သင်သေသွားသော်
Cloud Cuckoo Land created a doc.
ဆရာဇော်ဂျီ ရေးသားသော သင်သေ သွားသော် ကဗျာ လေးက အခြေခံပညာ အထက် တန်းကျောင်း သုံးကဗျာ တွင်ပါသော ကဗျာလေး တစ်ပုဒ်ဖြစ်ပါ တယ်။ ကဗျာ လေးက ဪ . . လူ့ ပြည် လောက၊ လူ့  ဘဝကား၊ အိုရနာရ သေရဦးမည် မှန်ပေ သည်တည့် သို့ တပြီးကား၊ သင်သေသွား သော်၊ သင်ဖွားသောမြေ၊ သင်တို့ မြေသည် အခြေ တိုးမြင့် ကျန်ကောင်းသင့်၏။ သင် ၏ အမျီုးသား၊ စာစကားလည်း ကြီးပွားတက် မြင့် ကျန်ကောင်း သင့်၏။ သင့်ဦးချ၍ အမျှ ဝေရာ စေတီသာနှင့် သစ္စာအရော...င် ဥာဏ် တန်ဆောင်လည်း ပြောင်လျက်ဝင်းလျက် ကျန်စေသတည်း။ ဤကဗျာ လေးကို ကျွန်တော်အ တော်လေးနှစ်ခြိုက်ခဲ့ပါတယ်။ ဒီကဗျာ လေးကို အခြေပြုပြီး ၁၇ .၁၂ .၂၀၁၀ အပါတ်ထုတ် Health Care ဂျာနယ်တွင် ဖော်ပြခဲ့ဖူးပါသည်။ ယခုကျွန်တော်နေ့  စဉ် သွားလာ နေတဲ့ ဒလ-ပန်းဆိုးတန်းခရီးမှာ တွေ့မြင်နေရတဲ့ NGO အဖွဲ့တစ်ခုရဲ့ တာ ဝန်မပျက်နေ့ စဉ်လှုပ်ရှားနေတာကို တွေ့မြင်နေရပြီး NGO အဖွဲ့ရဲ့ ပြည်သူ အပေါ် လုပ်ဆောင်နေတဲ့ အကြောင်း လေးကို တင်ပြလိုပါတယ်။ လူတိုင်းတွင် အတ္တ၊ ပရ နှစ်ခုရှိပါတယ်။မိမိအတွက်၊ အများ အတွက် ကောင်းကျိုးတွေကို လုပ်ဆောင် နေကြရပါတယ်။ ဒီနေရာမှာ မိမိအကျိုး ကိုဘဲ ရှေ့တန်းတင်နေတဲ့ လူရှိသလို မိမိ နဲ့ အများအကျိုး ရှေ့တန်းတင်တဲ့လူလည်း ရှိပါတယ်။ အများအကျိုးကိုဘဲ ရှေ့တန်း မတင်တဲ့ လူဆိုတာ မရှိသ လောက်ပါပဲ။ ဘာပဲဖြစ်ဖြစ်၊ ပဇ္ဈီမပဋိပဓာလမ်းစဉ်က တော့ အလယ် အလတ်လမ်း စဉ်ဆိုတော့ ပိုကောင်းမယ် ထင်ပါတယ်။ မိမိလည်း အ ကျိုးရှိ တစ်ပါး သူတွေလည်း အကျိုးရှိတဲ့ လမ်းစဉ်ဆိုတော့ မဆိုးလှပါဘူး။ ချမ်းသာ တဲ့ နိုင်ငံတွေက လူတွေက သူတို့ တွေ စည်းစိမ်နဲ့  နေနိုင်စားသောက်နေနိုင်ပါ ရက်နဲ့ ။ ဆင်းရဲတဲ့ နိုင်ငံတွေကို တဖန်ပြန် ကြည့်ရှု့တာဟာ မွန်မြတ်တဲ့သူတို့ ရဲ့စေတ နာ သဒ္ဒါတရားတွေပါပဲ။ သူတို့ တွေရဲ့ စေ တနာက လူသားချင်းစာနာစိတ် (Humanity) တစ်ခုပါပဲ မှန်ပါတယ်။ ကျွန် တော်တို့ နဲ့  မျိုးနွယ်အုပ်စုတူတဲ့ ခေါင်း လက်ခြေပါကြတဲ့ ဇာတ်တူသားတွေနဲ့  အကျိုးကိုကြည့်သင့်တာပေါ့။ ကိုယ့်ဝမ်းလှ သလို ကိုယ်လိုဖြစ်တဲ့တစ်ခြားလူသားတွေ
လူကိုလူလိုကြည့် ရုံနဲ့ တော့မဟုတ်။ တစ်ခြားမျိုးနွယ်မတူတဲ့ သက်ရှိသတ္တဝါလည်းကြည့်ရမှာပင် ဒါ့ ကြောင့်တောရိုင်းတိရစ္ဆာန်ညှင်းပ
တကယ်လိုအပ်တဲ့ရေရရှိရေးအတွက် ရေကန်ကြီးတွေအကုန်အကျခံပြီး တစ် ကန်ပြီးတစ်ကန်တူးဖော်ကြပါတယ်။ ရေ ကန်ကြီးကို တိရစ္ဆာန်တွေမဝင်ရအောင် သွတ်ဆူးကြိုးတွေခပ်ကြတယ်။ ကန်ထဲ ဆင်းမခပ်ရအောင် ကန်ဘေးတွင် ရေတုန် ကင်တွေထားရှိပြီး ရေကိုရယူစေတယ်။ ရေငံထွက်ရှိတဲ့ ဒလမြို့အတွက် မြို့လူထု နဲ့ စည်ပင်သာယာကပေးတဲ့ ရေနဲ့ က မလုံ လောက်ချေ။ နေ့ စဉ်သုံးစွဲ နေရတဲ့ ရေကို နေ့ စဉ်ပုံမှန်ရရှိမှ ပို၍ အဆင်ပြေနိုင်ပါ မည်။ ဒါ့ကြောင့် နေရာတော်တော်များများ မှာ AMI အဖွဲ့ကနေ ရေတွင်းရေကန် တွေအတော်တူးခဲ့ကြသည်။ ပြည်သူတွေ ရေကို ပေါပေါ လူလူသုံးနိုင်ကြသည်။ ရေ အကျိုး (၁၀) ပါးမတောင်းဘဲ ပြည့်နိုင် မည်မဟုတ်လား။ ဒါကြောင့် အဲဒီမှာတာ ဝန်ထမ်းဆောင်းနေကြသူတွေတော့ နောင် ဘဝမှာ ရေအကျိုး ၁၀ ပါးနဲ့ ပြည့်စုံမှာပင်။ ယခုလည်းပြည့်စုံနေပါ တယ်။
ဒါ့အပြင် ကူးစက်ရောဂါတွေဟာ အညစ်အကြေးတွေကနေ ကူးစက်တတ် တာဖြစ်တဲ့အတွက် ဆင်းရဲတဲ့ လူတစ်ချို့ မှာ ယင်လုံအိမ်သာတောင်မဆောက်နိုင် ကြသဖြင့် လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေနဲ့  ယင်လုံအိမ်သာတစ်လုံးဆီကို ဆောက်ဖို့  ကူညီခဲ့ကြပါတယ်။ မကောင်းတဲ့ အနံ့ ဆိုးတွေမှလည်းကင်းဝေး၊ ကူးစက် ရောဂါသယ်ဆောင်တဲ့ ယင်ကောင်တွေ ရန်က လည်းဝေး။ ဒီပြင်မက ကာလသား ရောဂါတိုက်ဖျက်ရေး မိခင်နှင့်ကလေး စောင့်ရှောက်ရေး HIV/AIDS ရောဂါစတဲ့ စီမံကိန်းတွေလည်း လုပ်ဆောင်နေကြပါ တယ်။ ကျွန်တော်က နေ့ စဉ် ဒလ-ပန်းဆိုး တန်း သင်္ဘောစီး နေကျပါ။ နံနက် ၈ နာရီ အခေါက် ပန်းဆိုးတန်းက အထွက်မှာ အဲဒီအဖွဲ့ကဝန်ထမ်း ၅၀ ဝန်းကျင် လောက်ရှိမည်ထင်သည်။ အဲဒီ ၈ နာရီ အခေါက်နဲ့ လိုက်စီးနေကျ ကျွန်တော်နဲ့  ဆုံ ဖြစ်နေကြ။
သူတို့ တွေကို အကဲခတ်ကြည့် မိသည် အမြဲတက်ကြွနေကြသည်။ တာ ဝန်တွေထမ်းဆောင်ဖို့  သူတို့ တွင် ခွန်အား အပြည့်ထည့်လာဟန်တူသည်။ တစ်ဦးနှင့် တစ်ဦးရင်းနှီးကြသည်။ ခင်ခင်မင်ခင် တချို့ တလေကျတော့လည်း လုပ်ဖော်ကိုင်ဘက် ရင်းနှီးရင်းက အကြောင်းတူ ပေါင်းဖက်သွား ကြသည်။ စိတ်တူကိုယ်တူဖြစ်တာပါ။ သူတို့ အထဲတွင် ပြင်သစ်နိုင်ငံသူ/ နိုင်ငံသားတွေ လည်းပါဝင်သည်။ တစ်ခါ တစ်ရံသင်္ဘောကခွာနေပြီး ၄ ယောက် လောက်ကမ်းခွာနေစဉ်မှာ အဲဒီနိုင်ငံသူ တစ်ယောက်သင်္ဘောပေါ်ခုန်တက်သွားတာ ကို လှမ်းမြင် လိုက်ရပြီး စိုးရိမ်လိုက် ရပါသေး သည်။ အလုပ်ချိန်မှီအောင် သူ့ ခမျာမှာ အပြေးအလွှားတက်လိုက်သွားသည်။ လူ သားချင်းကူညီချင်တဲ့ စိတ်တွေဘယ် လောက်လွှမ်းမိုးထားသလဲဆိုတာ။
စီမံချက် တွေတော်တော်များများဒလမြို့တွင်
ဒေါက်တာချစ်( Healthcare)
0 comments:
Post a Comment