Wednesday, October 12, 2011

မန္တလေးရောက် ရှမ်းတစ်ယောက်

by Aung Myo Thu on Thursday, October 13, 2011 at 12:01pm
ကျွန်တော် ဒီနိုင်ငံ ကမဟုတ်ပါဘူး။ အာရှ ရဲ့ နံပါတ် (၁) လို့ ပြောကျ တဲ့ ဂျပန် ကပါ။ ကျွန်တော့် ဘဝ အဓိက ရည်မှန်းချက်က လူတွေကို ကူညီဖို့ပေါ့ဗျာ။ သိတတ်တဲ့ အချိန်က စပြီးတော့ လူတွေကောင်းကျိုး တစိုက်မတ်မတ် လုပ်ခဲ့ တဲ့သူပါ။ ကျွန်တော့် ဆရာသမား ကလည်း ဒိတ်ဒိတ်ကျဲ ပါမောက္ခကြီး ကိုး။ လူတွေက လည်း ကျွန်တော့် ကိုချစ်ပေါ့ဗျာ။ ဆရာက လည်း တခြားလူတွေ လာလာ ဆွေးနွေး ကြလို့ သူအချိန် မရရင် "အဲဒီကောင်သွားမေးလိုက်" ဆိုပြီး ကျွန်တော့်ဆီ လွှတ်လိုက်တာပါပဲ။
ပင်ပန်းတယ်ဗျာ။ နားပဲမနားရဘူး။ တစ်ခါတစ်လေ ဆရာကိုတောင် စိတ်ဆိုးမိတယ်။ ငါ့ဆီ ကြီး ပုတ်ပုတ် ထုတ်နေတာပဲလို့။ တကယ်တော့ ကျွန်တော် ပျော်တာဗျ။ လူတွေကိုကူညီရတာကိုး။

ဆရာ တပည့် ပေါင်းပြီး လူတွေကောင်းကျိုး နှစ်ပေါင်းတော်တော်ကြာ တတ်ညီလက်ညီ လုပ်ခဲ့ကျတာပေါ့။
တစ်နေ့တော့ ဆရာက ပြောလာတယ်။ "ငါပင်စင်ယူတော့မယ်" တဲ့။ သူအသက်ကြီးပြီ။ "မင်းကို အလုပ်တစ်ခုပေးခဲ့မယ်ကွာ " တဲ့။ လူတွေကို ကူညီရမယ်။
ဒီမှာတော့ မဟုတ်ဘူး။ "မြန်မာ" ဆိုတဲ့ နိုင်ငံမှာတဲ့။ "မင်းငါနဲ့ လိုက်ခဲ့ရမယ်၊ ပြီးရင် မင်းနေခဲ့ရမယ်။ အဲဒီမှာမင်း အကြာကြီးနေရမယ်။ အဲဒီကလူတွေ ကို မင်းတတ်နိုင်သလောက် ကူညီရမယ်"

ဆရာနဲ့ ခွဲခွာ ရတော့ အတော် ဝမ်းနည်း ခဲ့တယ်။ ဒါပေမယ့် အဲဒီ မြန်မာ ဆိုတဲ့ နိုင်ငံက သိပ်မဖွံ့ဖြိုးသေးဘူး။ အဲဒီလို လိုအပ်တဲ့ နေရာ မို့လို့ ဆရာက ငါ့ကို ပို့တာပေါ့။ အဲလိုခံယူလိုက်တယ်။ အမယ် ဒီရောက်တော့ ကျွန်တော် နေရာလေး ရတယ်ဗျ။ မဆိုးပါဘူး။ အလုပ်နေရာ အခန်းလေး ပေါ့။ သစ်သားလေးတွေ နဲ့ကာထားတယ်။ ရှေ့မှာမှန်တံခါး လေးနဲ့။
မခမ်းနားပေမယ့် ရပါတယ်။ ဒါတွေ အရေးမကြီးဘူးလေ။
လူတွေကို ကူညီရမယ်။

*******


ကျွန်တော် ဒီရောက်တာ အနည်းဆုံး (၅) နှစ်ရှိပြီပေါ့။ ကျွန်တော်မပျော်တော့ဘူး။ ကျွန်တော် လူတွေကို မကူညီရဘူး။ တစ်နေ့တစ်နေ့ ဒီအခန်းကျဉ်း လေးထဲမှာ လူသူမရှိ။ ဘာလို့လဲဗျာ။ ကျွန်တော့်မှာ အတွေ့အကြုံ တွေအများကြီးရှိပါတယ်။ ပညာတွေလဲ အများကြီးတတ်ပါတယ်။ ခင်ဗျား တို့ ကိုကျွန်တော် ကောင်းကောင်း ကြီးကို အကျိုးပြုနိုင်ပါတယ်။ ဘာကြောင့် ကျွန်တော် နဲ့ အလုပ်မလုပ် ချင် ကျလဲ။ ကျွန်တော် အပြင်ကို မသွား တတ်ဘူး။ ဒါပေမယ့် ခင်ဗျား တို့ လိုတဲ့ အချိန် ကျုပ်အဆင်သင့် ရှိတယ်။ ကျုပ် ဒီမှာရှိတယ်ဗျာ။
ခုတော့ ဖုန်တွေ အလိမ်းလိမ်း နဲ့ ကျွန်တော် ဆွေးမြေ့ နိဂုံး ချုပ်ရတော့ မယ် ။

*******

အိမ်ကို လွမ်းတယ်ဗျာ။ အိမ်မှာ ဆို ကျွန်တော် ဟာ တစ်ကိုယ်လုံး စုပ်ပြတ်တဲ့ အထိ လူတွေ ကို ကူညီရ မှာ။


*******

ကျွန်တော့် နာမည် " စာအုပ် " ပါ။
မန္တလေးမြို့ ၊ တက္ကသိုလ်ကြီး တစ်ခု က "စာကြည့်တိုက်" ထဲမှာ နေပါတယ် ။ လာခဲ့ကြပါဗျာ။ ပျင်းလွန်းလို့ပါ။ ။။။.

********

စိုင်းထီးဆိုင် ရေ မန္တလေးရောက် ရှမ်းတစ်ယောက် တင်မကဘူး။ ဂျပန် တစ်ယောက် လဲမလွယ်ပါဘူးဗျာ။

(NEO)

ဒီလိုစာမျိုးလေးတွေကို သဘောကျတယ်၊ ဖတ်ချင်တယ်၊ ဝေမျှချင်တယ်ဆိုရင်တော့ http://myanmar-yis.net ကိုသွား။ အဲ့ဒီမှာ ခင်ဗျားနဲ့တူတဲ့သူတွေရှိတယ်။

=================================================================
သူများကွန်မန့်လေးတွေပါထည့်ပေးလိုက်ပါတယ်။

 SatNayBaLa 

အရမ်းကောင်းတယ်အကိုရေ။ နောက်လည်း ဒီလိုစာမျိုးလေးတွေ ဖတ်ချင်ပါတယ်။ အကိုတို့စာရေးပေးတဲ့သူတွေအားလုံး ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 Kang Sun Wu 

ဒီလို မျိုးေ၇းထားတဲ့ ပုံစံလေး မဖတ်ရတာ ၉နှစ်တောင်၇ှိသွားပြီ။ နိဂုံးမှ ဇာတ်ကောင်ဖော်တဲ့ပုံစံပေါ့။လွန်ခဲ့တဲ့၉နှစ်ကျော်mufl ဆရာမတယောက်ေ၇းခဲ့ဖူးတာကိုး အခု စတိုင်တူတာလေး ပြန်ဖတ်ရတော့ လန်းဆန်းသွားတယ်။ ဖတ်လို့ကောင်းပြီး အနှစ်သာရ၇ှိပါတယ်။

အခုခေတ်ကြီးမှာ မီဒီယာအင်တာနက်တွေ တိုးတက်ပြီး သတင်းပျံ့နှံ့နိုင်မှူက အရမ်းတိုးတက်တော့ ခေတ်လူငယ်တွေ စာအုပ်ကောင်းပေကောင်းလေးတွေ အဖတ်နည်းလာတယ်လို့ ထင်မိတယ်။(ကိုယ့်အနီးဝင်းကျင်ကို ကြည့်ပြီးပြောတာပါ။)
မီဒီယာတို့ရဲ့မြန်ဆန်မှုကြောင့် ကိုယ့်ဝင်းကျုင်မှာ ဘယ်သတင်းက ယုံ၇မယုံရမှာဆိုတာကိုလည်း ဝေဖန်ပိုင်းခြားနိုင်မှု နည်းလာမိသလိုဘဲ။
ဒါတွေဟာ ငယ်ရွယ်စဉ်ကတည်းက စာဖတ်အားနည်းလာတာကြောင့်ဖြစ်တယ်။ စာများများဖတ် ပြန်လည်ဆန်းစစ်ဝေဖန်ပြီး .......လုပ်သင့်တာ ဒါကိုလည်း ကျောင်းနေစဉ် ကလေးဘ၀ကတည်းက ကျင့်လာခဲ့တော့ ကောင်းတာပေါ့။


 Mg Ogga 

ကောင်းလိုက်တာ ဗျာ ရေးပုံလေးနဲ့ မြင်ပုံလေးက ချစ်စရာ ၀တ္တုကဏ္ဍမှာ ထည့် သင်တာဗျ

 MG MYO 

အရေးအသားက အရမ်းကျစ်လစ်လှပပြီး လိုရာကိုအထိရောက်ဆုံးပြောသွားနိုင်ပါတယ်။ ဒီလို အရည်အချင်းမျိုးက လူတိုင်းမှာမရှိပါဘူး။
စာပါအကြောင်းအရာကို ဆွေးနွေးရမယ်ဆိုရင် " ဒီ လူငယ်တွေစာမဖတ်လို့၊ အွန်လိုင်းမှာပဲ လိုက်ဖတ်တယ်၊ ဒီ အွန်လိုင်းဆိုတာ ရေးချင်တဲ့သူက ရေးချင်တာရေးလို့ရတယ်၊ ဘယ်အယ်ဒီတာကမှ ဒါကတော့ အဆိပ်အတောက်ဖြစ်တယ်၊ ဒါကတော့ သင့်တော်တယ် အများကိုပြမယ် စသည်ဖြင့် စစ်ဆေးထားတာမရှိဘူး။ ဒါ့ကြောင့် အတွေးနုနယ်သေးတဲ့ လူငယ်တွေ မဟုတ်တဲ့သူတွေ ဆွဲခေါ်ရာအလွယ်တကူ ပါသွားနိုင်တယ်။ " စတာတွေကို ကျွန်တော် ဆရာဖေမြင့်၊ ဆရာအော်ပီကျယ်တို့နဲ့လည်း ပြောဖူးပါတယ်။ သူတို့လည်း သူတို့မတတ်နိုင်တဲ့အပိုင်းမို့ထင်တယ် အဲ့ဒါတော့ ဖတ်တဲ့လူအပေါ်ပဲမူတည်တယ်၊ ဆိုတာလောက်ပဲ ပြောသွားတယ်။ ဒါကတော့ အားလုံးသိပြီးသားအဖြေပါ။ ကျွန်တော်သူတို့ဆီက အဲ့ဒီထက်ပိုပြီး လက်တွေ့ကျမယ့် အစီအစဉ်လေးတွေ ဘယ်လိုလုပ်ရင် ကောင်းမလဲဆိုတာ တိုင်ပင်ချင်ခဲ့တာပါ။ ဒါထားတော့ ... တကယ်အရေးအကြီးဆုံးကတော့ ကိုယ်တတ်နိုင်တဲ့အပိုင်းကို ကိုယ်စလုပ်မိဖို့ပဲအရေးကြီးပါတယ်။ လောကမှာ ကိုယ်တတ်နိုင်ရဲ့သားနဲ့ ဘာမှမလုပ်ရပဲ သေသွားရတဲ့သူက များတယ်ဗျ။ ဥပမာပေးရရင်- ကိုယ့်ဘေးကလူက ကိုယ့်ကိုတစ်မျိုးမြင်မှာ ကြောက်လို့ဆိုတဲ့ အသေးစားကြောက်စိတ်လေးတွေ လူတွေမှာကိန်းအောင်းနေလေ့ရှိတယ်။ ကိုးဆယ်ရာခိုင်နှုန်းကျော်က ဒီကြောက်စိတ်ကို ကျော်လွှားနိုင်ခြင်းမရှိကြလို့ သူတို့ဘ၀မှာ သူတို့လုပ်နိုင်တာအားလုံးကို ထုတ်မပြ၀ံ့ကြဘူး။ အထူးသဖြင့်ခုခေတ်က ကောင်းရာမွန်ရာဆို မလုပ်ရဲကြဘူး။ ကိုယ့်အပေါင်းအသင်းတွေကြည့်ပါလား...ဘီယာဆိုင်သွားရအောင်ဆို မြူးလို့၊ အေး..ကောင်းရာမွန်ရာတစ်ခုခုလုပ်ရအောင်လို့ပြောကြည့် ဒီကောင်က ဆရာကြီးလား..သူ့ကိုယ်သူဘာမှတ်နေလဲမသိဘူး.ဘာညာပေါ့။ ကျွန်တော် အပေါ်မှာပြောခဲ့တဲ့ ကိုယ်းဆယ်ရာခိုင်နှုန်း မကျော်နိုင်တာ အဲ့ဒီကြောက်စိတ် သေးသေးလေးပဲ။ မကျော်နိုင်တော့ ဘာဖြစ်သလဲဆိုတော့ ကိုယ့်ကိုယ်ကို စလိမ်တယ်။ ပြီးတော့ဘာဖြစ်လာလဲဆိုတော့ စကားကြီးစကားကျယ်ပြောပြီး သူများကိုယ့်ကို အထင်မသေးအောင်လိမ်တယ်။ ဒါတွေက ကိုယ့်ပတ်ဝန်းကျင် ဘယ်နေရာကြည့်ကြည့် သတိထားကြည့်ရင် မြင်သာတယ်။ ဒါ့ကြောင့် အရေးအကြီးဆုံးက ကိုယ့်ရှေ့မှာရှိနေတဲ့ ကြောက်စိတ်ကို မြင်အောင်ကြည့်ပြီး ဖယ်ရှားဖို့ကြိုးစားပါ။ နောက် ကိုယ့်ကိုကောင်းရာမွန်ရာလမ်းကြောင်းနိုင်တဲ့ အပေါင်းအသင်းမိတ်ဆွေကောင်းရှာပါ။ အရေးအကြီးဆုံးကတော့ ခုလိုမျိုးသူများကို ပြောပြချင်တယ်၊ တစ်စုံတစ်ခုကို ဦးစီးဦးဆောင်လုပ်ချင်တယ်ဆိုရင် ကိုယ်ကအမြဲလေ့လာဆည်းပူးပြီး ကိုယ့်ဟာကိုဖြည့်ထားဖို့ အရေးကြီးပါတယ်။ အဲ့လိုဖြည့်ဆည်းမထားပဲ အရမ်းကာရောလျှောက်လုပ်ရင်တော့ တစ်ချိန်ချိန်ကိုယ့်ခေါင်းကို ရိုက်ခွဲမယ့်သူနဲ့ အသေအချာတိုးမှာပါပဲ။ အဲ့လိုအချိန်မျိုးရောက်ရင်လည်း ငါမသိသေးတာကို ထောက်ပြနေတာပါလားဆိုတဲ့ အမြင်မှန်မျိုးရဖို့လိုတယ်။ လောကမှာ အရည်အချင်းမရှိတဲ့သူတွေဟာ ဒီလိုမျိုးအမြင်ရှိဖို့ ခဲယဉ်းတယ်။ ဒါ့ကြောင့် ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ လက်ညှိုးလေးကွေးတတ်ရတယ် ဆိုတာလိုပါပဲ။ စာရေးတဲ့သူတွေကို နောက်တစ်ခု ပြောချင်တာက စာရေးနေတဲ့အချိန်မှာ ဒေါသတွေ၊မောဟတွေမရှိပါစေနဲ့။ ဒါဟာ အရေးအကြီးဆုံးအချက်ပါပဲ။ ကဲ..များသွားပြီ..တော်သေးပြီ :)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...