Saturday, October 8, 2011

စာပေ-စာလုံးပေါင်းနှင့် လူ့ဘောင် စနစ်မြင့်မားဖို့

Cloud Cuckoo Land created a doc.
လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဂျာနယ်တစ်ခုကို ကိုင်ထားသည့် ကိုဘသစ်နှင့် ကျွန်တော်တို့ ဆွေးနွေးကြသည်။
''စာဖတ်ဖို့က အင်မတန်အရေး ပါတယ်ဗျ''
''ဟိုရှေ့က တောထဲမှာကျားရှိ တယ်'' (အန္တရာယ်)
''နောက်လဆို မိုးရွာတော့မယ်'' (သဘာဝ)
''ဒီမြေကြီးဟာ စပါးစိုက်ဖို့ကောင်းတယ်'' (အသက်ရှင်ရပ်တည်ရေး)
... စတဲ့သာမန် အချက်လေးတွေကအစ လကမ္ဘာကိုတတ်နိုင်တဲ့အချက် အလက်တွေအထိ စာတွေနဲ့ ရေးထားလို့ရတယ်'' တဲ့။ ဒါကိုပြောတော့ ''တချို့က စာဘယ်လောက် ဖတ်ဖတ် သဘော မပေါက်ဘူး'' ဟု ပြောမိသည်။
ကိုဘသစ်က ''ဒါတွေဟာ ရိုးရှင်းတဲ့စာတွေနဲ့ရေးထားပေမယ့် အလေ့အကျင့်မရှိရင် သဘောပေါက်နား မလည်ကြဘူးပေါ့'' ''စာလုံးပေါင်းပြဿနာတွေ လည်းရှိသေးတယ်'' လို့ပြောတော့ ''အချက် အလက်က အလေးပါ တယ်ဗျ။ စာလုံးပေါင်းဟာ အသေး အဖွဲပါ'' ဟု သူကဆိုသည်။ ဆက်ပြီး ''ကျွန်တော်တို့ငယ်ငယ်က ပုံပြင်လေးရှိတယ်။ ဘုန်းတော်ကြီး တစ်ပါးက သူ့ရဲ့ ကျောင်းကို ယရစ်နဲ့ရေးထားတော့ ဒကာတစ်ယောက် က သတ်ပုံမှား နေတဲ့အကြောင်း ပြောတယ်။ ဒီတစ်ခါ ဘုန်းတော်ကြီးက ''ကျောင်းကို ရပင့်နဲ့ကျောင်းကျောင်း ရရစ်နဲ့ကြောင်းကြောင်း ဘယ်သူက မှ အိမ်လို့မဖတ်ပါဘူး'' လို့ စောဒက တက်တာ ကိုကြားဖူးတယ်''
''တကယ်တော့ ဒီလိုကွာနေရင်တော့ အရေးမကြီးပါဘူး။ဒါပေမဲ့ လူတစ်ယောက် ကျောင်းစောင့်နေတယ် နဲ့ကျောင်းဆောက်နေတယ် ဆိုတာမျိုးဟာ မတူပါဘူး''
''အင်း ဒါတွေကိုတော့ ဂရုစိုက်ရမှာပဲ။ စာစောင်တွေထဲမှာ ထင်းစိုက်ရင်သဘာဝပတ်ဝန်းကျင်ပျက်စီး တယ်လို့ရေးထားတော့ အတော် အံ့သြသွားတယ်။ဒါပေမဲ့ သူရေးချင်တာက ထင်းစိုက်တာ မဟုတ်ဘူး။ ထင်းဆိုက်တာ ဖြစ်နေတာကိုး။ ပတ် ၀န်းကျင်ပျက်စီးတာဟာ ထင်းဆိုက်တာဆိုရင် မှန်ပါတယ်''
''စာလုံးပေါင်းနဲ့ပတ်သက်ပြီး မှားယွင်းတဲ့ မက်ဆေ့ခ်ျတွေ ပေးနိုင်ပါတယ်။ ဒီလိုဖြစ်ရတာ အရင်ခေတ် က စာလုံးပေါင်းပြင်တာက စတာပဲ။ ပညာရှိကို ပညာယှိလို့ ရေးခိုင်းတဲ့ ခေတ်ရှိတယ်။ ပျမ်းမျှကို ပြန်းမျှ စသဖြင့် အမျိုးမျိုး ရေးတာကိုး။ သူဌေး သေဌေး၊ သဌေးနောက်သူဌေးပြန် ဖြစ်တယ်။ သူကြီးကိုလည်း သကြီး လို့ ရေးခိုင်းတာတွေရှိတယ်။ ဒါက ဘုန်းကြီးပြောတဲ့ ကျောင်းနဲ့ ကြောင်း ကွာသလောက်ပါပဲ။ တကယ့်ပြသနာတော့ မဟုတ်ဘူး''
ပြည်သူတွေနဲ့အတူ မဂ္ဂဇင်းတွေ၊ စာအုပ်တွေထဲက အမှားအမှန်တွေ ပြောကြဆိုကြ၊ ဆွေးနွေးကြရင်လည်း ကောင်းတာပဲ။ အရေးကြီးတာက စာရေးစာဖတ်မကြောက်ကြဖို့ပါ . . .
''ဘယ်လိုဖြစ်ဖြစ် စည်းစနစ်ရှိတာ ကောင်းပါတယ်။ ဒါကိုလူတွေ သတိတရ အမှတ်တရနဲ့ ရေးကြ၊ပြင်ကြရင် အဆင်ပြေသွားမှာပါ''
''နောက်တစ်ခုက အင်္ဂလိပ်စာကတော့ စာလုံးပေါင်း အမှန်အမှားသတ်ပုံ စစ်လို့ရတယ်။ မြန်မာစာမှာလည်း ဒီလိုသတ်ပုံတွေကို စစ်လို့ရဖို့ ကြိုးစားနေပြီလို့ ဆိုတယ်။ ဒီတစ်ခါ ကွန်ပျူတာ စာရိုက် လိုက်တာနဲ့ ပြင်လို့ရတယ်''
''မှန်ကန်တဲ့ မြန်မာစာပေစာလုံး ပေါင်းသတ်ပုံနဲ့ရေးတာတွေကို ကျွန်တော်တို့သဘောကျပါတယ်။ ကြော်ငြာတွေမှာဖြစ်ဖြစ်၊ ဆိုင်းဘုတ်တွေမှာ ဖြစ်ဖြစ် စာလုံးပေါင်းတွေကို မှန်မှန်ကန်ကန် ရေးရင် ပိုကောင်း ပါတယ်။ကလေးတွေဟာ အဲဒီစာတွေကို ဖတ် ကြတယ်။ စာလုံးပေါင်းသတ်ပုံမှန်ဖို့ ဆိုင်းဘုတ်ရေးတဲ့လူတွေကို မေတ္တာရပ်ခံတာမျိုး လုပ်သင့်ပါတယ်''
''ကောင်းပါတယ်။ ကြော်ငြာတွေက တမင်ကိုကွဲပြားအောင် လုပ်တယ်။ လူတွေ ဖတ်ရလွယ်အောင် ရေးတတ်တယ်''
''တစ်ခုတော့ရှိပါတယ်။ အသေးအမွှားတွေကို သိပ်ပြီးအလေးမထားဖို့ပါပဲ။စာလုံးပေါင်းမှားလို့ အပြစ်ပေးတာမျိုး၊ အရှက်ရအောင် လုပ်တာမျိုးတွေကို ရှောင်ဖို့လိုပါတယ်''
''ကျွန်မတော့ ကျောင်းကထွက်ပြီးကတည်းက စာအုပ်ကိုမကိုင်တော့ဘူး။ စာအုပ်တွေကိုမုန်းလို့ '' ဆိုတာမျိုးကို ကြားဖူးပါတယ်။ဘာကြောင့်လဲဆိုတော့ ကျောင်းနေတုန်းက ဖိအားပေးခံရတာ များလို့ ပါပဲ''
''အေးဗျ၊ ကျွန်တော်တို့ကလေးတွေကို စာအုပ်တွေကိုဖတ်ပြီး သူတို့ကို ဆုံးဖြတ်ချက်တွေနဲ့ အတွေးတွေ ဖြန့်ထွက်တွေးတတ်ဖို့ အရည်အသွေး မြှင့်တင်ပေးဖို့ပါ''
''ဘယ်သူကမှ မတိုက်တွန်းလည်း စာအုပ်တွေမှာ စိတ်ဝင်စားဖို့ ကောင်းတာတွေ ပါဝင်တယ်လို့သိကြရင် ကလေးတွေဟာ စာကိုဖတ်ကြမှာပဲ။ သူတို့အနေနဲ့ တစ်စုံတစ်ခုရမယ်ဆိုရင် လူတွေစာဖတ်ကြမှာပဲ''
''ကျွန်တော် တောရွာတွေကိုရောက်တော့ မေးပါတယ်။ ယနေ့ မိန်းကလေးတွေ ဘာလုပ်လဲ။ တစ်ချိန်ကတော့ မိန်းကလေးတွေကို 'မိန်းမများ ရက်ကန်းမတတ်ရင် အကျိုးနဲ့တူတယ်လို့ဆိုပြီး ယောက်ျားလေးများအတွက်တော့ ယောက်ျားလေး များစာမတတ်ရင် အကန်းနဲ့တူတယ် လို့ဆိုထားပါတယ်။ ဒီခေတ်မှာတော့ မိန်းကလေးများ ရက်ကန်းခတ်ရန် မလိုတော့ပါ။ ထိုအတွက် ရက်ကန်းတတ်စရာလည်း မလိုတော့ပါ။ မိန်းကလေးရော၊ ယောက်ျားလေးရော စာတတ်ရမှာတော့ အသေအချာပါပဲ''
''ယနေ့ စံချိန်စံညွှန်းအရ ကျား၊ မ မဟူ လူတိုင်းစာတတ်ပြီး စာဖတ်မှသာ လောကမှာ အဆင်ပြေမှာဖြစ်တယ်။ စာပေဟာ ကျွန်တော်တို့အတွက် အင်မတန်အရေးကြီးတဲ့ မီဒီယမ်ကြီးပဲဖြစ်တယ်'' ဟု ကိုဘသစ်က ဆိုပါသည်။
''မီဒီယာမဟုတ်လား'' ဟု သူ့ကို ကျွန်တော်မေးတော့ သူကရှင်းပြသည်။
''ဒီနေရာမှာ မီဒီယမ်ကို သတင်း သတင်းအချက်အလက် စာနယ်ဇင်းရယ်လို့ ယူဆထားတာမဟုတ်ပါ။ လေဟာ အသက်ရှူဖို့ မီဒီယမ်ပါ။ စာရေးဖို့စာရွက်ဟာ မီဒီယမ်ပါပဲ။ ဒီအတိုင်းပဲ လူတွေအတွက် စာပေဟာ မီဒီယမ်တစ်ခုလို့ဆိုလိုတာပါ''
''ဟုတ်ကဲ့ ပထမတော့ စကားက စတာပေါ့နော်''
''အင်းဗျ ကျွန်တော်တို့ငယ်ငယ်က အမေပြောတဲ့ပုံပြင်တွေကို သဘောကျကြတယ်။ ဒါတွေကို အိပ်ရာဝင်ပုံပြင်များလို့ ခေါ်တယ်။ နောက်တော့လည်း အမေတင်မကဘူး။ ဒွေးတော် မိကြီးတွေ ကလည်း ပြောပြတဲ့ပုံတွေကို သဘောကျတာပါပဲ။ ကြားဖူး နားဝ မှတ်တမ်းတင်တော့ စာအုပ်တွေထဲပါလာတယ်။ ကလေးတုန်းက စာအုပ်တွေထဲမှာ ပုံပြင်တွေရှိတယ်ဆို တာကို သိလာပြီး တဲ့နောက် စာအုပ်တွေကို ဖတ်ကြတာပေါ့''
''ဘာသာရေးကလည်း လူတွေ ကို စာဖတ်စေတာပဲ''
''ခရစ်ယာန် တွေက သမ္မာကျမ်း စာတွေဖတ်ရင်း သူတို့နှစ်သက်တာတွေကိုတွေ့သလို ကျွန်တော်တို့လည်း ၅၅၀ နိပါတ် စတဲ့စာအုပ်တွေမှာ ဖတ်စရာတွေ တွေ့တယ်။ အရင်ခေတ်စာအုပ်တွေ အဓိကက သုတကိုတိုက် ရိုက်ပေးတာနဲ့ ဇာတ်နိပါတ်တွေပဲ။ အဲဒီထဲမှာ စာလုံးပေါင်းတွေ မျိုးစုံဖြစ်နေတာကို တွေ့ရမယ်''
''ဒါတွေကို မပြင်မဆင်ဘဲလည်း လူတွေနားလည်ကြတာပဲ။ လူတွေ နားလည်တာဟာ မတ်ဆေ့ခ်ျတွေပေါ့''
ကိုဘသစ်နှင့် တစ်ယောက်ကိုတစ်ယောက် ပြောကြဆိုကြရင်း စာလုံးပေါင်းတွေကို အစိုးရက ခန့်ထားသည့်အဖွဲ့က ပြဋ္ဌာန်းအရေးယူမှုများ လုပ်သင့်၊ မလုပ်သင့်ကို ဆွေးနွေးကြပါသည်။
''စာတွေထဲမှာ အကိုးအကားလုပ်ရင် တစ်ခါတစ်ခါ မူရင်းစာလုံးပေါင်းဆိုပြီး ရေးထားတာ တွေ့ရတယ်။ စာပေစိစစ်ရေးကနေ ပြင်မှာစိုးလို့ပါ။
စာပေမှာ အမျိုးမျိုးရေးခဲ့တာ ယနေ့အထိပါပဲ။ ခုကျွန်တော် Kathryn Stov -kett ရဲ့The Help ကို ဖတ်နေပါတယ်။ အဲဒီထဲမှာ သူတို့အမေရိကန် လူမည်းတွေပြောတဲ့စကားအတိုင်း ရေးထား တော့ စာလုံးပေါင်းရော ဂရမ္မာပါ အမှားတွေ အများကြီးပဲ။ ဒါပေမဲ့ ဒီစာအုပ်ဟာ New York Time, Best Seller ဖြစ်ခဲ့တယ်။ စာပေကို စာရေးဆရာတွေ၊ စာအုပ်တိုက်တွေ က တာဝန် ယူကြ တာပါ''
''ယနေ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေမှာ စာပြင်ဆရာတွေ မရှိသလောက် နည်းပါးသွားတယ်။ စာလုံးပေါင်းတွေကို မလေ့လာကြတာအမှန်ပါ။ ဒါပေမဲ့ ဒီလိုပဲဖတ်နေ၊ မှတ်နေ၊ ရေးနေ ကြတာပဲ။ ပြည်သူတွေ ဖတ်တာပဲ။ ပြည်သူတွေနဲ့အတူ မဂ္ဂဇင်းတွေ၊ စာ အုပ်တွေထဲက အမှားအမှန်တွေ ပြောကြဆိုကြ၊ ဆွေးနွေးကြရင်လည်း ကောင်းတာပဲ။ အရေးကြီးတာက စာရေးစာဖတ် မကြောက်ကြဖို့ပါ''
''ဟုတ်ပါတယ်။ အင်္ဂလိပ်စာအုပ်တွေက အကြောင်းအရာတွေကို ဘာသာပြန်တဲ့အခါ အကြောင်းအရာရော အသံထွက်တွေပါ မှားတာတွေ အများကြီးပါ။ ဒါပေမဲ့ ယနေ့မှာ စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေဟာ အင်္ဂလိပ်စာအုပ်တွေကို ပိုဖတ်လာတယ်။ ဒါကိုလည်း ကျောင်းကနေစပေးသင့်တယ်။ အလွတ်ကျက် စာစီစာကုံးတွေ ရေးတဲ့အကျင့်ကြီးက ဆိုးတယ်''
''သူတို့အနေနဲ့ အမှတ်ရဖို့လိုတာ ကိုး။ ပြဋ္ဌာန်းစာကို သူတို့အများကြီး ဖတ်ကြရတယ်။ မိဘတွေကသူတို့ရဲ့ သားသမီးတွေကို အမှတ် ၁၀၀ ရစေချင်တယ်။အဆင့်တစ် ရစေချင်တယ်။ ကျောင်းနေတဲ့ အချိန်မှာ အပြင်စာတွေ ထက် ပြဋ္ဌာန်းစာကအရေးကြီးတာ မှန်ပါတယ်။ တစ်ဖက်ကလည်း ကျောင်းမှာထိပ်တန်းမှာမရှိပေမယ့် စာအများကြီးဖတ်တဲ့လူတွေဟာ ဘ၀မှာအောင် မြင်နိုင်တယ် ဆိုတာကို သိဖို့လိုတယ်''
''စာကပေးတဲ့ မက်ဆေ့ခ်ျလို့ ခေါ်တဲ့ သတင်းအချက်အလက်တွေကို သဘောပေါက်ကြဖို့ လိုတယ်။ စာလုံးပေါင်းကတော့ သာမညပါ"
''အေးဗျာ။ စာလုံးပေါင်းပြဿ နာနောင်အခါ ဆွေးနွေးကြတာပေါ့''
''အင်း ပြဿနာဆိုရင်တော့ ဆွေးနွေးအဖြေရှာတာ အကောင်းဆုံးပေါ့။ လောလောဆယ် စာဖတ်တာ အကောင်းဆုံးပါပဲ''

posted by Eleven Media Group

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...