ပဲဟင်းအိုးနှင့် We Are The World
by Wei Lin Ting on Monday, October 3, 2011 at 6:56pm
အဲဒီမှာ ကုန်ထမ်းသမားရှိတယ်။ ပန်းရန်သမားရှိတယ်။ အ၀တ်လျှော်တဲ့သူရှိတယ်။ သူခိုး ရှိတယ်။ အရမ်းလှတဲ့ ဆံပင်နီနီ မီနီစကပ်နဲ့ တက်တူးထိုးထား တဲ့ ကောင်မလေးတွေလဲရှိတယ်အဲဒီမှာ။ ဘာလုပ်လဲတော့မမေးနဲ့  ကျွန်တော် လဲ သေချာမသိဘူး။ အ၀တ်မပါပဲလျှောက်သွားနေတဲ့ ကလေး လေးတွေလဲရှိတယ်။
ကျွန်တော်တို့ တွေကတော့ ခြေဦးတောင်မလှည့်ဖြစ်ပါဘူးအဲဒီဘက်။
ကျွန်တော်ပြောချင်တာက အဲဒီက ကလေးတွေအကြောင်းပဲ။ အဲဒီဘက်က ကလေးတွေများ ရပ်ကွက်ထဲလာရင် ဟိုအိမ်ကမောင်းလွှတ် ဒီအိမ်ကမောင်းလွှတ်။ သူတို့ လေးတွေက ၆နှစ်လောက်ကလေးဆို ရေသန့် ဘူးကောက်တယ်။ ကြီးတဲ့သူက ပလတ်စတစ်ကောက် အမှိုက်ပုံတကာမွှေပေါ့။
တစ်ခါသား ကျွန်တော့်ညီ ကို အောင်နီဦးက သူတို့  အလှူလုပ်တဲ့အကြောင်း ပြောပြတယ်။ဟေ့ကောင်ရာတို့ တွေ ကယ်ပါချောင်က ကလေးတွေကိုအလှူလုပ်တာတဲ့။ ကယ်ပါချောင်ဆိုတာ ကျွန်တော် ခုနပြောတဲ့ နေရာကိုဆိုလိုတာ။ ဘယ်လိုလုပ်လဲဆိုတော့ ပဲကုလားဟင်းနဲ့  ငါးပိကြော် လာသမျှ ကလေးတွေကို အ၀ကျွေးတာတဲ့။ သူကပြောပြတယ် ဟေ့ကောင် အလှူမှာအပင်ပန်းဆုံးအလုပ်က ဘာအလုပ်လဲသိလားတဲ့။ မသိပါဘူးကွာလို့ ဖြေတော့။
မှတ်ထားတဲ့ ပဲဟင်းအိုးထဲ ကလေးတွေမကျအောင် ဆွဲရတာ အပင်ပန်းဆုံးပဲတဲ့။ ဘယ်ဘ၀က ငတ်ပြတ်နေတဲ့ ကလေးတွေလဲမသိပါဘူးကွာတဲ့။
ဟင်းအိုးကမကျက်သေးဘူး သူတို့ က ချိုင့်တွေ ခွက်တွေနဲ့  အိုးနားမှာ လာပြုံ ၊ မောင်းထုတ်လိုက် ပြန်ဝိုင်းလာလိုက်နဲ့ တဲ့ ၃နှစ်လောက် ကလေးလေးတစ်ယောက်ဆို အိုးထဲကျပြီမှတ်တာ မနည်းဝိုင်းဆွဲ ရတယ်တဲ့။
ကျွန်တော် နားထောင်ပြီး စကားပြန်မပြောနိုင်ဘူး။ အော် ကလေးလေးတွေ၊ အ၀တ်ကိုမကပ်နိုင်ဘူး။ အော် သူတို့ လေးတွေ ပဲဟင်းနဲ့ ထမင်းစားဖို့ ကိုမီးပူမှာတောင် မကြောက်နိုင်ဘူး။ ခင်ဗျားတို့ အနားမှာရော အဲဒီလိုကလေးတွေရှိလား ။ ကျွန်တော်ကတော့ ငယ်ငယ်တည်းက နှစ်သက်ခဲ့တဲ့ we are the world
သီချင်းလေးကို သတိရတယ် ဘာတဲ့ ငါတို့ အားလုံးဟာ ဘုရားသခင်ရဲ့  မိသားစုကြီးတစ်ခုထဲကပါတဲ့။ ကျွန်တော်တို့ သူတို့ ဟာ လူသားတွေချင်းပဲနော။
မေတ္တာတရားဟာ လူသားတွေအလိုအပ်ဆုံးပါပဲတဲ့။ လှပတဲ့နေ့ တွေကို တို့တည်ဆောက်ကြရ မှာပါ ခုချိန်ကစလို့  ပေးကမ်းခြင်းကို စကြပါစို့ တဲ့။
ခင်ဗျားတို့ ကျုပ်တို့ အတွက် ပိုမိုကောင်းမွန်တဲ့ နေ့ ရက်တွေကို လုပ်ကြရမှာ အမှန်ပါတဲ့။
သီချင်းရေးတာကတော့ ကွယ်လွန်သွားတဲ့ you are not aloneကိုဆိုတဲ့ Michael Jackson နဲ့  Hello သီချင်းဆိုတဲ့  Lionel Richieထူးခြားတာက ၂ ယောက်လုံး လူမည်းတွေချည်းပဲဗျနော။
လူမည်းတွေ ရဲ့ နှလုံးသားက ဒီလောက်လှပတဲ့ သီချင်းလေးထွက်လာတယ်နော်။
သီချင်းလေးကို ခနခန ပြန်နားထောင်မိတယ် နားထောင်မိတိုင်း ပဲဟင်းအိုးနားက ကလေးလေးတွေကို တွေးပြီး စိတ်မကောင်းဖြစ်လာတယ်။
ခင်ဗျားလဲကြားဘူးပြီးသားပါ။
We Are the World
Written By: Michael Jackson and Lionel Richie
G C D G
There comes a time when we heed a certain call
C D G
When the world must come together as one
Em
There are people dying
D C D
And it's time to lend a hand to live, The greatest gift of all
တစ်ကမ္ဘာလုံး ပေါင်းစပ်နိုင်မယ့်နေ့ ကို တို့ ကြုံရမှာပါ
လူတွေကလဲသေနေကြတယ်
အသက်ရှင်ဖို့ အကူအညီတွေပေးရမယ့်အချိန် ငါတို့ အားလုံးရဲ့ အကြီးအမြတ်ဆုံးဆုလာဘ်ပါ
G C D G
We can't go on pretending day by day
C D G
That someone, somewhere will soon make a change
Em D
We are all a part of God's great big family
C
D
And the truth, you know, Love is all we need
အချိန်တိုင်း တို့ တွေ ဆက်ပြီးဟန်ဆောင်မနေနိုင်ပါဘူး
တစ်ယောက်ယောက်က တစ်နေရာရာမှာ မကြာမီပဲပြောင်းလဲပေးမှာ
တို့ တွေ ဟာ ဘုရားသခင်ရဲ့  ကြီးမားတဲ့ မိသားစုဝင်တွေပဲဟာ
အမှန်ပြောရင် မင်းသိသလိုပဲ မေတ္တာတရားကို တို့ လိုပါတယ်
Chorus:
C D G
We are the World, we are the children
C D G
We are the ones who make a brighter day so lets start giving
Em D
There's a choice we're making, We're saving our own lives
C D G
It's true we'll make a better day, just you and me
တို့ ကမ္ဘာ တို့ ကလေးတွေ
တို့ တွေဟာ လှပတဲ့နေ့ ကလေးကို တည်ဆောက်မယ့်သူတွေ
ဒီတော့ ခုပဲပေးဆပ်ခြင်းကိုစရအောင်လေ
ဒီမှာ ငါတို့ ရွေးချယ်ထားတာက
တို့ အသက်တွေကိုတို့ ကယ်နေတာ
အမှန်ပြောရရင် တို့ တွေ ပိုကောင်းတဲ့နေ့ ကလေးကိုတည်ဆောက်မယ်
မင်းတို့ နဲ့ ငါတို့ အတွက်ပဲလေ
G
C D G
Send them your heart so they'll know that someone cares
C D G
And their lives will be stronger and free
Em D
As God has shown us by turning stones to bread
C D
So we all must lend a helping hand
သူတို့ ကို မင်းနှလုံးသားပေးလိုက်ပါ
ဒီတော့ သူတို့ ကို ဂရုစိုက်မယ့်သူရှိတာ သူတို့ သိသွားမယ်လေ
သူတို့ ဘ၀လေးတွေ ပိုသန်မာလာမယ် ပိုလွတ်လပ်လာမယ်
ဘုရားသခင်က ကျောက်တုံးကိုပေါင်မုန့် ဖြစ်အောင်လုပ်ပြခဲ့သလို
ဒီတော့ တို့ တွေကူညီမယ့်လက်ကလေးတွေ လှမ်းကြရအောင်လား။
Repeat Chorus:
Cm D G
When you're down and out, there seems no hope at all
Cm D G
But if your just believe there's no way we can fall
Em D
Let us realize that a change can only come
C D
When we stand together as one
မင်းကျဆုံးနစ်မြုပ်ချိန်
မျှော်လင့်ခြင်းလဲမရှိနိုင်တော့
ချိန်မှာ
ဒါပေမယ့် မင်းဟာ ရှုံးနိမ့်ဖို့ လမ်းမရှိဘူးလို့ ယုံကြည်ထားလိုက်
အပြောင်းအလဲလေးတစ်ခုလာလိမ့်မယ့်
လို့ ယုံကြည်လိုက်ရအောင်
တို့ အတူတူတစ်စုတစ်စည်းတည်းရပ်တည်ေ
နချိန်မှာလေ။
Repeat Chorus:
ဘာသာပြန်တာကတော့ တော်သလိုပဲဗျ ကြည့်ကြပ်သာ ဖတ်လိုက်တော့။ အမေ့ကိုပြောထားတယ် ဒီတစ်ခေါက် ကျွန်တော့်တူလေးမွေးနေ့ ကျရင် ပဲဟင်းနဲ့ ထမင်းကျွေးရအောင်လို့ ။ ခင်ဗျားလာခဲ့ပါလား။ ပဲဟင်းအိုးထဲ ကလေးတွေမကျအောင် ၀ိုင်းဆွဲပေးဖို့ လေ။
(ကယ်ပါချောင်မှ ဗိုက်ပူနံကား ကလေးများသို့ အမှတ်တရ) (ဆင်းရဲမွဲတေမှုများ.. အစာရေစာမလုံလောက်မှုများ အမှန်တကယ်ပပျောက်ပါစေ)
0 comments:
Post a Comment