Tuesday, October 18, 2011

မြန်မာသတင်းပေါင်းချုပ်


မီးပြတိုက်
  1. မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများမှ လွဲ၍ မည်သည့် နိုင်ငံခြားသား ခရီးသည်ကိုမှ ဆိုက်ရောက်ဗီဇာ မပေးတော့ဟုဆို ၊
  2. အရေးပေါ်ကိစ္စ ဖြစ်ပေါ်သူများအတွက် Passport ကို တစ်ပတ်အတွင်း ပေးမည်  ၊
  3. ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်အထွက် ကောင်တာသစ်များတိုးလာ၍ ပိုမိုအဆင်ပြေ  ၊
  4.  မလေးရှား အလုပ်သမား ဗီဇာလျှောက်ထားသူများမှာ အလုပ်သမားဦးစီးဌာနမှ ထုတ်ပေးသော ပြည်ပအလုပ်သမား မှတ်ပုံကတ်ပါမှသာ ဗီဇာလျှောက်ထားခွင့် ရတော့မည် ၊
  5.  မ​​လေး​​ရှား​​ရှိ ပြည့်​​တန်ဆာလုပ်ငန်း​​အဖွဲ့​​က မြန်မာအမျိုး​​သမီး​​များ​​ကိုပါ အသုံး​​ချ​​နေ  ၊
  6. တက္ကစီသမားဟန်ဆောင်ပြီး မြန်မာဒုက္ခသည် ၂ ဦးအား လုယက်တိုက်ခိုက် ၊
  7. S’passဗီဇာရနိုင်မည့် ခရီးသွားဒီပလိုမာ လျှောက်ထားနိုင် ၊
  8. ရပ်တည်မှု ခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများ အခြေအနေ ၊

မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများမှ လွဲ၍ မည်သည့် နိုင်ငံခြားသား ခရီးသည်ကိုမှ ဆိုက်ရောက်ဗီဇာ မပေးတော့ဟုဆို

မြန်မာနိုင်ငံတွင် ယခုနှစ် မေလ ၁ရက်နေ့က စတင်၍ ပထမဆုံး စတင် ကျင့်သုံးခဲ့သည့် ဆိုက်ရောက်ဗီဇာ (Visa on Arrival) ထုတ်ပေးသည့် စနစ်ကို ယခုလ ၁ရက်နေ့တွင် ရပ်နားခဲ့ပြီး ယခုလ ၈ ရက်နေ့မှ စတင်၍ ခြွင်းချက်ဖြင့်သာ ကျင့်သုံးတော့မည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ ကြေငြာချက်များ ထုတ်ပြန်ထားကြောင်း ကြားသိရသည်။




ပုံမှန် ၀င်ရောက်သော နိုင်ငံခြားသား ဧည့်သည်များကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးနေခြင်းအား ရုတ်သိမ်းကာ ခြွင်းချက်အနေဖြင့် မြန်မာသံရုံးမရှိသော နိုင်ငံမှ နိုင်ငံသားများကိုသာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသွားမည် ဖြစ်ကြောင်း၊ လျှောက်ထား လိုသော ပြည်တွင်းရှိ ခရီးသွား ကုမ္ပဏီများသည် ထိုနိုင်ငံခြားသားဧည့်သည် လာရောက်မည့် လေကြောင်းလိုင်း၊ ပြန်လည်ထွက်ခွာမည့် ရက်စွဲ စသည့် ခရီးသည်နှင့် သက်ဆိုင်သော အချက်များကို တိကျစွာ ဖော်ပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဗီဇာစိစစ်ထုတ်ပေးရေးအဖွဲ့သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်ကြောင်း၊ ခရီးသည် တစ်ဦးနှင့် ပတ်သက်သော ကိစ္စအ၀၀ကို သက်ဆိုင်ရာ ခရီးသွားကုမ္ပဏီက တာဝန်ယူရမည် ဖြစ်ကြောင်း လေကြောင်းပို့ဆောင်မှု ညွှန်ကြားရေးဦးစီးဌာနမှ တရားဝင် အမိန့်စာဖြင့် ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။


အရေးပေါ်ကိစ္စ ဖြစ်ပေါ်သူများအတွက် Passport ကို တစ်ပတ်အတွင်း ပေးမည်

ပြည်ပသို့ အရေးပေါ်ကိစ္စကြောင့် ထွက်ခွာလိုသူများကို တစ်ပတ်အတွင်း Passport ရရှိစေရန် ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ သိရသည်။ ''ဘယ်လိုကိစ္စကြောင့် အရေးပေါ် ဖြစ်ရတယ်ဆိုတာ ခိုင်လုံတဲ့အချက်အလက်နဲ့ အသနားခံစာ တင်ရမှာဖြစ်တယ်။ ဒါဆိုရင်ပုံမှန်ရက်မဟုတ်တော့ဘဲ တစ်ပတ်နဲ့ရမှာဖြစ်ပါတယ်'' ဟု ယင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
နိုင်ငံကူးလက်မှတ် Passport လျှောက်ထားမှု ပုံမှန်ကြာမြင့်ချိန်မှာ ၂၁ ရက်ဖြစ်ကြောင်း၊ သို့သော် ကျန်းမာရေးကိစ္စ အရေးပေါ်အနေအထားမျိုးအတွက် လက်မှတ်ရရှိမှုကို ရက်ပိုင်းနှင့် ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ၊ ယင်းနောက် ကျန်းမာရေးကိစ္စမဟုတ်သော အရေးပေါ်ကိစ္စရှိသူများ အနေဖြင့် အသနားခံစာ တင်ပါက တစ်ပတ်အတွင်း ရရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။
''တစ်ပတ်အတွင်း ရရှိဖို့အတွက် မိမိဘက်က လိုအပ်တဲ့ စာရွက်စာတမ်းအပြည့်  အစုံရှိနေဖို့ လိုတယ်၊ ပြီးတော့ အသနားခံစာကို နိုင်ငံကူးလက်မှတ်ရုံးက ဌာနမှူးထံလိပ်မူတင်ပြရမှာဖြစ်တယ်'' ဟု ယင်းက ရှင်းပြသည်။ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့အနေဖြင့် သက်ကြီးရွယ်အိုများ အတွက် အိမ်တိုင်ရာရောက် Passport ပြုလုပ်ပေးမှုများကိုပါ ဆောင်ရွက်နေပြီး နောင်တွင်မြန်ဆန်မှု ဖြစ်လာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝင်အထွက် ကောင်တာသစ်များတိုးလာ၍ ပိုမိုအဆင်ပြေ

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ယခုလဆန်းပိုင်းမှစ၍ အဝင်အထွက် လူဝင်မှုကြီးကြပ်ရေးကောင်တာသစ်များကို တိုးချဲ့ခဲ့ရာ ဆိုက်ရောက်ကောင်တာ ၁၂ ခုမှ ၁၈ ခုနှင့် ထွက်ခွာကောင်တာ ၁ဝ ခုမှ ၁၆ ခု ဖြစ်လာခဲ့၍ ကောင်တာများတွင် ယခင်ကကဲ့သို့ခရီးသည်များ ပြည့်ကျပ်နေခြင်းမရှိဘဲ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဝင်ရောက်/ထွက်ခွာနိုင်သဖြင့် ပိုမို အဆင်ပြေလာသည်ကို ၂၅-၉-၂ဝ၁၁ ရက်ညက ထွက်ခွာကောင်တာ၌ အထက်ပါအတိုင်း မြင်တွေ့ခဲ့ရသည်။

မလေးရှား အလုပ်သမား ဗီဇာလျှောက်ထားသူများမှာ အလုပ်သမားဦးစီးဌာနမှ ထုတ်ပေးသော ပြည်ပအလုပ်သမား မှတ်ပုံကတ်ပါမှသာ ဗီဇာလျှောက်ထားခွင့် ရတော့မည်
737 မလေးရှား အလုပ်သမားဗီဇာ လျှောက်ထားသူများမှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလုပ်သမားဝန်ကြီးဌာန၊ အလုပ် သမားဦးစီးဌာနမှ ထုတ်ပေးသည့် Overseas Worker Identification card ပါမှသာ ဗီဇာလျှောက်ထားခွင့် ပြုတော့မည်ဟု မြန်မာနိုင်ငံအခြေစိုက် မလေးရှားသံရုံးမှ အောက်တိုဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မလေးရှားသံရုံးသို့ အလုပ်သမားဗီဇာ လျှောက်ထားသူများ အနေဖြင့် ယခုအစီအစဉ်အား အောက်တိုဘာလ ၂၄ ရက်နေ့မှ စတင်ကာ သက်ရောက်မှုရှိသွားမည် ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်ခဲ့သည်။
ယခုအခါ မလေးရှား အလုပ်သမား ဗီဇာလျှောက်ထားရန် သံရုံးတွင် အလုပ်သမား အေဂျင်စီများမှ မဲနှိုက်ခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်နေပြီး ယခုအောက်တိုဘာလ ၂၄ ရက်နေ့မှစတင်ကာ  အလုပ်ခေါ်စာ Calling နှင့်တက green card ပါ တစ်ပါတည်း ယူဆောင်လာရမည်ဟု သိရှိရပါသည်။
ဗီဇာလျှောက်ထားစဉ် လိုအပ်ချက်များ အနေဖြင့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထပ်ဆင့်အတည် ပြုထားသော တံဆိပ်တုံးနှင့် လက်မှတ်ပါရှိသည့် မလေးရှားလူဝင်မှု ကြီးကြပ်ရေးဌာန၏ အလုပ်ခေါ်စာ Calling မူရင်း၊ မလေးရှားပြည်ထဲရေး ၀န်ကြီးဌာန၏ ခွင့်ပြုထောက်ခံစာ မိတ္တူ၊ လေယာဉ်လက်မှတ် မူရင်းနှင့် အောက်တိုဘာလ ၂၄ ရက် နေ့တွင် စတင် အကျုံးဝင်မည့် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ အလုပ်သမားဝန်ကြီး ဌာန၊ အလုပ်သမား ဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်ပအလုပ်သမား မှတ်ပုံတင်ကတ်၊ ဗီဇာကြေးတို့ဖြစ်ကြောင်း သိရသည်။
အလုပ်သမားဗီဇာ လျှောက်လွှာအား အေးဂျင့်တစ်ခုလျှင် ၂၅ စောင် တင်ခွင့်ပြုထားကြောင်းနှင့် သံရုံးမှတစ်နေ့လျှင် ဗီဇာ ၅၀၀ ထိ လက်ခံ ဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။
ယခုကဲ့သို့ အလုပ်သမားဦးစီး ဌာနမှ ထုတ်ပေးမည့် အလုပ်သမား မှတ်ပုံတင်ကတ် တင်ပြရခြင်းနှင့် ပတ်သက်၍ မလေးရှားထွက်ခွာမည့် မြန်မာအမျိုးသမီး အလုပ်သမားများ၏ အခြေအနေမှာ မည်ကဲ့သို့ ရှိလာဦးမည်ကို ဗိုလ်တထောင်ရှိ ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတစ်ခုမှ တာဝန်ရှိသူက ပြောပြခဲ့သည်။
“အခုလို လုပ်လိုက်ခြင်းဟာ တရားဝင်လိုင်စင်မရှိထားတဲ့ အေးဂျင့်တွေကို အရေးယူစေလိုတဲ့ အပြင် မလေးရှားကို ထွက်ခွာမယ့် အမျိုးသမီးတွေ အတွက် နောင်မှာ ထွက်ခွာဖို့အခက်အခဲ ရှိသွားနိုင်တယ်”ဟု အဆိုပါ တာဝန်ရှိသူက ရှင်းပြခဲ့သည်။
မလေးရှားနိုင်ငံသို့ အလုပ်သမား ဗီဇာရရန် လျှောက်ထားသော အေးဂျင့်များသည် မလေးရှားမှ ကုမ္ပဏီများကို လိမ်လည် ကိုယ်စားပြုသည်ကို တွေ့ရလျှင် လည်းကောင်း၊ အလုပ်ခေါ်စာ (calling) မရှိဘဲ အလုပ် သမားဗီဇာ လာရောက်လျှောက်ထားသည့် အေးဂျင့်များကိုလည်းကောင်း၊ အေးဂျင့်များက လာဘ်ပေးလာဘ်ယူမှုများကို မည်သည့်ပုံစံဖြင့်မဆို ပြုမူလုပ်ဆောင်နေသည်ကို တွေ့ရလျှင် လည်းကောင်း၊ လူကုန်ကူးမှုနှင့် ပတ်သက်သော မည်သည့်ပုံစံနှင့် မဆိုလုပ်ဆောင်မှု ရှိနေသည်ကို တွေ့ရလျှင် လည်းကောင်း အေးဂျင့်များကို အမည်ပျက်စာရင်း တင်သွင်းပြီးလျှင် ဥပဒေကြောင်းအရ အရေးယူမှုများပါ ပြုလုပ်သွားမည်ဟု သိရသည်။

မလေးတွင် မြန်မာ ၇၇ ဦးဖမ်းခံရ;;;;;;;;;;;



ပီနန်ရဲတပ်ဖွဲ့က ယနေ့နံနက် ၈ နာရီမှ စတင်သည့် လေးနာရီကြာ စစ်ဆင်ရေးတခုအတွင်း တရားမ၀င်နေထိုင်သူ မြန်မာပြည်သား အလုပ်သမား ၇၇ ဦးကို ထိန်းသိမ်းလိုက်သည်။
အလုပ်သမားများသည် အသက် ၁၉ နှစ်မှ ၂၃ နှစ်အတွင်းရှိ အမျိုးသားများဖြစ်သည်ဟု အနောက်တောင်ရပ် ရဲဌာန အကြီးအကဲ Supt Hatta Md Zin က ပြောသည်။

“Pulau Betong မှာ ရပ်ထား၊ ကျောက်ချထားတဲ့ သင်္ဘောကနေ သူတို့ ကူးလာတာကို တံငါသည်တွေ တွေ့သွားတယ်” ဟု သူက သတင်းထောက်တို့ကို ပြောသည်။

အဖမ်းခံရသူများထဲမှ ၂ ဦးတွင် UNHCR က ထုတ်ပေးသည့် ဒုက္ခသည်ဆိုင်ရာ အထောက်အထား ပါရှိသည်။

စုံစမ်းစစ်ဆေးမှုများအရ သင်္ဘောပေါ်တွင် မြန်မာပြည်သား ၁၁၅ ဦး ပါဝင်သည်ဟု ရဲအရာရှိက ပြောသည်။

တောထဲတွင် သွားရောက်ပုန်းအောင်းနေသည်ဟု ယူဆရသည့် ကျန် ၃၈ ဦးကို ရဲတို့က လိုက်လံရှာဖွေနေသည်ဟု ဆိုသည်။

ဖမ်းဆီးထားသူတို့ကို လူဝင်မှုကြီးကြပ်ရေးဌာနသို့ မလွဲအပ်မီ အနောက်တောင်ရပ် ရဲဌာနတွင် ထိန်းသိမ်းထားကြောင်း သိရသည

မ​​လေး​​ရှား​​ရှိ ပြည့်​​တန်ဆာလုပ်ငန်း​​အဖွဲ့​​က မြန်မာအမျိုး​​သမီး​​များ​​ကိုပါ အသုံး​​ချ​​နေ


alt
အ​​ဒေါ်၏ရုပ်အ​​လောင်း​​အား​​ ဝှက်ထား​ရာ ​ရေခဲ​သေတ္တာ © dailymail
မ​​လေး​​ရှား​​တွင် ​​နေ့​​လယ်စာစား​​ချိန်တွင် လိင်ဝန်​​ဆောင်မှု​​ပေး​​​သော လျှို့​​ဝှက်အဖွဲ့​​ တစ်ခုက မြန်မာ အမျိုး​​သမီး​​များ​​ကိုပါ အသုံး​​ချ​​နေ​​ကြောင်း​​ သိရှိရသည်။
ပြည့်​​တန်ဆာ လုပ်ငန်း​​ အဖွဲ့​​တစ်ခုသည် အလုပ်အလွန်များ​​သူများ​​ အ​​နေနှင့်​​ ​​နေ့​​လယ်စာစား​​ရန် နား​​​နေချိန်တွင် အ​​ ပျော်ရှာရန်အတွက် ထူး​​ထူး​​ခြား​​ခြား​​ စီမံ​​ပေး​​လျက်ရှိသည်။ ၎င်း​တို့​​သည် ​​ဖောက်သည်များ​​ထံသို့​​ ပြည့်​​တန်ဆာများ​​နှင့်​​ ပတ်သက်ပြီး​​ အစား​​အ​​သောက် အမည်များ​​ကို Codeအဖြစ် သတ်မှတ်ကာ SMS​​ပေး​​ပို့​​ပြီး​​ ဆက်သွယ်အ​​ကြောင်း​​ကြား​​​လေ့​​ရှိသည်။
ဥပမာအား​​ဖြင့်​​ အိမ်ထမင်း​​၊​ အိမ်ဟင်း​​ဆိုပါက မ​​လေး​​ရှား​​ အမျိုး​​သမီး​​များ​​ကို ဆိုလိုပြီး​​ ရင်း​​ဂစ်​​ငွေ ၂၀၀ ကျသင့်​​သည်။ နိုင်ငံတကာ အစား​​အစာ ဆိုပါက နိုင်ငံခြား​​ အမျိုး​​သမီး​​များ​​ဖြစ်ပြီး​​ ရင်း​​ဂစ် ၁၇၀ ​​ပေး​​​ချေရမည်ဖြစ်သည်။ မြန်မာ အမျိုး​​သမီး​​များ​​သည်လည်း​​ ဟင်း​​လျာစာရင်း​​တွင် ပါဝင်​​နေပြီး​​ မြန်မာ့​​ ပဲငရုတ် အသား​​ဟင်း​​ဟု လျှို့​​ဝှက်နာမည် ​​ပေး​​ထား​​သည်။အခြား​​​သော ဟင်း​​လျာများ​​အဖြစ် ယူကရိန်း​​ ဟင်း​​သီး​​ဟင်း​​ရွက် စွတ်ပြုတ်၊​ ထိုင်း​​တုံယမ်း​​ ဟင်း​​ချို၊​ ကန်တုံ​​ခေါက်ဆွဲ​​ကြော်၊​ အင်ဒိုနီး​​ရှား​​ ပုစွန်ငရုတ်စပ်တို့​​ ပါဝင်လျက်ရှိ​​ကြောင်း​​ သိရသည်။
ထိုပြည့် ​​တန်ဆာ အဖွဲ့​​ကို SMSဖြင့်​​ ဆက်သွယ်ချိတ်ဆက်နိုင်ပြီး​​ ​​ဖောက်သည်များ​​အ​​နေနှင့်​​ ၄၅ မိနစ်ကြာ အရသာခံ မြည်း​​စမ်း​​ခွင့်​​ ရရှိမည်ဟု အဆိုပါ အဖွဲ့​​က ​​ကြေညာထား​​သည်။ ယင်း​​တို့​​​ရေး​​သား​​ထား​​သည့်​​ SMS ညွှန်း​​ဆိုမှုအရ ​​အော်ဒါရရချင်း​​ အမျိုး​​သမီး​​များ​​ကို ပို့​​​ဆောင်​​ပေး​​မည်ဖြစ်ပြီး​​ အမျိုး​​သမီး​​ အများ​​စုသည် အသက် ၂၅ နှစ်​​အောက်သာဖြစ်​​ကြောင်း​​လည်း​​ သိရှိရသည်။
 

တက္ကစီသမားဟန်ဆောင်ပြီး မြန်မာဒုက္ခသည် ၂ ဦးအား လုယက်တိုက်ခိုက်

KHT/ PETALING JAYA- ပြီးခဲ့တဲ့အပတ် အစောပိုင်းတွင် ဒုက္ခသည် ၂ ဦးကို တက္ကစီ သမားများအဖြစ် ဟန်ဆောင်သူ၏ ဓားစာခံ ဖြစ်ခဲ့ပြီးနောက် တက္ကစီသမားများ အဖြစ်ဟန်ဆောင်နေသည့် ဒုစရိုက်သမားများကို တိုက်ဖျက်ရန် မလေးရှားနိုင်ငံ တ၀န်းလုံးရှိ တက္ကစီ အဖွဲ့များအားလုံးကို Tenaganitaက တောင်းဆိုလိုက်သည်။
မနက်ပိုင်းတွင် သီးခြား တက္ကစီ စီးနင်းလားသည့် မြန်မာဒုက္ခသည် ၂ ဦးသည် လုယက်တိုက်ခိုက်ခံခဲ့ရသည် ဖြစ်ရပ်ကို လူမှုရေး အဖွဲ့အစည်းများက အဆိုးဝါးဆုံး အဖြစ်အပျက်ဟု ဆိုသည်။
Tenaganita ဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် တိုက်ခိုက်သူများက ထပ်မံ တိုက်ခိုက်မည်ကို စိုးရိမ်သည့် အတွက် ဒုက္ခသည် ၂ ဦးက သူတို့၏ အမည်နှင့် သက်သေခံများကို ထိန်းသိမ်းပေးရန် တောင်းဆိုခဲ့သည်။
အသက် ၂၃ နှစ် အရွယ်ရှိ ပထမ ဓားစာခံတဦးက အဖြူနှင့် အနီရောင် တက္ကစီကို ဖခင်ဖြစ်သူနှင့်အတူ Puchongမှ Bukit Petalingရှိ ကုလသမဂ္ဂ ရုံးသို့ သွားရောက်ရန် တနလာင်္နေ့ မနက် ၅ နာရီခွဲက ဌားရမ်းခဲ့သည်ဟုဆိုသည်။
ကားမောင်းသမားက လမ်းကြောင်းပြောင်း မောင်းနှင်ကာ တက္ကစီနံပါတ်ပြားကို ကာထားလိုက်ပြီး ဓားဖြင့် တရားခံကို လည်ပင်းကို ထောက်ထားလိုက်သည်။
မရုန်းကန်နိုင်စေရန် ဓားစာခံလည်ပင်းကို ဓားဖြင့် မွန်းခဲ့ပြီး ဘယ်ဘက်လက်ကိုလည်း ဓားဖြင့် ၁၃ ချက်ခန့်မွန်းခဲ့ကာ မလေးရှားရင်းဂစ် ၂၂၀ နှင့် ဖုန်းတလုံးကို တိုက်ယူခဲ့သည်။
“တက္ကစီသမားတွေနဲ့ ပတ်သက်ပြီးတော့ဒါက ကျနော်အတွက် နာကျင်စရာကောင်း ဒုတိယအကြိမ် အတွေ့အကြုံပါဘဲ၊ ပထမအကြိမ်က ဧပြီလ Putrajaya ကနေ Kota Rayaကို သွားတုန်းက တက္ကစီသမားနဲ့ သူ့သူငယ်ချင်းဆီက ခရီးစဉ် အတွက် ရင်းဂစ် ၂၀၀ တောင်းခဲ့တယ်” ဟု သူက ပြောသည်။
“ကျနော်နဲ့ သူငယ်ချင်းက အဲသလောက်ပိုက်ဆံမရှိဘူးဆိုတာပြောတော့ သူတို့ကျနော်ဆီကနေရှာပါတယ်နောက်ပြီးတော့ ရဲတွေဆီကို ပို့ဖို့ ခြိမ်းခြောက်တယ်၊ သူတို့တွေဆီမှာ ဓားတွေကို မြင်တော့ ကျနော်တို့ သူတို့လိုချင်တာအားလုံးပေးလိုက် ရတယ်” ဟု သူက ဆက်ပြောသည်။
အသက် ၂၆ နှစ်အရွယ်ရှိ ဒုတိယ တရားခံတဦးက Cherasမှ Kota Rayaသို့ မနက် ၄နာရီခွဲ သွားသည့် အခါ အဖြူနှင့် အစိမ်းရောင် တက္ကစီက တရုတ်တန်း လမ်းကြားတွင် ရပ်ပေးခဲ့သည်ဟု ဆိုသည်။ ယင်းနောက် ကားပေါ်မှ ဆင်းကာ ပိုက်ဆံပေးသော်လည်း တစုံတရာမယူပဲ သူကိုထားသွားကြောင်း ပြောပြသည်။
မကြာမီအချိန်တွင် လူ ၃ ဦးရောက်လာပြီး ခါးကို ဓားဖြင့်ထောက်ကာ သူ၏ အိန်ကို စတင်ရှာဖွေ၍ ရင်းဂစ် ၃၀၀ကို ယူသွားကြောင်း၊ သူက ဖုန်းနှင့် ပိုက်ဆံ အနည်းငယ်ကို ယူရန် ပြောသောအခါ ယင်းလူ ၃ဦးက သူကို ကန်ကြောက် ရိုက်နှက်ကြောင်း ပြောသည်။
“ဒီလို မလုံခြုံ ကြောက်စရာကောင်းတာကို ဒီမှာနေတဲ့ လေးနှစ်လုံး တခါမှမခံစားရဖူးဘူး” ဟု သူက ပြောသည်။
တက္ကစီကားပေါ်ရှိ ဒရိုင်ဘာနှင့်ပတ်သက်သော အထောက်အထားတစုံတရာမျှ သတိထားမိခြင်းမရှိဟု ဓားစာခံ ၂ ဦးစလုံးက ပြောသည်။
Tenaganitaက တက္ကစီ အဖွဲ့အစည်းများ အားလုံးထံသို့ စာပေးပို့မည်ဖြစ်ကြောင်း သို့သော်လည်း ဒုက္ခသည်များ၏ အခြေအနေအရ ရဲထံသို့ တိုင်ကြားရန်ကို သေချာစွာ စဉ်းစား ဆင်ခြင်နေသည်ဟု သူက ဆိုသည်။
အမှုဆောင် ညွန်ကြားရေးမှူး Irene Fernandezက ယခုကဲ့သို့ တက္ကစီသမားများ၏ ပြုကျင့်မှုသည် ဒေသခံနှင့် နိုင်ငံခြားသားများ၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည်ဟု ပြောသည်။
“လုယက် ထွက်ပြေးတဲ့ တက္ကစီသမားဟန်ဆောင်ထားတဲ့ လုယက်သူနဲ့ သူခိုးတွေရဲ့ အရေးက အရေးပေါ် ဖြစ်လာပါပြီ၊ အဲသလိုလူတွေကို နှိမ်နှင်းဖို့ သတိရှိဖို့လိုပါတယ်၊ တက္ကစီတွေကို သယ်ယူပို့ဆောင်ရာမှာ လုံခြုံမှု နည်းလမ်းအဖြစ် မြင်နေတဲ့ ပုံရိပ်ကို ကယ်တင်ဖို့လိုပါတယ်” ဟု သူမက ပြောသည်။
Fernandez လမ်းပန်းဆက်သွယ်ရေး ဌာနနှင့် ရဲများကို တက္ကစီသမားများနှင့် ပတ်သက်၍ တင်းကြပ်စွာ ကြီးကြပ်ပေးရန် တောင်းဆိုသည်။
“အတိုက်ခံရတဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်းတဲ့သူတွေက လျော့ရဲရဲနဲ့ အရမ်းသက်ညှာနေသလား၊ ခရီးသွားတွေရဲ့ လုံခြုံမှုက အဓိက ကျတဲ့ အတွက် မဆင်မခြင်မပြုသင့်ဘူး” ဟု သူမက ပြောသည်။
တက္ကစီ ကားအတွင်း မိမိကိုယ်ကိုယ်ကာကွယ်ရန် မဟုတ်သော ဓားစသည့် လက်နက်အဖြစ်အသုံးပြုနိုင်သည့် ပစ္စည်းများ ဆောင်ယူခြင်းကို တားမြစ်သင့်တယ်ဟု Fernandez က ဆိုသည်။
“လိုင်စင်ထုတ်ပေးတဲ့အခါမှာလည်း အာဏာပိုင်တွေက သေချာသုံးသပ်သင့်တယ်၊ ဒီလိုပြဿနာတွေက စောင့်ကြည့်ဖို့ ခက်ခဲပါတယ်၊ ဒီလို ထိခိုက်လွယ်တဲ့ အသိုင်းအ၀န်းနေထိုင်နေတဲ့ ပတ်ဝန်းကျင်နားမှာ မနက် အစောပိုင်းဆွဲနေတဲ့ တက္ကစီတွေကို စောင့်ကြည့်ရာမှာ ထိရောက်တဲ့နည်းလမ်းတွေကို ဆောင်ရွက်နိုင်ဖို့ ဒုစရိုက်တားမြစ်ရေး ဖောင်ဒေးရှင်းက လုပ်ဆောင်သင့်ပါတယ်” ဟု သူမက ပြောသည်။ သူရိယသတင်းဂျာနယ်


S’passဗီဇာရနိုင်မည့် ခရီးသွားဒီပလိုမာ လျှောက်ထားနိုင်

October 6, 2011
By Popular News
စင်ကာပူ၌အဆင့်မြင့်ကျွမ်း ကျင်လုပ်သား(S’pass) ဗီဇာ လျှောက်ထားနိုင်သည့်Diploma in Tourism ဘာသာရပ်လျှောက် လွှာများကို စင်ကာပူနိုင်ငံ မှခေါ်ယူ   နေပြီဖြစ်ကြောင်းသိရသည်။စင်ကာပူအလုပ်သမားဝန် ကြီးဌာနလက်အောက်ရှိ လုပ်အား ဖွံ့ဖြိုးရေးအေဂျင်စီ(WSQ) မှချီးမြှင့်သည့် အဆိုပါတိုရစ်ဇင် ဒီပလိုမာ ဘာသာ ရပ်ကို အသက် ၁၆ နှစ်ပြည့်ပြီး ဘွဲ့တစ်ခုခု ရရှိ ထားသူများ စတင် လျှောက်ထား နိုင်မည်ဖြစ်သည်။ ထိုလျှောက် ထားသူကို ခရီးသွားကုမ္ပဏီ များတွင် လက်တွေ့ အလုပ် လုပ်ခွင့် တစ်နှစ် စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ”အဲဒီတစ်နှစ်အတွင်းမှာ သူ တို့သတ်မှတ်ထားတဲ့ လုပ်ခလစာ တွေ ခံစားခွင့်ရှိတဲ့အပြင် ထူးခြား တာ ကလျှောက် ထားသူဟာ တက္က သိုလ်ဝင်တန်း အမှတ်စာရင်းပြည့်မီ တယ်ဆိုရင်WSQ Certificate   ၄ လပြီးဆုံးတာနဲ့ ပိုလီကျောင်းတွေ ကိုဆက်လက်လျှောက်ထားခွင့်ရှိ တယ် ဆိုတာပဲ” ဟု Crown မှ ဦးအောင်ကျော်ဆန်းကပြောသည်။ဟိုတယ်နှင့်ခရီးသွားဘာသာ ရပ်ဖြင့်စင်ကာပူနိုင်ငံသို့ သွား ရောက် ပညာသင်ကြားမှုနှုန်းမှာ ၂ဝဝ၆ ခုနှစ် မှစ၍ တရိပ်ရိပ် တက်လာပြီး ၂ဝဝ၈ ခုနှစ်တွင် အမြင့်ဆုံး နေရာတစ်ခုကို ရောက်ခဲ့ သည်အထိဖြစ်ခဲ့သည့် နိုင်ငံခြား ပညာရေးလမ်းကြောင်း မြန်မာ နိုင်ငံတွင် ရှိခဲ့ကြောင်း ပညာရေး အတိုင်ပင်ခံအချို့က သုံးသပ်ကြ သည်။ ”ဒီလို အစဉ်အလာတွေ ရှိခဲ့ ပေမယ့် ၂ဝဝ၈ အမြင့်ဆုံးစံချိန်ကို ၂ဝဝ၉ ကစပြီးထက်ဝက်ချိုးကျဆင်း လာမှုတွေကနေ ၂ဝ၁ဝ- ၂ဝ၁၁ အထိကိုတက်မလာသေးဘူး။ ဒါက ဘာကြောင့်လဲဆိုတာကို ဆန်း စစ်ကြည့်ကြဖို့လိုနေပြီ။ ဒါပေမဲ့ ဒီWSQ ကပေးတဲ့အကြောင်း ကရော   ရှေ့အလား အလာကောင်းမကောင်း ဆိုတာတော့ စောင့်ကြည့်ကြ ဖို့ပဲရှိ တော့တယ်” ဟုနိုင်ငံခြားပညာရေး လေ့လာနေသူအသက် ၃ဝ အရွယ် ရှိ လူငယ်တစ်ဦးက   ပြောသည်။ ကုန်ကျစရိတ်များအပါအဝင် အသေးစိတ်အချက်အလက် များကို ဖော်ပြထားသည့်WSQ Tourism  ၏တရားဝင်ဝက်ဘ် ဆိုက်  http://tmis.edu.sg တွင်ဝင်ရောက် ကြည့် ရှုရန်လိုမည်ဖြစ်ကြောင်းနှင့်  ယင်း နိုင်ငံတို့ရှိ ၄င်း နယ်ပယ် အတွေ့ အကြုံရှိသူများကိုပါ စုံစမ်း မေးမြန်းစေလိုကြောင်း ပညာရေး ကျွမ်းကျင် သူများထံမှသိရသည်။
PN – 051


ရပ်တည်မှု ခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများ အခြေအနေ


ရပ်တည်မှု ခက်ခဲလာနိုင်သော စင်ကာပူရောက် နိုင်ငံခြားသားများ အခြေအနေ

(၁)

စင်ကာပူရောက် နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကြည်မလင်ဖြစ်နေခဲ့သည်မှာ ကြာပါပြီ။ သူတို့ထံမှ အများဆုံးကြားရသော complaint များမှာ ကား၊ ရထားများတွင် လူများအလွန်ကြပ်သိပ်လာမှု၊ စင်ကာပူနိုင်ငံသားများ အနေနှင့် အလုပ်အကိုင်ရှာဖွေရာတွင် ဈေးသက်သာပြီး ကျွမ်းကျင်သော နိုင်ငံခြားသားများနှင့် အကြိတ်အနယ် ယှဉ်ပြိုင်နေရမှု စသည်တို့ ပါဝင်ပါသည်။


အဘယ်ကြောင့် သူတို့ဤကဲ့သို့ ပြောဆိုနေကြသည်ကို သေချာစွာသိနိုင်ရန် စင်ကာပူတွင်ရောက်နေသော နိုင်ငံခြားသားများအကြောင်း တစေ့တစောင်း လေ့လာကြည့်ပါမည်။ ပထမဦးစွာ စင်ကာပူသို့ အလုပ်လုပ်ကိုင်ရန်အတွက် သော်လည်းကောင်း၊ မိသားစုရှေ့ရေးကြောင့်သော်လည်းေ
ကာင်း ပြောင်းရွှေ့ဝင်ရောက်လာသော နိုင်ငံခြားသားဦးရေကို လေ့လာပါမည်။ ၂၀၁၀ ခုနှစ်တွင် ထုတ်ပြန်သော စင်ကာပူအစိုးရ စာရင်းအင်းများအရ ၁၉၈၀ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ အနှစ် ၃၀ အတွင်း စင်ကာပူတွင် တိုးတက်လာသော လူဦးရေစာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Population Size and Growth in Singapore from 1980 to 2010
(www.singstat.gov.sg/pubn/popn/c2010acr/key_demographic_trends.pdf )

မှတ်ချက်။ ။ Singapore Permanent Resident (SPR) များကို local သို့မဟုတ် resident များအဖြစ် သတ်မှတ် ပါသည်။ ထို Singapore Citizen (SC) နှင့် SPR များမှ ကြွင်းသော ကျန်သူများအားလုံးကို Non-Resident (Foreigner) များအဖြစ် သတ်မှတ်ပါသည်။


၎င်းကို ပိုပြီးထင်သာမြင်သာရှိစေရန် ရာခိုင်နှုံးဖြင့် ပြန်ပြောင်းလျှင် အောက်ပါဇယားအတိုင်းရပါသည်။

စင်ကာပူတွင် လာရောက်နေထိုင်၊ အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများ ဦးရေ (ရာခိုင်နှုံး)

ဤဇယားကို ကြည့်ခြင်းဖြင့် စင်ကာပူနိုင်ငံအတွင်းသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုကို ထင်ထင်ရှားရှား မြင်တွေ့ နိုင်ပါသည်။ ၁၉၈၀ ခုနှစ်များက စင်ကာပူနိုင်ငံတွင် ပီအာအပါအ၀င် နိုင်ငံခြားသားဦးရေမှာ ၁၀ ရာခိုင်နှုံးမျှသာ ရှိသော်လည်း ၂၀၁၀ ခုနှစ်သို့ရောက်သောအခါ စင်ကာပူနိုင်ငံတွင် စင်ကာပူနိုင်ငံသားစစ်စစ်မှာ ၆၄ ရာခိုင်နှုံးမျှပင် မပြည့်တော့ပါ။


စင်ကာပူနိုင်ငံတွင် နိုင်ငံခြားသားဦးရေ တိုးတက်လာမှုမှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။

စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှု (တိုးတက်နှုံး)



အထက်ပါဇယားကို ကြည့်လျှင် စင်ကာပူသို့ နိုင်ငံခြားသားများ ၀င်ရောက်လာမှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက် များပြားလာခဲ့ရာ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်များတွင် ၁၅ ရာနှုံးမှ ၁၉ ရာနှုံးထိ မြင့်တက်လာသည်ကို တွေ့နိုင် ပါသည်။ ၂၀၀၈ ခုနှစ်တွင် ဤမျှများပြားလာသော နိုင်ငံခြားသားများအပေါ် စင်ကာပူနိုင်ငံသားများ မကျေမနပ်ဖွင့်အံလာချက်များကြောင့် ပြန်လည်လျှော့ချခဲ့ရာ ၂၀၁၀ တွင် ၄.၁ ထိ ကျဆင်းသွားခဲ့သည်ကို တွေ့နိုင်ပါသည်။ ဤသို့လျှော့ချလိုက်သည့် အတွက်ပင် စင်ကာပူသို့လာရောက် အလုပ်ရှာသူ မြန်မာများအနက် အလုပ်မရဘဲ ပြန်သွားရသူ တိုးတက်များပြား လာခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ပြင် လက်ရှိလုပ်နေသူများကိုပင် သက်တမ်းတိုးမပေးခြင်း၊ တိုးပေးသည့်တိုင် အကန့်အသတ်ဖြင့်သာ တိုးပေးခြင်း စသည်တို့ နှင့် ကြုံတွေ့ရလျှက် ရှိပါသည်။


၂၀၀၀ ပြည့်နှစ်များက စင်ကာပူ PR ရရန် အလွန်ခဲယဉ်းခဲ့ပါသည်။ သို့သော် ၂၀၀၄ ဇူလိုင်တွင် Work Pass အသစ် တစ်မျိုးဖြစ်သော S Pass ကို ချထားပေးလိုက်ပြီး S Pass holder များအား PR လျှောက်ခွင့်ပေးခဲ့ပါသည်။ ဤသည်မှစ၍ မြန်မာနိုင်ငံတွင် ဘွဲ့ရလာသူများ၊ GTI အောင်လာခဲ့သူ အများအပြား PR ဖြစ်လာခဲ့ကြသည်။ ထို့ကြောင့် ၂၀၀၉ ခုနှစ်တွင် PR ချထားပေးခဲ့မှုမှာ ၁၁.၅ % ထိ မြင့်တက်ခဲ့၏။ သို့သော် ဤကဲ့သို့ PR ချထားပေးခဲ့မှုများကို ၂၀၀၉ နှစ်တွင် ပြန်လည်တင်းကျပ် ခဲ့ရာ ယခင်က မြန်မာနိုင်ငံမှ GTI ပြီးလာခဲ့သူများပင် PR ရခဲ့သော်လည်း ယခုအခါ NTU, NUS တို့မှ M.Sc ပြီးသူများကိုပင် PR ရရန် မသေချာသည့် အခြေအနေသို့ ရောက်ခဲ့ပါသည်။

၂၀၀၈၊ ၂၀၀၉၊ ၂၀၁၀ ခုနှစ်များက NTU တွင်တက်ရောက်ပညာသင်ကြားနေသူ မြန်မာနိုင်ငံသူ M.Sc ကျောင်းသူ တစ်ဦးအား ကျောင်းတက်နေစဉ်က PR Offer letter (ကျောင်းပြီးလျှင် PR လျှောက်နိုင်ခွင့်) ပေးထားခဲ့သော်ငြားလည်း အမှန်တကယ် ကျောင်းပြီးလာသည့်အခါ ၎င်း စာကို ပြန်လည်ရုပ်သိမ်းကာ သူမလျှောက်ထားသည့် PR လျှောက်လွှာကို reject လုပ်ခဲ့ပါသည်။ သူမမှာ စင်ကာပူနိုင်ငံ၊ အလွန်နာမည်ကြီးလှသော NTU (Nanyan Technological University) မှ M.Sc ဘွဲ့ရခဲ့သည့်တိုင် သင့်တော်သော အလုပ်တစ်ခုကို မရနိုင်ခဲ့သည့်အတွက် ယခုအခါ မြန်မာနိုင်ငံသို့ ပြန်သွားခဲ့ရပြီ ဖြစ်ပါ သည်။ သုံးနှစ်တာ ပညာသင်နှစ်အတွင်း ကုန်ဆုံးခဲ့သော ပညာသင်စရိတ် မြန်မာငွေ သိန်း ၂၀၀ ခန့် နှင့် သူမ၏ ကြိုးစား အားထုတ်မှုများအားလုံး အလဟဿ ဖြစ်သွားခဲ့ရပါသည်။

(၂)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ အလုံးလိုက်အရင်းလိုက် စီးဝင်လာနေမှုကို ကန့်သတ်ရန် ပထမဦးဆုံး စင်ကာပူအစိုးရ၏ ကြိုးစားအားထုတ်မှုမှာ Levy များအား တိုးမြှင့်လိုက်ခြင်း ဖြစ်ပါသည်။

Levy များတိုးမြှင့်ကာ အလုပ်ခန့်ထားမှုများကို ကြပ်လိုက်ရုံသာမက အလုပ်အကိုင်အခွင့်အလမ်းများလည်း လျော့ကျသွားခဲ့ရာ ယခုအခါ မြန်မာအများစုမှာ စင်ကာပူသို့ Visit Visa ဖြင့်လာရောက်အလုပ်ရှာရာတွင် အခက်အခဲ များစွာနှင့် ရင်ဆိုင်ရလျှက် ရှိပါသည်။ အလုပ်မရသူများ၊ အလုပ်ရသည့်တိုင် တင်လိုက်သည့် Work Pass ကျမလာမှု စသည် တို့ကြောင့် ပြန်လည်ဆုတ်ခွာသွားရသူများ တစ်နေ့တခြား များပြားလာခဲ့ပါသည်။

စင်ကာပူအစိုးရမှ Foreign Worker Levy များကို အဆင့်ဆင့်ပြောင်းလဲ သတ်မှတ်ခဲ့ရာ ယခု သတ်မှတ်ထားသော Levy များ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

Ref: http://www.mom.gov.sg/foreign-manpower/foreign-worker-levies/Pages/levies-quotas-for-hiring-foreign-workers.aspx

အောက်ဖော်ပြပါဇယားမှ Skilled ဟူသည်မှာ Low Levy စာမေးပွဲ အောင်ထားသူကို ခေါ်ပြီး Unskilled ဟူသည် High Levy တစ်နည်းအားဖြင့် Low Levy စာမေးပွဲ မအောင်ထားသူများကို ခေါ်ပါသည်။ Levy များအကြောင်း အသေးစိတ်သိလိုလျှင် ကျွန်တော်ရေးသော “အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း” စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။
Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၀% မှ ၅၀% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၅၀ % မှ ၆၅% ထိရှိခြင်း

Higher Skill : BCA မှ ထုတ်ပေးသော Trade Certificate ရှိပြီး စင်ကာပူတွင် ထိုအလုပ်နှင့် လုပ်သက် အနည်းဆုံး ၄ နှစ်ရှိသူ။ BCA မှ ထုတ်ပေးသော Trade Certificate အသေးစိတ်ကို http://www.bcaa.edu.sg/ListCPCF.aspx တွင်ကြည့်ပါ။

Basic Skill : BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်ရှိသူ။

BCA မှ ထုတ်ပေးသော SEC or SEC (K) လက်မှတ်အကြောင်း အသေးစိတ်ကို ကျွန်တော်ရေးသော အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။ သို့မဟုတ်ပါကလည်း https://www.bca.gov.sg/academy/cop_Testcenters.aspx တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

MYE : Man Year Entitlement, Construction sector အတွက် MYE ကို ၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ၁၀% ထိ လျှော့ချလိုက်ပါသည်။ MYE အကြောင်းအသေးစိတ်သိလိုသူများ အနာဂတ်တစ်ခု ဖန်တီးတည်ဆောက်ခြင်း စာအုပ်တွင် ဖတ်ရှုနိုင်ပါသည်။

excempted from MYE : Construction တွင် အနည်းဆုံးလုပ်သက် ၂ နှစ်ရှိသူများမှ လျှောက်နိုင်ပါသည်။

Tire 1: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀ % အောက်သာ ရှိခြင်း
Tire 2: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၂၀% မှ ၃၅% ထိရှိခြင်း
Tire 3: Work Permit ဦးရေသည် စုစုပေါင်း အလုပ်သမားအားလုံး၏ ၃၅ % မှ ၅၀% ထိရှိခြင်း

S Pass များအတွက် Levy မှာ ယခင်က တစ်လလျှင် ၅၀ ဖြစ်သော်လည်း ယခုအခါ အောက်ပါအတိုင်း ပြောင်းလဲ သတ်မှတ်လိုက်ပါသည်။

ယခု စင်ကာပူနိုင်ငံ၌ နိုင်ငံသားနှင့် နိုင်ငံခြားသားများအား အလုပ်အကိုင် ခန့်ထားမှု အချိုးအစားကို လေ့လာကြည့် ပါမည်။

နိုင်ငံသားများနှင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှု အခြေအနေ (2010 Labor Force Survey Findings)

(Ref: http://www.mom.gov.sg/statistics-publications/national-labour-market-information/publications/Pages/report-labour-force-sg.aspx)

ဤသည်ကို ကြည့်ခြင်းအားဖြင့် နိုင်ငံခြားသားများအား အလုပ်ခန့်ထားမှုကို အောက်ပါအတိုင်း တွေ့နိုင်ပါသည်။


ဤဇယားကိုကြည့်လျှင် စင်ကာပူနိုင်ငံသားများ အဘယ်ကြောင့် အလုပ်အကိုင်ခန့်ထားမှုအပေါ် ဒေါသထွက်နေ ရသနည်း ဆိုသည်ကို ထင်ရှားစွာ မြင်နိုင်ပါသည်။ အလုပ်အကိုင်အားလုံး၏ ၃၅ ရာခိုင်နှုံး (သုံးပုံတစ်ပုံ) ကို နိုင်ငံခြားသား များက နေရာယူထားသောကြောင့် ဖြစ်ပါသည်။ (နိုင်ငံခြားသားဟု ဆိုရာတွင်ပင် စင်ကာပူပီအာများ မပါသေး ဆိုသည်ကို သတိပြုရန် လိုပါသည်။)စင်ကာပူမှ အလုပ်လက်မဲ့နှုံး မှာ ဇွန်လ၊ ၂၀၁၁ စာရင်းများအရ အောက်ပါအတိုင်း ဖြစ်ပါသည်။



သို့ဆိုလျှင် စင်ကာပူနိုင်ငံသားများ အမှန်တကယ် အလုပ်မရကြတော့ပြီလော ဆိုသည်ကို ဆန်းစစ်ရန် စင်ကာပူမှ အလုပ်လက်မဲ့အခြေအနေကို လေ့လာရန် လိုပါသည်။


(Ref: http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=373)

ဇွန်လ၊ ၂၀၀၉ - ၄.၅ % (ဦးရေအားဖြင့် - ၉၀၃၀၀)
ဇွန်လ၊ ၂၀၁၀ - ၃.၂ % (ဦးရေအားဖြင့် - ၆၅၅၀၀)
ဇွန်လ၊ ၂၀၁၁ - ၃.၀ % (ဦးရေအားဖြင့် - ၆၂၇၀၀)

ယခု ၂၀၁၁ ခုနှစ်တွင် ဇူလိုင်လ၌ မတ်လကထက်စာလျှင် အလုပ်လက်မဲ့နှုံး အနည်းငယ် မြင့်တက်လာ သည်။ အကြောင်းမှာ တက္ကသိုလ်ပညာပြီးဆုံးသူများ အလုပ်ရှာမှု ပိုမိုများပြားလာသည့်အတွက် ဟု ဖော်ပြထားပါသည်။ ထိုစာရင်းအရ စင်ကာပူတွင် အလုပ်လုပ်နေသူဦးရေ စုစုပေါင်းမှာ ၂၀၁၁ ခုနှစ် ဒုတိယလေးလပတ်၌ ၃၁၅၆၉၀၀ (၃ သန်း ၁ သိန်းကျော်) ဖြစ်ကြောင်း သိရပါသည်။


ဤသည်ကို ကြည့်လျှင် ၂၀၀၉ ခုနှစ်မှ ၂၀၁၁ အတွင်း အလုပ်လက်မဲ့နှုံးမှာ လျော့ကျသွားသည်ကို တွေ့နိုင်ပါသည်။ သို့ဆိုလျှင် ပြီးခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာမှုကြောင့် အလုပ်လက်မဲ့ဦးရေ တိုးလာမလာ လေ့လာကြည့်ပါမည်။


အထက်ပါဇယားအရ အလုပ်လက်မဲ့ဦးရေမှာ ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ တွင်သာ အနည်းငယ် တိုးမြင့်လာပြီး နောက်ပိုင်းနှစ်များ၌ ပြန်လည်လျော့ကျသွားသည်ကို တွေ့မြင်နိုင်ပါသည်။ အဓိပ္ပါယ်မှာ နိုင်ငံခြားသားများ တိုးတက်ဝင်ရောက် လာသလောက် အလုပ်အကိုင်အခွင့်အလမ်းများလည်း ပေါများလာခဲ့သည်။ သို့အတွက် ဌာနေ စင်ကာပူနိုင်ငံသားများ၏ အလုပ်အကိုင်ရရှိမှုအပေါ် ထိခိုက်မှုမရှိပါဟု သုံးသပ်နိုင်ပါသည်။

(၃)

စင်ကာပူနိုင်ငံအတွင်း နိုင်ငံခြားသားများ ၀င်ရောက်လာနေမှုကို ကန့်သတ်ရန် ဒုတိယအကြိမ် စင်ကာပူအစိုးရ၏ ကြိုးပမ်းအားထုတ်မှုမှာ အခြေခံလစာများအား တိုးမြှင့်ခြင်း ဖြစ်ပါသည်။


စင်ကာပူတွင် အခြေခံလစာများကို ၂၀၀၁ ခုနှစ်က သတ်မှတ် ပြဌာန်းပေးလိုက်ပြီး (ငွေဖောင်းပွမှု များရှိနေသည့်တိုင်) မပြင်ဘဲ ထားခဲ့သည်မှာ ၁၀ စုနှစ်တစ်ခုမျှ ကြာခဲ့ပါပြီ။ ယခုမူ နိုင်ငံခြားသား အလုပ်ခန့်ထားမှုကို တင်းကျပ်နိုင်စေရန် အခြေခံ လစာများကိုလည်း ပြင်ဆင်ခဲ့ရာ ယခုနှစ်တစ်နှစ်တည်းအတွင်းတွင်ပင် နှစ်ကြိမ်တိုင်တိုင် ပြင်ဆင်ပြောင်းလဲခဲ့ပါသည်။

ယခင်က အခြေခံလစာ နှုံးထားများမှာ (၂၀၀၄ ခုနှစ်အလွန်နှစ်များက) -


S Pass Holder: S$1800
Q1 Pass (EP): S$2500
P2 Pass: S$3500
P1 Pass: S$7000 - ဖြစ်၏။

၂၀၁၁ ဇူလိုင်လ ၁ ရက်နေ့မှစကာ ထိုနှုံးများကို အောက်ပါအတိုင်း ပြင်ဆင် သတ်မှတ်လိုက်ပါသည်။

S Pass Holder: S$2000
Q1 Pass (EP): S$2800
P2 Pass: S$4000
P1 Pass: S$8000

NDP 2011 (National Day Parade Rally) တွင် စင်ကာပူဝန်ကြီးချုပ် မစ္စတာ လီဆင်လုံး ပြောသွားသည့် မိန့်ခွန်းမှ ကျွန်တော်တို့နှင့် တိုက်ရိုက်ပတ်သက်နေသော အကြောင်းများကို အောက်တွင် အတိုချုပ် ဖော်ပြလိုက်ပါသည်။ ၀န်ကြီးချုပ်၏ မိန့်ခွန်းမှာ အလွန်ရှည်လျှားလှသည်ဖြစ်ရာ လိုသလောက်သာ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။


ဝန်ကြီးချုပ်က အိမ်ဝယ်ခြင်း၊ ငှားခြင်း နှင့် ပညာရေးတွင် Singaporeans come first ဟုဆိုကာ ယခုနှစ်တွင် အိမ်သစ် ၂၅၀၀၀ ဆောက်ပေးမည်။ လာမည့်နှစ်တွင်လည်း အလားတူပင် အိမ်သစ် ၂၅၀၀၀ ထပ်မံဆောက်ပေးဦးမည်။ စင်ကာပူနိုင်ငံသားများ အိမ်ဝယ်နိုင်ရန် မည်သို့ စီစဉ်ထားသည်။ အိမ်မ၀ယ်နိုင်သည့် အနည်းငယ်သော နိုင်ငံသားများ အတွက်လည်း ငှားနေနိုင်ရန် အိမ်ခန်း ၇၀၀၀ စီစဉ်ထားသည် စသည်ဖြင့် ကတိပေး ပြောကြားသွားပါသည်။

ထို့ပြင် တက္ကသိုလ်တက်ရမည့်အရွယ်ရှိသူ လေးဦးတွင် တစ်ဦးသည် တက္ကသိုလ်ပညာကို သင်ယူနေကြောင်း၊ လက်ရှိတွင် စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၁၂၀၀၀ ရှိကြောင်း။ လွန်ခဲ့သည့် ၁၀ နှစ်ကမူ စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၉၀၀၀ မျှသာရှိကြောင်း။ နောင်လာမည့် ၄ နှစ်အတွင်း နိုင်ငံသားများအတွက် တက္ကသိုလ်တွင် နေရာ ၂၀၀၀ ထိ ထပ်မံလက်ခံသွားမည်ဖြစ်ကြောင်း။ ၂၀၁၅ ခုနှစ်တွင် စင်ကာပူနိုင်ငံသား တက္ကသိုလ်ကျောင်းသား ၁၄၀၀၀ ထိ ရှိလာမည်ဖြစ်ကြောင်း။

စင်ကာပူပိုလီကျောင်းသား တစ်ဦးက ၎င်းအား S Pass တစ်ဦးအနေနှင့် လခ ၁၈၀၀ ရနေချိန်တွင် ပိုလီကျောင်းဆင်း ဒီပလိုမာတစ်ဦးအနေနှင့် သည့်ထက်ပိုသော လခရကြောင်း၊ သို့သော် ထို S Pass များသည် အလုပ်ရှာချိန်တွင် ၎င်းတို့၏ ပြိုင်ဘက်ဖြစ်နေခဲ့သည် ဟု ပြောခဲ့ကြောင်း။ ထို့ကြောင့်ပင် S Pass အခြေခံလစာများကို ၁၈၀၀ မှ ၂၀၀၀ သို့တိုးမြှင့်လိုက်ခြင်း ဖြစ်ကြောင်း။ သို့တိုင် လိုအပ်ချက်များကိုဖြည့်ဆည်းရန် နိုင်ငံခြားသား အလုပ်သမားများ ဆက်လက်လိုအပ်နေဦးမည် ဖြစ်ကြောင်း။

နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်ရန် စင်ကာပူစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် ထိပ်ပိုင်းစီးပွားရေး လုပ်ငန်းများအတွက် ကျွမ်းကျင်သောစီးပွားရေးပညာရှင်၊ လုပ်ငန်းရှင်များလိုနေသေးကြောင်း။ မိမိတို့ အစိုးရလုပ်ကိုင်နေသည် များကို လေ့လာကြည့်လျှင် အောက်ခြေကိုသာ တင်းကျပ်နေသော်လည်း ထိပ်ပိုင်းကို ဖွင့်ပေးထားတာ တွေ့ရမည်ဖြစ်ကြောင်း။ ထိပ်ပိုင်းနှင့်အောက်ခြေအကြား အလယ်အလတ်တန်းစား ကျွမ်းကျင်သူပညာတတ်များအတွက်မူ ထပ်မံ ထိန်းညှိရန် လိုကြောင်း၊ ထိုသူအများစုမှာ Employment Pass (EP) holder များ ဖြစ်ကြောင်း။

အစိုးရအနေနှင့် နိုင်ငံခြားအလုပ်သမားများကို တင်သွင်းခြင်းတွင် လိုအပ်သည့်စီမံခန့်ခွဲမှု၊ ပြန်လည်ဆန်းသစ်မှုများ ပြုလုပ်ရန် လိုသည့်တိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်မူ နိုင်ငံခြားသား အလုပ်သမားများမှာ မရှိမဖြစ် ဆက်လက်လိုအပ်နေဦးမည်သာ ဖြစ်ကြောင်း ပြောကြားသွားပါသည်။

ဝန်ကြီးချုပ်မိန့်ခွန်းပြောပြီး မရှေးမနှောင်းမှာပင် ယခုမှအသစ်စက်စက် ပြောင်းပြီးစ လခများအား ထပ်မံ ပြင်ဆင် လိုက်ပြန်ပါသည်။ ၀န်ကြီးချုပ်ပြောသကဲ့သို့ပင် EP အခြေခံလခများကို ပြင်ဆင်ခြင်း ဖြစ်၏။ အသစ်ပြင်ဆင်လိုက်သော အခြေခံလခများကား အောက်ပါအတိုင်း ဖြစ်ပါသည်။

(Ref: 1. Yahoo News: MOM tightens Employment Pass criteria on 16 Aug, 2011
2. http://www.mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=377)

MOM မှ ထုတ်ပြန်သော သြဂုတ်လ ၁၆၊ ၂၀၁၁ နေ့စွဲပါ ကြေငြာချက်

Enhancements to the Employment Pass Framework
(New assessment criteria to take effect from 1 January 2012)

S Pass Holder: S$2000
Q1 Pass (EP): S$3000
P2 Pass: S$4500
P1 Pass: S$8000

လက်ရှိ EP များကို တစ်နှစ်သာ သက်တမ်းတိုးပေးမည်။ ယခုနှစ်ကုန်လျှင် ၂၀၁၂ မှစကာ လခနှုံးထား အသစ်ဖြင့် ထပ်မံလျှောက်ရမည်ဟု ဖော်ပြထားသည်။ ဤအပြောင်းအလဲသည် ၃ သောင်းမျှသော အချို့ EP များအား အကျိုးသက်ရောက်မည် ဖြစ်သည်။ သို့သော် MOM က နိုင်ငံခြားသား အလုပ်သမားခန့်ထားမှုကိုမူ စုစုပေါင်း လုပ်သားဦးရေ၏ သုံးပုံတစ်ပုံ၌ ထိန်းထားမည်ဟု ဆိုပါသည်။

၎င်းတို့အဆိုအရ စင်ကာပူစီးပွားရေး ဦးမော့လာချိန် ၂၀၁၀ တွင် EP လျှောက်ထားမှု သိသာစွာ မြင့်တက်လာပြီး ၂၀၁၀ ဇွန်လမှ ၂၀၁၁ ဇွန်လအတွင်း ၁၄% မှ ၂၈ % ထိ နှစ်ဆမျှ မြင့်တက်လာသည်။ ၎င်းကို ထိန်းရန် ယခုကဲ့သို့ လခများ ပြင်ရပါသည် ဟု ဆို၏။ ယခုအခါ EP Holder ၁၄၂၀၀၀ ထိ ရှိသည်ဟု ဖော်ပြထားပါသည်။

သို့သော်လည်း ၀န်ကြီးချုပ်က ဤကဲ့သို့ နိုင်ငံခြားသားများ၏ လည်ပင်းကိုညှစ်လိုက်ခြင်းသည် စင်ကာပူနိုင်ငံသားများ အား အော်တိုမက်တစ် လခကောင်းကောင်း၊ နေရာကောင်းကောင်းသို့ ရောက်ရပါစေမည်ဟု အာမခံခြင်းမဟုတ်ကြောင်း၊ သင်းတို့ ယှဉ်ပြိုင်ရမည်မှာ စင်ကာပူရောက် နိုင်ငံခြားသားများသာမဟုတ်ပဲ ကမ္ဘာ့အဆင့် လုပ်သားများဖြစ်ကြောင်း ထည့်သွင်း ပြောသွားတာလည်း တွေ့ရပါလေသေး၏။

အမှန်ဆိုရလျှင် ဤကဲ့သို့ အခြေခံလစာ ပြောင်းလဲမှုများကို သူရို့ စင်ကာပူနိုင်ငံသားများ အပါအ၀င် တော်တော် များများမှာ မနှစ်သက်ကြပါ။

အထက်ပါသတင်း ထွက်ပေါ်လာပြီးနောက် ထိုသတင်းအပေါ် ဆွေနွေးချက် ၅၀၀ ခန့်ထွက်ပေါ်လာပါသည်။ အချို့မှာ အောက်ပါအတိုင်း ဖြစ်ပါ၏။ မူရင်းဖတ်လိုသူများ http://sg.news.yahoo.com/blogs/singaporescene/mom-tightens-employment-pass-criteria-111607991.html တွင် ဖတ်နိုင်ပါသည်။ အသေးစိတ်ဆိုလျှင် ပျင်းစရာကြီးဖြစ်မှာစိုးပါသဖြင့် လိုတိုရှင်းပဲ ရေးလိုက်ပါ သည်။

- ဒါဆို လခကို ၁၈၀၀ ဆိုပြီး အလုပ်ရှင်ကို ပြန်ပေးနေရတဲ့ သူတွေကျတော့ ဘယ်လိုပြောမလဲ။ ဆိုလိုတာက ပေးတဲ့ လစာကတော့ ၁၈၀၀ ဟုတ်ပါရဲ့။ ဒါပေမဲ့ တကယ်ရတာက ၁၅၀၀ ပဲဖြစ်ပြီး ၃၀၀ ကို အလုပ်ရှင်ကို ပြန်ပေးလိုက်ရတာ။ S Pass ဆိုပေမဲ့ တချို့ဆို ၁၂၀၀ ပဲရတယ်။ တချို့ ၁၀၀၀ ပဲရတယ်။


- ဒီလို လခတိုးလိုက်တဲ့အပေါ် အလုပ်ရှင်တွေကတော့ ပျော်နေမှာပဲ။ ဘာလို့လဲဆိုတော့ သူတို့က လခ ၃၀၀၀ ပေး ပါတယ်လို့ ပြမယ်။ တကယ့်တကယ်ကျတော့ ၂၂၀၀ ပဲပေးမယ်။ သူတို့က သပိတ်ဝင်အိတ်ဝင် တစ်လကို ၈၀၀ အမြဲ ပြန်ရနေမယ်။ တစ်ခါ Income Tax ပေးဘို့ကျတော့ အဲဒီ ၈၀၀ ပါ ထပ်သက်သာသွားပြန်တယ်။ ဒီလို လခ ပြောင်းလိုက်ရုံနဲ့ နိုင်ငံခြားသား အလုပ်သမားတွေ ၀င်လာမှုကို ထိန်းနိုင်ပါ့မလား ဆိုတာ မေးခွန်းထုတ်စရာပဲ။


- အလုပ်သမားတွေက အလုပ်ရှင်ကို ဒီလိုပြန်ပေးနေရတယ် ဆိုတာ MOM အရာရှိတွေ သိနိုင်တာပဲ။ ဒါဖြင့် ဒီကိစ္စ ဘာကြောင့် အရေးမယူဘဲ ရေငုံနေကြသလဲ။


- သူတို့ဘယ်လိုပြောင်းပါတယ် ဆိုစေ။ ဒီလို လိမ်ညာမှုတွေကတော့ အလုပ်ခန့်ထားရေးမှာ ရှိနေဦးမှာပဲ။ ဒီလို လုပ်ခြင်းအားဖြင့် နိုင်ငံခြားအလုပ်သမားတွေကို ထိန်းနိုင်တယ် လို့ပြောတာ ဦးဏှောက်မရှိတဲ့သူတွေကိုပဲ ညာလို့ ရမှာပေါ့ကွယ်။ ဒါပေမဲ့ ငါတို့မှာလည်း တွေးတတ်ခေါ်တတ်တဲ့ ဦးဏှောက်ရှိတယ်ဆိုတာ မေ့မထားစေချင်ဘူး။


- ဒီမှာ အလုပ်သမားတွေကို အလိမ်အညာ လခတွေနဲ့ခန့်နေတယ် ဆိုတာ MOM လူကြီးမင်းများကလွဲလို့ တစ်နိုင်ငံ လုံးသိတယ်။ MOM လူကြီးမင်းများခင်ဗျာ၊ စင်ကာပူတစ်ကျွန်းလုံးက ကော်ဖီဆိုင်ပိုင်ရှင်တွေဟာ သူတို့ဆီက ပြည်ကြီးတရုတ် ၀န်ထမ်းတွေဆီက ပိုက်ဆံတွေကို ပြန်ယူနေပါတယ်။ လူကြီးမင်းတို့ စားပွဲမှာထိုင်ပြီး ငိုက်မျဉ်းနေ မဲ့အစား အရေးယူဆောင်ရွက်ကြဘို့ တိုက်တွန်းလိုပါတယ်။


- ဒီနေရာမှာ မစ္စတာ Tharman ကျန်ခဲ့တာတစ်ခု ပြောချင်ပါတယ်။ သူက နိုင်ငံခြားသားလို့သာ ပြောတာပါ။ တကယ်ဆို PR တွေနဲ့ ခုမှ ဖြစ်လာတဲ့ အသစ်ကျပ်ချွတ် စင်ကာပူနိုင်ငံသားတွေကိုရော ထည့်မတွက်သင့်ဘူးလား။ သူတို့လဲ ကျုပ်တို့ကို ပြိုင်နေတာပဲ။ ငါတို့မှာ စင်ကာပူနိုင်ငံသားတွေနဲ့ လည်ပတ်နေတဲ့ ဟာတွေ ရှိပြီးသားပဲ။ ဘာနောက်ထပ်မှ hawkers, lounge hostesses, KTV hostesses, cleaners, bartenders, sales assistants, warehouse workers etc တွေမလိုတော့ပါဘူး။ ခင်ဗျားတို့ဟာ တကယ့်စင်ကာပူနိုင်ငံသားစစ်စစ်တွေအတွက် ထည့်သွင်းစဉ်းစားတာများရှိပါသလား လူကြီးမင်းများ ခင်ဗျား။
(မစ္စတာ Tharman မှာ စင်ကာပူ MOM ၀န်ကြီး ဖြစ်သလို ဒုဝန်ကြီးချုပ်လည်း ဖြစ်ပါသည်။ သူက EP များ လခတိုး ရခြင်းအကြောင်း ရှင်းလင်းတင်ပြချက်အပေါ် ပြန်လည်ဝေဖန်တာ ဖြစ်ပါသည်။)


- ၂၀၁၀ မှာ စင်ကာပူမှာ မွေးတဲ့သူ စစ်စစ်ဟာ 57.36% ပဲ ရှိပါတယ်။ 43% က နိုင်ငံခြားသားလို့ ခေါ်ရမဲ့ ဟာတွေပါ။ အလဲ့ကွယ်၊ သဟာဖြင့် Singapore လို့ခေါ်မဲ့အစား Chinapore, Indiapore and Earthpore လို့ပဲ ခေါ်လိုက်ကြပါ စို့ရဲ့ အရပ်ကတို့။

- Silverman 10 hours ago

JOB OPENING FOR ALL TRUE SINGAPOREAN ONLY
( PR and FT may apply using back door)

Position: MINISTER

Requirement:

1 ) Able to Alibaba talking convincingly is a MUST.
2 ) Uniform provided- white shirt and pants.

Job Scope

1) Always Smile.
2) Overtime work - (Field Allowance & TV Crew provided)

a- Go to field - Wet market and hawker center.
b- Shake anyone hand and "Say hello and how are you"
and quickly go to next person or next table...repeat again.
Salary : 1 million - Singapore Dollars

(တစ်ယောက်က ကလေးချီပြီး ဓါတ်ပုံအရိုက်ခံရမယ် ဆိုတာပါ ထပ်ထည့်ထားလိုက်သေး)။

(၄)

အထက်ပါသတင်းများအပေါ် စင်ကာပူနိုင်ငံမှ သြဇာရှိသူ လုပ်ငန်းအကြီးအကဲများမှ ဝေဖန်သုံးသပ်ချက်များ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(CNA News on 16 Aug 2011)
ASME disappointed over stricter Employment Pass criteria

Singapore Business Federation (SBF) ၏ CEO ဖြစ်သူ Mr. Ho Meng Kit က Levy များကို မြှင့်တင်ပြီး မကြာမတင်မီမှာ ပင် ယခုကဲ့သို့ လုပ်ခလစာများကို ပြင်ဆင်ခြင်းဖြင့် နိုင်ငံခြားသား လုပ်သားများ သိသာစွာကျဆင်းလိမ့်မည်မဟုတ်ပဲ အလုပ်ရှင် များ များသောအားဖြင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises) ကို ကုန်ကျ စရိတ်များသာ တိုးမြင့်လာစေမှာဖြစ်ကြောင်း၊ အစိုးရအနေနှင့် စင်ကာပူနိုင်ငံသားများကို အလုပ်အကိုင်အခွင့်အလမ်းများ ကောင်းမွန်လာစေရန် ဖန်တီးပေးရာတွင် PME (professional, manager, executive) အပါအင် အချို့အလုပ်များမှာ စင်ကာပူ နိုင်ငံသားများကို ဆွဲဆောင်မှုအားနည်းနေသေးတာကို လက်ခံရန်လိုကြောင်း ၊ EP နှင့်ပတ်သက်၍ ပြုပြင်ပြောင်းလဲမှုများ လုပ်ရာတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ အသံကိုလည်းနားထောင်ရန်လိုကြောင်း၊ EP များခန့်ထားမှုကို လျော့ကျသွားစေမည့် ပြင်၊ EP များခန့်ထားသည့် လုပ်ငန်းများကိုပါ ထိခိုက်သွားလိမ့်မည်ဖြစ်ကြောင်း ထောက်ပြခဲ့ပါသည်။

Tighter Employment Pass criteria could make S'pore less attractive
(CNA News on 15 Aug 2011)

DBS မှ senior economist ဖြစ်သူ Irvin Seah က ဒီလိုလုပ်လိုက်တာဟာ သူရမဲ့လခနဲ့ သူ့အရည်အချင်း၊ လုပ်ငန်းအတွေ့ အကြုံတွေကို ညီမျှအောင်လုပ်ပေးတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အခြေခံလစာတွေကို ငွေဖောင်းပွမှုနှုံးနဲ့အညီ ပြင်မပေးခဲ့တာ ခုဆို ဆယ်စုနှစ်တစ်ခုတောင် ရှိသွားပါပြီ။ ဒီလိုလုပ်တာဟာ နိုင်ငံခြားသားတွေ ၀င်လာမှုကို ဟန့်တားတာမှန်ပေမဲ့ တစ်ဖက်မှာ သူတို့ရဲ့ အရည်အချင်းကို ပိုမြင့်လာအောင် ကြိုးစားစေဘို့ တွန်းအားတစ်ခုဖြစ်ပါတယ် ဟု ပြောပါသည်။

Singapore Business Federation (SBF) က အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအနေနှင့် လက်ရှိတွင် သူတို့လုပ်ငန်း ကို ချဲ့ထွင်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေရချိန်၌ ယခုလို လုပ်လိုက်ခြင်းသည် ပိုမို၍ ခက်ခဲစေကြောင်း ပြောပါသည်။

ထို့ပြင် လုပ်ခများတိုးမြှင့်ရန် ဖိအားပေးခြင်းသည် ငွေဖောင်းပွမှုနှင့် နေထိုင်မှုစရိတ်မြင့်မားစေကြောင်းလည်း ဖော်ပြခဲ့ပါသည်။

CIMB Research မှ Regional economist ဖြစ်သူ Song Seng Wun က နာ့စ်ကဲ့သို့သော အလုပ်များတွင် ပေးထားသည့်လခ မှာ စင်ကာပူနိုင်ငံသားများအတွက် ဆွဲဆောင်မှုမရှိသော်လည်း နိုင်ငံခြားသားများကိုမူ ဆွဲဆောင်နိုင်စွမ်းရှိနေသေးကြောင်း၊ ကျန်းမာရေးလုပ်ငန်းကို တိုးချဲ့ရာတွင် ရာထူးအများအပြားကိုလည်း တိုးချဲ့ခန့်ထားရမှာ ဖြစ်သည့်အတွက် ကျန်းမာရေး အသုံးစရိတ် ပိုမိုမြင့်မားလာစေမှာဖြစ်ကြောင်း ပြောပါသည်။

အချို့ကတော့လည်း ဤကဲ့သို့လုပ်ခြင်းဖြင့် ရေရှည်မှာ အကျိုးရှိမည်ဟု မျှော်လင့်ကြပါသည်။

မစ္စတာလီ (၀န်ကြီးချုပ်) အား စင်ကာပူပိုလီကျောင်းသားတစ်ဦးက Work Permit ထက် တစ်ဆင့်မျှသာ ပိုမြင့်သည့် S Pass တစ်ဦးကို လခ ၁၈၀၀ ပေးရန် အဘယ်ကြောင့် သတ်မှတ်ထားပါသနည်း ဟု မေးသည် ဆို၏။ ဆိုလိုသည်မှာ ထို S Pass များအနေနှင့် လခ ၁၈၀၀ သာရသော်လည်း ထို့ထက်မကပိုရနေသော ဒီပလိုမာလက်မှတ်ကိုင် ၎င်းတို့နှင့် အလုပ်အကိုင် ရှာဖွေရာတွင် ပြိုင်ဘက်ဖြစ်နေသည်။ ထို့ကြောင့် သူတို့နှင့် တိုက်ရိုက်ရင်ဆိုင် ယှဉ်ပြိုင်ခိုင်းပါ ဟု ဆိုသတည်း။

ဝန်ကြီးချုပ်ကတော့ သူတို့ ခံစားချက်ကို မိမိနားလည်ပါသည်။ သို့သော်လည်း စင်ကာပူနိုင်ငံသားများနှင့် မလုံလောက်သော နေရာများတွင်မူ နိုင်ငံခြားသားများကို မလွှဲမရှောင်သာ သုံးနေရဦးမည် ဟု ပြောခဲ့ကြောင်းပါ ခင်ဗျား။

(၅)


စင်ကာပူရောက် ကျွန်တော်တို့၏ အနေအထားမှာ စင်ကာပူအစိုးရချမှတ်သော မူဝါဒများအပေါ် လုံးဝ မှီခိုနေရ ပါသည်။ ဥပမာပြရလျှင် ၂၀၀၅ ခုနှစ်မတိုင်မီနှစ်များက စင်ကာပူပီအာ ဖြစ်ဖို့ရန် ခဲယဉ်းခဲ့သော ကျွန်တော်တို့မှာ အစိုးရ မူဝါဒ ပြောင်းလိုက်သည်နှင့် မြန်မာအများအပြား ပီအာများ ဖြစ်၊ မိမိတို့မိသားစုကို မြန်မာပြည်မှခေါ်။ ကလေးများကို စင်ကာပူတွင် ကျောင်းထား။ အိမ်များဝယ်
...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...