဘဝ လုံခြုံရေး တခုထဲသာလျှင် အဓိကထား၍ တိုင်းပြည်၏ မြေပေါ်မြေအောက်သံယံဇာတများ နိုင်ငံခြားမှ ကုန်သွယ်မှုများ မှန်သမျှကို အလွဲသုံးစား ပြုလုပ်ပြီး သောအခါတွင် တော့ ရှိရှိသမျှအရာရှိ သေးသေးကြီးကြီးတို့လဲ ဥပဒေကို အလွဲသုံးစားပြု၍ ကိုယ်သာလျှင် ချမ်းသာရေး လုပ်ဆောင် ခဲ့ကြ၏ - လုပ်ဆောင် နေကြဆဲဘဲလဲဖြစ်ပါသည်။
- ကုန်းလမ်းရေလမ်းမှ တရားဝင်ရော တရားမဝင်ရော မော်တော်ကားမှ အစအပ်တိုအဆုံး သူတို့သာလျှင် တင်သွင်းခဲံကြသည်။
အဆိုးဆုံးမှာသက်မဲ့ ပစ္စည်းသာမဟုတ် သက်ရှိပစ္စည်းတိုင်းတပါးမှ လူမျိုးများကိုမှတ်ပုံတင် ထုပ်ပေး၍ တင်သွင်ခဲ့ခြင်းပင်ဖြစ်သည်။
သက်မဲ့ပစ္စည်းကိုသုံး၍ ကုန်တတ်သော်လဲ သက်ရှိပစ္စည်းလူသားကို မည်သို့မျှ ထိန်းသိမ်း ၍ရနိုင်တော့မည် မဟုတ်ပါ။
တရားဥပဒေစိုးမိုးမှုမရှိသော တိုင်းပြည်သည်နိုင်ငံနဲ့ လူမျိုးပါကွယ်ပျောက် သွားနိုင်ပါသည်။
ဧရာဝတီမြစ်ဆုံကို လက်မတင် လေးကယ်တင် နိုင်လိုက် သော်လည်း မြန်မာနိုင်ငံထဲတွင် မြောက်မြှားလှစွာသော လုပ်ငန်းများ ကျန်ရှိနေ ပါသေးသည်။
ဤအရာအား လုံးတို့သည် တရားဥပဒေစိုးမိုးရေး အောက်နှိုက် ဆင်ခြင်တုံတရားဖြင့် လက်မှတ်ရေးထိုး ခဲ့သည့်စာချုပ်များ မဟုတ်သည်မှာ သေချာ လှပါသည်။
ဤကားသိသာထင်ရှားသောဖြစ်ရပ်များဖြစ်၍လူထုကြားထဲတွင်တဦးနဲ့တဦးမည်မျှအထိခေါင်းပုံဖြတ်၍စီးပွားရှာနေကြ သလဲဆိုသည်ကို မည်သူကမျှမပြောနိုင်ပါ။
ဆေးရုံဠ်ပိုက်ဆံမရှိ၍ ဆေးဖိုးမတတ်နိုင်သည့် လူနာများကိုအပြုံးမပျက်ကြည့်ရက်သူများ၊
ကျောင်းဝင်ကြေး၊ ဆရာကန် တော့ကြေး၊ ကျူရှင်ကြေးမတတ်နိုင်၍ ကျောင်းဆက် မတတ်နိုင်သော တပည့်များ ကိုကြည့်ရက်သော သူများ၊
ရပ်ကွက်ထဲအထိ သေနတ်နဲ့ လိုက်လံပစ်ခတ် သတ်ဖြတ်ရဲသော ရဲဘော်များ၊
မြေဂရမ် အိမ်ဂရမ်များကို တပါတ်ရိုက်၍ မိမိအပိုင် လုပ်ခဲံကြသောသူများ
- တခြားသူများကိုဖြတ်လမ်းဖြင့် ချမ်းသာချင်၍မရှိဆင်ရဲသား လယ်သမားထံ လယ်ကိုသိမ်းယူကာ အကွက်ရိုက် ရောင်းစားရဲသော အာဏာပိုင်ဆို သူများ တို့သည်ကိုယ်ချင်းစာတရားဆိုသည်မှာ ကြားပူးလိုက်မယ် မထင်ပါ။
တရားဥပဒေစိုးမိုးမှုမရှိသောအခါ ကိုယ်ချင်းစာတရားလဲပျက်ယွင်း သွားသော်အခါ သူတို့သည်လဲငါ့လူမျိုး ငါ့နိုင်ငံသား ငါနဲ့ဘာသာ စကားတူသော အုပ်စုဟူ၍သိတတ်သောမျိုးချစ်စိတ်ဓာတ်ကို ပျက်စီးစေပါသည်။
တိုကြောင့်မြန်မာနိုင်ငံသားအားလုံးတို့သည်တရား ဥပဒေ စိုးမိုးရေး အတွက် တဦးချင်း အနေဖြစ်နေ ဓဒူဝမိမိကိုကိုယ် အခြား သူတဦးကို သော်လည်းကောင်း အဖွဲ့အစည်းတခု ကိုလည်းကောင်း နိုင်ငံတော်တခုလုံးကို လည်ကောင်း ထိခိုက်နှစ်နာအောင်ပြု လုပ်ချင်း ရှိမရှိ ဝေဖန်သုံးသပ်ရ ပေမည်။
အကယ်ရပြုလုပ်ခဲ့သည်ရှိသော်သင်သည်တရားဥပဒေကိုချိုဖောက်ခဲ့ပေသည်။
- ပြည်ချစ်သား- ၁၃. ဒီဇင်ဘာ. ၂၀၁၁
-------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
0 comments:
Post a Comment