Friday, October 14, 2011

ကမ္ဘာကျော်အတွေးများ (၁)

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX1JplJTCJtCLag9F0WA9l791NEwxO08saWLUBbtL3dYIyN6WpxDAn3imGBxvhTbxobMeu00UajSENnC5TCnhBERbkAZffLO0LCDuMMPPR9B36FrB_t8CrkyaJcoNYrxGwodmvNnp-pOk/s1600/images.jpg
သူ့ခေါင်းထဲမှာ ဗဟုသုတတွေ ဘယ်လောက်များနေသလဲ ဆိုရင် ကိုယ်ပိုင်အတွေးအတွက်တောင်
နေရာမရှိတော့ဘူး။ (စတမ်နီစလပ်လက်စ်)
ညံ့တဲ့ကျောင်းသား ကျူရှင်ယူတယ်။ လိမ္မာတဲ့ကျောင်းသား စာစစ်တဲ့လူကို ပိုက်ဆံပေးတယ်။ (မယ်လီဟန်)
ခင်ဗျားပြောတာကို အားလုံးက သဘောတူတယ်ဆိုရင် ခင်ဗျား အင်မတန်တော်လို့ ဖြစ်ရမယ်။ ဒါမှမဟုတ်
အထက်လူကြီး ဖြစ်လို့ဖြစ်ရမယ်။

ပိုက်ဆံဟာ ဆဋ္ဌမအာရုံပဲ။ သူမရှိရင် ကျန်တဲ့အာရုံငါးပါး ဘာမှအဓိပ္ပါယ်မရှိဘူး။ (မော်မ်)
ငွေနဲ့ကျန်းမာရေး ဘယ်ဟာပိုအရေးကြီးသလဲလို့ မေးတယ်နော်။ ခင်ဗျား ဘာကိုဆုံးရှုံးသွားသလဲဆိုတဲ့
အပေါ်မှာ တည်ပါတယ်။
မချမ်းသာလာမချင်း ခင်ဗျားဆီမှာ ဆင်းရဲတဲ့ဆွေမျိုး ဘယ်လောက်ရှိလဲဆိုတာ မသိရဘူး။
ကိုယ်ဆင်းရဲတာကို သည်းခံလို့ရတယ်။ တခြားလူချမ်းသာတာကို သည်းခံရခက်တယ်။
စီးပွားရေးပညာရှင်ဟူသည်မှာ ပိုက်ဆံရှိတဲ့လူတွေထက် ပိုက်ဆံအကြောင်းကို ပိုသိတဲ့လူ။
ယောကျာင်္းဟာ သူလိုတဲ့ တစ်ဒေါ်လာတန်ပစ္စည်းကို နှစ်ဒေါ်လာပေးပြီးဝယ်တယ်။ မိန်းမများဟာ သူလိုတဲ့
နှစ်ဒေါ်လာတန်ပစ္စည်းကို တစ်ဒေါ်လာပေးပြီးဝယ်တယ်။ (၀ီလျံဘင်ဂျာ)
စီးပွားရေးကို ကြော်ငြာမပါပဲ လုပ်တယ်ဆိုတာဟာ အမှောင်ခန်းထဲမှာ မိန်းကလေးကို မျက်စပစ်နေတာနဲ့ အတူတူပဲ။ (စတူးဝပ် ဘရစ်)
ခင်ဗျား အကြွေးတစ်ထောင် ပေးစရာရှိနေယင် အဲဒါခင်ဗျားပူပင်ရမည့်ကိစ္စ။ အဲ.. ဆယ်သိန်းပေးစရာရှိနေ ယင်တော့ အဲဒါ ကြွေးရှင်ပူပင်ရမည့်ကိစ္စ ဖြစ်သွားပြီ။ (မားလ်ကင်)
မမျှော်လင့်တဲ့အတွေး ရုတ်တရက်ရောက်လာတော့ သူ့ကိုဘာနဲ့ဧည့်ခံရမှန်းတောင်မသိဘူး။
လိုတဲ့အချိန်နဲ့ လိုတဲ့နေရာတွေမှာ မလိုတဲ့လူတွေ ရောက်နေတတ်တယ်။
ငွေရှိနေတဲ့အခါမှာ ဘ၀မှာ ငွေထက်အရေးကြီးတာတွေ အများကြီးပါလားဆိုတာ သိလာတယ်။
ပိုက်ဆံက ခင်ဗျားကို ပျော်ရွင်မှုမပေးနိုင်ဘူးဆိုရင် ခင်ဗျားပိုက်ဆံမဟုတ်လို့ပဲ ဖြစ်ရမယ်။
သူငယ်ချင်းဆိုတာ သူ့ကြောင့် ခင်ဗျားဒုက္ခရောက်ရတဲ့အခါတိုင်း ခင်ဗျားအနားမှာ ရှိတဲ့လူ။
ဒီလိုမနေသင့်ဘူးဆိုတာသိတယ်။ ဒါပေမယ့် တခြားလို မနေတတ်တာခက်တယ်။ (ကရုတီယဲ)
ဘ၀ကို မကျေနပ်တဲ့လူတွေ ကံကိုပုံချတယ်။ ကံကို မကျေနပ်တဲ့လူတွေ ဘ၀ကိုပုံချတယ်။
တစ်သက်လုံး ရိုးရိုးသားသားနေဖို့ ကြိုးစားချင်တဲ့စိတ်ဟာ လူတော်တော်များများမှာ အစပိုင်းမှာတင် ပျောက် ကွယ်သွားတတ်တယ်။ (ရုစဘဲ့)


ကိုယ်ပိုင်အမြင်မရှိဘူးဆိုရင် အမြင်ချင်းမတူဘူးဆိုတာ မဖြစ်နိုင်ဘူး။
မျှော်လင့်ချက်တွေဟာ မျှော်လင့်ချက်တွေနဲ့ပဲနေတဲ့ လူတွေထက် သက်တမ်းပိုရှည်တယ်။
လက်ညိုးတွေများလေလေ အလုပ်လုပ်မယ့်လက်တွေ နည်းလေလေ။
ကိုယ့်ကိုကိုယ် မကျေနပ်တဲ့လူထက် ဘ၀ကို မကျေနပ်တဲ့လူ ပိုများတယ်။
ကိုယ့်ကိုကိုယ် ပျော်ရွင်အောင်လုပ်ရတာထက် အခြားလူကို ပျော်အောင်လုပ်ရတာ ပိုလွယ်တယ်။
ပျော်နေတဲ့လူတွေ နာရီကို မကြည့်ပါ။ (ဂရီ ဘိုယက်ဒေါ့)
နားထောင်ရမယ်ဆိုရင် အရင်ဆုံးနားထောင်၊ စကားပြောရမယ်ဆိုရင် နောက်ဆုံးမှ ပြော။ (ကာရ်လိုင်း)
မှန်ရုံနဲ့ မပြီးဘူး။ အချိန်မီမှန်ဖို့လိုတယ်။ (ကရွက်ကီး)
မှတ်ချက်။   ။ အင်တာနက်စာမျက်နှာမှ ကူးယူပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...