စီမံခန့်ခွဲမှု Management
Cloud Cuckoo Land created a doc.
စီမံခန့်ခွဲမှု ဆိုသည်မှာ ပြေလည်နိုင် သော အနေအထားသို့ ရောက်ရှိအောင် စီမံခန့် ခွဲခြင်းသာ ဖြစ်သည်။ သို့သော်လည်း ပြေလည် နိုင်သော အနေအထား ဆိုသည် မှာ လည်း စဉ်းစား စရာဖြစ် သည်။ များ သော အားဖြင့် စီမံခန့် ခွဲသူများ၏ ရည်ရွယ် ချက်နှင့် ဦးတည်ချက်ကိုသိရန် အရေးကြီး ဆုံးဖြစ်သည်။ ဘာကြောင့် ဤကဲ့သို့ စီမံခန့်ခွဲရသည်ကိုသိလျှင် စီမံခန့်ခွဲမှု သဘောတရားကို ခြေရာခံနိုင် သည်ဟု ပြောသူများလည်း ရှိလာကြသည်။ ရွှေစွန် ည.ို ဘာကိုလိုလို့ ဝဲပါတယ်ဟူသော ကြောင့်သည် အရေးကြီးသည်။ တစ်ခါ တလေတော့လည်း အသားလိုလို့ အရိုး တောင်းသည် လည်းရှိသည်။ဖွံ့ဖြိုးပြီးနိုင်ငံ များ၏ စီမံခန့်ခွဲမှုအပိုင်းနှင့်ဖွံြ့
ဖွံ့ဖြိုးဆဲ နိုင်ငံများ၏ စီမံခန့်ခွဲမှုတို့တွင် ပညာသား ပါသည်ဟုဆိုကြသည်။ အတိမ်အနက်ကို နားမလည်နိုင်ကြဟုလည်းဆိုသည်။ ဗောင်းတော်ညိတ်လျှင် စိတ်တော်သိသော သူများသာ အဆင်ပြေနိုင်ကြသည်ဟု ဆိုသည်။ အဖွဲ့အစည်းဆိုင်ရာလမ်း ကြောင်းအတိုင်းသွားသော စီမံခန့်ခွဲမှု (Institutional Management) ထက် လူတစ်ဦးတစ်ယောက်၏ စီမံခန့်ခွဲမှု (Individual behaviour management) က ပိုအရေးကြီးသည်ဟု ဆိုကြသည်။ များသောအားဖြင့် စီမံခန့်ခွဲမှုတိုင်းတွင် စီမံခန့်ခွဲသူများဘက်လိုက်မှုသည်
အချို့ကလည်း အဖွဲ့အစည်းသဘော နှင့် အဖွဲ့အစည်း၏ ဦးစီးသဘောတို့ တစ်ထပ်တည်းကျနိုင်သည့် စီမံခန့်ခွဲမှု ဖြစ်မည်ဆိုလျှင် အကောင်းဆုံးဖြစ်သည်ဟူ သော ရှဥ့်လည်းလျှောက်သာ ပျားလည်း စွဲသာသော သို့မဟုတ် သောင်မတင် ကမ်း မကျသော စီမံခန့်ခွဲမှုကို ပြောလာသူလည်း ရှိသည်။ စာရေးသူသည် လူကြီးတစ်ဦးနှင့် အတော်ကြာကြာ အလုပ်လုပ်ဖူးသည်။ သူမပြေလည် တိုင်း စီမံခန့်ခွဲမှုအစည်း အဝေးတွင် ပြောသည့်စကားတစ်ခွန်းရှိ သည်။ ခင်ဗျားတို့ကလည်း ကျွန်တော့် ဘက်ကိုလည်း ကိုယ်ချင်းစာကြည့်ကြ ဦးလေဗျာဟူသော စကားဖြစ် သည်။ အမြဲ ပြောနေကျ စကားဖြစ်သောကြောင့် သူ့ ပြောစကားနှင့်သူ့လုပ်ရပ်ထပ်တူကျ
ဖြစ်လေ့ဖြစ်ထဟု ဆိုရခြင်းမှာလည်း ကိုယ်လုပ်နေသော အပိုင်း၊ ကိုယ်ကျွမ်းကျင်သော အပိုင်း လောက်နှင့်ပင် တွေးကြသောကြောင့်ဖြစ် သည်။ ကြော်ငြာကဏ္ဍနှင့် ကျွမ်းကျင်သော မန်နေဂျာ ဖြစ်လျှင် လုပ်ငန်းတစ်ခု အောင် မြင်ကြီးပွားမှု အခွင့်အလမ်းသည် ကြော် ငြာအားကောင်းမှုအပေါ်တွင်သာမူတည် သည်ဟူသော ထင်မြင်ချက်မျိုးကို ပေး တတ်ပါသည်။ အရောင်း ဌာနမန်နေဂျာ ဆိုလျှင်လည်း လုပ်ငန်းအောင်မြင်မှု ကောင်းကောင်း ရရှိစေရန်အတွက် ကျွမ်း ကျင်သော အရောင်းဝန်ထမ်းကောင်း ကောင်းများ လိုအပ်သည်ဟု တင်ပြမည် သာဖြစ်ပါ သည်။ ထို့အတူ သုတေသန လုပ်ငန်းဌာနကလည်း လုပ်ငန်းအောင်မြင် မှုသည် သုတေသနနှင့်ဈေးကွက်စစ်တမ်း များ ကောက်ယူရရှိမှုအပေါ်မူတည်ပြီး သုံးသပ်ဆုံးဖြတ်ခြင်းမှ ရယူနိုင်မည်ဟူ သော အစွဲလည်း ရှိနိုင်ပါသည်။ သို့သော်လည်း လုပ်ငန်းကြီးတစ်ခု အောက်တွင် ထိုကဲ့သို့သော ဌာနများ ၏ “မိမိဌာနသည်သာ အရေးပါသည်။ အရေးပါသည့် အလျောက် အားကြိုးမာန် တက် လုပ်ဆောင်ကြမည်” ဆိုလျှင် မကြာ မြင့်မီ ထိုလုပ်ငန်းသည် “ကျရှုံးမှု” ဖြင့် ရင်ဆိုင်သွားရမည်ဟုဆိုပါသည်။
အဓိက အကြောင်းရင်းမှာ ကိုယ့်လုပ်ငန်းသည်သာ အရေးကြီးဆုံးဟု ထင်မှတ်ပြီး လုပ်ကိုင်နေ သောကြောင့်ဖြစ်သည်။ တစ်နည်းအားဖြင့် တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ တစ်ဖွဲ့ချင်း သာကောင်းသော စီမံခန့်ခွဲမှုဖြစ်သည်။ ထိုသို့ ထင်နေတတ်သော လူများ၊ ကိုယ့် အဖွဲ့အစည်းမှ လူများသာ အတတ်ဆုံး၊ သူတို့လောက်သူတို့လုပ်ငန်းအပေါ် သစ္စာ ရှိသူပင်လျှင် သူတို့လောက်သစ္စာမရှိဟု ထင်နေသူများ၊ သူတို့ထက်ပိုချစ်တတ် သောသူပင်လျှင် သူ့တို့လောက်မချစ်တတ် ဟုထင်နေတတ်သော စိတ်ကြီးဝင်၊ လေ ဝင်များ၍ ပူဖောင်းဖြစ်နေသူများ စီမံခန့် ခွဲမှုအတွေးများကြောင့် လုပ်ငန်းကျဆင်း သွားရခြင်းကြောင့်ဖြစ်သည်။ တစ်နည်း အားဖြင့် လုပ်ငန်းအလိုက် စီမံခန့်ခွဲမှု ကောင်းသည့်တိုင် လုပ်ငန်းအချင်းချင်း ချိတ်ဆက်သော စီမံခန့်ခွဲမှု (Network management concepts) များမရှိသော ကြောင့် လုပ်ငန်းပျက်စီးရခြင်းဖြစ်သည်။
ထိုလုပ်ငန်းအချင်းချင်း ချိတ်ဆက် လုပ်ကိုင်တတ်သော ကွန်ရက်စီမံခန့်ခွဲမှု ကောင်းစေရန်အတွက် Top level manager ကောင်းကောင်းလိုအပ်သည် ဟုဆိုပါသည်။ Top level manager ကောင်းကောင်း လိုအပ်သည်ဆိုသော သဘောကို လက်ခံနိုင်သော်လည်း မည်သို့ ပင် Top level manager ကောင်းသည် ဖြစ်စေ middle level နှင့် front line managers များ၏ ကိုယ့်အဖွဲ့အစည်း အတွက်သာ ကိုယ်တွက်တတ်သော စီမံခန့်ခွဲမှု စိတ်ဓာတ်အမြစ်တွယ်နေမည် ဆိုလျှင် လုပ်ငန်းတိုးတက်မှုသည် ပိုးသာ ကုန် မောင်ပုံစောင်းမတတ်သည့် လုပ်ငန်း မျိုးဖြစ် တတ်ပါသည်။ လုပ်ငန်းအခေါ်အရတော့ Individual agendas တွေက Company Agendas တွေအပေါ် လွှမ်းမိုးနေသောကြောင့် ဖြစ်သည်။ တစ်ခါက စာရေးသူ အလုပ် လုပ်ခဲ့ဖူးသည့် စီးပွားရေး တက္ကသိုလ်သို့ အရေးပါသော ပုဂ္ဂိုလ်ကြီးလာရောက် မိန့်ခွန်ြးွေခဖူးသည်။ လောကတွင် အတော် ဆုံးလူများသည် ဆရာဝန်များသာဖြစ် သည်ဟူသော စကားဖြင့် အစချီသည်။
အကြောင်းမှာ သူသည် ဆရာဝန်ဖြစ်နေ သောကြောင့်ဖြစ်သည်။ နားထောင်သူ အားလုံးမှာ တာဝန်အရ နားထောင်ခြင်း ဖြစ်သောကြောင့် ပြီးရင် လက်ခုပ်တီးပေး ရန်အတွက်သာ စိတ်ဝင်စား သည်။ နိဂုံးချုပ်အမေး လုပ်ငန်း တိုးတက်မှုဘာရှိ လဲဟုမေးလျှင် လုပ်ငန်း မတိုးတက်သည် သာမက ကျဆင်းသွားသည့် လမ်းကြောင်း ပေါ်သို့ ရောက်သွားပါတော့သည်။ အကြောင်းမှာ လူကြီး ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်လုပ်ကိုင်တတ်
အသက်ရှည် သရွေ့၊ အသက်ရှင်သရွေ့ အမြဲပန်းတိုင် သို့မရောက်ရောက်အောင်လှမ်းနေရ သော ပြိုင်ပွဲများသာဖြစ်သည်။ ပန်းတိုင် များသည်လည်း တစ်ခုလည်း မဟုတ်၊ တစ်ခုပြီး နောက်တစ်ခုရှိနေတတ်သော ပန်းတိုင်များသာဖြစ်သည်။ ထိုလုပ်ငန်းကို စီမံခန့်ခွဲမှုသည်လည်း ထပ်တူထပ်မျှ လိုက်ပါနေရမည်ဖြစ်သည်။ စီမံခန့်ခွဲမှု ဆိုသည်မှာ မျက်ခြည်ပြတ်ကောင်းသော အရာ မဟုတ်ပါ။ Management must never relax its vigilance ဟူသော စကားလည်းရှိသည်။ လုပ်ငန်းကို ခန္ဓာ ကိုယ်နှင့် နှိုင်းမည်ဆိုလျှင် စီမံခန့်ခွဲမှုသည် နှလုံးသာဖြစ်တော့သည်။ နှလုံးဆို တော့ အရေးကြီးသည်။ နှလုံးလှဖို့တော့ လိုမည် ထင်သည်။ ထိုနှလုံးလှမှလည်း သင့်ခန္ဓာ ကိုယ်သည် အမြင်တင့်တယ်မည်ဖြစ် သည်။ နှလုံးလှမှလည်း ကိုယ်ရောင်ကိုယ် ဝါ တောက်ပမည်ဖြစ်သည်။
ကိုယ်ရောင် ကိုယ်ဝါတောက်နေသူများကိုလည်း ကြည့် လျှင် နှလုံးလှသူများဖြစ်သည်။ စီမံခန့်ခွဲ ကောင်းသော လုပ်ငန်းနှင့်စီမံခန့်ခွဲမှု မကောင်းသော လုပ်ငန်းများကို ကြည့်လျှင် လုပ်ငန်း တင့်တယ်မှုရှိ မရှိသည် အမြင်ဖြစ် သည်။ လုပ်ငန်းတစ်ခုတွင် Individual agendas တွေများလွန်းနေလျှင် လုပ်ငန်း သည် အချိုးမကျသော ခန္ဓာကိုယ်ဖြစ်နေ တတ်သည်။ ခေါင်းကြီး ကိုယ်သေး သို့ မဟုတ် ခေါင်းသေးကိုယ်ကြီးနေတတ် သည်။ အချိုးမညီ၊ နေရာမမှန်မှတော့ လုပ်ငန်းလုပ်ဆောင်မှုများလည်း မည်သို့ မှန်ပါတော့မည်နည်း။ စီမံခန့်ခွဲသူများ သည် စားပွဲပေါ်မှ စဉ်းစားပြီး ဆုံးဖြတ်ကြ သောကြောင့် လုပ်ငန်းလက်တွေ့နှင့် ကင်း ကွာတတ်ပါသည်။ ထိုကွာဟချက်နည်း အောင်ပြုလုပ်နိုင်သည်နှင့်အမျှ စီမံခန့်ခွဲမှု သည်လည်း ပိုမိုအောင်မြင် တတ်ပါသည်။
A desk is a dangerous place from which to view the world.
ဒေါက်တာ မောင်မောင်စိုး(ဘောဂဗေဒ)
0 comments:
Post a Comment