Thursday, October 20, 2011

ကိုဇာဂနာသို့မေတ္တာရပ်ခံစာ (တဆင့်စကားတဆင့်နားနဲ့ ကိုဇာဂနာဆီရောက်အောင်ပို့ပေးကြပါခင်ဗျာ...)

by New Generation-Myanmar on Wednesday, October 19, 2011 at 1:28am
 
ကိုဇာဂနာဟာ ကျွန်တော်တို့ လေးစားရတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး၊ လွန်မြောက်လာခဲ့တဲ့သူ တွေထဲမှာအပါအ၀င်ဆိုတော့ ၀မ်းသားကြိုဆိုရပါတယ်၊၊သို့ သော်လည်း၊ မဇ္ဈိမသတင်းဌာနရဲ့  “အာလူးပူရီမစား ပါနဲ့ သမ္မတကြီး” ဆိုတဲ့ ပညာတတ်မဆန်တဲ့ ခေါင်းစဉ်နဲ့ (ခေါင်းစဉ်ပေးတဲ့သူတွေကိုဆိုလိုပါသည်၊၊ ကိုဇာဂနာကိုမဆိုလိုပါ၊၊) အင်တာဗျူးကတော့ ပြည်သူ့ တွေအတွက် အထူးသဖြင့် စည်းလုံး ညီညွတ်မှု့ အသစ်ကို ကြိုးစားတည်ဆောက်နေတဲ့ အချိန်မှာ(ဒီအချိန်မှာ ကျွန်တော် တို့အနေနဲ့ လက်ရှိသမ္မတကြီးအား ထောက်ခံခြင်းမထောက်ခံခြင်း စသည့်သဘောထား များထက် လေးနက် သော သဘောထားကို ကိုင်စွဲပါသည်၊၊ အနှစ်နှစ်အလလ အနစ်နာခံပြီး ဒီမိုကရေစီကို ဖေါ်ဆောင်ဖို့ကြိုးပမ်းနေသော ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်၊ တိုင်ပင်ဆွေးနွေးမှု့များပြုနေတဲ့ အချိန် ကာလဖြစ်တော့ ကျွန်တော်တို့ပိုပြီး သတိရှိရှိ နဲ့ နိုင်ငံအတွက် ဘာတွေအကောင်း ဆုံးဖြစ်နိုင်မလဲဆိုတာ စောင့်ကြည့်ကြိုးပမ်း နေကြရတဲ့အချိန်ဖြစ် ပါတယ်၊၊ ) စဉ်းစဉ်းစား စားခြင့်ခြင့်ချိန်ချိန်ဖြေဆိုခဲ့မယ် ဆိုရင်ဖြင့် ကျွန်တော်တို့ ပိုပြီးဝမ်း သာနိုင်မှာဖြစ်တယ်ဆိုတာလေးကို လေးစား စွာဖြင့် ဆန္ဒထုတ်ဖေါ်ခွင့်ပြုစေခြင် ပါသည်၊၊



ကျွန်တော့်ရဲ့ ထင်မြင်ချက်ကလဲ တဖက်သတ်ဆန်နေမယ် သို့ မဟုတ်ပညာရှိမဆန် ဟုယူဆနိုင်ကလည်း၊ ဒီအတွက် ၀န်ခံရန်မှတပါး အခြားမရှိပါ၊၊ စာရေးဆရာ အတ္တကျော်ရဲ့ ဟောပြောပွဲတစ်ခုမှာ (မော်လမြိုင်ဟုထင်ပါသည်၊၊ တောင်ငူဟောပြောပွဲနှင့် ထိုမော်လမြိုင်ဟောပြောပွဲသည်၊ ဆူဒိုနင်မှ ဟုတ်ပါလေစ ဟု သံသရပွားရလောက်သည်အထိ ဖြစ်ခဲ့ပြီး၊ လူငယ်တစ်ယောက်မှ ဆရာအတ္တကျော်ကို အီးမေးပို့ပြီး၊ ဆရာပြောတာတွေဟာ အစီအစဉ်မကြဟု စေဖန်ခဲ့သည် အထိ၊ ထင်မြင်စရာဖြစ်ခဲ့ရသည့်ဟောပြောပွဲနှစ်ခုဖြစ်ပါသည်၊၊  ဤကားစကားချပ်) ဟောပြောခဲ့တဲ့ တန်းဘိုးရှိသူလူ မှဟော ပြောချက်တစ်ခုကို သွားအမှတ်ရမိပါတယ်၊၊ ဆရာ အဲဒီပွဲမှာဆိုလိုခြင်တာက တန်းဘိုးရှိတဲ့လူကို ဘာနဲ့ တိုင်းတာတာလဲ၊ ဘယ်လိုလူမျိုးကို တန်ဘိုးရှိတဲ့လူလို့ သတ်မှတ်မလဲစတဲ့ ရှု့ ထောင့်တွေကနေ ဆွေးနွေးသွားတာဖြစ်ပါတယ်၊၊

ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အပြောင်းအလဲကို မရှု့ စိမ့်နိုင်တဲ့သူတွေ ရှိနေမှာဆိုတာကိုတော့ငြင်းလို့မရနိုင်ပါ၊၊ အဲဒီအထဲမှာ ဘယ်သူတွေပါမလဲဆိုတာကို ကျွန်တော်တို့ ဘူးပေါ်သလိုပေါ်လာတဲ့အထိ စောင့်ကြည့်ရမည်၊၊

အခုကျွန်တော်ဆိုလိုရင်းကို မတင်ပြခင် ကိုဇာဂနာ အင်တာဗျူးမှာပြောခဲ့တဲ့စကားတစ်ချို့ ကိုပြန်ကြည့်ရအောင်ပါ၊၊

“ကျနော် အဲ့ဒီဥစ္စာက မနေ့ကလဲ သူတို့ကို တရားဝင် ကျနော်ပြောခဲ့ပြီးပါပြီ။ ကျနော်က လက်မခံဘူး။ ကျနော့် အနေနဲ့ကတော့။ ကျနော့်ညီတွေလို့ သတ်မှတ်ထားတဲ့ သီးလေးသီး၊ ဂေါ်ဇီလာ စသည်ဖြင့် အခုတော့ သီးလေးသီးမဟုတ်ဘူး ဒီမှာရောက် နေတာ သီးနှစ်သီးပေါ့။ ဒီသီးနှစ်သီးတို့ ဂေါ်ဇီလာတို့ဟာ ပြည်ပရောက်
နေတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေကို ဒီလိုမျိုး ပုတ်ပုတ်ခတ်ခတ်၊ ဒီလူတွေကို အမနာပ ပြောတယ်ဆိုတာကို ကျနော် ပြင်းပြင်းထန် ထန် ရှုံချတယ်။ ရှေ့ဆက်ပြီး သူတို့ ပြောမယ်ဆိုရင်လဲ ကျနော်နဲ့ လက်တွဲဖြုတ်ဖို့ အဆင်သင့်ပဲ့ 


“…..ကျနော်ပြောချင်တာကပြည်ပရောက်နေတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေကိုပုတ်ပုတ်ခတ်ခတ်လုပ်တဲ့စကားလုံး၊ပုတ်ပုတ် ခတ်ခတ်လုပ်တဲ့ပြက် လုံးတွေပြောလာမယ်ဆိုခဲ့ရင်တော့ရပြီ၊ ကျနော့် ရာဇဝင်နဲ့ ကျနော့်သမိုင်းမှာ အဲ့ဒီနာမည်သုံးခု မရှိတော့ဘူး။ ကျနော်ဖျက်ပြီးသား ဖြစ်သွားပြီ။ ကျနော် တရားဝင် ပြောပြီးသားဖြစ်တယ်။ ဒီစကားကို ကမ္ဘာသိကျနော်
ကြေငြာ လိုက်တာပဲ””
ကိုဂေါ်ဇီလာတို့ ပြန်လာတော့ 7DayNews ဂျာနယ်မှပြောပြချက်တွေကို ကျွန်တော် သဘောတူပါတယ်၊၊ သူတို့ နိုင်ငံအတွင်းနေတုန်းကလည်း၊ တိုင်းပြည်အတွက် မသင့်တော်တာတွေကို သတ္တိရှိရှိ၊ တင်ပြခဲ့ကြပါတယ်၊၊ နိုင်ငံတကာရောက်တဲ့အခါလည်း သူတို့ အတွေ့ အကြုံတွေထဲက အမြင်မတော်တာတွေ (တကယ်တော့ဒါတွေဟာ အမှန်တရားဖြစ်ပါတယ်၊၊ ကိုဇာဂနာက ကိုယ်တွေ့ မတွေ့ ကြုံရသေးတော့ ဒီအဖြစ်အပြက်တွေကို မသိတာဖြစ်နိုင်ပါတယ်၊၊) ဥပမာ အသဲခြောက်အောင်သောက်နေတာတို့ ၊ တော်လှန်ရေးကြီးအထွန့် ရှည်ပါစေဆိုတာတို့ ၊ ဘန်ကောက်မှာ ကို နိုင်ငံရေးအဖွဲ့ ခွဲပေါင်းရာကျော်က နိုင်ငံကိုလက်ညိုးထိုးပြီးပိုက်ဆံတောင်းနေတာတွေတိုကို့ သာ ကိုဇာဂနာသိရင်တော့ ဒီလို့ ပြောဖြစ်မယ်မထင်ပါဘူး၊၊ ကျွန်တော်တို့ လည်းပြည်ပဒီထက်ဆိုးတဲ့အဖြစ်များတွေ့ ကြုံခဲ့ကြရပါတယ်၊၊ 
စာရှု့ သူအပေါင်းနဲ့ ကိုဇာဂနာကို အထက် စကားလုံးများကို အထပ်ထပ်ပြန်လည်သုံးစေခြင်ပါ၊၊ ဒီစကားတွေရဲ့  အဓိပါယ်တွေက ဘယ်အထိရောက်သွားသလဲ၊၊ ကိုဇာဂနာ ဒီစကားကိုဘာလို့ ဒီလောက်တောင်အသေအ ချာပြောရတာလဲ၊၊ သူဒေါ်အောင်ဆန်းစုကြည်ကို ပြောတဲ့စကားနဲ့ဆိုရင်သူလဲ လူညံ့တစ်ယောက်တော့မဟုတ် ဟုတ်ပြီးသူမပြောစေခြင်ဘူး၊ ဘာကြောင်းမပြောစေခြင်ရတာလဲ၊ အခုပဲ DVB မှာ ပိုက်ဆံအလွဲသုံးစားအရှုပ်ထုတ်ကြီးဖြစ်နေပြီ၊၊ ဒါတွေကိုကျွန်တော်တို့ မပြောရတော့ဘူးလား?

နောက်ဆုံးဒီသတင်းဌာနရဲ့ အသိဥာဏ်အာဘော်ကိုပေါ်လွင်စေခဲ့တဲ့မေးခွန်းတစ်ခုကတော့ (ဒါမှမဟုတ်  မြန်မာပြည်ကိုစေတနာမရှိတာလည်းဖြစ်နိုင်ပါတယ်)
“ကိုဇာဂနာသာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ရင် အဲ့ဒီနယ်မှာတော့ ပြိုင်ရဲမယ့်သူ ရှိမှာ မဟုတ်ဘူး ထင်တယ်။ အဲ့ဒီလို ရွေးကောက်ပွဲ ဝင်ဖို့အစီအစဉ်တွေ ဘာတွေများ ရှိမလားခင်ဗျ။”
လွတ်တော်ထဲမှာ နိုင်ငံတကာအတွေ့ အကြုံရှိ ပါမေက္ခ ဒေါက်တာအောင်ထွန်းသက်တို့လို၊ သန့် မြင့်ဦး၊ ဦးမြင့်၊ တစ်ခြား တိုင်းပြည်တည်ဆောင်ရာမှာ ဝေဖန်သုံးသတ်၊ ပိုင်းခြား အကြံပေးကယ်တယ်နိုင်မဲ့ လူတွေများများရောက်ဖို့ လိုပါတယ်၊၊ ကိုဇာဂနာကိုစော်ကားတာမဟုတ်ပါ၊၊ လွတ်တော်ဟာ တွေ့ တဲ့လူတိုင်းကို ဟာသထိုင်လုပ်နေရမဲ့နေရာမဟုတ်ပါ၊၊ တက်လာသမျှလူတိုင်းကို နိုင်ငံရေးဟာသထိုင်ပြောနေရမယ့်နေရာမဟုတ်ပါ၊၊ တိုးတက်ကြီးပွားလာအောင်၊ တိုင်းသူပြည်သားတွေ၊ ပညာတတ်လာအောင်၊ စည်းလုံးညီညွတ်လာအောင်၊ သူများနိုင်ငံတွေအမှီလိုက်နိုင်အောင်၊ ၀ိုင်းဝန်းကူညီရမဲ့နေရာဖြစ်ပါတယ်။၊
ဒီနေရာမှာ တစ်လက်စတဲ့ လွမ်းလိုက်ကြရတဲ့ ဧရာဝတီကယ်တင်ရေး၊ လုပ်လိုက်ကြရတဲ့ ကန်ပိန်းတွေ၊ လုပ်လိုက်ကြရတဲ့ ဧရာဝတီကယ်တင်ရေးဆွေးနွေးပွဲတွေ၊ သမ္မတက ရပ်လိုက်ပါပြီလို့ သတင်းထုတ်ပြန်ပြီးတာတောင် စင်္ကာပူ ဧရာဝတီကယ်တင်ရေးဟောပြောပွဲတဲ့၊၊ တရုပ်က ပြသနာရှာပြီလဲဆိုရော ဖေ့ဘွတ်မှာလွမ်းကောင်းတဲ့ သူတွေ… တရုပ်ကိုကိုယ်တိုင်းပြည်ဘက်ကိုဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုစည်းစည်းလုံးလုံးညီညီညွတ်ညွတ် အဖြေရှာမလဲ တစ်ယောက်မှပေါ်မလာဘူး၊၊ ကျွန်တော်တို့ လုပ်စရာအများကြီးကျန်နေပါသေးတယ်၊၊ ဒေါ်အောင်ဆန်းစုကြည်ရှိနေတယ်၊၊ အစိုးရကို နိုင်ငံရေးအကျဉ်းသားတွေဆက်လက်လွတ်ပေးဘို့ ကူညီတိုက်တွန်းကြရပါအုံးမယ်၊၊ နိုင်ငံရေးအကျဉ်းသားတွေစမ်းလွတ်တယ်ဆိုတာ အားစမ်းတာလည်ဖြစ်နိုင်ပါတယ်၊၊ ထွက်လာတဲ့သူတွေကို က စာဖြန့် ကြ၊ ၈၈ တုန်းက ကျွန်တော်တို့ လိုခြင်တာရပြီးလားဆိုပြီး သွေးဆူအောင်လုပ်ခြင်းတွေဟာ အထဲကလူတွေကို ထောင်သက်ပိုရှည်စေတာနဲ့ အတူတူပါပဲ။

များသွားပါပြီ၊၊ ကျွန်တော်ရဲ့ ဒီထောက်ပြချက်တွေကလည်း၊ ကိုဇာဂနာကို အရင်လိုပြည်သူ့ အချစ်အတော်ဖြစ်မြင်ပြီး၊ ဒီလိုမီဒီယာတွေ အသုံးခြတာ မခံရအောင်လို့ ပါ၊၊ နောက်ဆုံးနိဂုံးချူပ်အနေနဲ့  ကျွန်တော်အထက်က တင်ပြခဲ့တဲ့ တန်ဘိုးရှိတဲ့သူဖြစ် စေခြင်ပါတယ်၊၊ ဦးမောင် ခေါ် ဦးကျော်သူလည်း ပြည်သူကောင်းစားစေခြင်တယ်၊၊ နိုင်ငံရေးစိတ်ဓါတ်ရှိတယ်၊၊ ဒါပေမဲ့ ဦးမောင် လူတွေကို လက်တွေ့ အကြိုးပြုနေတယ်၊၊  ကိုဇာဂနာကိုလည်း လူတွေကိုလက်တွေ့ အကြိုးပြုစေခြင်ပါတယ်၊၊

အစ်ကိုရဲ့ အနုပညာနဲ့  ပြည်သူတွေတိုင်းပြည်တည်ဆောက်ရေးမှာ အမေစုရဲ့ လမ်းညွန်မှု့နဲ့  အကြိုးပြုအောင်စွမ်းဆောင်နိုင်ပါစေခင်ဗျာ၊၊

New Generation

စာကြွင်း ပြည်ပမီဒီယာလို့ ဆိုရာမှာ အခုတွေ့ တွေ့ နေရတဲ့  ဘီဘီစီက ကိုမျိုးသာထက် ရဲ့ အာဘော်များကိုတော့ လွတ်လပ်ပြီးတရားမျှတတယ်လို့ယုံကြည့်ပါတယ်၊၊
· · Share

  • View all 14 shares
    • Chit Swe ပြည်ပရောက်နေနိုင်ငံရေးလုပ်နေတဲ့လူတွေထဲမှာ လူစုံရှိတာဘဲ ကောင်းတာရောမကောင်းတာရော အားလုံးရှိတာဘဲ ကိုဂေါ်ဇီလာပြောတာဘာလွန်သွားလို့လည်း ကိုဇာဂနာရယ် ကိုဇာဂနာကိုယ်တိုင်ဒီမိုကရေစီမကျသေးဘူနော် တဘက်စောင်းနင်းဖြစ်နေတယ် ထင်မိတယ် မှားရင်လည်းတောင်းပန်ပါတယ် ဟိုနေ့ကလည်းfacebook အရမ်းဝေဘန်ပြီးသွားပြီနော် အကောင်းအဆိုးဒွန်တွဲနေတာပါဗျာ ။
    • Paing Soe Oo
      ကျွန်တော် ကတော့ အဲ့လို မထင်ဘူးဗျ..ဘာလို့လည်းဆိုတော့ ကိုဇာဂနာထောင်က ထွက်လာလာ ချင်း ပြောထားတဲ့ စကားလုံးထဲ မှာ ပါတယ်..။သူတို့ နဲ့ သေချာ မေးကြည့်ပါဦးမယ် ။ တကယ်လို့ သူတို့ မှားတယ်ဆိုရင် သူတို့ ကို အမွေ ဖြတ်ဖို့ အဆင်သင့်ပါ ဆိုကတဲ့ က သေချာ စဉ်းစ...ားကြည့်ပါ။ သူ အမွေ (ကျွန်တော်တို့ ဆီမှာ ကတော့ အမွေဖြတ်ပြီဟေ့ ဆို လုံးဝ အတိအလင်းစကားမပြောတော့ တာ ကို ဆိုလိုတယ်လို့ ဒီနေရာမှာ တွေးကြည့်မယ် ဗျာ) တရားဝင်မဖြတ် ဘူး ။ အဲ့မှာ ကတဲ့ က ပြည်ပ က လူတွေ ကို ကလန်ကစန် သူမလုပ်ရဲပါဘူးလို့ ပဲ ကျွန်တော် ကတော့ ထင်တယ်။ဘာလို့လည်းဆိုတော့ သူတို့လိုလူတွေက ပြည် ပအင်အားကို ကျားထောက် နောက်ခံပြုထားရတယ်။(ရန်ပုံငွေက အစ ဖြစ်ပါလိမ့်မယ် )။အဲ့တော့ သူ့အနေနဲ့ မထွန့်သာမလူးသာအခြေအနေမလို့ နောက်ထပ် ပြည့်ပ က လူတွေနဲ့ ပတ်သပ်ပြီး ပျက်လုံး မပျက်နဲ့ တော့ ။ဒါလောက်နဲ့ ပြီးစေတော့ ဆိုတဲ့ သဘော မျိုးဖြစ်ပါလိမ့်မယ်။
      (ဒေါ်အောင်စုကြည်တောင်မှ အဲ့လို မလုပ် နိုင်ပါဘူး ပြည်ပ က လူတွေ ကို )
      See More
      Yesterday at 3:25am · · 3 peopleLoading...
    • Yan Aung ကိုဇာဂနာ passport လျှောက်ထားခွင့် ရပြီး သွားခွင့်ရမှာပါ..။
      အဲဒီကျမှ ကျွန်တော်တို့ လေးစားရတဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးရဲ့ သမီး ဝေနှင့်ပွင့်သုန် ဟာ Burma Campaign ရဲ့ Guide line နဲ့ ကုလားဒိန်ယောက်ျားတွကြားထဲမှာ သမိုင်းမမှန်တဲ့ Rohigya တွေအတွက် နာရီပေါင်းများစွာ ဘာကြောင့် မတ်တပ်ရပ်တောင်းဆိုနေလဲဆိုတာ..အဲဒီနောက်ကွယ်ကအကြောင်းတွေကိုသာသိရင် ... ဂေါ်ဇီလာကို ..အပြစ်တင်စောတာ သိလာပါလိမ့်မယ်..။
      5 hours ago ·
    • Paing Soe Oo စောရီးဗျာ.ဒေါ်အောင်စုကြည်=.ဒေါ်အောင်ဆန်းစုကြည်
      5 hours ago ·

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...