Tuesday, October 11, 2011

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး အမြန်ဆုံး လွတ်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

by Eleven Media Group on Wednesday, October 12, 2011 at 1:36pm
 
ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများအားလုံး အမြန်ဆုံးလွတ်စေချင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က ပြောကြားခဲ့သည်။

ယနေ့တွင်လွတ်မြောက်လာသည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံရသူများနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က  " အန်တီတို့ရတဲ့သတင်းအရတော့ ၁၀၀ လောက်ရှိလာပြီ၊ အခုထိစာရင်း အရပေါ့ ၊ အားလုံးတော့မပြည့်စုံသေးဘူး၊ ဆက်ဆက် ဆက်ဆက်ပြီးတော့ လွှတ်မယ်လို့တော့ အန်တီတို့ မျှော်လင့်ထားတာပဲ။ အန်တီပြောသလိုပဲ တစ်ယောက်လွတ်တာကို တန်ဖိုးဖြတ်လို့မရဘူး။
လူတိုင်းလူတိုင်းရဲ့လွတ်လပ်မှုက တန်ဖိုးဖြတ်လို့မရဘူး။ ပိုပြီးတော့လွှတ်လေ တိုင်းပြည်အတွက်ကောင်းလေပဲ။ နိုင်ငံရေးအကျဉ်းသားများ လွတ်တာဆိုတာကတော့ တစ်ယောက်ချင်းလွတ်ရင်လည်း ကျေးဇူးတင်တယ်၊၀မ်းသာတယ်၊ ဒါပေမယ့် အားလုံးလွတ်စေချင်တယ်၊ အမြန်ဆုံးလွတ်စေချင်တယ်" ဟု သတင်းထောက်များသို့ ယနေ့နံနက် ၁၁ နာရီ မိနစ် ၄၀ တွင်ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ယနေ့နက် ၁၁ နာရီ ၅ မိနစ်တွင် ကျင်းပသည့် နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲအခမ်းအနားအပြီးတွင် ယင်းကဲသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ နိုင်ငံရေးအကျဉ်းသားဟောင်းများ၏ ပထမအကြိမ် ဂါရ၀ပြု ကန်တော့ပွဲ အခမ်းအနားသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များ၊ မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူများ၊ ထောက်ခံသူများ ၁၀၀၀ ၀န်းကျင် တက်ရောက်ခဲ့သည်ကို တွေ့ရပြီး၎င်းတို့က အဆိုပါအခမ်းအနားတွင် NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်နှင့် NLD ပါတီ၏ အထွေထွေအတွင်းရေးမှုး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့အား ဂါရ၀ပြုကန်တော့ခဲ့ကြသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...