Saturday, October 1, 2011

မေတ္တာသုတ်ရဲ့အနက် သိဖို့လိုသည်

 
မေတ္တာသုတ်တရားတော် English Version

၁။ ယဿာ နုဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ။ ယမှီ စေ၀ါ နုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။

၂။ သုခံ သုပတိ သုတ္တောစ၊ ပါပံ ကိဉ္စိ န ပဿတိ။ ဧ၀ မာဒိ ဂုဏူ ပေတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။

၁။ ဟေ၊ အို သူတော်ကောင်းတို့။ သဿပရိတ္တဿ၊ အကြင်မေတ္တသုတ် ပရိတ်တော်၏။ အာနုဘာဝတော၊ အစွမ်းရှိန်စော် အာနုဘော်ကြောင့်။ ယက္ခာ၊ နတ်အများတို့သည်။ ဘီသနံ၊ ကြောက်မက်ဖွယ်အာရုံများကို။ နေ၀ဒသေန္တိ၊မပြနိုင်ကြကုန်။ ယမှိစေတိ၊ အကြင်မေတ္တသုတ်ပရိတ်တော်၌သာလျှင်။ ရတ္တိန္ဒိဝ၊ နေ့ညမပြတ် အခါခပ်သိမ်း။ အတန္ဒိတော၊ ပျင်းရိခြင်းမရှိပဲ။ အနုယုဉ္ဇန္တော၊ ထပ်တလဲလဲ စွဲမြဲရွတ်ပွားအားထုတ်သူသည်။

၂။ သုခံ၊ ချမ်းချမ်းသာသာ။ သုပတိ၊ အိပ်စက်ရ၏။ သုတ္တော၊ အိပ်ပျော်သည်ရှိသော်။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ပါပံစ၊ အိပ်မက်ဆိုးကိုလည်း။ န ပဿတိ၊ မမြင်မက်ရာ။ ဧ၀မာဒိဂုဏူ ပေတံ၊ ဤသို့အစရှိသော အကျိုးဂုဏ်အင် အာနိသင်နှင့် ပြည့်စုံသော။ တံ ပရိတ္တံ၊ ထိုမေတ္တသုတ် ပရိတ်တော်ကို။ မယံ၊ ငါတို့ သည်။ ဘဏာမ၊ ရွတ်ဆိုကြကုန်စို့။

စကားပြေ။ အို သူတော်ကောင်းတို့- မေတ္တသုတ် ပရိတ်တော်၏ အာနုဘော်ကြောင့် နတ်အများတို့ကြောင့် နတ်အများတို့သည် ကြောက်မက်ဖွယ် အာရုံမျိုးကို မပြနိုင်ပဲရှိကြရသည်။ ထိုမေတ္တသုတ်ပရိတ်တော်ကို နေ့ညမပြတ် ထပ်တလဲလဲ စွဲမြဲရွတ်ပွားကြိုးစားအားထုတ်သူသည် ချမ်းချမ်းသာသာ အိပ်စက်ရ၏။ အိပ်ပျော်သည်ရှိသော် မကောင်းသော အိပ်မက်မျိုးကိုလည်း မမြင်မက်ရပေ။ ဤသို့စသော အကျိုးအာနိသင်နှင့် ပြည့်စုံသော မေတ္တသုတ်ပရိတ်တော်ကို ငါ တို့ ရွတ်ကြကုန်စို့။

၃။ ကရဏီယ မတ္တကုသလေန၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ။ သက္ကော ဥဇူ စ သုဟုဇူ စ၊ သုဝစော စဿ မုဒု အနတိမာနီ။

၎။ သန္တုဿကော စ သုဘရော စ၊ အပ္ပဂဗ္ဘော ကုလေသွ နနုဂိဒ္ဓေါ။

၃။ သန္တံ၊ ငြိမ်သက်အေးချမ်းသော။ ပဒံ၊ နိဗ္ဗာန်ကို။ အဘိသမေစ္စ၊ အာရုံယူဘိ ထွင်းဖောက်မြင်သိ၍ (၀ိဟရိတုကာမေန၊ နေခြင်းငှာ လိမ္မာသူသည်။ ယံ ကရဏီယံ၊ အကြင်ပြုကျင့်ရမည့် သိက္ခာသုံးရက်အကျင့်မြတ်သည်။ အတ္တိ၊ ရှိ၏။ တံ၊ ထိုသိက္ခာသုံးရပ်အကျင့်မြတ်ကို။ ကရဏီယံ၊ ပြုကျင့်ထိုက်ပေ၏။ သက္ကော စ၊ စွမ်းနိုင်သူလည်း။ အဿ၊ ဖြစ်ရာ၏။ ဥဇူ စ၊ ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သုဟုဇူ စ၊ အလွန်ဖြောင့်မတ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ သူဝစော စ၊ ဆိုဆုံးမလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ မုဒု စ၊ နူးညံ့ပျော့ပျောင်းသူလည်း။ အဿ၊ ဖြစ်ရာ၏။ အနတိမာနိ စ၊ မာန်ထောင်လွှားခြင်းမရှိသူလည်း။အဿ၊ ဖြစ်ရာ၏။

၎။ သန္တုဿကော စ၊ တင်းတိမ်ရောင့်ရဲလွယ်သူလည်း။အဿ၊ ဖြစ်ရာ၏။ သုဘရော စ၊ အမွေးအမြူလွယ်သူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပ၊ ကိစ္စော စ၊ နည်းပါးသောကိစ္စရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သလ္လဟုက၀ုတ္တိ စ၊ ပေါ့ပါးသော အဖြစ်မျိုးရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ သန္တိန္ဒြိယော စ၊ ငြိမ်သက်သောဣနြေ္ဒရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ နိပကော စ၊ ရင့်ကျက်သော ပညာရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ အပ္ပဂဗ္ဘော စ၊ ကြမ်းတမ်းရိုင်းပျခြင်းမရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။ ကုလေသု၊ အိမ်သားအိမ်သူလူတို့၌။ အနနုဂိဒ္ဓေါ စ၊ တွယ်တာတက်မက်ခြင်း မရှိသူလည်း။ အဿ၊ ဖြစ်ရာ၏။

စကားပြေ။ ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်ကို ဖောက်ထွင်းသိမြင်၍နေလိုသော အကျိုးစီးပွား၌ လိမ္မာသူသည် ပြုကျင့်ရမည့်သိက္ခာသုံးပါးအကျင့်များကို ပြုကျင့်ရမည်။ ထိုသူကားစွမ်းနိုင်ရမည်၊ ဖြောင့်မတ်ရမည်၊ အလွန်ဖြောင့်မတ် ရမည်၊ ဆိုဆုံးမလွယ်ကူရမည်။ နူးညံ့ပျော့ပျောင်းရမည်၊ မာနမကြီးသူ ဖြစ်ရမည်၊ ရောင့်ရဲလွယ်ရမည်၊အမွေးအမြူလွယ်သူဖြစ်ရမည်၊ ကိစ္စနည်းပါရမည်၊ ပေါ့ပါးသောအဖြစ်မျိုးရှိရမည်၊ ငြိမ်သက်သော ဣနြေ္ဒရှိရမည်၊ ရင့်ကျက်သောပညာရှိရမည်၊ မကြမ်းတမ်းမရိုင်းပျ ယဉ်ကျေးသူဖြစ်ရမည်၊ လူတို့၌တွယ်တာမက်မောခြင်း မရှိသူဖြစ်ရမည်။

၅။ နစခုဒ္ဒမာစရေ ကိဉ္စိ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ။ သုခိနော ၀ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု၊ သုခိတတ္တာ။

၅။ ယေန၊ အကြင်ဒုစရိုက်စု ယုတ်ညံ့သောအမှုကြောင့်။ ၀ိညူ၊ ပညာရှိဖြစ်ကုန်သော။ ပရေ၊ သူတစ်ပါးတို့သည်။ ဥပ၀ဒေယျုံ၊ ကဲ့ရဲ့ပြစ်တင်ကုန်ရာ၏။ ခုဒ္ဒံ၊ ယုတ်ညံ့သော၊ တံ၊ ထိုဒုစရိုက်မျိုးကို။ ကိဉ္စိ၊ အနည်းငယ်ကလေး အသေးအဖွဲမျှကိုပင်။ နအာစရေ၊ မပြုမကျင့်ရာ။ သဗ္ဗသတ္တာ၊ သတ္တ၀ါမှန်သမျှတို့သည်။ သုခိနောဝါ၊ ကိုယ်၏ချမ်းသာခြင်းရှိကုန်သည်လည်းကောင်း။ ခေမိနောဝါ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာခြင်းရှိကုန်သည် လည်းကောင်း။ ဟောန္တု၊ ဖြစ်ကြပါစေကုန်သတည်း။ သုခိတတ္တာဝါ၊ ချမ်းသာရွှင်ပြစိတ်ရှိကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။

စကားပြေ။ ပညာရှိအများသူတစ်ပါးသို့ ကဲ့ရဲ့ပြစ်တင်မည့်ဒုစရိုက်မှု ယုတ်ညံ့သောအမှုမျိုးကို အသေးအဖွဲ့အနည်းငယ်မျှပင်ဖြစ်စေ မပြုကျင့်ပါလေနှင့်။(ထိုနောက် မေတ္တာပွားရမည် မှာ) သတ္တ၀ါမှန်သမျှ ကိုယ်ချမ်းသာကြပါစေ၊ ဘေးရန်ကင်းဝေး အေးချမ်းသာယာကြပါစေ၊ စိတ်လည်း ချမ်းသာကြပါစေ။

၆။ ယေကေစိ ပါဏဘူတတ္တိ၊ တသာဝါ ထာဝရာဝ န၀သေသာ။ ဒီဃာဝါယေ၀ မဟန္တာ၊ မဇ္ဈိမာ ရဿကာ အဏုကထူလာ။

၇။ ဒိဌာ ၀ါ ယေ၀ အဒိဌာ၊ ယေ၀ဒူရေ ၀သန္တိ အ၀ိဒူရေ။ ဘူတာ ၀ သမ္ဘဝေသီဝ၊ သဗ္ဗသတ္တာ ဘ၀န္တု၊ သုခိတတ္တာ။

၆။ အန၀သေသာ၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ ယေတသာ ၀ါ၊ အကြင်ထိတ်လန့်တက်သော ပုထုဇဉ်သေက္ခတို့သည်လည်းကောင်း။ ယေ ထာဝရ ၀ါ၊ အကြင်မထိတ်လန့် တည်တံ့ခိုင်မြဲသော ရဟန္တာတို့သည် လည်းကောင်း။ ယေဒီဃာဝါ၊ အကြင်ခန္ဓာကိုယ်ရှည်လျား သတ္တ၀ါများတို့သည်လည်းကောင်း။ ယေမဟန္တာဝါ၊ အကြင်ခန္တာကိုယ်ကြီးမားသတ္တ၀ါများတို့သည် လည်းကောင်း။ ယေမဇ္ဈိမာ ၀ါ၊ အကြင် ပုကွနိမ့်တို ခန္တာကိုယ်ရှိသော သတ္တ၀ါတို့သည်လည်းကောင်း။ ယေအဏုကထူလာ၊ အကြင်သေးငယ်မှုံမွှားသတ္တ၀ါများတို့သည် လည်းကောင်း။

၇။ ယေအဒိဌာဝါ၊ အကြင်မမြင်ဖူးသော သတ္တ၀ါတို့သည်လည်းကောင်း။ ယေ အ၀ဒူရေ ၀သန္တိ၊ အကြင်အဝေးအရပ်၌နေကြသော သတ္တ၀ါတို့သည်လည်းကောင်း။ ယေ အ၀ိဒူရေ ၀သန္တိ၊ အကြင်အရပ်၌နေကြသော သတ္တ၀ါတို့သည်လည်းကောင်း။ ယေ ဘူ တာဝါ၊ အကြင်နောက်တစ်ဖန်ဘ၀အသစ်၌ ပြန်မဖြစ်သော ရဟန္တာ တို့သည် လည်းကောင်း။ ယေသမ္ဘဝေသီ ၀ါ၊ နောင်ဖြစ်ရမည့်ဘ၀ကိုရှာ အကြင်ပုထုဇဉ် သေက္ခသတ္တ၀ါတို့သည်လည်းကောင်း။ ယေကေစိ၊ အလုံးစုံသော။ ပါဏဘူတာ၊ သတ္တ၀ါတို့သည်။ အတ္တိ၊ ရှိကုန်၏။ ဣမေပိ သဗ္ဗသတ္တာ၊ ဤအလုံးစုံသော သတ္တ၀ါတို့သည်လည်း။ သုခိသတ္တာ၊ ချမ်းသာအေးမြ ကိုယ်စိတ်နှစ်ပါးရှိကြကုန်သည်။ ဘ၀န္တု၊ ဖြစ်ကြပါစေကုန်သတည်း။

စကားပြေ။ လုံးစုံသော ထိတ်လန့်တက်သော ပုထုဇဉ်သေက္ခများ၊ မထိတ်မလန့်တက်သော ရဟန္တာပုဂ္ဂိုလ်များ၊ ကိုယ်ခန္ဓာရှည်လျားသော သတ္တ၀ါများ၊ ပုကွနိမ့်တိုကိုယ်ရှိသော သတ္တ၀ါများ၊ သေးငယ်မှုံမွှားသော သတ္တ၀ါများ၊ ဆူဖြိုးဝိုင်းဝန်းသော သတ္တ၀ါများ၊ မြင်ဖူးသောသတ္တ၀ါများ၊မမြင်ဖူးသောသတ္တ၀ါများ၊ အဝေး၌နေသောသတ္တ၀ါများ၊ နောင်ဘ၀အသစ် မဖြစ်တော့သော ရဟန္တာများ၊ နောင်ဘ၀အသစ်ရှာမှီးတတ်သော သေက္ခပုထုဇဉ်များ၊ လောကရှိ ဤသတ္တ၀ါအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

၈။ န ပရော ပရံ နိကုဗ္ဗေထ၊ နာ တိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည နာည မညဿ ဒုက္ခမိစ္ဆေယျ။

၈။ ပရော၊ တစ်ပါးသူတစ်ယောက်သည်။ ပရံ၊ သူတစ်ပါးဟု အခြားသူတစ်ယောက်ကို။ န နိကုဗ္ဗေထ၊ စဉ်းလဲသမှု လှည့်ပတ်ခြင်း မပြုပါစေလင့်။ ကတ္ထစိ၊ တစ်စုံတစ်ခုသောအရပ်၌(ဘယ်အရပ်မှာမဆို)။ ကိဉ္စိ၊ တစ်စုံတစ်ယောက်သော။ နံ၊ ထိုသူတစ်ပါးကို။ နတိမညေထ၊ မာန်ထောင်သမှု မထီမဲ့မြင်မပြုပါစေလင့်။ ဗျာရောသနာယ၊ ကိုယ် နှုတ်တို့ဖြင့် စော်ကားထိပါးနှိပ်စက်ခြင်းဖြင့် လည်းကောင်း။ ပဋိဃ သညာယ၊ ဒေါသစိတ်ဖြင့် လည်းကောင်း။ အညမညဿ အချင်းချင်း (တစ်ယောက်သည်တစ်ယောက်)၏။ ဒုက္ခံ၊ ဆင်းရဲခြင်းကို။ နဣစ္ဆေယျ၊ အလိုမရှိပါစေလင့်။

စကားပြေ။ သူတစ်ယောက်သည် အခြားသူတစ်ယောက်ကို စဉ်းလဲလှည့်ပတ်မှု မပြုပါစေနှင့်၊ ဘယ်အရပ်မှာမဆို ဘယ်ပုဂ္ဂိုလ်တစ်ယောက်ယောက်ကိုမျှ မထေမဲ့မြင် မပြုပါစေလင့်။ ကိုယ်၊ နှုတ်တို့ဖြင့် ထိပါးနှိပ်စက်ခြင်းဖြင့် လည်းကောင်း၊ ဒေါသစိတ်ဖြင့် လည်းကောင်း၊အချင်းချင်းတစ်ယောက်သည် တစ်ယောက်၏ ဆင်းရဲမှုကို အလိုမရှိပါစေလင့်။

၉။ မာတာ ယထာ နိယံပုတ္တ မာယုသာ ဧကပုတ္တ မနုရက္ခေ ဧ၀မ္ပိ သဗ္ဗဘူတေသု၊ မာနသံ ဘာဝယေ အပရိမာဏံ။

၉။ မာတာ၊ မွေးသည့်မိခင်ကျေးဇူးရှင်သည်။ နိယံပုတ္တ၊ မိမိရင်နှစ်သားရင်းဖြစ်သော။ ဧကပုတ္တံ၊ တစ်ဦးတည်းသော သားကို။ အာယုသာ၊ မိမိအသက်ဖြင့်သော်ပင်။ အနရက္ခေယထာ၊ အစဉ်မကွာ ကွယ်ကာစောင့်ရှောက်ဘိသကဲ့သို့။ ဧ၀မ္ပိ၊ ဤအတူလည်း။ သဗ္ဗဘူတေသု၊ အလုံးစုံသော သတ္တ၀ါတို့၌။ အပရိမာဏံ၊ အတိုင်းအတာပမာဏမရှိသော။ မာနသံ၊ မေတ္တာစိတ်ကို။ ဘာဝယေ၊ အကြိမ်ကြိမ်အခါခါ ပွားများရာ၏။

စကားပြေ။ မွေးမိခင်သည် မိမိ၏ ရင်သွေးဖြစ်သော တစ်ဦးတည်းသော သားကို မိမိအသက်နှင့်လဲ၍ပင် အစဉ်ကာကွယ်စောင့်ရှောက်ဘိသကဲ့သို့ ထို့အတူ သတ္တ၀ါအားလုံးတို့၌ အတိုင်းအတာပမာဏရှိသော မေတ္တာစိတ်ကို ပွားများပါလေ။

၁၀။ မေတ္တဉ္စ သဗ္ဗ-လောကသ္မိ၊ မာနသံ ဘာဝယေ အပရိမာဏံ။ ဥဒ္ဒံ အဓော စ တိရိယဉ္စ၊ အ-သမ္ဗာဓံ အ-ဝေရ မ-သပတ္တံ။

၁၀။ ဥဒ္ဓံ၊ အထက်လောက အရူပဘ၀၌ လည်းကောင်း။ အဓော၊ အောက်ပြည်လောက ကာမဘ၀၌ လည်းကောင်း။ တိရိယံ၊ အလယ်လောက ရူပဘ၀၌ လည်းကောင်း၊ သဗ္ဗလောကသ္မိ၊ အလုံးစုံသောလောက၌။ အပရိမာဏံ၊ အတိုင်းအတာ ပမာဏ မရှိသော။ မေတ္တံ၊ မေတ္တာနှင့်ယှဉ်သော။ မာနသံ၊ စိတ်ကို။ အသမ္ဗာဓံ၊ အပိုင်းအခြားကင်း ကျဉ်းမြောင်းခြင်းမရှိသည်ကို။ အဝေရံ၊ ဒေါသဟူဘိ အတွင်းရန်လည်း မရှိသည်ကို။ မ-သပတ္တံ၊ နှိပ်စက်ရန်မူ အပရန်သူလည်းမရှိသည်ကို ( ကတွာ ပြု၍ ) ဘာဝယေ၊ ပွားများရာ၏။

စကားပြေ။ အထက်အရူပဘ၀၊ အောက် ကာမဘ၀၊ အလယ်ရူပဘ၀ အလုံးစုံသောလောက၌ ပိုင်းခြားကန့်သတ်ချက်မရှိသော မေတ္တာစိတ်ကို အပိုင်းအခြားကင်းကျဉ်းမြောင်းခြင်းမရှိအောင် ဒေါသဟူသော အတွင်းရန်မရှိအောင် အပရန်သူလည်း မရှိအောင် ပွားများပါလေ။

၁၁။ တိဌံ စရံ နိသိန္နောဝ၊ သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ။ ဧတံ သတိ အဓိဌေယျ၊ ဗြဟ္မမေတံ ၀ိဟာရ မိဓ မဟု။

၁၁။ တိဌံ ၀ါ၊ ရပ်လျက်သော်လည်းကောင်း။ စရံ ၀ါ၊ သွားလျက်သော်လည်းကောင်း။ နိသိန္နော ၀ါ၊ ထိုင်လျက် သော်လည်းကောင်း။ သယာနော ၀ါ၊ အိပ်လျက်သော်လည်းကောင်း။ ယာဝတာ၊ အကြင်မျှလောက်။ ၀ိတ မိဒ္ဓေါ၊ ကင်းသောအိပ်ခြင်းငိုက်မြည်းခြင်းရှိသည်။ အဿ၊ ဖြစ်ရာ၏။ အထ၊ ငိုက်မြည်းခြင်းကင်းထိုအချိန်အတွင်း၌။ ဧတံ သတိ၊ ထိုမေတ္တာယှဉ်ဘိဈာန်သတိကို။ အဓိဌေယျ၊ စွဲမြဲမကွာ ဆောက်တည်ရာ၏။ ဣဓ၊ ဤဘုရား သာသနာတော်၌။ ဧတံ၊ ဤမေတ္တာမကင်း ဈာန်ဖြင့် နေခြင်းကို။ ဗြဟ္မံ၊ ထူးမြတ်သော၊ ၀ိဟာရံ၊ နေခြင်းမျိုးဟူ၍။ အာဟု၊ မြတ်ဘုရားတို့ ဟောကြားတော်မူကုန်ပြီ။

စကားပြေ။ ရပ်လျက်ဖြစ်စေ၊ သွားလျက်ဖြစ်စေ၊ ထိုင်လျက်ဖြစ်စေ၊ အိပ်လျက်ဖြစ် ငိုက်မြည်းခြင်းကင်းနေသောအချိန်မှာ မေတ္တာဈာန်သက်ကို စွဲမြဲစွာ ဆောက်တည်ရာ၏။ ဤဘုရားရှင် သာသနာတော်၌ ဤမေတ္တာဈာန်သတိဖြင့်နေခြင်းကို ဗြဟ္မ၀ိဟာရ ( ထူးမြတ်သောနေခြင်းမျိုးဟူ၍ ) ဘုရားရှင်များ ဟောကြားတော်မူခဲ့ပါသည်။

၁၂။ ဒိဌိဉ္စ အနုပဂ္ဂမ္မ၊ သီလ ၀ါ ဒဿနေန သမ္ပန္နော။ ကာမေသု ၀ိနေယျ ဂေဓံ၊ န ဟိ ဇာတုဂ္ဂမ္ဘသေယျ ပုနရေတိ။

၁၂။ သော၊ ထိုမေတ္တာဈာန်ရပြီးသော ယောဂီပုဂ္ဂိုလ်သည်။ ဒိဌိဉ္စ၊ အတ္တ ဒိဌိသို့လည်း။ အနုပဂ္ဂမ္မ၊ မစွဲသူမကပ်ရောက်ပါ၍။ သီလ၀ါ၊ လောကုတ္တရာ သီလရှိသူသည်။ ဒဿနေန၊ သောတာပတ္တိမဂ်ဉာဏ်နှင့်။ သမ္ပန္နော၊ ပြည့်စုံသူသည်။ ( သမာနော၊ ဖြစ်လျက် )။ ကာမေသု၊ ၀တ္တုအာရုံကာမဂုဏ်တို့၌။ ဂေဓံ၊ ကိလေသာဖြင့် တွယ်တာမက်မောခြင်းကို။ ၀ိနေယျ၊ တစမကြွင်း အရှင်း ပယ်ရှားပြီးသော်။ ဇာတု၊ စင်စစ်ဧကန် အမှန်ပင်။ ပုန၊ နောက်ထပ်တစ်ဖန်။ ဂဗ္ဘသေယျံ၊ ပဋိသန္ဓေ တည်နေခြင်းသို့။ နဟိဧတိ၊ မရောက်ရတော့ပေ။

စကားပြေ။ ထိုမေတ္တာဈာန်ရပြီးသော ယောဂီသည် အတ္တဒိဌိ အစွဲမရှိအောင်ပြု၍ လောကုတ္တရာသီလရှိသော သောတာပတ္တိ မဂ်ဉာဏ်နှင့်ပြည့်စုံသူဖြစ်လျက်ဝတ္တုအာရုံကာမဂုဏ်တို့၌ ကိလေသာဖြင့် တွယ်တာခြင်းကို အရှင်းပယ်ရှားပြီးသော် အမှန်ပင် နောက်တစ်ဖန် ပဋိသန္ဓေမနေရတော့ပေ။

''မေတ္တာသုတ်ပြီး၏''
Htar Htar Moe METTA SUTTA

1. Yessa nubhavato yakkha.neva dassenti bhisanam.yamhi ceva' nuyunjanto.rattimdiva matandito.

2. Sukham' sup ati sutto ca.pa pam kimci na p assati.eva' madi gunu' pet am. parittam tam bhanama he.


Due to the power of discourse on Metta, S pirits dare not disclose the frightful sights. One who devotes to himself this discourse day and night diligently. Sleep happily, and does not see any frightening dream when he asleep. Oh good-will dear devotee (dear friends). Let us chant this Sutta endowed with such and other glories and benefits.

3. Karaniya' matthakusalena.yanta santam padam, abhisamecca.sakko Uju ca suhuju ca.suvaco ca'ssa mudu anatimani.

4. Santussako ca subharo ca.appakicco ca sallahukavutti,santindriyo ca nipako ca,appagabbho kuleswa' namugiddho.


He who is skilled in doing welfare, who wishes to attain the state of calm, should act; He should be capable, upright, perfectly upright, easy to speak to, gentle, and humble. Contented, easy to support, having few responsible, simple in livelihood, serene in faculties, prudent, modest, not be greedily att ached to families.

5. Na ca Khudda' macara kinci,Yena vi nnupara upavadeyum,sukhino va khmino hontu,sabbasvatta bhavantu sukhiatta.


He must not commit even the slightest sin for which otherwise men might censure him. He must contemplate thus;- May all beings be happy, may all being be secure, may all beings be happy-midded.

6. Ye keci panabhutatthi,tasa va thavarava navasesa.diga va yeva mahanta,majjhima rassaka anukathula.

7. dattha va yeva adittha,yeva dure vasanti avidure.bhutava sambhavesvasabbasatta bhavantu sukhitatta.


whatever living beings there may be: feeble or strong: tall, medium or short: small, medium or large, thin medium or short, may all beings, without exception, be happy and secure, may all being be happy minded. whatever living beings there may be: seen or umseen, those dwelling far or near, those who are already born or those who are to be born, without exception, may all beings be happy, secure and be happy mined.

8. Na paro param, nikubbetha, na' timannetha katthaci na kinci. byarosana patigha sanna, nannamannassa dukkha' micheya.

A. Let none be angry with another in anyplace.
B. Let none be despised anyone in anyplace
C. Let anyone not wishes another's misery because of anger or ill will.
D. Let anyone not wishes another's suffering by frustrated enmity.
E. Let anyone not wish another's harm by means of physical and verbal actions, out of anger or ill will.

9. Mata yatha niyamputta, mayusa ekaputta manurakke, evampi shbhabhytesu, manasam bhavaye apprimanam.


Just as a mother, who has only son of her own, would protect him at the risk of her life, even so, Let anyone permeate the boundless rays of pureheart towards being in the entire world.

10. Mettanca sabbatokasami,manasam bhavaye aprimanam.Uddham adho ca tiriyanca,sambadham avera' ma sapattam.


Let everybody radiate the measureless radiants of the though of lovingkindness towards all beings in every cornor of the world, to the above, below and across without any obstruction, without any hatred, without any enmity.

11. Tittham caram nisinnova,sayano yavatassa vitamiddho.etam satim adhittheya,brahmametam vihara' midha' mahu.


while anyone in standing, walking, sitting or lying down, as long as be is awake without sloth, he should developed this mindfulness of love. They said that this is the Highest Conduct and this is called the Noble Living here and now.

12. Ditthainca anupaggamma,silava dassanena sampanno.kamesu vincyya gedham,na hi jatugabbhaseya puna'reti.


If the meditator, without falling into wrong view (egoism) being virtuous, endowed with perfect insight, has expelled the desires of sensual pleasure, he will never come surely to be reborn again in any womb.

"THE END OF DISCOURSE ON LOVE"

--
ခံစားတဲ့ စိတ်ထက် တွေးခေါ်တဲ့စိတ်ကို ပိုလက်ခံပါ ။
ထိုင်းမှိုင်းတဲ့ စိတ်နဲ့ ထက်မြက်တဲ့စိတ် ကွဲပြားသွားပါလိမ့်မည် ။
https://barnay.wordpress.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...