Saturday, October 22, 2011

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် ယှဉ်နိုင်ရန်အတွက် ငွေကြေးဈေးကွက် Stock & Share Market တစ်ခု တည်ဆောက်ရန် လိုအပ်နေသည်ဟုဆို

by Moenge Aung on Sunday, October 23, 2011 at 9:00am


Myanmar News Weeks

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာနှင့် ယှဉ်နိုင်ရန် အတွက် ငွေကြေးဈေးကွက် Stock & Share Market တစ်ခု တည်ထောင်ရန် မဖြစ်မနေ လိုအပ်နေကြောင်း၊  ထိုငွေကြေး ဈေးကွက်တွင် စာရင်းဝင် ကုမ္ပဏီများ ဖြစ်လာစေရန် အများပိုင် ကုမ္ပဏီများစွာ လိုအပ်ပါကြောင်း၊ ထို့ကြောင့် အသစ်အသစ် ပေါ်ပေါက်လာမည့် အများပိုင် ကုမ္ပဏီများ အကြားတွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ အုပ်စုကြီးသည်လည်း စွမ်းအားရှိသရွေ့ အရှိန်ပြင်းစွာဖြင့် တစ်တပ်တစ်အား ပါဝင်နိုင်ရန် အသင့်ပြင် စောင့်ဆိုင်းလျက် ရှိကြောင်းကို အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စု လီမီတက် (၁၃) ကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ဥက္ကဌ ဒေါက်တာ ခင်ရွှေမှ နှုတ်ခွန်းဆက် ပြောကြားသွားသည်။


အစု ရှယ်ယာရှင်များသို့ ပြောကြားခဲ့သည့် အဆိုပါ နှုတ်ခွန်းဆက်လွှာတွင် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စုသည် ယခုအခါ သက်တမ်း (၁၀) နှစ်အတွင်း ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ အစုရှယ်ယာများ ထည့်ဝင် ပံ့ပိုးခဲ့သော အစုရှယ်ယာရှင်များ ကုမ္ပဏီအုပ်စုဖြင့် ယနေ့အချိန်ထိ အစုပေါ် အမြတ် ၁၄၆% ပြန်လည် ထုတ်ပေးနိုင်ခဲ့ပြီးလည်း ဖြစ်ကြောင်း ငွေကြေးတန်ဖိုး အနေဖြင့် ကျပ်သိန်းပေါင်း (၄)သောင်းနီးပါးကို အစု ရှယ်ယာရှင်များသို့ ပြန်လည် ခွဲဝေပေးပြီးလည်း ဖြစ်ကြောင်း သိရသည်။

၂၀၀၇-၂၀၀၈ ခုနှစ်မှ စ၍ ကြုံတွေ့ခဲ့ရသော ဆောက်လုပ်ရေး လုပ်ငန်းများ တုန့်နှေး ကျဆင်းလာမှု ဂယက် ဘဏ်အချို့ လှုပ်ခတ်မှု ဂယက် အမေရိကန်နိုင်ငံမှ စတင်ခဲ့သော ၂၀၀၈ ခုနှစ် ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ဂယက်၊ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်နှုန်းများ တည်ငြိမ်မှု မရှိဘဲ မကြာခဏ အတက်အကျ ပြောင်းလဲမှုများခြင်း ဂယက် စသည့် အခက်အခဲများကို ဆက်တိုက် ကြုံတွေ့ရင်ဆိုင် ကျော်ဖြတ်ခဲ့ရကြောင်း၊ ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းမှ စ၍ တိုးမြှင့်ခွင့် မရရှိသော ကုမ္ပဏီ မှတ်ပုံတင်ကြောင့် ပြည်ပနိုင်ငံများ ပြည်ပ ကုမ္ပဏီများနှင့် ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများ လုံးဝ ရပ်တန့် သွားခဲ့ရကြောင်း၊ ထိုသို့ အခက်အခဲ အမျိုးမျိုးကြားတွင် ယနေ့ထက်တိုင် ကုမ္ပဏီ သက်တမ်းတိုးနိုင်ခြင်း မရှိဘဲနှင့် အစုရှယ်ယာရှင်များအား နှစ်စဉ် ထိုက်သင့်သော အကျိုးအမြတ် ထုတ်ပေးနိုင်ရန် အကြံပေး အဖွဲ့ ဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ ဝန်ထမ်း အဆင့်ဆင့်၏ ကိုယ်စွမ်းဉာဏ်စွမ်းဖြင့် ကြိုးပမ်းခဲ့ကြမှုကို အလေးအနက် အသိပေး တင်ပြလိုကြောင်းကို ဒေါက်တာ ခင်ရွှေက အစုရှယ်ယာရှင်များသို့ ပြောကြားသည်။

အဆိုပါ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စု လီမိတက်တွင် လူတန်းစား အလွှာအသီးသီးမှ အစုရှယ်ယာရှင်များ ပါဝင်ကြောင်း၊ စုစုပေါင်း အစုရှယ်ယာရှင် (၂၁၆၅) ဦး ရှိပြီး ၂၀၁၁ ခုနှစ် မေလကုန်အထိ အစုရှယ်ယာပေါင်း (၃၂၂၈၉၂) ရှိကာ အစုထည့်ဝင်ပြီးငွေ ကျပ်သန်း (၄၁၈၆.၂၄၈) ရှိကြောင်း ယင်း ကုမ္ပဏီအုပ်စု၏ ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

အများပြည်သူသို့ ရှယ်ယာများ ရောင်းချရာတွင် နှစ်ချုပ်စာရင်းများအရ အစုတစ်စုလျှင် တန်ဖိုး (၁) သောင်းနှင့် ပရီမီယံအဖြစ် (၄) ထောင် သတ်မှတ် ရောင်းချခဲ့ကြောင်း၊ ဒါရိုက်တာ တစ်ဦးသည် အစုရှယ်ယာ အနည်းဆုံး (၃၅၀၀) စုကို ပိုင်ဆိုင်ရမည်ဟု သတ်မှတ်ချက်အရ ဒါရိုက်တာ အရည်အချင်း သတ်မှတ်သည့် အစု (၃၅၀၀) ပိုင်ဆိုင်သည့် ဦးရေ (၂၉) ဦးကိုလည်း ပြန်လည်ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီအုပ်စု လီမိတက် (NDCG) သည် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွင်း နိုင်ငံတော်သို့ အခွန်အခများပေးရန် လျာထားပြီး အသားတင် အမြတ်ကျပ် (၄၄၅၆.၀၂) သိန်းရရှိခဲ့ပြီး Retain Earning မှာ ကျပ် (၅၆၄၁.၉၄) သိန်း ကျန်ရှိကြောင်း ယင်းကုမ္ပဏီ အနေဖြင့် အစုအပေါ် အမြတ်ငွေ ခွဲဝေရာတွင် ၂၀၀၂-၂၀၀၃ ဘဏ္ဍာရေးနှစ်မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အထိ အစုအပေါ် အမြတ်ငွေ ၁၄၆% ၊ ကျပ် (၃၉၆၉၀.၈) သိန်းကို ထုတ်ပေးခဲ့ပြီးဖြစ်ရာ အစု ထည့်ဝင်ထားသည့် ငွေထက် ၄၆% ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် NDCG အနေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်အတွက် အသားတင် အမြတ်ငွေကျပ် (၄၄၅၆.၀၂) သိန်း ရရှိပြီး လက်ကျန် Retained Earning နှင့်ပေါင်းလျှင် Retained Earning ကျပ် (၅၆၄၁.၉၄) သိန်း ပေါ်ထွက်လာခဲ့ကြောင်း ထို့ကြောင့် NDCG ဒါရိုက်တာအဖွဲ့မှ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ် အတွက် အစုရှယ်ယာရှင်များအား အမြတ်ခွဲဝေပေးမည့် ရာခိုင်နှုန်း အချိုးအစားကို ၁၂% အဖြစ် သဘောတူ သတ်မှတ်ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...