အမေရိကန်မြန်မာဆက်စံရေး အရှိန်မြင့်လာပါပြီးလား
မြန်မာနိုင်ငံဆိုင်ရာ
အမေရိကန်အထူးကိုယ်စား လှယ် (Derek Mitchell) ဟာ နှစ်လသာအတွင်းသူ့ ရဲ့
ဒုတိယအကြိမ်မြောက်မြန်မာနိုင်ငံခရီးစဉ်ဖြစ်တာမို့  ဒီခရီးစဉ်ဟာ
အမေရိကန်မြန်မာဆက်ဆံရေးမှာ ဘယ်လောက်ထူးခြားပါသလဲ။
ဒေါက်တာဇာနည်းကတော့
သူနိုင်ငံပြန်သွားတာ တစ်လပတ်ဝန်းကျင်လောက်ပဲရှိရာက အခုလိုမြန်မာနိုင်ငံပြန်သွားတယ်ဆိုတော့ ဒါဟာသူတို့ဆက်ဆံရေးမှာပိုပြီးအဆင်ချောလာတဲ့အနေအထားရှိတယ်လို့ ကျနော်ပြောလို့ ရတယ်။ ဒါပေမဲ့တခုရှိတာက လက်ရှိအုပ်ချုပ်နေတဲ့ ပိုဂ္ဂိုလ်တွေရဲ့အမြင်နဲ့  အမေရိကန်အမြင်ပေါ့နော် အထူးသဖြင့်တော့နိုင်ငံရေးအကျဉ်းသားများနှင့်တိုင်းရင်းသားများကိစ္စမှာ ကွာခြားမှုတွေ သိပ်များနေတယ်လို့ ကျနော်မြင်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ ကျနော်တို့  နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကပြောသွားတာရှိတယ်။
ဗမာပြည်မှာနိုင်ငံရေးအကျဉ်းသားဆိုတာမျိုးတို့ ၊ နောက်တခါယုံကြည်ချက်ကြောင့်အဖမ်းခံထားရတဲ့ ပိုဂ္ဂိုလ်ဆိုတာမရှိဘူး။ နိုင်ငံရေးလုပ်လို့ ထောင်ကျတဲ့သူဆိုတာမရှိဘူး။ ဥပဒေချိုးဖောက်လို့  ထောင်ကျနေတဲ့သူပဲရှိတယ်ဆိုပြီးတော့ ဗြောင်တတ်ပြီးတော့ပြောသွားသေးတယ်လေး။ အဲ့တော့ ဒေါ်အောင်ဆန်းစုကြည်တို့ ၊ အတိုက်အခံဖက်ကကော်၊ နောက်တခါ အပြည်ပြည်ဆိုင်ရာက အထူးသဖြင့် အမေရိကန်တို့ ဥရောပနိုင်ငံတွေက ပြောနေတာဗမာပြည်မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ နီးနီးရှိတယ်။ ဒီလူတွေကိုလွတ်ပေးဖို့ အရေးကြီးတယ်ဆိုတာကိုပြောနေတယ်။ မူအရ ဒါဟာသိပ်အရေးကြီးတယ်လို့ ပြောနေတဲ့အခါမှာ ဗမာပြည်နိုင်ငံခြားရေးဝန်ကြီးက ဗမာပြည်မှာ နိုင်ငံရေးကြောင့်ထောင်ကျနေတဲ့သူမရှိဘူးလို့ ပြောတဲ့အခါကြတော့ အဲ့ဒီနှစ်ခုဟာကွာခြားမှုသိပ်ပြီးတော့များနေတယ်။ အဲ့ဒီကိစ္စကိုပီပီပြင်ပြင်မဆွေးနွေးပဲနဲ့  ရှေ့တက်နိုင်ဖို့  အလားအလာတော်တော်နည်းပါလိပ်မယ်။
ဒေါ်သီတာနွယ်- ဟုတ်ကဲ့။ အဲ့လိုမြန်မာအစိုးရနဲ့ အမေရိကန်အစိုးရ နှစ်ဖက်ကြားမှာခုနကပြောတဲ့ အမြင်မတူတာ၊ ကွာဟနေတာကို ညှိ့ နိုင်မဲ့အခြေအနေအလားအလာမျိုးကောတွေ့ ရပါသလား။
ဒေါ်က်တာဇာနည်- ကျနော်ထင်တယ် နေပြည်တော်အစိုးရထဲ့မှာကိုယ်တိုင်ကိုက နိုင်ငံရေးအကျဉ်းသားတွေ ဗမာပြည်မှာရှိသလား၊ မရှိဘူးလားဆိုတာ သူတို့ အချင်းချင်းကိုက ပြန်ပြီးလည်နေတဲ့အနေအထားမျိုးရှိတယ်။ ဘာလို့ လဲဆိုတော့ဦးခင်အောင်မြင့်ကတမျိုးပြော၊ ပြည်ထဲရေးဝန်ကြီးလုပ်တဲ့ဗိုလ်ချုပ်ကိုကိုကတမျိုးပြော၊ နောက် အခုနိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဦး ဝဏ္ဏမောင်လွင်ကတမျိုးပြောနေတော့ ဒီအစိုးရတဖွဲ့ ထဲကို အသံသုံးမျိုးထွက်နေတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနိုင်ငံရေးအကျဉ်းသားတွေ ၂၀၀ လောက်လွတ်ပေးတာက မလုံလောက်ပါဘူးလို့ ပြောတဲ့အခါကြတော့ ဦးဝဏ္ဏမောင်လွင်ကမရှိပါဘူးလို့ ပြောနေတဲ့ဟာကို ဟိုဖက်ကလွတ်ပေးပါလို့ တောင်းဆိုတဲ့အခါကြတော့ ဒီဖက်ကလူတွေဘာကိုလွတ်ပေးမှာလဲ။ အဲ့ဒါကို ကျနော်တို့ စဉ်းစားရမယ်လေး။ ကျနော်ထင်တယ် ပန်ချာဘီစကားနှင့် ဗမာစကားလိုဖြစ်နေတယ်ထင်တယ်။ လုံးဝမတူတဲ့စကားနှစ်ခုပြောပြီးတော့ဆွေးနွေးနေတာဆိုတော့ ဘယ်လိုမှအောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ကျနော်ထင်တယ်။
ဒေါ်သီတာနွယ်- ဟုတ်ကဲ့။ ဒါပေမဲ့နိုင်ငံခြားရေးဝန်ကြီး ဦး ဝဏ္ဏမောင်လွင်က အမေရိကန်နိုင်ငံကိုသွားပြီးတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်တွေ့ ဆုံဆွေးနွေးအပြီးမှာ ယခုခရီးစဉ်းဖြစ်လာတာဆိုတော့ ဒီအမေရိကန် မြန်မာဆက်ဆံရေးအခြေအနေကမြန်မြန်ဆန်ဆန် ပြောင်းလဲလာတဲ့သဘောလို့ ကော်ပြောလို့ မရဘူးလားရှင်။
ဒေါ်က်တာဇာနည်- ပြောင်းလဲလာတယ်လို့ ပြောလို့ ရပါတယ်။ ဒါပေမဲ့ကျနော်တို့ ကနှစ်ခုပေါ့။ တစ်ခုက အမေရိကန်နိုင်ငံကသူ့ အကျိုးစီးပွါးအရ ဗမာပြည်နှင့်ပြန်ပြေလည်ဖို့ ကျိုးစားနေတယ်။ အထူးသဖြင့်နံပါတ်တစ်ကတရုတ်၊ တရုတ်အာဏာကြီးစိုးလာပြီး၊ ပိုက်ဆံချမ်းသာလာပြီးတော့ အာရှတိုက်မှာ လက်ဝါးကြီးအုပ်ဖို့ စပြီးတော့ခြေလမ်းပြင်နေတာကို အမေရိကန်က တုန့်  ပြန်တဲ့သဘောနဲ့  ဗျုဟာပေါ်မှာ မှူတည်ပြီးတော့မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ မူဝါဒကို ပြန်လည်သုံးသပ်ပြီးဒီလိုခြေလမ်းတွေတက်လာတာဖြစ်တယ်။ ဒါပေမဲ့ ဒီလိုလုပ်တဲ့အခါမှာ အမေရိကန်ရဲ့အကျိုးစီပွါးတစ်ခုထဲတစ်ရာ ရာခိုင်နှုန်းရှေတန်းတင်ပြီးလုပ်မယ်ဆိုရင် သူတို့  မှာတော်တော်ခက်မယ်။ ၁၉၈၈ လောက်ကစပြီးတော့ မြန်မာပြည်လူ့ အခွင့်အရေးကိစ္စ ဒီမိုကရေစီ ကိစ္စတွေကိုရှေ့တန်းတင်လာပြီးတော့ အတိုက်အခံတွေတိုင်းရင်းသားတွေအပေါ်မှာ ထောက်ခံမှုပေးခဲ့တာတွေအပေါ်လုံးဝ ၁၈၀ ဒီကရီ ပြောင်းဖို့ ဆိုတာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ ကော် congress အနေနဲ့ ကော်တော်တော်ခက်လိပ်မယ်။ အဲ့တော့အမေရိကန်ရဲ့အကျိုးစီးပွါး အမေရိကန်ရဲ့ဗျူဟာနဲ့  ကျနော်တို့ နိုင်ငံရဲ့လူ့  အခွင့်အရေးတိုးတက်မှု ဒီမိုကရေစီဖွံ့ ဖြိုးမှု အဲ့ဒီနှစ်ခုကိုသူတို့ အနေနဲ့  မျှမျှတတဖြစ်အောင်လုပ်မှပဲအားလုံးအဆင်ပြေမယ်လို့  ကျနော်မြင်တယ်။
LSE လန်ဒန်စီပွါးရေး သက္ကသိုလ် အပြည်ပြည်ဆိုင်ရာ ဖွံ့ ဖြိုးရေးဌာနက မြန်မာပညာရှင် ဒေါက်တာဇာနည်ပါရှင်။
ဒေါ်သီတာနွယ် (BBC) နှင့် ဒေါက်တာဇာနည်မောင် အင်တာဗျူးကောက်နှုတ်ချက်
မိမိတို့ ထင်မြင်ယူဆချက်များနှင့်နှိုင်းယှဉ်သုံးသပ်နိုင်ရန် စုစည်းတင်ပြလိုက်ပါသည်။
စိုးမင်းဦး

0 comments:
Post a Comment