ဖွံ့ဖြိုးမှု စီမံကိန်းသိပ္ပံပညာ (Development Planning Science)
ဒေါက်တာ ကျော်လတ်
ဖွံ့ဖြိုးဆဲ နိုင်ငံများ (Developing Countries)
ကမ္ဘာပေါ်တွင်ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် စက်မှုထွန်းကားသော နိုင်ငံများဟုခွဲခြားခေါ်ဝေါ်သုံးစွဲကြခြင်းမှာ
ဒုတိ ယကမ္ဘာစစ်နောက်ပိုင်း များစွာသောကိုလိုနီတိုင်းပြည်အများစုတို့ တစ်စတစ်စ လွတ်လပ်ရေးရပြီး နောက်ပိုင်းစတင်ခေါ်ဝေါ်သုံးစွဲလာကြသော စကားရပ်ဖြစ်သည်။
အာရှတိုက်နှင့်အာဖရိကတိုက်တို့တွင် အများစုသော ကိုလိုနီနိုင်ငံတို့သည် အခြားနိုင်ငံများနှင့်
တန်းတူညီမျှစွာ လွတ်လပ်ကြပြီဖြစ်သော်လည်း ယင်းနိုင်ငံတို့၏စက်မှုကဏ္ဍ၊ပညာရေး၊ ကျန်းမာရေးကဏ္ဍစသည်တို့ နောက်ကျနေသည့်အတွက်
ထိုနိုင်ငံ တို့ကို အစပိုင်းက Underdevelop-ed Countries ဟုခေါ်ကြပြီး၊ ၁၉၆၀
အချိန်ကာလမှစ၍ Developing Countries ဟုပြောင်းလဲခေါ်ဆိုလာကြသည်။
Development
Planning Science or Development Science ခေါ်ဖွံ့ဖြိုးမှုစီံကိန်းသိပ္ပံပညာ
ထိုဖွံ့ဖြိုးဆဲနိုင်ငံများ၏
ပြဿနာများကိုလေ့လာ၍ ယင်းနိုင်ငံများအတွက် ဖွံ့ဖြိုးရန်နည်းလမ်းများကို ကြံ
ဆလမ်းပြသောပညာရပ်ကို Development Planning Science သို့မဟုတ် Development Science ဟုသတ်
မှတ်သည်။ ဘာသာရပ်အသစ်ပေါ်ပေါက်ပြီး များစွာသောတက္ကသိုလ်တို့တွင်
သင်ကြားပို့ချ၍ သုတေသနများ လည်းလုပ်ဆောင်လာခဲ့ကြသည်။ ဤပညာရပ်မှာ စီးပွားရေးသိပ္ပံပညာရှင်တို့က
အစပျိုးခဲ့ကြသည်ဟု ဆိုသော်လည်း ဘာသာပေါင်းစုံနှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုနည်းပါးသော ပြဿနာအရပ်ရပ်တို့မှ
ကျော်လွှား အောင်မြင်နိုင် မည်ဖြစ်သည့်အတွက် ဘာသာပေါင်းစုံ ပါဝင်လုပ်ဆောင်လာခဲ့ကြသည်။
ဥပမာ - လူနေမြို့ရွာ ပြဿနာခေါ် Human Settlements Planning ပညာရပ်၊ Transportation ခေါ်သယ်ယူပို့ဆောင်ရေးပညာရပ်၊
Agriculture ခေါ် စိုက်ပျိုးမွေးမြူရေးပညာရပ်၊ Trading ခေါ်ကုန်စည်ဖလှယ်မှုပညာရပ်၊
Energy Science ခေါ် စွမ်းအင်သိပ္ပံ ပညာရပ် စသည်တို့သည် မဖြစ်မနေပါဝင်သော ပညာရပ်တို့ဖြစ်ပေသည်။
Development Planning Science ဟု စတင်သတ်မှတ်ခေါ်ယူသုံးစွဲသော အချိန်မှာ
၁၉၆၀ ဝန်းကျင်မှ
ဟုတင်ပြခဲ့သော်လည်း ထိုပညာရပ်ကိုလေ့လာကြ၍
တန်ဖိုးရှိသောစာပေများ၊ ယူဆချက်များကို ရေးသား ကြသည်မှာ ထိုကာလထက်များစွာ စောပေသည်။
အစပိုင်းတွင် ကျော်ကြားသော ပညာရှင်များမှာ ဆွီဒင် နိုင်ငံမှGunner Myrdel ၊မြန်မာနိုင်ငံမှ
ဒေါက်တာ လှမြင့်စသော ပုဂိုလ်များဖြစ်ပေသည်။
`Development Science အတွင်း Theories ခေါ်ခံယူချက်များ
ဤဖွံ့ဖြိုးမှုသိပ္ပံအတွင်း ယူဆချက်အမျိုးမျိုးနှင့် သီအိုရီအမျိုးမျိုးတို့တွင်
၂ ပိုင်း၊ နှစ်မျိုးနှစ်စားခွဲခြားနိုင်
ပေသည်။ ပထမအုပ်စုမှာ ဈေးကွက်စီးပွားရေးကိုအားပေးသော
ပညာရှင်များဖြစ်သည်။ ယင်းတို့သည် အခြေခံအားဖြင့်ဈေးကွက်စီးပွားရေးကို အားပေးကြသော်လည်း
ကွဲပြားချက်များ အနည်းငယ်ရှိကြသည်။ မိမိတို့မြန်မာပညာရှင် ဒေါက်တာလှမြင့်သည်
Export Orientation အယူအဆကိုအားပေး၍ တိုင်းပြည်တို့ သည် အခြေခံကျသောစက်ရုံ၊ အလုပ်ရုံတို့ကို တည်ထောင်၍
ပြည်ပသို့တင်ပို့ရောင်းချခြင်းသည် အဓိက ကျသည်ဟု ယူဆသောပညာရှင်ဖြစ်သည်။ ဒေါက်တာလှမြင့်
Economic Theory and the underdeveloped countries
(1971)နှင့် Southeast Asia’s
Economy: Development Policies in the 1970s (Penguin modern economicsTexts) Penguin Books, 1972 ခေါ်စာအုပ်များသည်
အမှန်စင်စစ် မိမိတို့ ASEAN တိုင်းပြည်များ အတွင်းမှ၁၉၇၀ ပြည့်နှစ်နောက်ပိုင်း စတင်ဖွံ့ဖြိုးသွားသော
နိုင်ငံဦးဆောင်လမ်းညွန်ချက်ဖြစ်သည်။ မြန်မာပြည်၏
စီးပွား ရေးသည်လည်း ၁၉၅၂ ခုနစ်မှစတင်၍ ဦးစွာပထမ Import substitute ကိုလိုက်နာ ကျင့်သုံးခဲ့ပြီး
၁၉၅၆ ခုနစ်နောက်ပိုင်းတွင် ထို Export oriented စီးပွားရေးစနစ်ကို စတင်ကျင့်သုံးလျှက်ရှိစဉ်
၁၉၆၂ ခုနစ်တွင်စီးပွားရေးမူဝါဒ ပြောင်းခဲ့ကြခြင်းဖြစ်သည်။
အခြားဒုတိယအုပ်စုဝင်ယူဆချက်များမှာ Cold War ခေါ်စစ်အေးကာလအတွင်း
အတော်တန် ခေတ်စားခဲ့၍ ထိုစဉ်အခါက အချို့လူများ လက်ခံခဲ့သော
ဆိုရှယ်လစ်ဝါဒကို အခြေခံခဲ့သည်။ ထိုအုပ်စုဝင်ပညာရှင်များမှာယင်းတို့၏ နိုင်ငံရေးခံယူချက်အရ
ထိုဖွံ့ဖြိုးဆဲနိုင်ငံများသည် လွတ်လပ်ရေးရပြီး Noncapitalist way of develo-pment ခေါ်
အရင်းရှင်စနစ်မဟုတ်သောလမ်းကြောင်းကိုသွားသင့်ကြ၍ နောက်တစ်ဆင့်အနေနှင့် ထိုတိုင်းပြည်များအတွင်း အလုပ်သမားလူတန်းစားတို့
အာဏာရရှိလာသောအခါ ထိုတိုင်းပြည်တို့သည် ဆိုရှယ်လစ်ဝါဒသို့ရောက်ရှိသွားပြီး ဖွံ့ဖြိုးတိုးတတ်သွားမည်ဆိုသော
အယူအဆ ဖြစ်သည်။ ၁၉၈၉ခုနစ် ပတ်ဝန်းကျင်မှစ၍ ဥရောပနိုင်ငံတို့တွင် ဆိုရှယ်လစ်ဝါဒကို
လွတ်လပ်ခဲ့ကြပြီးနောက် ပညာရှင်အများစုတို့၏ယူဆချက်မှာ ဈေးကွက်စီးပွားရေးစနစ်သည်သာ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် သင့်လျော် ဆုံးသော
လမ်းကြောင်းဖြစ်သည်ဟု ခံယူကြသည်။
မြန်မာပြည်နှင့် စီမံကိန်းများ
ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် နိုင်ငံရေးအပြောင်းအလဲ၊
အစိုးရအပြောင်းအလဲနှင့် နိုင်ငံရေးစနစ်အပြောင်းအလဲ ရှိသောကာလများတွင် အစိုးရသစ်များက နှစ်တိုနှစ်ရှည်စီမံကိန်းများ
ရေးဆွဲကြ၍ ကြိုးစား၍ အကောင်အထည်ဖော်ကြသည်။ မြန်မာနိုင်ငံသည်လည်း လွတ်လပ်ရေးမရမှီ
ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်မှထွက်ပြေးရသော ဘုရင်ခံနှင့် ဆာပေါ်ထွန်းအစိုးရတို့သည်
အိန္ဒိယပြည် ဆင်းမလားမြို့တွင် မြန်မာပြည်ပြန်လည်ရောက်ရှိသောအခါ အကောင်အထည်ဖော်ရန် စီမံကိန်းများရေးဆွဲခဲ့ကြသည်။
သို့သော်စစ်ပြီးဆုံးသည့်အခါ မြန်မာပြည်သူလူထုသည် လွတ်လပ်ရေးကို တောင်းဆိုလာကြပြီး
ဆာပေါ်ထွန်းနှင့် ဘုရင်ခံတို့ရေးဆွဲခဲ့သော စီမံကိန်းကို စက္ကူဖြူစီမံကိန်းဟုသတ်မှတ်၍ ပယ်ဖျက်ခဲ့သည်။
၁၉၄၆ နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်းကလည်း National planning
ခေါ် အမျိုးသားစီမံကိန်း၏ လိုအပ်ချက်ကို မိန့်ခွန်းများတွင်ဖော်ထုတ်ခဲ့သည်။ ၁၉၄၈ ခုနစ်
လွတ်လပ်ရေးရပြီးနောက် ရွေးချယ် တင်မြှောက်ခဲ့ရသော အစိုးရကို ပြန်လည်တိုက်ခိုက်မှုများကြောင့်
အစပထမတွင် နှုစ်တို နှစ်ရှည်ုစီမံကိန်း များ ရေးဆွဲနိုင်ခြင်းမရှိခဲ့ပေ။ သို့သော ၁၉၅၂ ခုနစ်နောက်ပိုင်းတွင်
ပြည်တွင်းစစ်အနည်းငယ် လျော့နည်း လာသည်မှစ၍ စီမံကိန်း များရေးဆွဲခဲ့သည်။ ထိုစဉ်အခါက ဝန်ကြီးချုပ်
ဦးနုခေါင်းဆောင်၍ ရေးဆွဲခဲ့သော အရေးကြီးသောစီမံကိန်းမှာ ပြည်တော်သာ စီမံကိန်းဖြစ်ခဲ့သည်။
ထိုစီမံကိန်းမှာ အခြေခံအားဖြင့် ပထမ Import Substitute ခေါ် သွင်းကုန်လျော့ချရေးနှင့် ဒုတိယ အဆင့်အနေဖြင့်
Export Oriented ထုတ်ကုန်ကို အဓိကထားသော အယူအဆဖြစ်ခဲ့သည်။
၁၉၆၂ ခုနစ်တွင် မြန်မာပြည်တွင် နိုင်ငံရေးအပြောင်းအလဲဖြစ်ခဲ့ပြီး
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဝါဒကို အတည်ပြုခဲ့သည်။ မြန်မာ့ဆိုရှယ်လစ်
လမ်းစဉ်ပါတီသည်လည်း အနှစ်၂၀ စီမံကိန်း ရေးဆွဲ အကောင်ထည် ဖော်ရန်ကြိုးစားခဲ့သည်။
ယခု ၂၀၁၁ ခုနစ်တွင် တပ်မတော်အစိုးရမှ ရွေးချယ်တင်မြှောက်ထားသော
အစိုးရသို့ပြောင်းလဲခဲ့ပြီး စီးပွားရေးပညာရှင်များ၊ နိုင်ငံရေးသိပ္ပံပညာရှင်များကို
နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂိုလ်များ ခန့်ထား သတ်မှတ်ခဲ့ပြီး ယခုတိုင် နှစ်တို၊နှစ်ရှည်စီမံကိန်းများ
ရေးဆွဲကြသည်။ ရေးဆွဲကြမည်နှင့် ယင်းတို့၏ ရည်ရွယ်ချက်များObjectives များနှင့် ရည်မှန်းသောရလာဒ်
Targets များကို တင်ပြခြင်းမရှိသေးပေ။
ပြည်သူ့ခေတ်ဂျာနယ် ၊ အတွဲ(၂)၊ အမှတ်(၆၄) မှ
0 comments:
Post a Comment