သူများနိုင်ငံမှာ ကျွန်လာခံနေတဲ့သူတွေ..............
by Aung Lat on Thursday, October 27, 2011 at 6:57pm
ဒီပို့စ်လေးကို ရေးသင့် မရေးသင့်စဉ်းစားနေခဲ့တာ ၃ ရက်လောက်ရှိသွားပါပြီ… ဒီနေ့တော့ အလုပ်လည်း
ပါးနေတာရယ်၊ စိတ်ထဲမှာခံပြင်း နေတာမို့ ဒီနေရာမှာပဲ ရင်ဖွင့်တဲ့သဘောပါ..
ကျွန်တော်တို့ရောက်နေတဲ့ ဒီမလေးရှားနိုင်ငံမှာ တရားမ၀င် အလုပ်သမားတွေအားလုံး တရား ၀င်နေထိုင်ခွင့်၊အလုပ်လုပ်ခွင့်၊ လွတ်ငြိမ်း ချမ်းသာခွင့်တွေပေးတဲ့(6P) အစီစဉ်ကို မလေး အစိုးရနဲ့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အစိုးရတွေနဲ့ညှိနှိုင်းပြီး အကောင်ထည်ဖော်နေတဲ့ အချိန်ပါ… ကျွန် တော်တို့ မြန်မာနိုင်ငံအပါအ၀င် တရားမ၀င်အလုပ်သ မားတွေတော်တော်များများရှိတဲ့နိုင်ငံတွေ အားလုံး ဒီအစီအစဉ်မှာ အားလုံးအကျုံးဝင်ပါတယ်… တရားမ၀င်နေထိုင်သူအား မှတ်ပုံတင်ရ ပါတယ်… အလုပ်ဆက်လုပ်မယ် ဆိုရင် အလုပ်ရှင်သူဌေးကတာဝန်ခံပေးရ ပါတယ်…
သူဌေးအာ မခံပေးတဲ့သူတွေကို အလုပ်လုပ်ကိုင်ခွင့်ပါမစ် ရရှိအောင် မလေးအစီုးရကပြုလုပ်ပေးရ
မှာဖြစ် သ လိုအလုပ်သမားတွေ ပါမစ်ရရှိဖို့ သက်ဆိုင်ရာ သံရုံးတွေကနေသူ တို့နိုင်ငံသားအလုပ် သမားတွေအတွက် ပတ်ပို့စ် တွေရရှိအောင် ပြုလုပ်ပေးရပါမယ်… ဒါကအကြမ်း မျဉ်းသိအောင် တင်ပြတာပါ…
အခု ကျွန်တော်ပြောချင်တာက မြန်မာ သံရုံးမှာစာအုပ် လျှောက်တဲ့ အဆင့်ကိုပြောချင်တာပါ… ကျွန် တော့်
အလုပ်မှာရှိနေတဲ့ အလုပ်သမားကောင်လေးနှစ်ယောက်အတွက် ကျွန်တော်သံရုံးမှာ တရက်သွားရောက် လေ့
လာပါတယ်… မနက် 10 နာရီလောက်မှာ သံရုံးရောက်တော့ လူတွေကတော်တော်များ နေပါပြီ... တန်းစီနေ
တာလည်း ပုံစံအမျိုးမျိုးပါ… ဘယ်နှစ်တန်းလည်း လို့ပြောရမှာတောင်ခက်ပါတယ်.. .. စီချင်သလို စီနေကြ တဲ့
သဘောပေါ့… ကျွန်တော်လည်း ဘာလိုအပ်မလည်း ဆိုတာမေးရင်းမြန်းရင် ခဏ နေတော့ပြန်လာခဲ့ပါတယ်
… နောက်တရက် ထပ်သွားပါတယ်.... ကောင်လေးနှစ်ယောက်ကိုလိုက်ပို့ရင်း.... ကျွန်တော်လည်းသူတို့ကို
လိုအပ်တာလေးတွေလုပ်ပေးဖို့ပေါ့… ကျွန်တော်တို့နေတဲ့နေရာနဲ့သံရုံး ကလည်း သိပ်မဝေးပါဘူး … မိနှစ်
20 လောက်ကားနဲ့သွားရင်ရပါတယ်… စောစောရောက်အောင်ဆို ပြီး မနက် 6 နာရီလောက်အိမ်က နေထွက်
ပါတယ် … သံရုံးရောက်တော့ 6 နာရီမခွဲသေးပေမယ်... ကိုယ့်အရင် ရောက်နေတဲ့သူတွေကတောက 200
ဝန်းကျင်လောက်ရှိနေပါပြီ... အားလုံးအပြင်မှာ စောင့်နေကြရတာပါ… ကျွန်တော် လည်းနီးစပ်ရာသူတွေကို
ဘယ်ကလာလည်းမေးစမ်းကြည့်တော့ ဂျိုဟိုး(Johor Bahu)၊ အီပို့(Ipoh)၊ မလက်ကာ(Melaka) စဖြင့်
နယ်တွေက နေလာကြတာ များပါတယ်..... ကေအယ် (Kuala Lampur) မှာနေတဲ့သူတွေ ကတော့
နီးနေတော့ အေးဆေးမှလာကြတာပေါ့… 8 နာရီမထိုးခင် သံရုံးတံခါးဖွင့်လိုက်တယ်ဆိုရင် ပဲစောင့်နေ တဲ့
လူအုပ်ကြီးက ဆည်ကဖေါက်ချလိုက် တဲ့ရေအလျှင်လားမှတ်ရတယ်.. သံရုံးထဲကို စုပြုံတိုးကြိတ်ပြီး ရောက်
သွားတော့တာပါပဲ … ကျွန်တော် လည်းရောယောင်ပါသွားပြီး သူများတွေ တန်းစီ တဲ့နေရာဝင်စီပေါ့…တ
ချို့ကလည်း ကိုယ်ရဲ့စာရွက် စာတမ်းတွေကိုင် လို့… တချို့ကလည်း ကောင်တာ ရှေ့မှာ စာရွက်စာတမ်းတွေ
ထပ် လို့ကိုယ့်အစီစဉ် နဲ့ကိုယ် ဟုတ်လို့… ကျွန်တော်လည်း ကိုယ့်အရင် လာဖူးတဲ့သူတွေမေးရတာပေါ့..
စာအုပ်လျှောက်ဖို့ အခုမှ ဖိုင်တင်မှာ ဘယ်မှာတင်ရမလည်း၊ တန်းစီ ရမလည်း ပေါ့… သိတဲ့သူတွေကတော့အ
ခုတန်း စီနေတဲ့ ကောင်တာမှာပဲစီပါ… ဖိုင်တွေထပ်ချင်လည်း ထပ်ထားပါလို့ပြောတာနဲ့ ကောင်လေးတွေ ရဲ့
ဖိုင်ကို အထပ်ခိုင်း ပြီးတန်းစီနေဖို့ မှာရပါတယ်… အဲဒီမှာ ထူးခြားတာက အခုလိုတန်းစီနေတာတွေ ဖိုင်တွေ
ထပ်နေတာတွေအားလုံးကိုယ့်သဘောနဲ့ကိုယ် လုပ် နေကြတာ ခင်ဗျာ့… သံရုံး ၀န်ထမ်းတွေ၊ တာဝန်ရှိသူတွေ
တယောက်မှ မတွေ့ရသေးပါဘူး … 8 နာရီခွဲ ကာနီးမှထွက်လာပါတယ်… အန်တီကြီး တယောက်ပါ… သူထွက်
လာတာကိုမြင်လိုက်ရင်ပဲ တချို့လူ တွေကပြောပါတယ်… ဘွားတော်ကြီးလာ ပါပြီ…အော်တော့မယ်တဲ့…
ကျွန်တော်သဘောမပေါက်ပါ ဘူး… အဲ လူတွေနားလည်းရောက်ရော… စပြီးကြားရပါပြီ…တန်းစီကြပါ..တန်းမ
စီရင်… ဒီနေ့ဘာမှလုပ် ပေးမှာ မဟုတ်ပါဘူးတဲ့… စီချင်တဲ့သူ တွေစီပါ.. မစီချင်တဲ့သူတွေမစီနဲ့ထိုင်နေတဲ့…
ကဲ ဘယ်လိုကြီးလည်း... အရင်ရောက်ပြီးတန်းစီနေတဲ့သူတွေ ကလည်း ကိုယ့်နေရာလေး ဘယ်ပျောက်စေချင်
ပါ့မ လည်း … ခဏ နေတော့ ယူနီဖောင်းဝတ်ထားတဲ့ ၀န်ထမ်းတွေထွက်လာပါတယ်… ကျွန်တော့်ကောင်
လေးတွေတန်း စီနေတဲ့ကောင်တာနားကို လာပြီး လူရှင်းခိုင်းပါတယ်.. ဒီနေရာကတန်းစီတဲ့နေရာမဟုတ်ပါဘူး
တဲ့.. ထပ်ထားတဲ့ဖိုင် တပုံကြီးကိုတွေ့ တော့ဖိုင်တွေဘယ်သူထပ်ခိုင်းတာလည်းတဲ့.. ထပ်လို့မရပါဖူးတဲ့..
ကိုယ့်ဖိုင်ကိုယ်ယူပြီး အပြင်မှာ သွားတန်းစီတဲ့… သူလည်းအဲဒီလိုပြောလိုက်ရော.. ဖိုင်ထပ်ပြီးတန်းစီ နေတဲ့
သူတွေဘာပြောကောင်းမ လည်း ကိုယ့်ဖိုင်လေးတွေပျောက်မှာစိုးလို့ အလုအယက်ကိုယ့်ဖိုင် ကိုယ်ပြန်ရွေး
တိုးကြ၊ ကြိတ်ကြ နောက်ပြီးအပြင်မှာသွားတန်းစီရနဲ့ ဘယ်လောက်တောင်ဗြုတ်စ၊ ဗြင်းတောင်းနိုင်မ လည်းဆို
တာ စာ ဖတ်သူတွေတွေးကြည့်လိုက်ရင်မြင်မှာပါ… နောက်တခုက အခုလို လုပ်လိုက်တော့မ နက်အစော ကြီး
လာစောင့်တဲ့သူတွေကတန်းပြန်စီတော့နောက် ဆုံးပြန်ရောက်ကုန်ရော… အဲဒီမှာ အရင် ရောက် နှင့်နေတဲ့
သူတွေအား လုံးကနောက်မှာမစီချင်တော့တန်းအသစ်တွေထပ်စီကြ တာပေါ့… အဲဒီလိုတန်း အသစ်တွေ ထပ်
စီတော့ စီတဲ့တန်းတွေအများကြီးဖြစ်ကုန်ပြီး စနစ်တကျလည်း ဘယ် ရှိပါတော့ မလည်း…အဲဒီမှာ တန်းစီတာ
စည်းကမ်းမရှိလို့ဆိုပြီး အော်တာ၊ ငေါက်တာ စပြီးခံရပါတော့တယ်… ကျွန် တော်လည်း ကောင်လေးတွေ
ကို ရောက်တဲ့နေကနေတန်းစီ ခိုင်းထားပြီးရှေ့ကိုထွက်လိုက်ပါတယ်.... တာဝန်ရှိတဲ့သူတယောက်ကိုမေးပြီး
ဘယ်သူတွေက ဘယ်နေရာမှာ တန်းစီရမလည်း ဆိုတာမေးဖို့ပါ.. အဲရှေ့နားလေးရောက်တယ် ဆိုရင်ပဲ လူကြီး
တယောက် အားလုံးကိုသြ၀ါဒ ချွေနေတာတွေ့ရပါတယ်… ခုနနောက်ဆုံး ရောက်နေတာရယ်… လူတွေ
ကွယ်နေတာရယ်.. စကားသံတွေရယ် ကြောင့်ဒီအန်ကယ် ကိုကျွန်တော် မမြင်မိသလို သူပြောတာတွေလည်း
မကြားမိတာပါ.. အခုတော့သူကကျွန်တော်နဲ့ 5 ပေ အကွာလောက်မှာမို့သူ့ကိုမြင်ရသလို သူပြောတာကို
ကြားနေရပါတယ်… ၀တ်ထားတာကွာတား ဘောင်းဘီ အတိုလေးနဲ့တီရှပ် အနွမ်းလေး ၀တ်ထားသလို မျက်
မှန်လေးလည်တပ်ထားပါတယ်… သူ့ နောက်မှာ တော့သံရုံးက၀န်ထမ်းတွေ ငြိမ်သက်စွာ လက်ကလေးနောက်
မှာထားလို့ရပ်နေတဲ့ ပုံကို ကြည့်ချင်းအားဖြင့် သံရုံးမှာတာဝန်ကြီးကြီးယူထားတဲ့သူလို့ကျွန်တော်သတ်မှတ်
လိုက်ပါတယ်… သူ ပြောတာလေးကျွန်တော် ကြားလိုက်ရတော့တော်တော် စိတ်မကောင်းဖြစ်သွားရပါတယ်…
ခင်းဗျားတို့ တွေ အားလုံးကိုယ်ချင်းစာစိတ်မရှိဘူး… ကျွန်တော့်ဝန်ထမ်းတွေ ဘယ်လောက်ပင်ပန်းလည်းသိလား
.. တခါတလေ ညဆိုရင် 12 နာရီလောက်ထိ အလုပ်လုပ်ရတယ်… ဒါကိုခင်ဗျားတို့နားလည်ပေးပါ… တနေ့
တနေ့ လူလေး ငါးရာလောက်ကို စေတနာရှေ့ထားပြီး ကျုပ်တို့ အလုပ် လုပ်ပေးနေတာ… ကျွန် တော့် ၀န်
ထမ်းတွေပြောတဲ့ စကားတော့လိုက်နာ မှပေါ့… ခင်းဗျားတို့တွေစည်းကမ်းကိုမရှိ ဘူး… သူများ နိုင်ငံမှာကျွန်
လာခံနေတဲ့သူ တွေ၊ ကျွန်တော်ပြောတာ မကျေနပ်တဲ့ သူတွေကြိုက်တဲ့နေသွားတိုင် လို့ပြောပြီးကောင်
တာနောက်ဖက်ကိုဝင်သွား ပါတယ်… သူ့ သြ၀ါဒ ခံ ယူ အပြီး ၀န်ထမ်းတွေကစနစ်တကျတန်းစီကြပါ ဆိုပြီး
မိုက်ကြီးနဲ့ထပ်အော်ပါတယ်… ကဲကျွန်တော်ပြော ချင်တဲ့ အချက်က ဒီမှာပါ…. လူတွေကိုစည်းကမ်းမရှိ ဘူး၊
သူများတိုင်းပြည်မှာကျွန်လာခံ တယ်လို့ လူ ကြီးတယောက်အနေနဲ့ ပြောတဲ့စကားတွေပါ… စည်းကမ်းရှိကြ
ပါလို့သူတို့ပါးစပ်ကအော်နေတယ်… ဘယ်နေရာမှာတန်းစီရမယ်ဆိုတာကို သတ်မှတ်ပေးမထားပါဘူး… တန်း
စီပါဆိုတော့စီကြတယ်ပေါ့... ဟောတန်းစီပြီ ခဏနေတော့ဒီမှာတန်းစီရမှာ စာအုပ်ထုတ်မဲ့သူတွေပဲနော်
ဆိုပြီလုပ်ပြန်ရော…. ကျန်တဲ့ သူတွေကို ဘယ်မှာစီပါလို့မပြောတော့ တခါ လူတွေကတရုန်းရုန်းဖြစ်ကုန်ရော…
စာအုပ်လျှောက်ဖို့ဖိုင်အ သစ်တင် တင်မယ့်သူတွေက ကောင်တာအပြာရှေ့မှာပါတဲ့ … ကဲကြည့် ပထမတုန်း
က လူတွေတန်းစီ တာဟုတ် နေရဲ့သားနဲ့ ဒီနေရာမှာမစီရဖူးပြောလို့အားလုံးတန်းပျောက် ပြီးတောင်ရောက်
၊ မြောက် ရောက်တြွေုဖစ် ကုန်တယ်…. အခုတခါ ဒီနေရာမှာ ပြန်စီပါတဲ့ … ကဲဘယ်သူစည်ကမ်းမရှိတာလည်း
ဗျာ… ကောင်တာမှာ အ ပေါက် ၆ ပေါက်ရှိမယ်ထင်ပါတယ်… ကောင်တာမှာ ၁၊ ၂၊ ၃၊ ၄ စဖြင့်ရေးထား တာ
လည်းမရှိပါဘူး.... အဲဒီလို တွေမရှိတော့ တန်းစီတဲ့သူတွေလည်း အပေါက်တိုင်းမှာ စီကြတာပေါ့… အဲ ဒီ
လိုကောင်တာအ၀ မှာစုပြုံစီတော့ အပေါက်မပိတ်ပါနဲ့ တန်းစီကြပါ တဲ့… တန်းမစီရင်မလုပ်ပေးဘူး တဲ့
..ပြောသာ ပြောနေတာပါ ဘယ်နေရာမှာ ကောင်တာဘယ်လောက်မှာလို့သေသေချာချာ မပြောဘူး လေ…သူ
တို့စည်းစနစ် မရှိတာကို မပြောဘူး… လူတွေစည်းကမ်းမရှိတာကိုဘဲပြောနေတာပါ … စည်းကမ်း ရှိစေချင်ရင်
စနစ်ကောင်းလေးတွေ နဲ့လုပ်ပေးထားရမှာပေါ့… ဥပမာ နေရာကိုသတ်မှတ်ထားပေးသင့် ပါတယ်…ဒီနေ
ရာက ဘာအတွက် တန်းစီ ရန်… ဒီနေရာကတော့စာအုပ်ထုပ်မယ့်သူတွေအတွက်… ဒီနေ ရာကတော့ ဖိုင်
စပြီးတင်မယ့်သူတွေအ တွက်၊ ဒီနေရာကတော့ ဓါတ်ပုံရိုက်ရန် လက်ဗွေနှိပ်ရန် အ တွက်၊ ဒီနေရာကတော့
ဘဏ်မှာငွေသွင်းပြီး ချလန်ပြန်အပ်ရန်၊ ဒီနေရာ ကတော့ ပါတ်စပို့စ်စာအုပ် ထုတ်ယူရန် စသဖြင့်လမ်းညွန်
ထားမယ် ၊ နေရာသတ်မှတ်ပေးထားမယ် ဆိုရင်အခုလိုတွေဖြစ်လာမှာ မဟုတ်ပါဘူး… အားလုံးမြန်မာစာ ၊ မြန်
မာစကား ပြောတတ်၊ ဖတ်တတ်ကြပါတယ်… အထက်မှာကျွန်တော်ဖော်ပြခဲ့သလို ဘာလမ်းညွန်ချက်မှ မရှိသ
လို နေရာလည်း သတ်မှတ်ထားတာ မရှိပါဘူး… အဲဒီတော့ဒီကိစ္စကို သူတို့နေ့တိုင်းဖြေရှင်းနေရတော့ သူ
တို့လည်း ပိုပင်ပန်းသလို အလုပ် လည်းပို ရှုတ်ပါတယ်… လာရောက်တဲ့သူတွေအတွက်လည်းအခက်အခဲအ
များကြီးကြုံရတာပေါ့… နှုတ် တရာစာတလုံး ဆိုတဲ့စကားအတိုင်း အခုလိုလေးတွေလမ်းညွန်ပေးထားရင် ပို
မ ကောင်းဘူးလားခင်ဗျာ… နောက်ပြီး တနေ့ထဲလုပ်ရမယ့်အလုပ်လည်းမဟုတ်ပါ ဘူး…နေ့တိုင်းလုပ်ရ မယ့်
အလုပ်ပါ… သူတို့ စနစ် တကျမ ရှိတာကိုထည့်မပြောပဲ လူတွေစည်းကမ်းမရှိတာကို အပစ်ပြောနေ တာခံရခက်
လို့ပါ… နောက် ပြီး ခင်းဗျားတို့တွေသူများနိုင်ငံမှာကျွန်လာခံနေတဲ့သူတွေ တဲ့….. အင်း ဒါ ကိုရှင်းရရင် နိုင်
ငံရေးတွေပါ လာတော့မှာမို့မရှင်းတော့ပါဘူး… အားလုံးသိပြီးသားတွေနေမှာပါ… ကျွန် တော်တို့ ပြည်သူတွေ
ဟာ လည်း အခွန်ထမ်းတွေပါ… ပြည်ပမှာအလုပ်လုပ်တဲ့သူဆိုပြီးအခွန်ကင်း လွတ်ခွင့်ပေးမထားပါဘူး …
ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအခွန်ဆောင်ရပါတယ် (အရင်ကပါ.. အခုတော့လျှော့ကောက်တယ်လို့တော့ပြော
တာပါပဲ).... ဒါကို သူက ပြည်ပမှာ အလုပ်လုပ်နေတဲ့သူတွေ ကို ကျွန်တွေလို့ဆိုပါတယ်… ရင်နာလိုက်တာ
ခင်ဗျာ… ဟုတ်ကဲ့ ကျွန်တော်တို့ (ပြည်ပရောက်အလုပ် သမားတွေအားလုံး) သူပြောသလိုကျွန်တွေပါ… လုပ်
အားပေးလို့ငွေရတဲ့ကျွန်တွေ ပေါ့ခင်ဗျာ… ကျွန် တော်တို့လို လုပ်အားပေးလို့ငွေရတဲ့ ကျွန်တွေ အပေါ် ဘာ
မှမပေးဘဲ အခွန်ကောက် အမြတ်ထုတ်တဲ့ သူတွေကိုကျွန်တော် တို့ကဘယ်လိုသတ်မှတ်ရမလည်း ဆိုတာ
ကိုပြန်မေးချင်ပါတယ်… လူကြီးတယောက် အနေနဲ့သူ့တာဝန်၊ သူ့ဂုဏ်သိက္ခာ နဲ့လူအများရှေ့မှာဒီလိုမပြော
သင့်ဘူး လို့ကျွန်တော် ထင်ပါ တယ်.. သူများနိုင်ငံမှာ ရှိတဲ့ကိုယ့်နိုင်ငံရဲ့ သံရုံးဆိုတာ နိုင်ငံသားတွေအတွက်
လုံခြုံနွေးထွေးတဲ့ နေရာ တခုပဲ ဖြစ်သင့်ပါတယ်… ပြည်သူတွေစည်းကမ်းကောင်းဖို့ အတွက် နိုင်ငံခေါင်း
ဆောင်တွေစံ ပြဖြစ်နေ ဖို့လို ပါတယ်.. စာလည်းတော်တော်ရှည်သွားပြီမို့နားပါ မည်…
ပြည်ပရောက် မြန်မာများ သံရုံးဒုက္ခ များနဲ့ကင်းဝေးနိုင်ကြပါ စေခင်ဗျာ…
BY..yar zar htwe
0 comments:
Post a Comment