Friday, October 14, 2011

နည်းပညာ နယ်ပယ် ကိုဝင်ဖို့ ဘာတွေ လိုအပ်လဲ


Htet Aung

FRIDAY, 14 OCTOBER 2011 00:00 NET GUIDE JOURNAL
လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင် ဒီဆောင်းပါးဟာ နည်းပညာ နယ်ပယ်မှာ လက်တွေ့ ကျကျ လူတိုင်း အတွက် အသုံးဝင်ချင်မှ ဝင်ပါလိမ့်မယ်။ ဒါပေမဲ့လည်း အိုင်တီ နည်းပညာ နယ်ပယ်ကို အသက် မွေးဝမ်းကျောင်း တစ်ခုအတွက် ဆုံးဖြတ်ပြီး ဝင်ရောက် တော့မယ် ဆိုရင် သိထား သင့်တာတွေ၊ တတ်ထားသင့်တာ တွေ၊ လိုအပ်ချက် တွေစတာ တွေကို စာရေးသူ ဖြတ်သန်း ခဲ့တဲ့ အတွေ့ အကြုံပေါ်မှာ အခြေခံ ထားတာမို့ လမ်းညွှန် ဆောင်းပါး တစ်ခု ဖြစ်ချင်မှလည်း ဖြစ်ပါလိမ့်မယ်။ ဆောင်းပါးပါ အချက်အ လက်တွေ အပေါ်မှာ လည်း လက်ခံချင်မှ လက်ခံပါလိမ့် မယ်။ လက်ခံတာ၊ သဘော ထားကွဲလွဲ တာဟာ လူ တိုင်းရဲ့လွတ်လပ်ခွင့်ဖြစ်လို့ ဘာမှအထွေအထူး ပြောစရာ မရှိပါဘူး။ လွတ်လပ် စွာ သဘော ထား ကွဲလွဲနိုင်သည်ပေါ့။
ပညာရှာချိန်မှာ ပညာရှာ
“ပညာရှာချိန်မှာ ပညာရှာ” ဆိုတဲ့ စကား ဟာ စာရေးသူအပိုင်စကားမဟုတ်တာ အား လုံးသိပြီးသားပါ။ လူတစ်ယောက်ဖြစ်လာပြီ ဆိုရင် အသက် ၅ နှစ်ကစလို့ (အခုခေတ်က တော့ လမ်းလျှောက်တတ်၊ စကားပြောတတ်တာနဲ့ မူကြိုတန်းပို့နေတာ) အစိုးရကျောင်း မှာစပြီး ကျောင်း စတက်ကြရပါပြီ။ ဒီလိုနဲ့ တစ်နှစ်တစ်တန်းအဆင့်ဆင့် ဖြတ်ကျော်ပြီး လို့ ၉ တန်း၊ ၁၀ တန်း (တက္ကသိုလ်ဝင်တန်း)ကို ရောက်ပြီဆိုရင်တော့ ကိုယ့် ဘဝအတွက် ဘယ်လို အသက်မွေးဝမ်း ကျောင်းကို ရွေးမလဲဆိုတာကို စတင်စဉ်းစား လာရပါပြီ။ ဒီအချိန် ဟာ ဘဝရဲ့ တစ်ဆစ်ချိုးဖြစ်သလို တစ် သက်လုံးအတွက် ဆုံးဖြတ်ချက်ကိုချရတာမို့ အရမ်း သတိ ထားပြီး ဆုံးဖြတ် ရပါ့မယ်။ ဆယ်တန်း (တက္ကသိုလ်ဝင်တန်း) မှာ အမှတ် ကောင်းကောင်းနဲ့ အောင်မြင်ဖို့ဟာ ပထမဦး ဆုံး မဖြစ်မနေချ မှတ်ရမယ့် ဆုံးဖြတ် ချက်ပါပဲ။
ဘာလိုင်းကို ရွေးမှာလဲ
တက္ကသိုလ်ဝင်တန်းမှာ အမှတ်များများနဲ့အောင်ဖို့အတွက် ဆုံးဖြတ်ပြီး လို့ စာမေးပွဲမှာပြောတဲ့အတိုင်း အောင်မြင်လာပြီဆိုပါစို့။ ဘာလိုင်းကို ရွေး ချယ်မလဲဆိုတာ အရေးကြီးလာပါပြီ။ ဒီနေရာမှာ ကိုယ့်ရဲ့တစ်ဦးတည်း ဆုံးဖြတ်ချက်ဟာ မရင့်ကျက်သေးတဲ့အရွယ်မို့ မှားယွင်းနိုင်ပါတယ်။ ဒါ ကြောင့် လူကြီးသူမတွေရဲ့အကြံÓာဏ်ကို မဖြစ်မနေရယူရပါမယ်။ ဒီနေရာ မှာ လူကြီးသူမတွေပြောတဲ့အတိုင်း လုပ်ဖို့မဟုတ်ဘူးဆိုတာကိုတော့ နား လည်ထားဖို့ လိုပါလိမ့်မယ်။ ကိုယ်ရဲ့ဝါသနာကို စိတ်ဝင်စားတာ အလုပ် ဖြစ်ဖို့ကလည်း မဖြစ်မနေထည့်တွက်သင့်ပါတယ်။ ကိုယ်လျှောက်လှမ်း မယ့်လမ်းဟာ ပန်းခင်းထားတဲ့လမ်းမဟုတ်တဲ့အတွက် ပန်းတိုင်ကိုမရောက် ခင်မှာ အခက်အခဲတွေ၊ အကျပ်အတည်းတွေကလည်း မဖြစ်မနေဝင်ရောက် လာပါလိမ့်မယ်။ ဘာလိုင်းလဲဆိုတာမှာ ဆေးလိုင်းလား၊ အင်ဂျင်နီယာလိုင်း လား၊ သင်္ဘောသားလိုင်းလား၊ နည်းပညာလိုင်းလား၊ ကိုယ်ရွေးချယ်မယ့် လိုင်းတစ်ခုဟာ ဝါသနာပါမယ်၊ စိတ်ဝင်စားမှုရှိမယ်၊ မိဘရဲ့အထောက်အပံ့ လုံလောက်မယ်။ ဒီလိုအချက်တွေ မရှိမဖြစ်လိုအပ်သလို ကိုယ့်ရဲ့ကြိုးစား အားထုတ်မှုလုံ့လနဲ့ ဇွဲတို့ကလည်း ပန်းတိုင်အတွက် မရှိမဖြစ်ပါပဲ။
အိုင်တီလိုင်းလား
ဒီနေရာမှာ စာရေးသူက အိုင်တီနဲ့ပတ်သက်နေသူမို့ အိုင်တီနဲ့ ပတ် သက်တဲ့အကြောင်းတွေကိုပဲ ဦးစားပေးအနေနဲ့ ဦးတည်သွားပါမယ်။ အိုင်တီ နဲ့ပတ်သက်ပြီး ရွေးချယ်မယ်ဆိုရင် အိုင်တီရဲ့အောက်မှာ မြောက်မြားစွာ သော အသက်မွေးဝမ်းကျောင်းပညာရပ်တွေ၊ တစ်ပုံတစ်ပင်ပါပဲ။ ဒါကြောင့် အိုင်တီနဲ့ပတ်သက်တာကို လုပ်မယ်ဆိုရင် အိုင်တီနယ်ပယ်မှာ ဘယ်လိုအ သက်မွေးဝမ်း ကျောင်းဆိုင်ရာ ပညာရပ်တွေရှိလဲဆိုတာ အရင်လေ့လာဖို့လို အပ်လာပါလိမ့်မယ်။ တက္ကသိုလ်ဝင်တန်းအောင်မှာ အမှတ်ကောင်းရုံနဲ့ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ရေကြောင်း ပညာတက္ကသိုလ်တွေ တက်နိုင်ပေမယ့် အဲဒီအထဲမှာမှဆက်ပြီး ခွဲထွက်လာတဲ့ major subject တွေကလည်း များပြားလာပါတယ်။ ကွန်ပျူတာ တက္ကသိုလ်ကို ရွေး ချယ်လိုက်ပြီ ဆိုပါစို့။ ကွန်ပျူတာ တက္ကသိုလ်ကနေ ကွန်ပျူတာနဲ့ပတ်သက် တဲ့ အခြေခံသိသင့်သိထိုက်တာတွေကိုသာ Theroy အနေနဲ့ သင်ကြားပေး လိုက်မှာဖြစ်ပြီး ကိုယ်စိတ်ဝင်စားရာ Professional လိုင်းတစ်လိုင်းအတွက် မဖြစ်မနေ ပညာဆက်လက် ဆည်းပူးရပါလိမ့်ဦးမယ်။
Degree လား၊ Diploma လား
Degree ဆိုင်ရာ ဘွဲ့ တစ်ခုကို ပဲယူမလား၊ Diploma ဆိုင်ရာဘွဲ့က နေသွားမလား၊ ဒါလည်း ရှုပ်ထွေးလွန်း လှပါသေး တယ်။ ဒီတော့ အိုင်တီနဲ့ပတ်သက်ပြီး လောလောဆယ်ပြည်တွင်း မှာ ဘယ်ဘာသာရပ်တွေ အလုပ်ဖြစ်နေလဲ၊ ပြည်ပသွားမယ်ဆိုရင် ပြည်ပမှာ ဘာတွေအလုပ်ကောင်းနေလဲ။ ကိုယ် ကရော ဘယ်လိုလိုင်းကို စိတ်ဝင်စားတာလဲ သိဖို့အရေးကြီးပါတယ်။ ပေါ်ပင်လုပ်တာထက် ရည်မှန်းချက် ကြီးကြီးမားမားကိုချမှတ်ပြီး ဇွဲ ကောင်းကောင်းနဲ့ကြိုးစားခြင်းဟာ အကောင်းဆုံးနည်းနဲ့ အချိန်တွေကို ကုန်ဆုံးစေနည်းဖြစ်ပါလိမ့်မယ်။ တက္ကသိုလ်က သွားမယ်ဆိုရင်တော့ ကွန်ပျူတာတက္ကသိုလ် ၃ နှစ်တက်၊ အမှတ်မီရင် Master ထပ်တက်၊ ဒီနောက်မှာတော့ စာတမ်းရေး PhD ဖြစ်၊ ဒါတွေက ရိုးစင်းလွန်းလှပြီး အချိန်ကုန်လွန်းပါတယ်။ အခုလို နည်းပညာရပ်တွေ မြန်မြန်ဆန်ဆန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ မြန်မြန်နဲ့ မှန်မှန်ကန်ကန်ရောက် သွားမယ့် နည်းလမ်းတွေ ရှိလာပါပြီ။
Designer လား၊ Programmer လား
ဒီဘာသာရပ်နှစ်ခုက ပြည်တွင်းပြည်ပမှာ အလုပ်အကိုင် အခွင့်အလမ်း ကောင်းရုံတင်မကဘဲ လူကြိုက်များတဲ့ဘာသာရပ်နှစ်ခုလည်း ဖြစ်ပါတယ်။ Designer ဖြစ်ဖို့အတွက် ဘာလိုအပ်လဲ။ ဒါကတော့ လွယ်ပါတယ်။ Design ဆိုင်ရာ တက္ကသိုလ်တွေ၊ ကျောင်းတွေ ရှိပါတယ်။ ကိုယ့်ရဲ့ရည်မှန်းချက် က ဘယ်အထိသွားမလဲ၊ ကိုယ့်မိဘအသိုင်းအဝိုင်းကရော ဘယ်လောက် ထိ ပံ့ပိုးပေးလဲ။ ဒါဟာ အလွန်ပဲ အရေးကြီးလှပါတယ်။ ကိုယ်က သွားချင် ပေမယ့် နောက်က အထောက်အပံ့မလုံလောက်တဲ့အခါ အခြားမလိုအပ် တာတွေ ခေါင်းထဲဝင်လာတတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ ရည်မှန်းချက် ဟာ လမ်းပျောက်သွားပြီး လုပ်သလိုမဖြစ်ဘဲ ဖြစ်သလိုလုပ်ရတဲ့ပုံစံမျိုး ဖြစ်လာစေပါတယ်။ Designer တစ်ယောက်အတွက် Design နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ နာမည်ကြီးကျောင်းတွေရှိသလို ပြည်ပမှာလည်း အများအပြား ပါပဲ။ Design နဲ့ပတ်သက်ပြီး အမျိုးအစားစုံလင်စွာနဲ့ Professional လမ်း ကြောင်းကို ရွေးချယ်နိုင်အောင် ကြိုတင်လေ့လာစုံစမ်းသင့်ပါတယ်။ ဒါမှသာ အချိန်ကုန်လူပန်း၊ ငွေကုန်နဲ့ ဘာမှဖြစ်မလာသော ယောင် လည်လည်တစ်ယောက် ဖြစ်မလာနိုင်မှာပါ။ Design ပညာရပ်နည်းတူစွာပဲ Programme မှာလည်း လှမ်းလျှောက်စရာ Professional လမ်းကြောင်းတွေ ပေါများလှပါတယ်။ ထိုနည်းတူစွာပဲ အလုပ်အကိုင်အခွင့်အလမ်းတွေကလည်း သူ့ရဲ့ဘာသာ ရပ်အလိုက် ပေါများကြပါတယ်။ Programme မှာလည်း ပြည်တွင်းမှာတင် နိုင်ငံတကာအသိအမှတ်ပြုသင်တန်းတွေရှိကြသလို ပြည်ပနိုင်ငံမှာက တော့ ပြောဖွယ်ရာမရှိတော့ပါဘူး။
Hardware သမားလား၊ Network သမားလား
Hardware သမားတွေဆိုတာကတော့ အကြမ်းဖျင်းကွန်ပျူတာ တစ်လုံးကို ပြုပြင်ခြင်းမှစပြီး နိုင်ငံတကာ မှာရှိနေတဲ့ Server တွေ၊ Database တွေနဲ့ အခြားအကြောင်းအရာပေါင်း သောင်း ခြောက်ထောက်အတွက် အခွင့်အလမ်းတွေ ရှိ ပါတယ်။ ထူးထူး ခြားခြား ပြောင်းလဲသွားတာကတော့ Hardware သမားတွေဟာ အချိန်ကြာလာတာနဲ့အမျှ Network သမားတစ်ယောက် အဖြစ် အသွင်ပြောင်းလဲသွားတတ်ကြခြင်းပဲဖြစ်ပါတယ်။ ဒါဟာ ကိုယ် လျှောက်နေတဲ့လမ်းကြောင်းအရ ဆင့်ကဲဖြစ်စဉ်အဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခြင်းပဲလို့ ယူဆမိပါတယ်။ Network သမား တစ်ယောက်ဟာ မိမိအိမ်ရဲ့ကွန်ပျူတာစနစ်တစ်ခုမှသည် ကမ္ဘာတစ်ဝန်းရှိ ကွန်ရက်ဆီကို နည်းပညာဖြင့် ချိတ်ဆက်ခြင်းတစ်မျိုးဖြစ်သလို နိုင်ငံနဲ့ဆိုင်တဲ့ အချက်အ လက်တွေ၊ Data တွေ အစရှိတဲ့ဟာတွေအားလုံး လုံခြုံစိတ်ချစွာနဲ့ မှန်မှန်အ သုံးချနိုင်ဖို့အတွက် နောက်ကွယ်ကနေ တာဝန်တွေ အပြည့်အဝထမ်း ဆောင်နေကြရပါတယ်။
ဘာတွေလိုအပ်လဲ
ဘာတွေလိုအပ်လဲ။ ဒီစကားဟာ ဝါကျတိုသလောက် အတော်လေး ကို ကျယ်ပြန့်ပြီးကြီးမားတဲ့ အချက်အလက်တွေ ပါရှိနေပါတယ်။ အဓိက လိုရင်းကတော့ ကိုယ်ဟာ တကယ်ပဲ အိုင်တီနယ်ပယ်ကိုဝင်တော့မှာ လား။ ဒါဆိုရင် ပထမဦးဆုံးလိုလာမှာကတော့ ကွန်ပျူတာတစ်လုံးပဲ ဖြစ် ပါတယ်။ ဘယ်လိုအိုင်တီသမားမဆို ကွန်ပျူတာနဲ့မထိတွေ့ မကိုင်တွယ် ရရင် အိုင်တီသမား တစ်ယောက်လို့ မဆိုထိုက်တော့ပါဘူး။ ဒီစကားဟာ အိုင်တီဆိုပေမယ့် တကယ်မှန်တဲ့စကားဆိုတာ သိလာပါလိမ့်မယ်။ ကွန်ပျူ တာတစ်လုံးရှိပြီဆိုကြပါစို့။ အနည်းဆုံး အိုင်တီပညာ ကို လေ့လာလိုက် စားနိုင်ဖို့ အတွက် တစ်နေ့ကို အချိန် ၃ နာရီကနေ ၈ နာရီလောက်အထိ လိုအပ်ပါလိမ့်မယ်။ ဒါဟာ သာမန်အချိန်သာဖြစ်ပြီး တကယ်ရူးသွပ်ကြတဲ့ အိုင်တီသမား များဟာ သူတို့ရဲ့ဘဝ တစ်စိတ်တစ်ပိုင်းကို ကွန်ပျူတာနဲ့ပဲ ပေးဆပ်တတ် ကြပါတယ်။ ဒါဟာ ကွန်ပျူတာစွဲရောဂါဆိုတာထက် အိုင်တီ နည်းပညာကို တပ်မက်တွယ်တာ ခြင်းလို့လည်း ဆိုနိုင်ပါ တယ်။ နောက် အရေးကြီးဆုံးအချက်ကတော့ စိတ်ဝင်စားမှုအပိုင်းပါ။
ကိုယ်က တကယ် စိတ်ဝင်စားလို့ လေ့လာနေတဲ့ ဘာသာရပ်မျိုးဖြစ်သင့်ပြီး သူငယ်ချင်း ကြောင့်၊ မိတ်ဆွေကြောင့်၊ မိဘကြောင့် ဆိုတဲ့ ပုံစံမျိုးနဲ့ လေ့လာနေတာ မျိုးဟာ ကိုယ့်ရဲ့စိတ်ဝင်စားမှုကို လျော့ကျစေပြီး တိုးတက်မှုမှာလည်း မရေမရာ ဖြစ်တတ်ပါတယ်။ အနည်းဆုံး Professional တစ်ယောက်ဖြစ် ဖို့အတွက်ကို လေ့လာတဲ့ပညာရပ်အပေါ် စိတ်ဝင်စားစွာနဲ့ လေ့လာမှုတော့ ရှိရမှာဖြစ် ပါတယ်။ ငွေကုန်ကြေးကျ အရမ်းများလာတဲ့ ခေတ်ကြီးထဲမှာ ဘယ်ပညာကိုမဆို ငွေနဲ့အချိန်ကို အတူနီးပါး ပေးဆပ်ပြီး ရင်းနှီးကြရ ပါတယ်။ စာရေးသူအတွက် အချိန်များစွာကို ငွေနဲ့ရင်းပြီး နည်းပညာကို လေ့လာလိုက်စားခဲ့တာ တောင်မှ Professional အဆင့်တက်လှမ်းနိုင်ဖို့ အ လှမ်းဝေးနေဆဲပါပဲ။ ထို့အတွက် မိတ်ဆွေများ၊ စာဖတ်သူများအနေဖြင့် ကိုယ်လျှောက် လှမ်းမယ့်ဘဝ ခရီးအတွက် ဘယ်လို လမ်းကြောင်းကို ရွေး ချယ်မလဲဆိုတဲ့အချက်ကို သေသေချာချာလေ့လာစုံစမ်းစူးစမ်းပြီး ငွေနဲ့ အချိန်ကို ရင်းနှီးမြှုပ်နှံကာ ဘဝတက်လမ်းများကို လျှောက်လှမ်း နိုင် ကြပါစေကြောင်း ...
ဆောင်းပါးရှင်(မိုးစက်ကို)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...