မိတ်ဆွေအတုအယောင်တို့နှင့် သူတို့၏ အမူအကျင့်များ -
ဗုဒ္ဓ
by Young Buddhist's Association on Friday, October 21, 2011 at 11:34am
ဗုဒ္ဓသည် သင်္ဂါလသူဋ္ဌေးသားကို မိတ်ဆွေစစ်မဟုတ်သည့် မိတ်ဆွေတုယောင်
၎ -မျိုးကို ဟောတော်မူ၏။
၁ - တစ်ဖက်သတ်ရယူမှုချည်းသာပြုတတ်သည့် မိတ်ဆွေတု ( အညဒတ္တုဟရမိတ်ဆွေတု)၊
- တစ်ဖက်သတ်ရယူမှုချည်းသာ ပြုတတ်၏။
- နည်းနည်းပေးပြီး များများလိုချင်သော စိတ်ရှိ၏။
- ဘေးအန္တရာယ်ဖြစ်မှ သူတစ်ပါးကိစ္စကို ပြုလုပ်ပေးတတ်၏။
- မိမိကိုယ်ကျိုးအတွက်သာ သူတစ်ပါးကိုချဉ်းကပ်တတ်၏။
၂ - နှုတ်ဖြင့်သာလျှင် ယူပါ၊ တောင်းပါဟု လောက၀တ်ချော်တတ်သော်လည်း လက်တွေ့
တွင် ပျက်ကွပ်လစ်ဟာတတ်သည့် မိတ်ဆွေတု ( ၀စီပရမမိတ်ဆွေတု ) ၊
- အကူညီတောင်းသည့်အခါ ပြီးခဲ့သောအကြောင်းအရာကိစ္စကို ပြောပြီး
( လက်တွေ့မဆန်သည့်အမှုကိုပြုကာ) ငြင်းတတ်၏။
- အကူညီတောင်းသည့်အခါ မပြီးသေးသောအကြောင်းအရာကိစ္စကို ပြောပြီး
( လက်တွေ့မဆန်သည့် အမှုကိုပြုကာ) ငြင်းပယ်တတ်၏။
- အကျိုးမရှိသော နှုတ်ချည်းသက်သက်ဖြင့် ထောက်ပံ့ကုညီမှုကို ပြုတတ်၏။
- အကူညီတောင်းသည့်အခါ သူ၏ မပြီးဆီးနိုင်သော၊ ချို့ယွင်းအားနည်းချက်တို့ကို
ပြောပြီး ငြင်းဆန်တတ်၏။
၃ - မှန်, မမှန် ၊ အကျိုးရှိ, မရှိ သင့် ,မတင့် ၊ ပြုအပ်, မပြုအပ်ကို မပြောကြားပဲ
အကြိုက်ကိုလိုက်၍ ပြောဆိုတတ်သော မိတ်ဆွေတု ( အနုပိယဘာဏီမိတ်ဆွေတု) ၊
- မကောင်းမှုတို့ကိုပြုရန်လည်း တိုက်တွန်းအားပေးတတ်၏။
- ကောင်းမှုတို့ကိုပြုရန်လည်း တိုက်တွန်းအားပေးတတ်၏။
- ရှေ့ရောက်လျှင် ချီးမွမ်းစကားကို ပြောဆိုတတ်၏။
- နောက်ကွယ်ရောက်လျှင် ကဲ့ရဲ့ရှုံ့ချသော စကားကို ပြောဆိုတတ်၏။
၎ - ပျက်စီးကြောင်းကိုသာ တိုက်တွန်းအားပေးတတ်သော မိတ်ဆွေတု (အပါယသဟာယမိတ်ဆွေတု)။
- အရက်သေစာမူးယစ်ဆေးဝါးတို့ သောက်စားသုံးစွဲခြင်း၌ အတူတကွပြုတတ်၏။
- အကျိုးမရှိ၊ အချိန်အခါမဟုတ်သော ခရီးသွားလည်ပတ်ခြင်း၌ အတူတကွပြုတတ်၏။
- ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အတူတကွပြုတတ်၏။
- လောင်းကစာမှုပြုခြင်း၌ အတူတကွပြုတတ်၏။
ဤအချက်တို့မှာ မိတ်ဆွေတု၊ မိတ်ဆွေယောင်တို့နှင့် ထိုသူတို့၏ အမူအကျင့်များပင်တည်း။
" အကြင်မိတ်ဆွေသည် -
စင်စစ် မိမိတစ်ဖက်သတ်ရယူမှုချည်းသာပြုတတ်၏။
နှုတ်ဖြင့်သာ(လောကွတ်ချော်)လျှင် ပေးတတ်၏။
သင့်မတင့်၊ ပြုအပ်, မပြုအပ်ကို မပြောပဲ အကြိုက်ကိုသာလိုက်၍ ပြောဆိုတတ်၏။
ပျက်စီးရာ၊ ပျက်စီးကြောင်းတို့တွင်သာ အပေါင်းအဖော်ဖြစ်၏။
မိတ်ဆွေစစ် မဟုတ်သော ဤလေးယောက်တို့ကို ပညာရှိသည် ဤသို့(အထက်ပါ)
ဆိုခဲ့သည့်အတိုင်းသိ၍ ဘေးရန်ရှိသော ခရီးကို ဝေးစွာရှောင်ကြဉ်သကဲ့သို့ ဝေးစွာ
ရှောင်ကြဉ်ရမည်။ "
- ဗုဒ္ဓ
( သိင်္ဂါလသုတ် )
0 comments:
Post a Comment