ကျန်းမာလှပ ကယ်လိုရီ လျှော့ချ
by Pann Chuu Chuu on Thursday, October 27, 2011 at 9:36am
- ခန္တာကိုယ်
ဝဖြိုးလာပြီဆိုရင်ဖြင့် အဝတ်အစား ဝတ်ရတာလည်း အဆင်မပြေ၊ ရွေးရတာလဲ
အဆင်မပြေနဲ့ ဝလာတဲ့ ဒီခန္တာကိုယ် အတွက် ကျွန်မတို့ အတော်ကို ဒုက္ခရောက်
ကြရပါတယ်။ ဒီတော့ ဝဖြိုးလာတဲ့ ခန္တာကိုယ် ကိုထိန်းသိမ်းဖို့ လိုအပ်လာပါပြီ။
ဒီလိုထိန်းသိမ်း ရာမှာ လေ့ကျင့်ခန်း လုပ်ခြင်းနဲ့ အစားကိုထိန်းပြီး
စားခြင်း နှစ်ခုလုံးကို အချိန်အဆ မှန်ကန်စွာ လုပ်တတ်ဖို့ လိုပါတယ်။ အစားကို
ထိန်းပြီးစားတဲ့ နေရာမှာ အာဟာရ ပြည့်ဝပြီး ကျန်းမာရေးနဲ့လဲ ညီညွတ်စေမယ်
အဆီပိုတွေကိုလဲ ဖယ်ရှားပေးနိုင်မယ့် နည်းနဲ့စားသောက် ဖို့လည်း လိုအပ်ပါတယ်။
ဒီလိုစားသောက် နိုင်ဖို့အတွက် ကတော့
- မနက်စာကို ပေါင်မုန့် အညိုရောင် တစ်ချပ်ကို မီးကင်ပြီး ကြက်ဥ မကျက်တကျက် တစ်လုံးနဲ့ တွဲစားပေးနိုင်ပါတယ်။ ပေါင်မုန့်မှာ ကယ်လိုရီ ၆၆ နဲ့ အမျှင်ဓါတ်နှစ်ဆ ပါဝင်လို့ စားတဲ့အခါ နူးညံ့မှုရှိပြီး တစ်ချပ်ထဲစားရုံနဲ့ ဗိုက်ဝစေပါတယ်။ ပေါင်မုန့် အဖြူရောင်ထက် အညိုရောင်ကို စားခြင်းဟာ ကယ်လိုရီ ကိုပိုမိုလျော့ကျ စေနိုင်ပါတယ်။ ဒီမနက်စာကို ကော်ဖီကြမ်းတစ်ခွက်နဲ့ ထပ်မံဖြည့်စွက် လိုက်မယ် ဆိုရင်တော့ ပြည့်စုံတဲ့ မနက်စာစား ခြင်းပြီးပါတယ်။ ကော်ဖီကြမ်းမှာတော့ ကော်ဖီမှုန့် စစ်စစ်နဲ့ သကြားသာ ပါဝင်ရပါမယ်။ နို့ဆီ ၊ နို့မှုန့် ပါလို့မရပါဘူး။
- နေ့လည်စာအတွက် ပုံမှန်စားနေကျ ထမင်းနဲ့ဟင်း ကိုစားနိုင်ပါတယ် ။ အဲဒီလိုစားတဲ့အခါမှာ ဗိုက်ကိုတင်း ပြည့်သွားအောင်မစားပဲ တင်းတိမ်ရုံ၊ ဗိုက်ပြည့်သည်ဆိုရုံသာ စားသင့်ပါတယ်။ နေ့လည်စာကို အာလူးကြော်များ ကော်ဖီများ စားသောက်ခြင်းအစား ပြောင်းဖူးပေါက်ပေါက်၊ ကြက်ရင်ပုံပြုတ် တစ်တုံးစား ပေးခြင်းက ပိုပြီးသင့်တော် ပါတယ်။ အာလူးကြော်ဟာ ကယ်လိုရီ အများအပြား ပါဝင်လို့ စားရန်မသင့် တော်ပါဘူး။ အာလူးကြော်အစား ပြောင်းဖူး ပေါက်ပေါက်ကို စားခြင်းက ဗိုက်ကိုပြည့်စေပြီး ဝမ်းထဲကို အစာအများ ကြီးမရောက်တဲ့ အတွက် အဆီတိုးခြင်းကို မဖြစ်စေပါဘူး။ ကြက်ရင်ပုံ ပြုတ်ကတော့ ပရိုတင်း ဓါတ်ပါဝင်လို့ ကျန်းမာရေးနဲ့ ညီညွတ်စေပါတယ်။
- ညစာမှာတော့ ဖြစ်နိုင်ရင် ထမင်းမစားပဲ လတ်ဆတ်တဲ့ ဟင်းရွက်ကြော်တစ်ပွဲ စားရင်လုံလောက် မှုရှိပါတယ်။ ဟင်းရွက်ကြော်ဟာ ဆီတော်သင့်ရုံ သာပါဝင်ရမှာ ဖြစ်ပါတယ်။ ဆီစားများ ခြင်းဟာလည်း အဝလွန်ခြင်းရဲ့ အကြောင်းရင်း တစ်ရပ်ပါပဲ။ ဒီလို တစ်နေ့တာကို မှန်ကန်စွာ ချင့်ချိန်စားသောက် သွားမယ်ဆိုရင် ကိုယ်ခန္တာမှာ မလိုအပ်တဲ့ ကယ်လိုရီများကို လျှော့ချသွား နိုင်မှာ ဖြစ်ပါတယ် ။ အသားများ စာသုံးမှုမှာတော့ ဝက်သားဟာ စားမိရင်အဆီ တက်စေလို့ ကျန်းမာရေးအတွက် ဘယ်လိုမှ အထောက်အကူ မဖြစ်တဲ့ အသားပါ။ ဒါပေမယ့် ကျွန်မတို့ မြန်မာ့စာဆိုအရ " အသားမှာ ဝက် " လို့ဆိုတဲ့အတိုင်း ဝက်သားရဲ့ ထူးခြားတဲ့ အရသာ ကိုကြိုက်နှစ်သက် သူများကြပါတယ်။ ဒီတော့ အဆီတိုးဖို့ ရာသေချာနေပြီး ကယ်လိုရီများ လျှော့ဖို့ရာလည်း မလွယ်ကူ တော့ပါဘူး။ အမဲသား ကတော့ ဝက်သားလောက် ကယ်လိုရီမများလို့ အသားမှ စားချင်သူတွေ အတွက် ပိုသင့်တော် ပါတယ်။ သို့ပေမယ့် အမဲသားကို လူတိုင်းမစားတဲ့ အတွက်တော့ ကြက်သား ပြုတ်ကြော်ကို အစားထိုး စားပေးနိုင်ပါတယ်။ အရည်ရွှန်းတဲ့ သစ်သီးများကို စားပေးခြင်းဖြင့်လည်း ကျန်းမာရေးနဲ့ ညီညွတ်ပြီး ကိုယ်ခန္တာရဲ့ ရေဓါတ်ကိုပါ မျှတစေပါတယ်။ စည်သွတ်ဘူး များထဲက အသီးအနှံများဟာ တာရှည်ခံ ဓါတုဗေဒများနဲ့ ပြုလုပ်ထား ခြင်းကြောင့် စားသုံးဖို့ မသင့်တော်ပါဘူး။
- အထက်မှာ ဖော်ပြခဲ့တဲ့ ကယ်လိုရီ လျှော့ချတဲ့ နည်းများဟာ ကျွန်မတို့ မြန်မာ လူမျိုးတွေနဲ့ လိုက်လျောညီထွေ ရှိချင်မှရှိမှာပါ။ ထမင်းစားရမှ တင်းတိမ်တဲ့ မြန်မာ့ စားသောက်မှု ပုံစံမှာ ပေါင်မုန့် နဲ့ ကြက်သားပြုတ် ကိုအစားထိုး စားဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါကြောင့် ကယ်လိုရီလည်း လျှော့ကျ၊ ကျန်းမာရေးနဲ့ လည်းညီညွတ်၊ မြန်မာ့ စားသောက်မှု ပုံစံနဲ့လည်း ကိုက်ညီမယ့် စားသောက် နည်းများကို ရွေးချယ်စားသောက် ရင်းဖြင့် ကျန်းမာလှပ သွယ်လျတဲ့ ခန္တာကိုယ် ပိုင်ရှင်များ ဖြစ်နိုင်ကြစေရန် တင်ပြပေး လိုက်ရပါတယ်။
0 comments:
Post a Comment