ခြိုးခြံချွေတာရေးအစီအစဉ်များကို ကန့်ကွက်ဆန္ဒပြရာမှ ဂရိတွင် မတည်ငြိမ်မှုများဖြစ်ပွား
by General Knowledge on Saturday, October 22, 2011 at 11:49am
Thursday, 20 October 2011 02:30
ဂရိပါလီမန်ရှေ့တွင် ဆန္ဒပြသူများနှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများ အောက်တိုဘာ ၁၉ ရက်နေ့က ပဋိပက္ခဖြစ်နေကြစဉ်
အလုပ်အကိုင်လျော့ချမှုများ၊ အခွန်တိုးမြှင့်မှုများဆောင်ရွက်မည့် ခြိုးခြံချွေတာရေးအစီအစဉ်ကို ပါလီမန်တွင် မဆွေးနွေးမီ ဂရိအလုပ်သမားသမဂ္ဂအဖွဲ့များက နှစ်ရက်ကြာ အထွေထွေဆန္ဒပြမှုဆောင်ရွက်ခဲ့ကြရာ အောက်တိုဘာလ ၁၉ ရက်နေ့ တွင် မတည်ငြိမ်မှုများဖြစ်ပွားခဲ့ပြီး ဂရိနိုင်ငံကို ကသောင်းကနင်းဖြစ်စေခဲ့သည်။
အသင်ရှိ ပါလီမန်အဆောက် အအုံအပြင်ဘက်တွင် ဆန္ဒပြသူများနှင့် ရဲများပဋိပက္ခဖြစ်ခဲ့ရာ အရပ်သား ၃ ဦးအပါအ၀င် လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ရဲဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ ဆန္ဒပြမှုကို လူ ၂၀၀၀၀၀ ကျော်ပါဝင်ခဲ့ကြကြောင်း အလုပ်သမားသမဂ္ဂများက ပြောကြားခဲ့သော်လည်း အာဏာပိုင်များက လူ ၇၀၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်း ပြောကြားခဲ့သည်။
ဂရိအစိုးရကြွေးမြီ အကျပ်အတည်းကြောင့် စီးပွားရေး ဆက်လက်လည်ပတ်ရန်အတွက် ခြိုးခြံချွေတာရေး အစီအစဉ်များဆောင်ရွက်ရန် လိုအပ်ကြောင်း အစိုးရက ပြောကြားခဲ့ သည်။ အလုပ်အကိုင်လျော့ချမှုများ အခွန်တိုးမြှင့်မှုများ ဆောင်ရွက်မည့် အစီအစဉ်များကို ဂရိပြည်သူများက မကျေမနပ်ဖြစ်ခဲ့ကြသည်။ အရေးပေါ်ကယ်ဆယ်မှုများ ဆောင်ရွက်ရန်အတွက် အသုံးစရိတ်လျော့ချမှုများ ဆောင်ရွက်ရန် ဥရောပသမဂ္ဂနှင့် အပြည် ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့က ဂရိကို တောင်းဆိုထားသည်။
ဂရိတွင် ဆန္ဒပြသူများဖြစ်ပွားနေသည်မှာ ရက်သတ္တပတ်များစွာ ကြာမည်ဖြစ်သည်။ အေသင်ရှိ ပါလီမန်အပြင်ဘက်တွင် အဓိကရုဏ်းနှိမ်နင်းရေးရဲများက ဆန္ဒပြသည့်လူငယ် အုပ်စုများနှင့်ထိပ်တိုက်တွေ့ရာမှ ပဋိ ပက္ခများ အရှိန်မြင့်တက်လာခဲ့သည်။ ဆန္ဒပြသူများ မီးခိုးဗုံးများ၊ ဓာတ်ဆီ ဗုံးများ၊ အုတ်ခဲများ၊ ကျောက်တုံးများ ဖြင့် ရဲများကိုပစ်ခတ်ခဲ့ကြသည်။ ရဲများက မျက်ရည်ယိုဗုံးများ၊ တုံ့ပြန် ခဲ့သည်။
ဂရိအစိုးရကြွေးမြီသည် ဂျီဒီပီ ၏ ၁၆၂ ရာခိုင်နှုန်း ဖြစ်နေပြီး စီးပွားရေးတုံ့နှေးနေကာ အလုပ်လက်မဲ့နှုန်းမှာလည်း မြင့်တက်နေသည်။ ဥရောပသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာငွေ ကြေးရန်ပုံငွေအဖွဲ့တို့က ဂရိကို အရေးပေါ် ကယ်ဆယ်ရေးအစီအစဉ် နှစ်ကြိမ်
ဆောင်ရွက်ပေးထားရာ ဒုတိယအကြိမ်မှာ အပြီးသတ် မဆောင်ရွက်ရသေးပေ။
0 comments:
Post a Comment