နိုင်ငံရေး အကျဉ်းသားလွတ်လူစာရင်း
Htet Aung shared Tin Hlaing's photo.
၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ၊ ၁၂-ရက်၊ ဗုဒ္ဓဟူးနေ့
...မွန်းတည့် ၁၂ နာရီ ၃၅ မိနစ်
(ကသာထောင်)
ကချင်ပြည်နယ် ကသာထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦး လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။
ဦးစောလှိုင်(၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အင်းတော်ကိုယ်စားလှယ်)၊ ကိုမျိုးဝင်း(ရန်ကုန်)၊ ကိုအောင်နိုင်ဦး(ပဲခူး)၊ ကိုမြင့်အောင်(ကေအန်ယူ) နဲ့ စောဘဘိုး(တောင်ငူ) တို့ဖြစ်ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်
(၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်မ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ေ
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် လွတ်မလားဆိုတာလည်း မသိရသေးဘူးလို့ သူ့ညီ ကိုအောင်ထွန်းက ပြောပါတယ်။
(ပေါင်းတည်ထောင်)
ပဲခူးတိုင်း ပေါင်းတည်ထောင်က ကိုကျော်ကျော်လင်း (အဖွဲ့ချုပ်လူငယ်) ကတော့ လွတ်ဖို့ အတွက် ညကတည်းက လက်မှတ်ထိုးပြီးပြီဖြစ်ပြီး ဒီနေ့လွတ်မြောက်မယ်လို့ သိရပါတယ်။
ပေါင်းတည်ထောင်မှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ သူတယောက်တည်းရှိပါတယ်၊ စစ်ထောက်လှမ်းရေးဟောင်း ၇ ဦးလည်း ပေါင်းတည်ထောင်ကနေ ဒီနေ့လွတ်မယ်လို့ သတင်းရရှိပါတယ်။
မွန်းတည့် ၁၂ နာရီ ၂၇ မိနစ်
(ဟင်္သာတထောင်)
ဧရာဝတီတိုင်း ဟင်္သတထောင်ကနေ အကျဉ်းသား ၂၆ ဦး လွတ်မြောက်တဲ့အနက် နိုင်ငံရေးအကျဉ်းသား ၂ ဦးဖြစ်တဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အဖွဲ့ချုပ်ဝင် ကိုသန့်ဇော်နဲ့ မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင် မအေးသီတာတို့ လွတ်မြောက်လာပါတယ်။
မအေးသီတာဟာ ၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ်မှတ်ခံရပြီး ၄ နှစ်ပြည့်ချိန်မှာ ပြန်လွတ်လာတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက် ဝမ်းသာကြောင်း မအေးသီတာက ဒီဗွီဘီကို ပြောပါတယ်။
(ဗူးသီးထောင်ထောင်)
ရခိုင်ပြည်နယ် ဗူးသီးတောင်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃ ဦးဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း)၊ ကိုသန်းထွန်းဇေ၊ ဦးအောင်စိုးတို့ လွတ်မြောက်လာပါတယ်။
ကျန်းမာရေးမကောင်းတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ဒီထောင်ကနေ လွတ်လာမယ်လို့ မိသားစုက ယုံကြည်နေပေမယ့် ဒီနေ့လွတ်လာတဲ့အထဲ ကိုဌေးကြွယ်မပါဘူးလို့ ထောင်အာဏာပိုင်က ကိုဌေးကြွယ်ရဲ့နှမ မမီမီကြွယ်ကို ပြောပါတယ်။
(တောင်ငူထောင်)
ပဲခူးတိုင်း တောင်ငူထောင်က အကျဉ်းသား စုစုပေါင်း ၉၁ ဦး လွတ်မြောက်ပြီး ထောင် အခေါ်အဝေါ်အရ သာမန်သီးသန့်နဲ့ သီးသန့်အကျဉ်းသား ၃၂ ဦးလွတ်မြောက်သလို စစ်ထောက်လှမ်းရေးနဲ့ ဆက်စပ်သူ ၁၃ ဦး လွတ်မြောက်တယ်လို့ တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ
တောင်ငူထောင်က လွတ်မြောက်သူတွေထဲမှာ ၁၉၈၉ ခုနှစ် သန်လျင်ရေနံချက် စက်ရုံဝင်း ဗုံးဖောက်ခွဲမှု သံသယနဲ့ ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံထားရတဲ့ ကိုညီညီဦးလည်း ပါဝင်ပါတယ်။ သူဟာ အဖွဲ့ချုပ် လူငယ်တဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က ဗုံးဖောက်ခွဲမှုနဲ့ ဖမ်းဆီးထောင်ချခံရသူဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်က သန်လျင်မြို့နယ်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ ဖြစ်ကြတဲ့ ကိုညီညီဦး၊ ကိုသန်းဇော်နဲ့ ကိုမိုးကျော်သူတို့ကို ဗုံးဖောက်ခွဲမှု တရားခံတွေအဖြစ် ဖမ်းဆီးခဲ့ပြီး သေဒဏ်ချမှတ်ခဲ့ပါတယ်။
ဒီဗုံးခွဲမှု တရားခံအစစ်ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူက) ဗိုလ်မှူးကိုကိုနိုင်က သန်လျင်ရေနံချက် စက်ရုံနဲ့ မြို့တော်ခန်းမ တို့ကို သူကိုယ်တိုင် ဖောက်ခွဲခဲ့တာပါလို့ ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦးကတော့ အခုမှ လွတ်မြောက်လာရတာပါ။
တောင်ငူထောင်မှာ ပုဒ်မ ၅ ည နဲ့ ၁၉၉၉ ခုနှစ်မှာ နှစ်ရှည်ထောင်ဒဏ်တွေ စတင်ကျခံရတဲ့ စောမြင့်နိုင်(ထောင်ဒဏ် ၂၄ နှစ်)၊ ဦးအေးရွှေ(ပဲခူး) (ထောင်ဒဏ် ၂၄ နှစ်) ကိုဇော်ရဲဝင်း (ထောင်ဒဏ် ၁၇ နှစ်) တို့လည်း ပြန်လွတ်လာပါတယ်။
အလားတူ ကိုအောင်အောင်(အောင်သန့်ဇင်ဦး) နဲ့ အောင်ဇေဖြိုး(ဇော်ကြီး) တို့လည်း တောင်ငူ ထောင်ကနေ ပြန်လွတ်လာတယ်လို့ တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ
မွန်းတည့် ၁၂ နာရီ ၇ မိနစ်
(ကလေးမြို့)
စစ်ကိုင်းတိုင်း ကလေးမြို့က အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေက အကျဉ်းသား ၅၀၀ နီးပါး လွတ်မြောက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၆ ဦးပါဝင်တယ်လို့ ကလေးမြို့ နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။
ကလေးမြို့ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ရှိတဲ့အနက် ဦးအေးချို၊ ဦးသိန်းလွင်ဦး၊ ကိုလှိုင်မျိုး၊ ကိုမြင့်နိုင်၊ ကိုအောင်အောင်တို့ လွတ်မြောက်လာတယ်လို့ ပြောပါတယ်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံ ဃာတော် အရှင်ဂမ္ဘီရကတော့ လွတ်မြောက်မလာသေးဘူးလို့ ထောင်ရှေ့မှာ စောင့်နေသူတွေက ပြောပါတယ်။
မနက် ၁၁ နာရီ ၃၅ မိနစ် ၂၀ စက္ကန့်
(သံတွဲထောင်)
ရခိုင်ပြည်နယ် သံတွဲထောင်မှာ နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ရှိတဲ့အနက် တဦးမှ လွတ်မလာသေးဘူးလို့ ဒီမနက် ၉ နာရီမှာ သံတွဲက နိုင်ငံရေးအသိုင်း အဝိုင်းက ပြောပါတယ်။
ဒါ့အပြင် ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးကဖယ်ရှား အရေးယူခံရပြီးနောက် ထောင်ကျ ခဲ့ကြတဲ့ စစ်ထောက်လှမ်းရေးက ဗိုလ်မှူးတဦးနဲ့ ဗိုလ်ကြီး ၂ ဦးလည်း သံတွဲထောင်မှာ အကျဉ်းကျနေတယ်လို့ သိရပါတယ်။
နေဘုန်းလတ် (ဘလော့ဂါ)
ကရင်ပြည်နယ် ဘားအံထောင်က အကျဉ်းသားတွေထဲက ၃၈ ဦး လွတ်မြောက်ဖို့ရှိ တယ်လို့ ဘားအံထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အဲဒီထဲမှာ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဘလော့ဂါနေဘုန်းလတ် ပါဝင်မှု ရှိမရှိကိုတော့ မသိရသေးဘူးလို့ ဘားအံထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ညီဖြစ်သူ ကိုဘိုသူက ပြောပါတယ်။
မနက် ၁၁ နာရီ : ၁၇ မိနစ် : ၃၀ စက္ကန့်
ဦးသန်းလွင် (အန်အယ်လ်ဒီ)
ကယားပြည်နယ် လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မတ္တရာ အဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသန်းလွင်ရဲ့ အခြေအနေကို မိသားစုက ထောင်ကို မေးမြန်းရာ မှာ ၁၀ နာရီကျမှ ပြန်လည်မေးမြန်းဖို့ တုံ့ပြန်ဖြေကြားတယ်လို့ မိသားစုက ပြောပါတယ်။ လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄ ဦး အကျဉ်းကျနေတယ်လို့ သိရပါတယ်။
ဒေါ်ဝင်းမြမြ (အန်အယ်လ်ဒီ)
ကချင်ပြည်နယ် ပူတာအိုထောင်မှာ အကျဉ်းကျနေတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ခေါင်း ဆောင် ဒေါ်ဝင်းမြမြရဲ့ နေအိမ်ကို မနက် ၉ နာရီက မေးမြန်းရာမှာ သက်ဆိုင်ရာက ဘာမှ အကြောင်းမကြားပါဘူးလို့ ဒေါ်ဝင်းမြမြရဲ့အစ်ကို ဦးဘစိုးက ဖြေပါတယ်။
ပူတာအိုထောင် မှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် အကျဉ်းကျနေပါတယ်။
စစ်ကိုင်တိုင်းဒေသကြီး မုံရွာထောင်က နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ပြန်လွတ်ဖို့ရှိ တယ်လို့ ထောင်အာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ကိုညွန့်အောင် (မုံရွာအန်အယ်လ်ဒီ)
မုံရွာအန်အယ်လ်ဒီက လူငယ်တာဝန်ခံ ကိုညွန့်အောင်ဟာ ပူတာအိုထောင်မှာ အကျဉ်းကျနေရာက ပြန်လွတ်လာမယ်လို့ မိသားစွုနဲ့ အဖွဲ့ချုပ်ဝင်တွေက မျှော်လင့်နေကြပါတယ်။
တောင်ငူထောင်
တောင်ငူထောင်ကနေ အကျဉ်းသား ၉၁ လွတ်မြောက်ဖို့ရှိပြီး နိုင်ငံရေးအကျဉ်းသား ၃၂ ဦး ပါဝင်မယ်လို့ တောင်ငူထောင်အသိုင်းအဝိုင်းက ပြောပါတယ်။
အဲဒီထဲမှာ သန်လျင် ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ မှားယွင်းဖမ်းဆီးထောင်ဒဏ်ချမှတ်
ကိုလှမျိုးနောင် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်)
မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ဒီမနက် ၈ နာရီလောက်မှာ အကျဉ်းသား တချို့ကို မှန်လုံကားတစီးနဲ့ စတင်လွှတ်ပေးလိုက်ပြီး ဒီအကျဉ်းသားတွေထဲမှာ ရှမ်း၊ တရုတ် စတဲ့အကျဉ်းသားတွေသာ ပါဝင်ပြီး ရှမ်းပြည်နယ်ဘက်ကို ပြန်ပို့တာလို့ အိုးဘိုထောင်ရှေ့က မျက်မြင်သက်သေတွေက ပြောပါတယ်။
အိုးဘိုထောင်ကနေ လွတ်လာမယ့် နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တ
လူရွှင်တော် ဇာဂနာ
မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေရတဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာ (ကိုသူရ) ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့
ဒီမနက် ၁၀ နာရီ မိနစ် ၃၀ မြန်မာ့လေကြောင်းလေယာဉ်နဲ့ တင်ပေးလိုက် မှာဖြစ်ပြီး မွန်းလွဲပိုင်းမှာ ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။
၂ဝဝဂ ခုနှစ် မေလ နာဂစ်မုန်တိုင်းဘေးသင့်သူတွေကို
အဲဒီနောက် သူ့ကို အီလက်ထရောနစ် အက်ဥပဒေ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ရန် လှုံ့ဆော်မှုနဲ့ ဗွီဒီယိုအက်ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ထောင်ဒဏ် ၁၄ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပါတယ်။
အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ထားရာက ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ တမှုကို ၈ နှစ်စီ စုစုပေါင်း ၂၄ နှစ် လျှော့ချပေး လိုက်လို့ ထောင်ဒဏ် ၃၅ နှစ် ကျန်ရှိတာဖြစ်ပါတယ်။
ကိုဇာဂနာ အကျဉ်းကျခံနေတုန်းမှာ မိခင်ဖြစ်သူ စာရေးဆရာမကြီး ဒေါ်ကြည်ဦးဟာ ၂၀၀၉ ခု မတ်လ ၂၀ ရက်မှာ ကွယ်လွန်ခဲ့သလို ဖခင် စာရေးဆရာကြီး နန်းညွန့်ဆွေဟာလည်း ၂၀၁၀ ခု ဇူလိုင် ၁၄ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
ကိုဇာဂနာနဲ့အတူ မြစ်ကြီးနားထောင်က နိုင်ငံရေးအကျဉ်းသား ကိုမျိုးအောင်သန်းနဲ့ ကိုဇင်မင်းထွန်းတို့လည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကတော့ လွတ်ရက်နီးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။
ဦးကျော်ခင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
ရှမ်းပြည်နယ် တောင်ကြီးထောင်က လွတ်မြောက်မယ့် အကျဉ်းသား ၂၀၀ စာရင်း မှာ ၁၉၉၀ ရွေးကောက်ပွဲဝင် တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ပါဝင်တယ်လို့ တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါ တယ်။
လားရှိုးထောင်ကလည်း အကျဉ်းသား ၉၂ ဦး လွှတ်မှာဖြစ်ပြီး အဲဒီထဲက နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ဦးရှိန်နိတ္တ၊ ကိုအောင်ဇော်ဦး(တောင်ကြီး)၊ မတင်တင်ချို (မရမ်း ကုန်း အန်အယ်လ်ဒီ)၊ ဦးအုန်းကျော် (ဒေါပုံ အန်အယ်လ်ဒီအဖွဲ့ဝင်) တို့ ၄ ဦး ပြန်လွတ်လာ တယ်လို့လည်း ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
ကျိုင်းတုံထောင်မှာ အကျဉ်းသာ ၁၄၄ ဦး လွတ်တယ်လို့ ကြားသိရပေမယ့် နိုင်ငံရေးအကျဉ်းသား ပါမပါ မသိရသေးပါဘူး။
မနက် ၁၀ နာရီ : ၄၀ မိနစ် : ၄၀ စက္ကန့်
ထောင်ဒဏ် ၁၀၆ ချမှတ်ခံရပြီး စစ်တွေထောင်မှာ အကျဉ်းကျနေသူ ရှမ်းခေါင်း ဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေးထင် ဒီမနက် ပြန်လည်လွတ်မြောက်တယ်လို့ လားရှိုးမြို့ နေ မြေးဖြစ်သူက ပြောပါတယ်။
ဗိုလ်ချုပ်ဆေထင်ကို ရခိုင်ပြည်နယ် စစ်တွေကနေ ရန်ကုန်ကို ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ဆေထင်ဟာ မျက်စိတိမ်စွဲနေပြီး နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါတွေ ခံစားနေရပါတယ်။
ဗိုလ်ချုပ်ဆေထင်ဟာ ‘နအဖ’ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားခဲ့တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အထူးဒေသ (၃) ဥက္ကဋ္ဌဖြစ်သလို ရှမ်းပြည်နယ်ငြိမ်းချမ်းရေးကောင
သူနဲ့အတူ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် စတဲ့ ရှမ်းခေါင်းဆောင် ၈ ဦးကို “ရှမ်းပြည်ပညာရှင်များကောင်စီ ဖွဲ့စည်းဖို့ လှုပ်ရှားကြတယ်”ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဆေထင်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး
နောက်ဆုံးရရှိတဲ့သတင်းအရ ဗိုလ်ချုပ်ဆေထင်ကို ရန်ကုန်ကို ဒီနေ့ပို့ဆောင်မှာဖြစ်ပြီး မနက်ဖြန်မှာ ရှမ်းပြည်နယ် လားရှိုးမြို့ကို ဆက်လက်ပို့ဆောင်မှာဖြစ်လို့ မိသားစုအနေနဲ့ လားရှိုးလေဆိပ်ကနေ စောင့်ကြိုဖို့ ဒီမနက် ၉ နာရီခွဲမှာ ဗိုလ်ချုပ်ဆေထင်ကိုယ်တိုင် ဖုန်းဆက်တယ်လို့ သူ့သမီး နန်းခမ်းဖောင်းက ဒီဗွီဘီကို ပြောပါတယ်။
မနက် ၉ နာရီ : ၄၅ မိနစ် : ၀၅ စက္ကန့်
မန္တလေး အိုးဘိုထောင်က လွတ်မယ့် နိုင်ငံရေးအကျဉ်းသား တွေကိုလည်း နိုင်ငံရေးအသိုက်အဝန်းက သွားကြိုဖို့ ပြင်ဆင်နေကြပါတယ်။ ပဲခူးမှာတော့ အခြေအနေ ထူးခြားမှု မရှိသေးဘဲ ပဲခူး အဖွဲ့ချုပ်ဥက္ကဌ ဦးမြတ်လှကတော့ အားလုံးလွတ်မယ်လို့ သိပ်မမျှော်လင့်ဘူးလို့ ပြောပါတယ်။ အသက်ကြီးတဲ့လူတွေလောက်လွှတ်မယ်လိ
မနှင်းပွင့်ဝေ (ဗကသ)
မော်လမြိုင်ထောင်မှာ အကျဉ်းကျနေတဲ့ မနှင်းပွင့်ဝေ (နာဂစ်အလောင်းတွေ သင်္ဂြီုဟ်တဲ့ ဗကသ အဖွဲ့ဝင်) လည်း လွတ်မယ့်စာရင်းမှာပါတယ်။ ဒီမနက် ၁၀ နာရီမှာ အခမ်းအနားနဲ့လွတ်မယ်လို့ သိရပြီး သူ့ဖခင် ဒေါက်တာနေဝင်းနဲ့ မိခင်တို့က ရန်ကုန်ကနေ မော်လမြိုင်ထောင်ရှေ့ကို သွားရောက်စောင့်ဆိုင်းနေကြပါတယ်
မနက် ၈ နာရီ : ၄၀ မိနစ် : ၀၆ စက္ကန့်
နိုင်ငံကျော်လူရွှင်တော် ဇာဂနာ (ကိုသူရ) အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ ဦး မြစ်ကြီး နားထောင်ကနေ လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကချင်ပြည်နယ်အတွင်းရေးမှူး ဦးနေဝင်းက မြစ်ကြီးနားထောင်ကို သွားမေးရာမှာ အဲဒီလို သိလာရတာလို့ ပြောပါတယ်။ လွတ်မယ့်လူစာရင်းမှာ ကိုဇာဂနာပါတယ်လို့ သူ့ခယ်မ မငြိမ်းကလည်း ပြောပါတယ်။
ပဲခူးတိုင်း သာယာဝတီထောင်က ပြန်လွှတ်မယ့် အကျဉ်းသားစာရင်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အတော်အတန်ပါတယ်လို့ ထောင်အာဏာပိုင်တွေက ပြောတဲ့အကြောင်း ထောင်ကို မနေ့ကသွားပြီး ပါဆယ်ပို့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝ
ဒီနေ့မနက် ၇ နာရီလောက်မှာ မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်ကို အကျဉ်သား တွေ ပြန်လွတ်မယ်လို့ မျှော်လင့်ပြီး သွားရောက်ကြည့်ရှုမေးမြန်းရာမှာ မနက် ၈ နာရီမှ လွှတ်မယ့်အကြောင်း ထောင်တာဝန်ရှိသူက ဖြေကြားတယ်လို့ မန္တလေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝ
မန္တလေးတိုင်း ရွှေဘိုထောင်ကနေ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ဆယ်ဦး ပြန်လည်လွတ်မြောက်လာမယ်လို့ ထောင်တွင်းက ထွက်ပေါ်လာတဲ့သတင်းကို ကိုးကားပြီး အကျဉ်း သားတွေအကျိုး လိုက်ပါဆောင်ရွက်နေသူတွေ၊ ကြိုဆိုနေသူတွေက ပြောပါတယ်၊ ကျိန်း သေလွတ်ပြီလို့ မဆိုနိုင်သေးပေမယ့် သူတို့ရရှိတဲ့စာရင်းမှာ ပါဝင်သူတွေကတော့ …
၁။ မလေးလေးမွန်
၂။ ကိုကျော်မင်းသန်း
၃။ ကိုကြည်သာထွန်း
၎။ ကိုစိုးဝင်းအောင်
၅။ ဦးကျော်လှိုင်
၆။ ဦးသုစိတ္တ
၇။ ဦးသုဇန
၈။ ဦးခေမိန္ဒ
၉။ မရင်ရင်ဝိုင်း
၁၀။ စောပိကလိ တို့ဖြစ်ပါတယ်။
၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ၊ ၁၁-ရက်၊ အင်္ဂါနေ့
နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာဘို့မျှော်လင့်ပြီး မိသားစုဝင်တွေနဲ့လုပ်ဖေါ်ကိုင်ဖက
နိုင်ငံရေး အကျဉ်းသားလွတ်လူစာရင်း ၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ၊ ၁၂-ရက်၊
ဗုဒ္ဓဟူးနေ့ မွန်းတည့် ၁၂ နာရီ ၃၅ မိနစ် (ကသာထောင်) ကချင်ပြည်နယ်
ကသာထောင်က နိုင်ငံရေးအကျဉ်းသား ၅ ဦး လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။
ဦးစောလှိုင်(၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အင်းတော်ကိုယ်စားလှယ်)၊
ကိုမျိုးဝင်း(ရန်ကုန်)၊ ကိုအောင်နိုင်ဦး(ပဲခူး)၊ ကိုမြင့်အောင်(ကေအန်ယူ)
နဲ့ စောဘဘိုး(တောင်ငူ) တို့ဖြစ်ကြောင်း အကျဉ်းထောင်နဲ့ နီးစပ်သူေ...တွက ပြောပါတယ်။ မွန်းတည့် ၁၂ နာရီ ၃၀ မိနစ် (၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ) ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ေ တွဖြစ်တဲ့
ကိုပဏ္ဍိတ်ထွန်း လွှတ်မယ့်စာရင်းမှာ မပါဘူးလို့ ထောင်အာဏာပိုင်တွေက
တဆင့်ကြားတယ်လို့ သူ့အဖေက ပြောပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
ကိုမင်းကိုနိုင် လွတ်မလားဆိုတာလည်း မသိရသေးဘူးလို့ သူ့ညီ ကိုအောင်ထွန်းက
ပြောပါတယ်။ (ပေါင်းတည်ထောင်) ပဲခူးတိုင်း ပေါင်းတည်ထောင်က
ကိုကျော်ကျော်လင်း (အဖွဲ့ချုပ်လူငယ်) ကတော့ လွတ်ဖို့ အတွက် ညကတည်းက
လက်မှတ်ထိုးပြီးပြီဖြစ်ပြီး ဒီနေ့လွတ်မြောက်မယ်လို့ သိရပါတယ်။
ပေါင်းတည်ထောင်မှာ နိုင်ငံရေးအကျဉ်းသားဆိုလို့ သူတယောက်တည်းရှိပါတယ်၊
စစ်ထောက်လှမ်းရေးဟောင်း ၇ ဦးလည်း ပေါင်းတည်ထောင်ကနေ ဒီနေ့လွတ်မယ်လို့
သတင်းရရှိပါတယ်။ မွန်းတည့် ၁၂ နာရီ ၂၇ မိနစ် (ဟင်္သာတထောင်) ဧရာဝတီတိုင်း
ဟင်္သတထောင်ကနေ အကျဉ်းသား ၂၆ ဦး လွတ်မြောက်တဲ့အနက် နိုင်ငံရေးအကျဉ်းသား ၂
ဦးဖြစ်တဲ့ ရန်ကုန်တိုင်း လှိုင်မြို့နယ်က အဖွဲ့ချုပ်ဝင် ကိုသန့်ဇော်နဲ့
မျိုးဆက်သစ်လူငယ်များအဖွဲ့ဝင် မအေးသီတာတို့ လွတ်မြောက်လာပါတယ်။ မအေးသီတာဟာ
၂၀၀၈ ခုနှစ်က ထောင်ဒဏ် ၁၁ နှစ်မှတ်ခံရပြီး ၄ နှစ်ပြည့်ချိန်မှာ
ပြန်လွတ်လာတာပါ။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာတဲ့အတွက်
ဝမ်းသာကြောင်း မအေးသီတာက ဒီဗွီဘီကို ပြောပါတယ်။ (ဗူးသီးထောင်ထောင်)
ရခိုင်ပြည်နယ် ဗူးသီးတောင်ထောင်ကနေ နိုင်ငံရေးအကျဉ်းသား ၃ ဦးဖြစ်တဲ့
ကိုကိုကြီး (စမ်းချောင်း)၊ ကိုသန်းထွန်းဇေ၊ ဦးအောင်စိုးတို့
လွတ်မြောက်လာပါတယ်။ ကျန်းမာရေးမကောင်းတဲ့ ၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ဒီထောင်ကနေ လွတ်လာမယ်လို့
မိသားစုက ယုံကြည်နေပေမယ့် ဒီနေ့လွတ်လာတဲ့အထဲ ကိုဌေးကြွယ်မပါဘူးလို့
ထောင်အာဏာပိုင်က ကိုဌေးကြွယ်ရဲ့နှမ မမီမီကြွယ်ကို ပြောပါတယ်။
(တောင်ငူထောင်) ပဲခူးတိုင်း တောင်ငူထောင်က အကျဉ်းသား စုစုပေါင်း ၉၁ ဦး
လွတ်မြောက်ပြီး ထောင် အခေါ်အဝေါ်အရ သာမန်သီးသန့်နဲ့ သီးသန့်အကျဉ်းသား ၃၂
ဦးလွတ်မြောက်သလို စစ်ထောက်လှမ်းရေးနဲ့ ဆက်စပ်သူ ၁၃ ဦး လွတ်မြောက်တယ်လို့
တောင်ငူမြို့က အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ 
ဦးအောင်စိုးမြင့်က ပြောပါတယ်။ တောင်ငူထောင်က လွတ်မြောက်သူတွေထဲမှာ ၁၉၈၉
ခုနှစ် သန်လျင်ရေနံချက် စက်ရုံဝင်း ဗုံးဖောက်ခွဲမှု သံသယနဲ့ ထောင်ဒဏ် အနှစ်
၃၀ ချမှတ်ခံထားရတဲ့ ကိုညီညီဦးလည်း ပါဝင်ပါတယ်။ သူဟာ အဖွဲ့ချုပ်
လူငယ်တဦးဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က ဗုံးဖောက်ခွဲမှုနဲ့
ဖမ်းဆီးထောင်ချခံရသူဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်က သန်လျင်မြို့နယ်က အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွေ ဖြစ်ကြတဲ့ ကိုညီညီဦး၊ ကိုသန်းဇော်နဲ့
ကိုမိုးကျော်သူတို့ကို ဗုံးဖောက်ခွဲမှု တရားခံတွေအဖြစ် ဖမ်းဆီးခဲ့ပြီး
သေဒဏ်ချမှတ်ခဲ့ပါတယ်။ ဒီဗုံးခွဲမှု တရားခံအစစ်ဖြစ်တဲ့
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူက) ဗိုလ်မှူးကိုကိုနိုင်က သန်လျင်ရေနံချက်
စက်ရုံနဲ့ မြို့တော်ခန်းမ တို့ကို သူကိုယ်တိုင် ဖောက်ခွဲခဲ့တာပါလို့
ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ကိုညီညီဦးကတော့ အခုမှ လွတ်မြောက်လာရတာပါ။
တောင်ငူထောင်မှာ ပုဒ်မ ၅ ည နဲ့ ၁၉၉၉ ခုနှစ်မှာ နှစ်ရှည်ထောင်ဒဏ်တွေ
စတင်ကျခံရတဲ့ စောမြင့်နိုင်(ထောင်ဒဏ် ၂၄ နှစ်)၊ ဦးအေးရွှေ(ပဲခူး) (ထောင်ဒဏ်
၂၄ နှစ်) ကိုဇော်ရဲဝင်း (ထောင်ဒဏ် ၁၇ နှစ်) တို့လည်း ပြန်လွတ်လာပါတယ်။
အလားတူ ကိုအောင်အောင်(အောင်သန့်ဇင်ဦး) နဲ့ အောင်ဇေဖြိုး(ဇော်ကြီး) တို့လည်း
တောင်ငူ ထောင်ကနေ ပြန်လွတ်လာတယ်လို့ တောင်ငူမြို့က
အဖွဲ့ချုပ်ခေါင်းဆောင်တဦးဖြစ်တဲ့ 
ဦးအောင်စိုးမြင့်က ပြောပါတယ်။ မွန်းတည့် ၁၂ နာရီ ၇ မိနစ် (ကလေးမြို့)
စစ်ကိုင်းတိုင်း ကလေးမြို့က အကျဉ်းထောင်တွေနဲ့ အလုပ်စခန်းတွေက အကျဉ်းသား
၅၀၀ နီးပါး လွတ်မြောက်တဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၆ ဦးပါဝင်တယ်လို့
ကလေးမြို့ နိုင်ငံရေးအသိုက်အဝန်းက ပြောပါတယ်။ ကလေးမြို့ထောင်မှာ
နိုင်ငံရေးအကျဉ်းသား ၂၀ ကျော် ရှိတဲ့အနက် ဦးအေးချို၊ ဦးသိန်းလွင်ဦး၊
ကိုလှိုင်မျိုး၊ ကိုမြင့်နိုင်၊ ကိုအောင်အောင်တို့ လွတ်မြောက်လာတယ်လို့
ပြောပါတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ဦးဆောင်သံ ဃာတော် အရှင်ဂမ္ဘီရကတော့
လွတ်မြောက်မလာသေးဘူးလို့ ထောင်ရှေ့မှာ စောင့်နေသူတွေက ပြောပါတယ်။ မနက် ၁၁
နာရီ ၃၅ မိနစ် ၂၀ စက္ကန့် (သံတွဲထောင်) ရခိုင်ပြည်နယ် သံတွဲထောင်မှာ
နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ရှိတဲ့အနက် တဦးမှ လွတ်မလာသေးဘူးလို့ ဒီမနက် ၉
နာရီမှာ သံတွဲက နိုင်ငံရေးအသိုင်း အဝိုင်းက ပြောပါတယ်။ ဒါ့အပြင်
ဗိုလ်ချုပ်ကြီးခင်ညွန့် ရာထူးကဖယ်ရှား အရေးယူခံရပြီးနောက် ထောင်ကျ ခဲ့ကြတဲ့
စစ်ထောက်လှမ်းရေးက ဗိုလ်မှူးတဦးနဲ့ ဗိုလ်ကြီး ၂ ဦးလည်း သံတွဲထောင်မှာ
အကျဉ်းကျနေတယ်လို့ သိရပါတယ်။ နေဘုန်းလတ် (ဘလော့ဂါ) ကရင်ပြည်နယ်
ဘားအံထောင်က အကျဉ်းသားတွေထဲက ၃၈ ဦး လွတ်မြောက်ဖို့ရှိ တယ်လို့
ဘားအံထောင်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ အဲဒီထဲမှာ နှစ်ရှည် ထောင်ဒဏ်
ချမှတ်ခံထားရတဲ့ ဘလော့ဂါနေဘုန်းလတ် ပါဝင်မှု ရှိမရှိကိုတော့ မသိရသေးဘူးလို့
ဘားအံထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ညီဖြစ်သူ ကိုဘိုသူက ပြောပါတယ်။ မနက်
၁၁ နာရီ : ၁၇ မိနစ် : ၃၀ စက္ကန့် ဦးသန်းလွင် (အန်အယ်လ်ဒီ) ကယားပြည်နယ်
လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မတ္တရာ အဖွဲ့ချုပ်
ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသန်းလွင်ရဲ့ အခြေအနေကို မိသားစုက ထောင်ကို
မေးမြန်းရာ မှာ ၁၀ နာရီကျမှ ပြန်လည်မေးမြန်းဖို့ တုံ့ပြန်ဖြေကြားတယ်လို့
မိသားစုက ပြောပါတယ်။ လွိုင်ကော်ထောင်မှာ နိုင်ငံရေးအကျဉ်းသား ၄ ဦး
အကျဉ်းကျနေတယ်လို့ သိရပါတယ်။ ဒေါ်ဝင်းမြမြ (အန်အယ်လ်ဒီ) ကချင်ပြည်နယ်
ပူတာအိုထောင်မှာ အကျဉ်းကျနေတဲ့ မန္တလေးတိုင်းအဖွဲ့ချုပ်ခေါင်း ဆောင်
ဒေါ်ဝင်းမြမြရဲ့ နေအိမ်ကို မနက် ၉ နာရီက မေးမြန်းရာမှာ သက်ဆိုင်ရာက ဘာမှ
အကြောင်းမကြားပါဘူးလို့ ဒေါ်ဝင်းမြမြရဲ့အစ်ကို ဦးဘစိုးက ဖြေပါတယ်။
ပူတာအိုထောင် မှာ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦးအပါအဝင်
နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် အကျဉ်းကျနေပါတယ်။ စစ်ကိုင်တိုင်းဒေသကြီး
မုံရွာထောင်က နိုင်ငံရေးအကျဉ်းသား ၇ ဦးလောက် ပြန်လွတ်ဖို့ရှိ တယ်လို့
ထောင်အာဏာပိုင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ကိုညွန့်အောင်
(မုံရွာအန်အယ်လ်ဒီ) မုံရွာအန်အယ်လ်ဒီက လူငယ်တာဝန်ခံ ကိုညွန့်အောင်ဟာ
ပူတာအိုထောင်မှာ အကျဉ်းကျနေရာက ပြန်လွတ်လာမယ်လို့ မိသားစွုနဲ့
အဖွဲ့ချုပ်ဝင်တွေက မျှော်လင့်နေကြပါတယ်။ တောင်ငူထောင် တောင်ငူထောင်ကနေ
အကျဉ်းသား ၉၁ လွတ်မြောက်ဖို့ရှိပြီး နိုင်ငံရေးအကျဉ်းသား ၃၂ ဦး
ပါဝင်မယ်လို့ တောင်ငူထောင်အသိုင်းအဝိုင်းက ပြောပါတယ်။ အဲဒီထဲမှာ သန်လျင်
ရေနံချက်စက်ရုံ ဗုံးဖောက်ခွဲမှုနဲ့ မှားယွင်းဖမ်းဆီးထောင်ဒဏ်ချမှတ် ခံခဲ့ရပြီး
နောက်ပိုင်းမှာ ကျူးလွန်သူအမှန် ပေါ်ပေါက်သွားပေမယ့် မလွတ်မြောက်သေးတဲ့
ကိုညီညီဦး အပါအဝင် ဦးအေးဆွေ၊ စောမြင့်နိုင်၊ ဂျိမ်း (ခေါ်) အောင်အောင်၊
အောင်ဇေဖြိုးတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်လာဖို့ရှိတယ်လို့လည်း တောင်ငူထောင်
အသိုင်းအဝိုင်းက ပြောပါတယ်။ ကိုလှမျိုးနောင် (၈၈
မျိုးဆက်ကျောင်းသားခေါင်းဆောင်)
မန္တလေး အိုးဘိုအကျဉ်းထောင်ကနေ ဒီမနက် ၈ နာရီလောက်မှာ အကျဉ်းသား တချို့ကို
မှန်လုံကားတစီးနဲ့ စတင်လွှတ်ပေးလိုက်ပြီး ဒီအကျဉ်းသားတွေထဲမှာ ရှမ်း၊ တရုတ်
စတဲ့အကျဉ်းသားတွေသာ ပါဝင်ပြီး ရှမ်းပြည်နယ်ဘက်ကို ပြန်ပို့တာလို့
အိုးဘိုထောင်ရှေ့က မျက်မြင်သက်သေတွေက ပြောပါတယ်။ အိုးဘိုထောင်ကနေ
လွတ်လာမယ့် နိုင်ငံရေးအကျဉ်းသားတွေထဲမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တ ဦးဖြစ်တဲ့
ကိုလှမျိုးနောင် ပါဝင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ လူရွှင်တော်
ဇာဂနာ မြစ်ကြီးနားထောင်မှာ ထောင်ဒဏ် ၃၅ နှစ်ကျခံနေရတဲ့ ပြည်သူ့အချစ်တော်
လူရွှင်တော် ဇာဂနာ (ကိုသူရ) ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်နဲ့
လွတ်မြောက်သူတွေထဲ ပါဝင်ကြောင်း မြစ်ကြီးနားထောင် အာဏာပိုင်တွေဆီက
သိရတယ်လို့ ခယ်မဖြစ်သူ မငြိမ်းက ပြောပါတယ်။ ဒီမနက် ၁၀ နာရီ မိနစ် ၃၀
မြန်မာ့လေကြောင်းလေယာဉ်နဲ့ တင်ပေးလိုက် မှာဖြစ်ပြီး မွန်းလွဲပိုင်းမှာ
ရန်ကုန် မင်္ဂလာဒုံလေဆိပ်ကို ရောက်ရှိမယ်လို့ ဆိုပါတယ်။ ၂ဝဝဂ ခုနှစ် မေလ
နာဂစ်မုန်တိုင်းဘေးသင့်သူတွေကို
ကူညီကယ်ဆယ်ရေးလုပ် ငန်းတွေ ဆောင်ရွက်နေခဲ့တဲ့ ကိုဇာဂနာကို အာဏာပိုင်တွေက
အဲဒီနှစ်ဇွန်လမှာ ဖမ်းဆီးခဲ့ပါ တယ်။ အဲဒီနောက် သူ့ကို အီလက်ထရောနစ်
အက်ဥပဒေ ၃ ခုနဲ့ ထောင်ဒဏ် ၄၅ နှစ်၊ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်ရန်
လှုံ့ဆော်မှုနဲ့ ဗွီဒီယိုအက်ဥပဒေ အပါအဝင် ပုဒ်မ ၅ ခုနဲ့ ထောင်ဒဏ် ၁၄ နှစ်၊
စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပါတယ်။ အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မ ၃
ခုနဲ့ ထောင်ဒဏ် ၄၅ နှစ် ချမှတ်ထားရာက ၂ဝဝ၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်မှာ
တမှုကို ၈ နှစ်စီ စုစုပေါင်း ၂၄ နှစ် လျှော့ချပေး လိုက်လို့ ထောင်ဒဏ် ၃၅
နှစ် ကျန်ရှိတာဖြစ်ပါတယ်။ ကိုဇာဂနာ အကျဉ်းကျခံနေတုန်းမှာ မိခင်ဖြစ်သူ
စာရေးဆရာမကြီး ဒေါ်ကြည်ဦးဟာ ၂၀၀၉ ခု မတ်လ ၂၀ ရက်မှာ ကွယ်လွန်ခဲ့သလို ဖခင်
စာရေးဆရာကြီး နန်းညွန့်ဆွေဟာလည်း ၂၀၁၀ ခု ဇူလိုင် ၁၄ ရက်မှာ
ကွယ်လွန်သွားခဲ့ပါတယ်။ ကိုဇာဂနာနဲ့အတူ မြစ်ကြီးနားထောင်က
နိုင်ငံရေးအကျဉ်းသား ကိုမျိုးအောင်သန်းနဲ့ ကိုဇင်မင်းထွန်းတို့လည်း
လွတ်မြောက်လာတယ်လို့ သိရပါတယ်။ သူတို့နှစ်ဦးကတော့ လွတ်ရက်နီးနေတဲ့
နိုင်ငံရေးအကျဉ်းသားတွေ ဖြစ်ပါတယ်။ ဦးကျော်ခင်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) ရှမ်းပြည်နယ် တောင်ကြီးထောင်က
လွတ်မြောက်မယ့် အကျဉ်းသား ၂၀၀ စာရင်း မှာ ၁၉၉၀ ရွေးကောက်ပွဲဝင်
တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ခင် ပါဝင်တယ်လို့
တောင်ကြီးမြို့က တရားရုံးချုပ်ရှေ့နေ ဒေါ်ခင်မိုးမိုးက ပြောပါ တယ်။
လားရှိုးထောင်ကလည်း အကျဉ်းသား ၉၂ ဦး လွှတ်မှာဖြစ်ပြီး အဲဒီထဲက နိုင်ငံရေး
အကျဉ်းသားတွေဖြစ်တဲ့ ဦးရှိန်နိတ္တ၊ ကိုအောင်ဇော်ဦး(တောင်ကြီး)၊ မတင်တင်ချို
(မရမ်း ကုန်း အန်အယ်လ်ဒီ)၊ ဦးအုန်းကျော် (ဒေါပုံ အန်အယ်လ်ဒီအဖွဲ့ဝင်) တို့ ၎
ဦး ပြန်လွတ်လာ တယ်လို့လည်း ဒေါ်ခင်မိုးမိုးက ပြောပါတယ်။
ကျိုင်းတုံထောင်မှာ အကျဉ်းသာ ၁၄၄ ဦး လွတ်တယ်လို့ ကြားသိရပေမယ့်
နိုင်ငံရေးအကျဉ်းသား ပါမပါ မသိရသေးပါဘူး။ မနက် ၁၀ နာရီ : ၄၀ မိနစ် : ၄၀
စက္ကန့် ထောင်ဒဏ် ၁၀၆ ချမှတ်ခံရပြီး စစ်တွေထောင်မှာ အကျဉ်းကျနေသူ
ရှမ်းခေါင်း ဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်ဆေးထင် ဒီမနက်
ပြန်လည်လွတ်မြောက်တယ်လို့ လားရှိုးမြို့ နေ မြေးဖြစ်သူက ပြောပါတယ်။
ဗိုလ်ချုပ်ဆေထင်ကို ရခိုင်ပြည်နယ် စစ်တွေကနေ ရန်ကုန်ကို
ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ပြောပါတယ်။ အသက် ၇၅ နှစ်အရွယ်
ဗိုလ်ချုပ်ဆေထင်ဟာ မျက်စိတိမ်စွဲနေပြီး နှလုံး၊ ဆီးချို၊ သွေးတိုးရောဂါတွေ
ခံစားနေရပါတယ်။ ဗိုလ်ချုပ်ဆေထင်ဟာ ‘နအဖ’ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး
လုပ်ထားခဲ့တဲ့ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အထူးဒေသ (၃) ဥက္ကဋ္ဌဖြစ်သလို
ရှမ်းပြည်နယ်ငြိမ်းချမ်းရေးကောင်စီ
ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ သူနဲ့အတူ ခွန်ထွန်းဦး၊ စိုင်းညွန့်လွင် စတဲ့
ရှမ်းခေါင်းဆောင် ၈ ဦးကို “ရှမ်းပြည်ပညာရှင်များကောင်စီ ဖွဲ့စည်းဖို့
လှုပ်ရှားကြတယ်”ဆိုတဲ့ စွပ်စွဲချက်နဲ့ နှစ်ရှည်ထောင်ဒဏ်တွေ
ချမှတ်ခဲ့တာဖြစ်ပါတယ်။ ဗိုလ်ချုပ်ဆေထင်ကို ၂၀၀၅ ခုနှစ် နိုဝင်ဘာမှာ
ထောင်ဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး
မြန်မာနိုင်ငံ တရားစီရင်မှုသမိုင်းမှာ မကြုံစဖူး ထောင်ဒဏ် (၁၀၆) နှစ်
စီရင်ခံရသူဖြစ်ပါတယ်။ နောက်ဆုံးရရှိတဲ့သတင်းအရ ဗိုလ်ချုပ်ဆေထင်ကို
ရန်ကုန်ကို ဒီနေ့ပို့ဆောင်မှာဖြစ်ပြီး မနက်ဖြန်မှာ ရှမ်းပြည်နယ်
လားရှိုးမြို့ကို ဆက်လက်ပို့ဆောင်မှာဖြစ်လို့ မိသားစုအနေနဲ့
လားရှိုးလေဆိပ်ကနေ စောင့်ကြိုဖို့ ဒီမနက် ၉ နာရီခွဲမှာ
ဗိုလ်ချုပ်ဆေထင်ကိုယ်တိုင် ဖုန်းဆက်တယ်လို့ သူ့သမီး နန်းခမ်းဖောင်းက
ဒီဗွီဘီကို ပြောပါတယ်။ မနက် ၉ နာရီ : ၄၅ မိနစ် : ၀၅ စက္ကန့် မန္တလေး
အိုးဘိုထောင်က လွတ်မယ့် နိုင်ငံရေးအကျဉ်းသား တွေကိုလည်း
နိုင်ငံရေးအသိုက်အဝန်းက သွားကြိုဖို့ ပြင်ဆင်နေကြပါတယ်။ ပဲခူးမှာတော့
အခြေအနေ ထူးခြားမှု မရှိသေးဘဲ ပဲခူး အဖွဲ့ချုပ်ဥက္ကဌ ဦးမြတ်လှကတော့
အားလုံးလွတ်မယ်လို့ သိပ်မမျှော်လင့်ဘူးလို့ ပြောပါတယ်။
အသက်ကြီးတဲ့လူတွေလောက်လွှတ်မယ်လို့
ထင်ပြီး လူငယ်တွေ အထူးသဖြင့် ၈၈ မျိုးဆက်တွေကို လွှတ်ပါ့မလားလို့
စိုးရိမ်တယ်လို့ လည်း ပြောပါတယ်။ မနှင်းပွင့်ဝေ (ဗကသ)
မော်လမြိုင်ထောင်မှာ အကျဉ်းကျနေတဲ့ မနှင်းပွင့်ဝေ (နာဂစ်အလောင်းတွေ
သင်္ဂြီုဟ်တဲ့ ဗကသ အဖွဲ့ဝင်) လည်း လွတ်မယ့်စာရင်းမှာပါတယ်။ ဒီမနက် ၁၀ နာရီမှာ
အခမ်းအနားနဲ့လွတ်မယ်လို့ သိရပြီး သူ့ဖခင် ဒေါက်တာနေဝင်းနဲ့ မိခင်တို့က
ရန်ကုန်ကနေ မော်လမြိုင်ထောင်ရှေ့ကို သွားရောက်စောင့်ဆိုင်းနေကြပါတယ် ။
မနက် ၈ နာရီ : ၄၀ မိနစ် : ၀၆ စက္ကန့် နိုင်ငံကျော်လူရွှင်တော် ဇာဂနာ
(ကိုသူရ) အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃ ဦး မြစ်ကြီး နားထောင်ကနေ
လွတ်မြောက်မယ်လို့ သတင်းရရှိပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်
ကချင်ပြည်နယ်အတွင်းရေးမှူး ဦးနေဝင်းက မြစ်ကြီးနားထောင်ကို သွားမေးရာမှာ
အဲဒီလို သိလာရတာလို့ ပြောပါတယ်။ လွတ်မယ့်လူစာရင်းမှာ ကိုဇာဂနာပါတယ်လို့
သူ့ခယ်မ မငြိမ်းကလည်း ပြောပါတယ်။ ပဲခူးတိုင်း သာယာဝတီထောင်က ပြန်လွှတ်မယ့်
အကျဉ်းသားစာရင်းထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အတော်အတန်ပါတယ်လို့
ထောင်အာဏာပိုင်တွေက ပြောတဲ့အကြောင်း ထောင်ကို မနေ့ကသွားပြီး
ပါဆယ်ပို့ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝ င်တွေက
ပြောပါတယ်။ သာယာဝတီထောင်ကို မနေ့မွန်းလွဲပိုင်းက နိုင်ငံရးအကျဉ်းသား ၃၃
ဦးအ တွက် ပါဆယ်သွားပို့ရာမှာ ၁၂ ရက်နေ့မှာ လွှတ်ပေးတဲ့အခါ စာရင်းသွင်းထားရင်
ပြန်ထုတ် ရခက်မှာစိုးလို့ မနက်ဖန် ပြန်လွတ်တော့မှပေးဖို့ ထောင်ဝန်ထမ်းက
ပြောတယ်လို့ ဆိုပါတယ်။ သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသား ၁၈၀ ကနေ ၂၀၀
အကြားရှိတယ်လို့ လည်း သိရပါတယ်။ ဒီနေ့မနက် ၇ နာရီလောက်မှာ မန္တလေးမြို့
အိုးဘိုအကျဉ်းထောင်ကို အကျဉ်သား တွေ ပြန်လွတ်မယ်လို့ မျှော်လင့်ပြီး
သွားရောက်ကြည့်ရှုမေးမြန်းရာမှာ မနက် ၈ နာရီမှ လွှတ်မယ့်အကြောင်း
ထောင်တာဝန်ရှိသူက ဖြေကြားတယ်လို့ မန္တလေးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝ င်တဦးက ပြောပြပါတယ်။ အိုးဘိုထောင်ရှေ့မှာ အကျဉ်းသားမိသားစုဝင် ၅၀ လောက် ရောက်ရှိစောင့်ဆိုင်းနေကြပြီလို့ လည်း
ပြောပါတယ်။ မန္တလေးတိုင်း ရွှေဘိုထောင်ကနေ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား
ဆယ်ဦး ပြန်လည်လွတ်မြောက်လာမယ်လို့ ထောင်တွင်းက ထွက်ပေါ်လာတဲ့သတင်းကို
ကိုးကားပြီး အကျဉ်း သားတွေအကျိုး လိုက်ပါဆောင်ရွက်နေသူတွေ၊ ကြိုဆိုနေသူတွေက
ပြောပါတယ်၊ ကျိန်း သေလွတ်ပြီလို့ မဆိုနိုင်သေးပေမယ့်
သူတို့ရရှိတဲ့စာရင်းမှာ ပါဝင်သူတွေကတော့ … ၁။ မလေးလေးမွန် ၂။
ကိုကျော်မင်းသန်း ၃။ ကိုကြည်သာထွန်း ၄။ ကိုစိုးဝင်းအောင် ၅။ ဦးကျော်လှိုင်
၆။ ဦးသုစိတ္တ ၇။ ဦးသုဇန ၈။ ဦးခေမိန္ဒ ၉။ မရင်ရင်ဝိုင်း ၁၀။ စောပိကလိ
တို့ဖြစ်ပါတယ်။ ၂၀၁၁-ခုနှစ်၊ အောက်တိုဘာလ၊ ၁၁-ရက်၊ အင်္ဂါနေ့ နိုင်ငံရေး
အကျဉ်းသားတွေ လွတ်လာဘို့မျှော်လင့်ပြီး မိသားစုဝင်တွေနဲ့လုပ်ဖေါ်ကိုင်ဖက်တွေဟာ အင်းစိန်ထောင်ရှေ့မှာ အောက်တိုဘာလ ၁၁ ရက်နေ့မှာ လာရောက် စောင့်ဆိုင်းနေကြပါတယ်။ See More
By: Tin Hlaing
0 comments:
Post a Comment