ရွှေလက် ငွေလက် ပတ္တမြား လက်မလို
ကျန်းမာရေးနှင့်
ပတ်သက်၍ သန့် ရှင်း မှုအရေးကြီး ကြောင်း လူတိုင်း သိကြ ပြီဖြစ် ပါသည်။ သန်
့လေးသန့် ဆိုသည့် ရေသန့် ၊ လက်သန့် ၊ အစာသန့် ၊ ပတ်ဝန်း ကျင်သန့် 
ရှင်းရေး အကြောင်း များလည်း ကြား ဖူးကြ ပေလိမ့်မည်။ ယင်းအထဲမှ ယခုတင်ပြ
လိုသည်မှာ လက်သန့် ရှင်းရေးအကြောင်း ပင်ဖြစ်ပါသည်။ တကယ်တော့ လက်သည်
ခန္ဓာကိုယ်၏ အရေးပါသော အစိတ်အပိုင်း တစ်ခုဖြစ်သလို သန့် ရှင်းရေးအတွက် လည်း
အရေးကြီး သော နေရာတစ်ခုလည်း ဖြစ်ပါသည်။
လက်သည်လှုပ်ရှားမှုအများဆုံးနေ ရာနှင့်ပိုးမွှားရောဂါတို့  ကပ်ညိအလွယ်ဆုံး နေရာပင်ဖြစ် ပါသည်။ လူတို့ အလွယ်တကူ အသုံးပြုနိုင်ဆုံးနေရာလည်းဖြစ်ပါသည်။ လွယ်ကူစွာပင် လစ်လျူရှူ နိုင်သော နေရာ လည်းဖြစ်ပါသည်။ ဟိုကိုင်သည်ကိုင်အ လုပ်ဆုံး နေရာ ကလည်း လက်မ ဟုတ်ပါ လား၊
ထိုပါလေရာလက်ဖြင့် မျက်စိကို ပွတ်တတ်သည်။ နှာခေါင်းကို ကိုင်သည်၊ ပါးစပ်ထဲကိ လည်းရောက် တတ်သည်။ ခန္ဓာ ကိုယ်အစိတ် အပိုင်းမျိုးစုံသို့ အလည်အပတ် မကြာခဏ ရောက်လေ ရှိသည်။ ကဏှာ မငြိမ်ဆုံးက လက်ပင်ဖြစ်သည်။ သည်လို နှင့်ပင်ရောဂါတွေ ကူးစက် ကုန်ကြ လေသည်။
အလေ့အကျင့်မှသည် အလေ့အထများ ဖြစ်လာကြကုန်သည်မဟုတ်လော။ လက်နှင့် ထိတွေ့မှုများ ကိုလည်း သတိထားရ မည်ဖြစ်ပါသည်။ (Touch awareness) လက်နှင့်တွေ့ကရာ မထိတွေ့ သင့်ပါ။ ထိတွေ့စရာတွေကလည်းအများ သား၊ ဘယ်လိုမှ ရှောင်ကွင်းလို့ မရနိုင်။ ဥပမာ တံခါးလက်ရမ်းများ၊ အိမ်သာတံ ခါးလက်ကိုင်များ၊ ကားလက်တန်းများ၊ လက်ဆွဲနှုတ်ဆက်မှုများ စသည်စသည် လက်ကတဆင့်ကူးစက်နိုင်သောရောဂါများ အကြောင်းလည်း သိကြမည်ဖြစ် ပါသည်။ မျက်စိနာဗိုင်းရပ်ပိုး(သို့ )ဘက်တီးရီး ယားပိုးသည် ထိတွေ့မှုမှတဆင့်ကူးစက် တတ်သည်ကိုမေ့နေတတ်ကြသည်။ အဆို ပါထိတွေ့မှုတွေင်လည်း လက်သည် အဓိ က တရားခံဖြစ် သည်ကိုသတိ မမူမိကြ။ ရောဂါပိုးရှိသူမှတဆင့်ရောဂါပိုးသည် နည်း မျိုးစုံဖြင့် အဓိကဖြန့် ဖြူးရေးဌာနဖြစ်သည့် လက်သို့  ရောက်ရှိလာကြသည်။ သို့ ဖြစ် ရာ လက်သန့် ရှင်းမှ (Hand Hygiene ) သည် အရေးကြီးသည်မှာ ဘာမှ အငြင်းပွား စရာမရှိ။ လက်က ခဏခဏဟိုကိုင်သည် ကိုင်လုပ်စရာမလိုပါ။
လုပ်မိပါကလည်း လက်ကိုစနစ်တကျဆေးကြောသန့် စင် ရန်လိုအပ် သည်။ နာမည်ကြီး ကမ္ဘာ့ လူတုပ်ကွေးရောဂါ တုန်းကလည်း လက်နှင့်ထိမှုတွေ့မှု သတိ ပြုစရာတွေကိုတွေ့ကြုံခဲ့ရသည်။ တုပ်ကွေးရောဂါလည်းထို့ အတူပင်။ လေမှတဆင့် အမှုန်အမွှားမှ တဆင့်ကူး စက်တတ်သည့် အားလျော်စွာ သည်နေရာ မှ တကယ့်ပို့ ဆောင်ပေးရာ လက်က အရေးပါလာပြန်သည်။ ထိုရောဂါပိုးတို့  တစ်နေရာမှ တစ်နေရာသို့  ဖြန့် ဖြူးရာ တွင်လေသာမက လက်ပါတ စခန်းထ လာပြန်သည်။ သည်ရောဂါအတွက်လူထု သို့ လှည့်လည် ပညာပေးစဉ် အခါက ဟိုကိုင်သည်ကိုင် နှာခေါင်းကိုင် ကိုင်သည့်လက်များသတိထားဟု စာချိုးလေး ပင်ဖွဲ့ခဲ့ဖူးသည်။
ထိတွေ့မှုကိုသတိပြုဖို့  အဓိကထား ပြောကြားခဲ့ကြသည်။ ထိတွေ့မှုသည် အဓိ ကအားဖြင့် လက်ကစခဲ့ကြသည်မဟုတ် လေ။ အဲသည်အချိန်က လက်ဆွဲနှုတ်ဆက် ဖို့ ကိုပင် အထူး သတိထား ခဲ့ကြ ရသည်။ ထိုအချိန်က လေဆိပ်များကားဂိတ် များလူအများစုဝေရာနေရာများတွင် လေ မှ တဆင့်ကူးစက်ခြင်းကိုသာမကထိတွေ့ မှုကိုပါသတိထားရန်လက်သန့် ရှင်းရေးကို အလေး ထားပြီး စနစ်တကျလက်ကို ဆေး ကြောရန်ပညာပေးခဲ့ကြသည်။ အစားအသောက်သန့် ရှင်းရေးသတိ ထားမှုအားနည်းသေးသည်ကိုတွေ့ရှိနေရပါ သည်။
လက်သန့် ရှင်းမှုပိုင်းနှင့် ပတ်သက် ပြီးလူတွေမှာ အသိရောအမူအကျင့်ပါ ပြောင်းလဲဖို့ လိုနေသည်ကို တွေ့ရပါသည်။ အိမ်နီးချင်းနိုင်ငံတွင်ပင် အစားအသောက် နှင့်ပတ်သက်လို့  စီမံထား တာလေး တွေ ကိုသူတို့ မြို့ပြမှ လမ်းဘေး ဈေးဆိုင်တွေ မှာ တွေ့တော့အမှန် တကယ်ပင်ကိုယ့်နိုင်ငံ မှာလည်း ဘာလို့ မဖြစ်နိုင်ရမှာလဲဟုတွေး မိပါသည်။ ရန်ကုန်မြို့တော်သည်ယခင်က အရှေ့ တောင် အာရှတွင် နာမည်ကြီးကာ အိမ်နီးချင်းနိုင်ငံတွေက ပင်မော့ကြည့်ရ သည့် မြို့ကြီးတကယ်ဖြစ်ခဲ့ပါသည်။ သည်လို ဂုဏ်ပုဒ်တွေကိုပြန်လည်ရယူနိုင် ရန်ကြိုးစားရ မည်သာ ဖြစ်ပါသည်။ အစား အသောက် များပြင်ဆင် ရောင်းချမှုတွင် အထူးသဖြင့် လမ်းဘေးဆိုင်များတွင် ဘေး ကင်းမှုပိုင်ဆိုင်ရာတွင် အားနည်းနေသည် ကိုတွေ့ရပါသည်။
ဒါကလည်းစားသုံးသည့် သူတွေအပေါ်မှာ လည်း တာဝန် တစ်စိတ်တစ် ပိုင်းရှိသည် ကိုတွေ့ရပါသည်။ ဥပမာပြရ လျှင် လမ်းဘေးအသုတ်ဆိုင်များတွင် ရောင်းချသူများသည် ပြင်ဆင်ရာတွင် သန့်  ရှင်းမှုနည်းပါး သည်ကိုတွေ့ရပါသည်။ သည် လက်ဖြင့်ပင် အသုတ် ကိုနယ်သည် သည် လက်ဖြင့်ပင် ဟိုကိုင်သည်ကိုင်လုပ်သည်။ သည်လက်ဖြင့်ပင် ပိုက်ဆံငွေကြေးကိုင် တွယ်သည်။ ဘာအကာ အကွယ်မှမရှိ။ စား သည့်သူတွေက လည်း ရဲရဲတောက်သတ္တိ ဖြင့်စားကြသည်။ ရောင်းသူဝယ်သူအသံတူ ကြပါသည်။ မည်သူတွင်တာဝန်ရှိနေသ နည်း။ ယင်ကောင်တွေကလည်း တအုံး အုံး။ ပျော်မဆုံး။ ဦးလေးတစ်ယောက်က ပြောဖူးသလို တစ်ခါက လက်တွင်ြွကက် နို့ ပေါက်နေသောဈေးသည်တစ်ဦးသည် အသုတ်န.ယ်ပေးရင်းထိုကြွက်နို့ ပြုတ်ထွက် သွားကာ ဘယ်သူအသုတ်ပန်းကန်ထဲ ပါသွားမည်မသိဟု ဆိုပါသည်။ မိမိကိုယ် တိုင်ပင် မသန့် ရှင်းသောလက်ဖြင့် အစား အစာများကိုင်တွယ်မစားသုံးမိရန်ကြိုးစား ကာသတိထားနေရချိန်တွင် ဘာမဆို ဂရု မစိုက်စားရဲ သောသူများသည်ပဲ သတ္တိရှိ သည်လား။ လက်ဆိုသည်ကသတိထားရ မည့်အရာဖြစ်သည်။
လူတွေ (တချို့)ကလည်း ကိုယ့်မှာ ဝမ်းနှင့်ပတ်သက်သောရောဂါဖြစ်ပွားနေ သည့်တိုင် အစားအသောက်နှင့်ကိုင်တွယ် ပြင်ဆင်မှုပိုင်း ကိုထည့်မတွက်၊ ဘာစားမိ လို့ ပဲ စသည့် စားသောက် မိသည့်အစာအ မျိုးအစားကိုသာ ရိုးမယ်ဖွဲ့တတ်ကြသည်။သန့် လေးသန့် ဆိုပြီးလည်း ပညာပေးမှုတွေ လုပ်နေကြသည်။ လက်သန့် ဖို့ လူတွေကို ပညာပေးဖို့ အတွက် ဆက်လက်လုပ် ဆောင်စရာတွေရှိနေဦးမည်သာဖြစ်ပါသည်။ စနစ်ကျလက်ဆေးကြောသောနည်း (Proper Hand Washing Technique) အတိုင်း ဆေးကြော တတ်ဖို့ ကိုယ်တိုင်လည်း ကျင့်ထပ်ဆင့် ပညာပေးဖို့ လည်းလိုအပ်ပေ မည်။ သန့် ရှင်းသောလက်ဖြစ်ရန် အစဉ် အမြဲကြိုးစားရမည်ဖြစ်သည်။ ရွှေလက်ငွေ လက်ပတ္တမြား လက်မလို။ သန့် ရှင်းသော လက်သာလိုသည်။
ဒေါက်တာသက်နိုင်မောင်

0 comments:
Post a Comment