Saturday, October 15, 2011

တစ်ဘဝတာအတွက် လက်ရာတစ်ခုသာ တည်ဆောက်ခွင့်ရှိသည်

by မီးပြတိုက် on Saturday, October 15, 2011 at 8:35pm


ပန်းချီပါရမီရှင် လီယိုနာဒို ဒါဗင်ချီအား လူ့ဘဝသို့ တစ်ကြိမ်ပြန်ခေါ်ကာ ဤကမ္ဘာတွင် သူ၏ အမည်နာမဖြင့် ပန်းချီကားတစ်ချပ်တည်းသာ ချန်ထားခွင့်ပြုမည်ဟု ကန့်သက်လိုက်မည်ဆိုပါစို့။

မည်သို့သော ပန်းချီကားမျိုး သူရေးဆွဲလေမည်နည်း ??

********
အလားတူပင် ပန်းပုကျော် ရိုဒင်အား မကွယ်လွန်မီကာလအတွင်း ပန်းပုရုပ်တစ်ခုတည်းသာ ထုလုပ်ခွင့်ပြုမည်ဟု သတ်မှတ်လိုက်မည်ဆိုပါစို့။

မည်သို့သော ပန်းပုရုပ်မျိုး သူထုလုပ်လေမည်နည်း ??


********
မြင်ယောင်မှန်းဆနိုင်ရန် မလွယ်ပါ။

ဒါဗင်ချီရော ရိုဒင်ပါ မအိပ်မနေ နှစ်ရှည်လများ ဈာန်ဝင်စဉ်းစားပြီးမှ သာ မည်သည့်လက်ရာမျိုး ဖန်ဆင်းပြုလုပ်မည်ဟု ဆုံးဖြတ်ချက် ချနိုင်ပေမည်။

သို့သော် သေချာပေါက်ပြောနိုင်သော အချက်တစ်ခုကား ရှိသည်။

ဒါဗင်ချီထားရစ်ခဲ့မည့် တစ်ခုတည်းသော ပန်းချီကားသည်လည်းကောင်း၊ ရိုဒင်ထုလုပ်မည့် တစ်ခုတည်းသော ပန်းပုရုပ်သည်လည်းကောင်း ကမ္ဘာ့သမိုင်း တွင် အကြီးကျယ် အပြောင်မြောက်ဆုံး အနုပညာလက်ရာများ ဖြစ်နေမည်မှာ ဧကန်မုချဟူသော အချက်ဖြစ်သည်။
********
သင့်မှာ မွေးသည်မှ သေသည်အထိ နေသွားရမည့် တိုတောင်းသော ဘဝ လေးတစ်ခုရှိသည်။ ထိုဘဝသည် အညံ့စားပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို မထင်မရှားလည်း ပျောက်ကွယ်သွားနိုင်၏။ ဒါဗင်ချီ၏ မိုနာလီဇာ ပန်းချီကား၊ ဒိုဒင်၏ တွေးတောသူ ပန်းပုရုပ်များကဲ့သို့လည်း အံ့သြကြီးကျယ်သွားနိုင်ပါသည်။

ဘယ်သို့ဖြစ်သွားသနည်း ဟူသည် သင့်အပေါ်၌ မူတည်ပါ၏။ သင်ပိုင်ဆိုင်သည့် တစ်ခုတည်းသော ဤဘဝကို တစ်ကြိမ်တစ်ခါတည်းသာ ဖန်တီးတည်ဆောက်ခွင့် ရှိသည်။ ဘယ်လိုမျိုးဘဝမျိုး သင် တည်ဆောက် ပါမည်လဲ ???
မိမိကိုယ်ကို လေးစားသူ၊ မိမိဘဝကို တန်ဖိုးထားသူ ဆိုလျှင်ကား မိမိ၏ တစ်ခုတည်းသော ဘဝကို အကြီးအကျယ် အခမ်းနားဆုံး၊ အပီပြင် အပြောင်မြောက်ဆုံး ဖြစ်အောင် ဖန်တီးတည်ဆောက်ပေလိမ့်မည်။

အပြောင်မြောက်ဆုံး ဘဝတစ်ခုကိုတည်ဆောက်ရန်အတွက်
  1. တစ်နေ့သောအခါ မိမိဘာဖြစ်လာရမည်ဟူသော ရည်မှန်းချက်၊
  2. ယင်းအတိုင်းမဖြစ်အောင် တည်ဆောက်မည်ဟူသော ခိုင်မာပြတ်သား စိတ်ဇွဲ၊
  3. အခက်အခဲကို ရင်ဆိုင်ရဲသည့် သတ္တိ၊
  4. မိမိဘာသာ ချမှတ်ထားသည့် လမ်းကြောင်းမှယိမ်းယိုင် သွေဖည်မသွားရအောင် ထိန်းသိမ်းနိုင်သည့် သမာဓိစသည့် အရည်အသွေးများ သာ လိုအပ်သည်။


ဥာဏ်အမြော်အမြင်မရှိ၊ စိတ်ဓာတ်ကြံ့ခိုင်မှု နတ္ထိဖြစ်ကာ တစ်ခုတည်းသော ဘဝကို လှလှပပ တည်ဆောက်ရမည်ဟူသော အသိတရားကလည်း ကင်းမဲ့နေမည် ဆိုလျှင်ကား ရတောင့်ရခဲသော ဘဝ တစ်ခု အချည်းအနှီး အလဟဿ ဆုံးပါးသွားရပါချေမည်။

(ဦးဖေမြင့်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...