လက်သည်းခြေသည်း ညှပ်ခြင်းနှင့် ကူးစပ်ရောဂါ
by Moenge Aung on Thursday, October 27, 2011 at 9:25pm
Yangon Times Journal
ကူးစက်ရောဂါတွေ သတိထားယင်းကဲ့သို့ လက်သည်းခြေသည်း ညှပ်ခြင်းနှင့် ဆံပင်ဖြူ နုတ်ခြင်းများနှင့် နဖာချေး ကလော်ခြင်းများသည် ကူးစက်ရောဂါများ ဝင်ရောက်နိုင်မှု ဖြစ်နိုင်ခြေ အများဆုံးဖြစ်ပြီး အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် မှအစ အသည်းရောင် အသားဝါ ရောဂါများကဲ့သို့ ကူးစက်ရောဂါများ ကူးစက် ခံရနိုင်ကြောင်း ဒေါက်တာ ခင်မောင်လွင် ညွှန်ကြားရေးမှူး (ငြိမ်း) က အသိပေးပြောသည်။ သွေးထွက်ရင် သတိထား “ဆိုင်တွေမှာ ခြေသည်း ထောင့်လေးတွေ ကလော်မိတာတို့ဆိုရင် သွေးထွက်နိုင်တယ်။ ခြေသည်းညှပ်က ဓားမဟုတ်တဲ့အတွက် တစ်ခါသုံးလဲ မလုပ်ကြတာမျိုး ဆိုရင် ရောဂါရှိသူ တစ်ယောက်များ သုံးမိပြီး ဒီပစ္စည်းကိုပဲ အခြား တစ်ယောက်ကို ပြန်သုံးမိရင် ကူးစက်နိုင်ခြေ များပါတယ်။
ဒါကြောင့် မိမိကိုယ်မိမိ ပြုလုပ်နိုင်တဲ့ တစ်ကိုယ်သည်းညှပ်မလား၊ ဆံပင်ဖြူ နုတ်မလား၊ နဖာချေး ကလော်မလား ကြိုက်နှစ်သက်တာ ရွေးလို့ရတယ်နော်” လို့ အော်သံ တစာကြားနေရတဲ့ လမ်းကိုဖြတ်လျှောက်လာပြီး အမှတ်မထင် ကြည့်မိတဲ့အခါ သန့်ရှင်းရေး ပြုလုပ်ရင်း ဇိမ်ခံသူတွေကလဲ အမကြီး။ ဒီမြင်ကွင်းကိုကြည့်ပြီးတဲ့ အချိန်မှာတော့ အတွေးတစ်မျိုး ဝင်မိပါတယ်။ ဒီလိုမျိုးတွေလုပ်တာ ကျန်းမာရေးနဲ့ ညီညွတ်ပါရဲ့လားလို့ မတော်လို့ ကူးစက်ရောဂါတွေ ရကုန်ရင် ဘယ့်နှယ် လုပ်ရပါ့မလဲ။ စသည် စသည်ဖြင့်.....တစ်ကိုယ်ရေ သန့်ရှင်းရေး ပြုလုပ်ရန်အတွက် အဆိုပါ လမ်းဘေးဆိုင်များတွင် များသောအားဖြင့် ယောက်ျားသား အများစု ပြုလုပ်လေ့ရှိကြပါသည်။ အချို့မှာ ဆံပင်ဖြူနုတ်ကြသည်။ အချို့က ခြေသည်းများ ညှပ်ကြသည်။ အချို့က နား ကလော်ကြသေည်။ ယင်းသို့ ပြုလုပ်ကြခြင်းများနှင့် ပတ်သက်၍ ကျန်းမာရေး ရှုထောင့်မှ တင်ဆက်လိုက်ပါသည်။
ကူးစက်ရောဂါတွေ သတိထား
ယင်းကဲ့သို့ လက်သည်းခြေသည်းညှပ်ခြင်းနှင့် ဆံပင်ဖြူ နုတ်ခြင်းများနှင့် နဖာချေး ကလော်ခြင်းများသည် ကူးစက်ရောဂါများ ဝင်ရောက်နိုင်မှု ဖြစ်နိုင်ခြေ အများဆုံးဖြစ်ပြီး အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်မှအစ အသည်းရောင်အသားဝါ ရောဂါများကဲ့သို့ ကူးစက်ရောဂါများ ကူးစက်ခံရနိုင်ကြောင်း ဒေါက်တာ ခင်မောင်လွင် ညွှန်ကြားရေးမှူး (ငြိမ်း) က အသိပေးပြောသည်။ သွေးထွက်ရင် သတိထား “ဆိုင်တွေမှာ ခြေသည်းထောင့်လေးတွေ ကလော်မိတာတို့ဆိုရင် သွေးထွက်နိုင်တယ်။ ခြေသည်းညှပ်က ဓားမဟုတ်တဲ့အတွက် တစ်ခါသုံးလဲ မလုပ်ကြတာမျိုးဆိုရင် ရောဂါရှိသူ တစ်ယောက်များ သုံးမိပြီး ဒီပစ္စည်းကိုပဲ အခြား တစ်ယောက်ကို ပြန်သုံးမိရင် ကူးစက်နိုင်ခြေ များပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိ ပြုလုပ်နိုင်တဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုမျိုးကို မိမိဘာသာပဲ လုပ်သင့်ပါတယ်” ဟု တိုက်တွန်း ပြောသည်။
နားလဲ ကန်းမယ်နော်
နားကလော်သည့် သူများအတွက် နားကလော်ပြီး နားစည်ထိခိုက်မိသည့် ဖြစ်ရပ်မျိုးများလဲ ရှိကြောင်း သိရသည်။ “နားဆိုတာ အင်မတန် နူးညံ့ပါတယ်။ ဆိုင်တွေက ကလော်ရင်းနဲ့ မတော်တဆ ပိုးဝင်တာ၊ နားစည်မှာ အနာဖြစ်တာတွေ ကြားနေရပါတယ်။ ကျန်းမာရေး အသိုင်းအဝိုင်းထဲမှာတော့ ဒီသတင်းတွေ အရမ်း ကြားရပါတယ်။ ဒီလိုကိစ္စရပ်တွေ ဖြစ်နိုင်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ဒါပေမဲ့ သတိမမူနိုင်ကြတာ ဖြစ်သလို ငါ့ကျမှ မဖြစ်နိုင်ပါဘူးလို့လဲ တွက်လို့ဖြစ်ရတာပါ။ အခန့်မသင့်ရင် နားပါကန်းနိုင်တယ်။ နားကလော်တံမသန့်ရင် ပိုးပါဝင်နိုင်တယ်။ နားပြည်ယိုတာတွေပါ ဖြစ်နိုင်ပါတယ်”ဟု အထွေထွေရောဂါကု ဆရာဝန် တစ်ဦးကလဲ သုံးသပ်ပြောသည်။
အိတ်ခ်ျအိုင်ဗွီ ဂရုပြု
အိတ်ခ်ျအိုင်ဗွီ ရောဂါသည် အလွန်သေးငယ်သော ဗိုင်းရပ်စ် တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်၏ အရည် အစိတ်အပိုင်းများဖြစ်သည့် သုက်ရည်၊ မိခင်နို့ရည်၊ ယောနိရည်၊ တံတွေးနှင့် သွေးတို့တွင် ပြန့်ပွားရှင်သန်နေပြီး အဆိုပါ အရည်နှင့် ထိတွေ့မိပါက သာမန်အချိန် မဟုတ်သည့် ထိခိုက်ရှနာ ဖြစ်နေသည့် အရေပြားမှတစ်ဆင့် ကူးစက်နိုင်သည့်အတွက် အထူး ဂရုပြုရမည်ဖြစ်ကြောင်း သိရသည်။ “သာမန်မဟုတ်ဘဲ အရေပြားမှာ ထိခိုက်ရှနာ ဖြစ်မယ်၊ ဒီလိုပဲ နားကလော်တာ ဖြစ်ဖြစ်၊ လက်သည်းခြေသည်း ဖြစ်ဖြစ်၊ ဆံပင်ဖြူနုတ်တာ ဖြစ်ဖြစ် ရောဂါရှိသူရဲ့ သွေးပေတဲ့ ပစ္စည်းတစ်ခုခုနဲ့ထိရင် ကူးစက် သွားနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ညှပ် ဆိုင်တွေမှာတောင် တစ်ခါသုံး ဘလိတ်ဓားတွေ သုံးကြတာပါ။ ဒီ လက်သည်းညှပ်တို့ နားကလော်တံတို့ ဆိုတာတော့ သန့်ရှင်းမှုပိုင်းမှာ ဘယ်လောက် စိတ်ချရမှန်း မသိတဲ့အတွက် သွားမလုပ်ကြတာ ကောင်းပါတယ်” ဟု ဆက်လက်ပြောသည်။
အသည်းရောင် အသားဝါဘီလဲ ကူးနိုင်
အသည်းရောင်အသားဝါ ဘီပိုးသည် လူ့ခန္ဓာကိုယ်မှ ထွက်သော ချွေးတွင်ပင် ရှိနေသည့်အတွက် ချွေးထွက်သူ အချင်းချင်း ထိတွေ့ကူးစက်နိုင်ကာ ယင်းကဲ့သို့ ပြုလုပ်ခြင်းများမှလဲ ကူးစက်နိုင်ကြောင်း သိရသည်။
ဆိုင်အများစု သန့်ရှင်းရန်လို
ယင်းကဲ့သို့ တစ်ကိုယ်ရေ သန့်ရှင်းရေးပြုလုပ်ပေးသော ဆိုင်များအနေဖြင့် သန့်ရှင်းမှုရှိရန်လဲ အထူးလိုအပ်ပြီး မတတ်နိုင်ပါကလဲ မိမိတို့ သုံးစွဲပြီးသော ပစ္စည်းကိရိယာများကို အရက်ပြန် ဆွတ်ထားသော ဂွမ်းများနှင့် ဆေးကြောခြင်းများ ပြုလုပ်သင့်ကြောင်း သိရသည်။ “ဆိုင်တွေက များသောအားဖြင့် ကတော့ မသန့်ပါဘူး။ လူတွေလဲ သန့်ရှင်းမှု မရှိဘူး။ သူတို့ဆီမှာ ဆံပင်ဖြူ နုတ်ဖူးတယ်။ ကိုယ်ခန္ဓာ သန့်ရှင်းမှုသူတို့ကိုယ်တိုင်မှာ မရှိတဲ့အတွက် နံစော်နေတယ်။ ပြီးတော့ သူတို့က အုပ်စုလိုက် လုပ်ကြတယ်။ ဥပမာ-လူကျပြီဆိုရင် ဝိုင်းပြီးတော့ သူ့လူကိုယ့်လူ မခွဲခြားဘဲနဲ့ လာလုပ်ပေးကြတယ်။ ဒီတော့ သေသေချာချာ တွေးကြည့်ရင် ကြက်သီး ထစရာကြီးပါ။ ရောဂါ ကူးနိုင်ပါတယ်” ဟု ကိုယ်တိုင် သွားရောက်၍ သန့်ရှင်းမှု ပြုလုပ်ခဲ့ဖူးသော ကိုဇော်ဇော်က ပြောသည်။ သို့သော်လည်း ယင်းမှာ အချို့သော သူများ၏ စီးပွားရေးကို ထိခိုက်နိုင်သည့်အတွက် သန့်ရှင်းသပ်ရပ် အာမခံသော ဆိုင်လေးများ ဖြစ်ပေါ်လာပါက အထူးကောင်းမွန်မည်ဖြစ်ကြောင်း သိရသည်။ “တချို့ကလဲ ဒီလိုဆိုင်လေးတွေ ဖွင့်ပြီး စီးပွားရေး လုပ်စားကြတာဆိုတော့ သူတို့မှာ ကျန်းမာရေးအသိ ရှိမရှိ မသေချာတဲ့အတွက် အရင်ဆုံး ကျန်းမာရေး ပညာပေးတွေ လုပ်သင့်တယ်။ ဒီလို လုပ်ကိုင်စားတဲ့ သူတွေအနေနဲ့ ကျန်းမာရေးအသိ ရှိတဲ့ အခါကျတော့ သူတို့ကိုယ်တိုင်လဲ ရောဂါတွေ မကူးစက်နိုင်အောင် ကာကွယ်မှု နည်းလမ်းတွေ ရသွားနိုင်မယ်။ ဧည့်သည်ကိုလဲ မကူးစက်အောင် ဘယ်လိုတွေ လုပ်ဆောင်သင့်သလဲဆိုတာတွေ သိသွားမှာ ဖြစ်ပါတယ်” ဟု နေ အရည်အသွေးပြည့် အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက သုံးသပ်ပြောသည်။ သို့သော်လည်း အဆိုပါ လမ်းဘေးဆိုင်များတွင် ဆံပင်ဖြူ နုတ်ဆဲ၊ ခြေသည်း ကလော်၊ နားကလော် လုပ်သူများမှာ ဒုနဲ့ဒေး။ အဆိုပါ ဆိုင်လေးများမှာလည်း အစီအရီ။ မည်သို့ဆိုစေ သတိမမူမိသော ကိစ္စရပ်တစ်ခု အနေဖြင့် ကူးစက်ရောဂါများ ကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် တင်ဆက်ပေးလိုက်ရခြင်း ဖြစ်ပါသည်။
ငွေစန္ဒီ
0 comments:
Post a Comment