Saturday, October 8, 2011

လူ့အဖွဲ့အစည်းအတွက် အိုင်ဒီယာ (၁၀) ခု

ဂျူး
ကျွန်တော့်ရဲ့ ကြမ္မာဟာ ခင်ဗျားရဲ့ ကြမ္မာနဲ့
ပူးတွဲချည်နှောင်းထားပြီးသားပါ
ပြောရရင် တစ်လှေတည်းစီး ခရီးသည်တွေမို့
“ခင်ဗျား ဘက်ကလှေတော့နှစ်တော့မယ်…..” လို့
ပြောလိုမရသလိုပါပဲ။

          မာဆယ်ပရုစ်တ်က ပြောဖူးပါတယ်။
          “ရှာဖွေတွေ့ရှိခြင်းရဲ့ တကယ့်ခရီးဟာ နယ်မြေသစ်တွေကို လိုက်ရှာခြင်းနဲ့ဖွဲ့စည်းထားတာမဟုတ်၊
မျက်လုံးအသစ်များဖြင့် မြင်တတ်ခြင်းနဲ့ ဖွဲ့စည်းထားတာပါ…..”  တဲ့။
          ဒီတော့ လူ့အဖွဲ့အစည်းကို ကျွန်တော်တို့ မျက်လုံးအသစ်နဲ့ကြည့်ရအောင်။

          လူ့အဖွဲ့အစည်းဆိုတာ ပထ၀ီမြေပုံ တစ်ခုပေါ်ကနေရာ တစ်နေရာအဖြစ်ထက် ပိုပါတယ်။ လူ့အဖွဲ့အစည်းဆိုတာ စိတ်အခြေအနေ တစ်ခုပါ။ မျှဝေခံစားတဲ့အမြင်တစ်ခုပါ။ ဆင်တူ ကံကြမ္မာ တစ်ခုပါ။လူ့အဖွဲ့အစည်းတစ်ခုမှာ လူမှု ဗိသုကာတွေ လိုအပ်ပါတယ်။လူမှုဆိုင်ရာ တံတားဆောက်သူတွေ၊ မြဲမြံခိုင်မာတဲ့နှောင်ဖွဲ့မှုတွေကိုတည်ဆောက်ပေးမယ့်ဆောက်လုပ်ရေး အင်ဂျင်နီယာတွေ၊ တံတိုင်းနဲ့ အတားအဆီးကို ဖြိုချပေးမယ့် သူတွေလိုပါတယ်။
          လူမှုအဖွဲ့အစည်းဆိုတာသီးသန့်အာရုံစိုက်မှုတွေ၊ အလုပ်မြတ်နိုးကြားမှုတွေ၊ခံနိုင်ရည်သတ္တိတွေနဲ့ ဖွဲ့စည်း ထားတာဖြစ်တယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ လက်ထဲကနေ ကျွန်တော်တို့သားသမီးတွေရဲ့ လက်ထဲကိုမလွဲ မသွေ လက်ဆင့်ကမ်းပေးလို့ရတဲ့ အရာလည်းမဟုတ်ပါဘူး။ လူအဖွဲ့အစည်းဆိုတာ အာမခံ ပစ္စည်းတစ်ခုလဲ မဟုတ်။ အစဉ်ဆက်မပြတ် စိန်ခေါ်မှုတစ်ခုသာဖြစ်ပါသည်။
          အရည်အချင်းဆိုတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ကျွန်တော်တို့ ဘယ်လိုတည်ဆောက်ကြမလဲ ။ ဒါဟာ
အလွန်အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။ ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်းကောင်းတစ်ရပ် မတည်ဆောက် နိုင်ခဲ့တဲ့ နိုင်ငံတွေရဲ့ ကြေကွဲဖွယ် ရလဒ်များကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတယ်။ဘော့စနီးယားနှင့် ကိုဆိုဗိုမှာ၊သီရိလင်္ကာမှာ ၊ကွီဘက်မှာ၊ ရ၀မ်ဒါမှာ။
          တကယ်တော့ အဇာဘိုင်ဂျန်နဲ့ ဘော့စနီးယားမှာဒ်ီကေ ဖြစ်ပျက်နေတာတွေဟာ ကွန်မြူနစ်ဝါဒ ကျဆုံး
ခြင်းမဟုတ်ပါဘူး။ ဒါဟာ လူ့အဖွဲ့အစည်း ကျဆုံးခြင်းပါ။ ဆာ့ဘ်လူမျိုးတွေ၊ဆလိုဗေးနီးယန်းတွေ၊ ခရိုအက်တွေ၊
ဘော့စနီးယန်းတွေ လူမျိုးအချင်းချင်းသတ်ဖြတ်လာခဲ့ကြတာ မာ့က်စ် မမွေးဖွားမှီ ပဝေသဏီကတည်းကပါ။
တကယ်ဆိုရင် ဘော့စနီယားနိုင်ငံက လူမျိုးတွေက အမေရိကန်ပြည်ထောင်စုလောက်တောင် အမျိုးအစားကွဲ
ပြားမှု များခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ လူ့အဖွဲံအစည်း တစ်ခုကို တည်ထောင်နိုင်ခဲ့တယ်။ဒါက
ကျွန်တော်ရဲ့ အားသာချက် ဒါမှမဟုတ်လျှို့ဝှက်ချက်ပေါ့။ပထ၀ီဒေသတစ်ခုကိ အတူမျှဝေ နေထိုင်တဲ့အခါ ဘာ
သာစကားလည်း မျှဝေရမယ်၊ယဉ်ကျေးမှုလည်းမျှဝေရမယ်။စံနှုန်းတွေ တန်ဖိုးတွေလည်းမျှဝေရပါလိမ့်မယ်။နား
လည်ထားဖို့က ကျွန်တော်တို့အားလုံးဟာ ကံကြမ္မာကိုပါ မျှဝေခံစားနေရတယ် ဆိုတာပါပဲ။ကျွန်တော့်ရဲ့ကကြမ္မာ
ဟာ ခင်ဗျားရဲ့ ကံကြမ္မာနဲ့ ပူးတွဲချည်နှောင်ထားပြီးသားပါ ။ ပြောရရင်တော့ တစ်လှေတည်းစီး ခရီးသည်တွေမို့
“ခင်ဗျားဘက် လှေတော့ နစ်တော့မယ်”   လို့ ပြောလို့မရသလိုပါပဲ။ဒါကြောင့် ကျွန်တော် ခင်ဗျားတို့ကို ဝေမျှချင်
တာက ကိုယ်ကိုယ်တိုင်ရဲ့လူမှုပတ်ဝန်းကျင်အသစ်ပြင်ဆင်ဖို့ တိုးချဲဖို့ လိုအပ်တဲ့ဆောက်လုပ်ရေး အုတ်မြစ်(၁၀)
ခုအကြောင်းပါပဲ။ အရည်အချင်းရှိတဲ့ လူမှုပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတစ်ခု အတွက် အိုင်ဒီယာ(၁၀)ခုဆိုပါစို့။
အိုင်ဒီယာ အမှတ်(၁)
 
          လူ့အဖွဲ့အစည်းကို လွှဲပြောင်းပစ္စည်းတစ်ခုအဖြစ် မယူဆပါနဲ့။လူ့အဖွဲ့အစည်းကို ထာဝရပြန်လည်တည်
ဆောက်ပြီး ပြန်လည်ဆန်းသစ်နေရမှာဖြစ်တယ်။
          “ကျွန်တော်တို့တွေ ဘယ်လောက်ဘဲ အတ္တကြီးကြီး၊အရည်းအသွေးမဲ့မဲ့၊အစွမ်းကုန်ပျော်လိုက်စားနေနေ
ဘုရားက ကျွန်တော်တို့ကို ကယ်တင်လိမ့်မယ်”   ဆိုတဲ့ အတွေးက တော်တော် အန္တရယ်ကြီးတဲ့ စိတ်ကြီးဝင်
အတွေးပါ။  အချိန်ရဲ့ဖျက်ဆီးမှုမှာ ကြံကြံခံနိုင်စွမ်းတဲ့ တိုင်းပြည်ရယ်လို့ သမိုင်းမှာတစ်ခါမှ မရှိခဲ့ဖူးပါဘူး။သမိုင်း
ဆရာ တွိုင်ဘီ က သတိပေးဖူးတယ်။ကြီးကျယ်တဲ့ နိုင်ငံတွေအားလုံးဟာ တတ်ပြီးရင် ကျရမှာပဲတဲ့။ သမိုင်းကိုခွဲ
စိတ်ကြည့်ရင် နိုင်ငံကြီးတွေ အားလုံးကိုယ့်ကိုယ်ကို သေကြောင်းကြံကြတာကြီးပဲ တဲ့ ။ ဘုရားက ကျွန်တော်တို့
ကို သူ့အလိုအလျောက် ကယ်တင်မှာ မဟုတ်၊ ဘုရားရဲ့ အကူအညီနဲ့ကျွန်တော်တို့ဘာသာ ကယ်တင်ယူရမှာပါ။
          အောင်မြင်တဲ့နိုင်ငံတွေ၊အောင်မြင်တဲ့ လူ့အဖွဲ့အစည်းတွေဟာ ဒီအတိုင်းဖြစ်ပေါ်လာတာမဟုတ်ဘူး။သီး
သန့် အာရုံစူးစိုက်မှုတွေ၊အနစ်နာခံမှုတွေ ၊ အလုပ်ကြိုးစားမှုတွေနဲ့ တည်ဆောက်ခဲ့ရတာ ။ တစ်ယောက်ကိုတစ်
ယောက်ကူညီစောင့်ရှောက်မှုတွေ၊အတူတွဲဖက် လုပ်ကိုင်ဆောင်ရွက်မှုတွေနဲ့တည်ဆောက်ခဲ့ရတာပါ။
          အမေဇုန် ဒဏ္ဍာရီတစ်ခုကို ပြောတယ်။ဘုန်းကြီးတစ်ပါးကို ဘုရားကို နိဗာန်နဲ့ ငရဲအကြောင်းမေးခဲ့ဖူးသ
တဲ့။ဘုရားက ‘ငါငရဲကိုပြမယ်’လို့ပြောပြီး အခန်းတစ်ခုကို ၀င်ကြတယ်။ အခန်းထဲ စားပွဲပေါ်တွင် အလွန်အရသာ
ရှိတဲ့ အမဲသားပေါင်းတစ်ခွက် ရှိတယ်။ ဘေးပတ်လည်မှာတော့ ထိုင်ခုံရှည်တွေနဲ့တွဲပြီးချည်နှောင်ထားခံရတဲ့ လူတွေထိုင်နေတယ်။ အဲဒီလူတွေ အားလုံး ဆာလောင်ငတ်မတ်နေကြတယ်။ သူတို့ဟာ လက်ကိုင်ရှည်ကြီးတွေ
နဲ့ဇွန်းတွေ ကို ကိုင်ထားကြတယ်။သူတို့ဇွန်းတွေက ဟင်းပန်းကန်ဆီကိုတော့ရောက်ပါရဲ့။ဒါပေမယ့် လက်ကိုင်
တွေရှည်လွန်းလို့ ဟင်းကို ခတ်ပြီးတဲ့အခါ  သူတို့ပါးစပ်တွေ ဆီပြန်မရောက်နိုင်ခဲ့ဘူး ။ သူတို့ခံစားရတာက
ကြောက်စရာပဲ။ နောက်တော့ ဘုရားက ‘ငါနိဗာန်ပြမယ်’  ဆိုပြီး ဆင်တူ အခန်းတစ်ခုထဲသို့ ခေါ်သွားပြန်သည်။
အဲဒီမှာ မွှေးကြိုင်နေသော ဟင်းတွေတင်ထားတဲ့ စားပွဲပတ်လည်မှာ လူတွေ ထိုင်နေကြတယ်။သူတို့မှာလည်း
စောစောကနဲ့ဆင်တူ ဇွန်းတွေ ကိုင်ထားတယ်။ဒါပေမယ့် သူတို့အားလုံး ၀လင်အောင် စားသောက်ထားလို့ပျော်
ရွှင်နေကြတယ်။ ဘုန်းကြီးက နားမလည်နိုင်တော့ ဘုရားကပြောတယ်။ ‘ဒါလွယ်လွယ်လေးပါကွာ၊ဒီလူတွေတစ်
ယောက်ကိုတစ်ယောက် ခွံ့ကျွေးဖို့ သင်ယူတတ်မြောက်ထားခဲ့ကြတာ’တဲ့။
          ကျွန်တော်တို့ ဘော့စနီးယားမှာလို အပိုင်းပိုင်းအစစ တွေ ဖန်တီးကြမလား၊ဒါမှမဟုတ် လူ့အဖွဲ့အစည်း
တစ်ရပ် ဖန်တီးကြမလား၊ဒါ ကျွန်တော်တို့အပေါ်မှာ ဘဲ မူတည်နေပါတယ်။

အိုင်ဒီယာ အမှတ်(၂)

          ကြီးကျယ်တဲ့ လူ့အဖွဲ့အစည်းဟာ ကြီးမြတ်တဲ့ ခေါင်းဆောင်တွေ လိုတာ မှန်ပါတယ်။ ဒါပေမယ့်ကြီးမြတ်
တဲ့ပြည်သူတွေလည်း လိုပါတယ်။
          နိုင်ငံတစ်ခု အစစ်အမှန် ကြီးကျယ်ဖို့ဆိုရင် အစွမ်းအစရှိတဲ့ ခွန်အားကြီးတဲ့ သူရဲကောင်းတွေနဲ့တင် မလုံ
လောက်ဘူး။သူရဲကောင်းဆိုတာ အမြဲတမ်း လိုသလောက်ရနေတာ မဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားတို့ကျွန်တော်
တို့ဟာ မကြာခဏ ဆိုသလို သူတို့မပါဘဲ ဆောင်ရွက်နိုင်ဖို့လိုပါတယ်။ယုံကြည်စိတ်ချ အားထားရတဲ့ နိုင်ငံသား
တွေထောင် သောင်းနဲ့ချီပြီး ရှိဖို့လိုပါတယ်။ ရိုးသားတဲ့ ပြည်သူ ပြည်သားတွေ၊သူတို့ကိုယ်ကျိုးထက်အများပြည်
သူ အကျိုးကို ပိုအလေးထားတဲ့သူတွေပေါ့။
          အရည်အသွေးရှိတဲ့ အဖွဲ့အစည်းဟာ ခေါင်းဆောင်လမ်းပြထက် အရည်အသွေးရှိတဲ့ပြည်သူ၊ပြည်သား
တွေပိုလိုပါတယ်။ခင်ဗျားရဲ့ အိမ်နီးချင်းသမာသမတ်ကျမယ်၊မှန်ကန်တဲ့ဆောင်ရွက်မှု ပြုလုပ်မယ်လို့ ခင်ဗျား ယုံ
ကြည်စိတ်ချ ဖို့လိုပါတယ်။လူ့အဖွဲ့အစည်းတစ်ရပ်တည်ဆောက်နိုင်ဖို့ ခင်ဗျားအနေနဲ့ခင်ဗျားရဲ့ အိမ်နီးချင်းကိုချစ်
ခင်ဖို့ မလိုပါဘူး။ဒါပေမယ့် အိမ်နီးချင်းတွေကို ကြောက်ရွံစိုးရိမ်မနေရဖို့တော့လိုတယ်။ အဓိပ္ပါယ်က လူ့အဖွဲ့စည်း
တစ်ခုမှာ အတိုင်းတာတစ်ခု အထိ ယုံကြည်စိတ်ချ ဖို့ လိုပါတယ်။

အိုင်ဒီယာ အမှတ်(၃)

 လူ့အဖွဲ့အစည်းတစ်ခုဟာခံနိုင်ရည်သတ္တိ ကိုမွေးရမယ်၊ဒါပေမယ့် အဲဒီ ခံနိုင်ရည်ဟာလည်း အတိုင်းအဆမဲ့တော့      မဟုတ်ဘူး။လွတ်လပ်ခွင့်နှင့်လူမှုရေး အစီအမံတွေ ဟန်ချက်ညီဖို့၊ရပိုင်ခွင့်တွေနဲ့ တာဝန်သိမှု ဟန်ချက်ညီဖို့၊အ
လိုအလျောက်ဖြစ်မှုနဲ့ ဖွဲ့စည်းတည်ဆောက်မှုတွေ လိုအပ်ပါတယ်။
          ခံနိုင်ရည် သတ္တိဆိုတာ စကားအဖြစ်သာ ပြောလို လွယ်တာ။လက်တွေ့ကျင့်သုံးဖို့ ခက်ခဲလှပါတယ်။လူ့
အဖွဲ့အစည်းဟာ ဘာတွေ ခံနိုင်ရည်ရှိရမလဲ။ဘာတွေသည်းမခံရဘူးလဲ။ဒါကလည်း အကြောင်းအခြင်းအရာအ
ပေါ်မှာ မူတည်ပါတယ်။
          ခင်ဗျား သမ္မာကျမ်းစာ ကိုဖတ်ခွင့်ရှိတယ်၊ ကိုရမ် ကျမ်းကိုဖတ်ခွင့်ရှိတယ်၊ဒါပေမယ့်တခြားလူတွေကိုအ
တင်းအကျပ် ဖတ်ခိုင်းဖို့ ခွင့်မရှိဘူး။ ကျွန်တော်တို့ဟာ ဘယ်သူ့စိတ်ကူး စိတ်သန်ကိုမဆိုသည်းခံနိုင်ကြပါတယ်။
လူ့အဖွဲ့အစည်းဟာ ငြင်းခုန်လျှောက်မှုတွေနဲ့ ရှင်သန်နေရမှာပေါ့။ ဒါပေမယ့် စိတ်ကူးစိတ်သန်းတွေကို အများ
ပြည်သူ ဆိုင်ရာဌာနတွေမှာ အတင်းအကြပ် ယုံကြည် မခိုင်းသင့်ပါဘူး။
          ဥပမာ-တချို့လူတွေက ဂျူးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဘယ်တုန်းကမှမဖြစ်ခဲ့ဘူးလို့ယုံ
ကြည်တယ်။သူတို့မှားယွင်းစွာ ယူဆခွင့်ရှိပါတယ်။  အကြီးအကျယ် မှားယွင်းဦးတော့ ဒါကို ကျွန်တော်ခံနိုင်ရည်
ရှိတယ်။ သူ့ဟာသူ ဆပ်ပြာသေတ္တာပေါ်မှာတတ်ရပ်ပြီး တရားဟောချင်ဟော၊ဒါပေမယ့် ကျွန်တော်တို့ ကျောင်း
တွေမှာ  အဲဒီလို ဆန့်ကျင်ဘက် အမြင်လာပြီး ၀ါဒဖြန့်သင်ကြားပေးမှုကတော့ သည်းမခံနိုင်ဘူးပေါ့။ကျွန်တော်
တို့မှာ ဂျူးတွေကို သတ်ပစ်တဲ့ မှတ်တမ်း ဓာတ်ပုံတွေ၊ လူသက်သေတွေ ရှိတယ်လေ။
          အမျိုးမျိုးကွဲပြားခြားနားနေတဲ့ လူမျိုးစုတွေ ၊အယူဝါဒတွေ၊ဘာသာကိုးကွယ်မှုတွေနဲ့ဖြစ်ပေါ်နေတဲ့ကျွန်
တော်တို့လူ့အဖွဲ့အစည်းမှာ ကျွန်တော်တို့ ဘာကိုသည်းခံရမလဲ၊ ဘာကိုသည်းမခံရဘူးလဲ။
          ဘာသာရေးလွတ်လပ်ခွင့်ဟာ ရှိကိုရှိသင့်တယ်။ဘာသာရေးအရ ကိုယ့်ကိုယ်ထဲကိုသွေးသွင်းခံဖို့ ငြင်း
ပယ်ခွင့်ရှိပါတယ်။ ဒါပေမယ့်သူတို့ရဲ့သားသမီးတွေ အတွက် သွေးသွင်းခံခွင့်၊ဆေးဝါးကုခွင့်ကို သူတို့က ငြင်း
ပယ်မှာကိုတော့ ကျွန်တော်တို့သည်းမခံသင့်ဘူး။သူတို့ရဲ့ (၁၃)နှစ်အရွယ် သမီးကို(၄၅)နှစ်အရွယ် ဦးလေးတစ်
ယောက်နဲ့ဇွတ်အတင်းပေးစားတာမျိုး၊သူတို့သမီးတွေရဲ့ လိင်အင်္ဂါကို ဖြတ်တောက်ပစ်တာမျိုး၊ဒါကိုတော့ ကျွန်တော်တို့ သည်းခံ အောက်အည်း မကြည့်နိုင်ပါဘူး။
          သည်းခံနိုင်မှုနဲ့ကစဥ့်ကလျားဖြစ်မှုတွေကြားကဟန်ချက်၊လွတ်လပ်မှုနဲ့ လူ့အဖွဲ့အစည်းကြားက ဟန်ချက်
ဒါတွေကို ရှာဖွေရတာဟာ အမြဲတမ်းဘဲ့ မပြီးဆုံးသေးတဲ့ လုပ်လက်စ အလုပ်ပဲဖြစ်နေမှာပါ။

အိုင်ဒီယာ အမှတ်(၄)

          လူ့အဖွဲအစည်းဆိုတာ ဂျိုးဇက် ရဲ့ကုတ်အင်္ကျီလို အရောင်းအသွေး အယူဝါဒ အမျိုးစုံ ရှိနေနိုင်တယ်။ဒါ
ပေမယ့် မတူခြားနားမှုတွေက နည်းပြီး တူညီတဲ့အရာတွေသာ ပိုများသင့်တယ်။
          လူမျိုးကွဲပြား စုံလင်မှု ဆိုတဲ့စကားဟာ အမေရိကန်ပြည်ထောင်စုမှာခေတ်စားနေပါတယ်။အထူးသဖြင့်
တက္ကသိုလ်၊ကော့လိပ် ပရ၀ုဏ်တွေမှာပေါ့။ လူမျိုးကွဲပြား စုံလင်မှုဟာ အားရကြည်နူးစရာပါ။ဒါပေမယ့်ပေါင်း
စည်း ညီညွတ်မှုက ပိုပြီး စိတ်တတ်ကြွ ကျေနပ်ဖို့ ကောင်းပါတယ်။ကမ္ဘာ အနှံကို ကျွန်တော် ရောက်ဖူးသမျှဖြင့်
မတူကွဲပြားတဲ့ လူမျိုးတွေဟာ(တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်မနေဘူးတောင်)မုန်းတီး နေကြတာချည်း
ပါပဲ။
          လူ့အဖွဲ့အစည်းတစ်ခုမှာ လူကိုခြားနားထားတဲ့အရာတွေထက် အသွေးတူအဆင်တူ တူညီမှုတွေကိုပိုလို
အပ်ပါတယ်။
          ဟစ်စ်ပဲနစ်လူမျိုး ကျောင်းသားတွေ ဟာ အမေရိကန်ကျောင်းသားတွေနဲ့ ကွဲပြားခြားနားတဲ့ ဘွဲ့ဒီဂရီအ
ဆင့်ကို သူတို့မက္ကဆီကန် အလံ(အမေရိကန်အလံမဟုတ်)လွှင့်ထူထားတဲ့ကျောင်းမြေပေါ်မှာ လိုချင်တယ်လို့
တောင်းဆိုလာတယ်။လူ့အဖွဲံအစည်းတစ်ခု ဖြစ်အောင်ကပ်ပေးဖို့  ကော်(Social glue)ကို မှန်မှန်ကန်ကန်ရွေးပြီး
အသုံးမပြုနိုင်ခဲ့ရင် ကျွန်တော်တို့အားလုံး ဖရိုဖရဲ ပြန့်ကျဲနေရပါလိမ့်မယ်။ကျွန်တော်တို့တည်ဆောက်ထားတဲ့ လူမျိုးပေါင်းစုံ၊ယဉ်ကျေးမှုပေါင်းစုံရဲ့ လူ့အဖွဲ့အစည်းစမ်းသပ်ချက် အောင်မြင်ခဲ့တာဟာ သည်းညည်းခံနိုင်မှုစွမ်း
ရည်ကြောင့် မဟုတ်ဘူး။ စိုးမိုးဦးဆောင်မှု စွမ်းရည်ကြောင့်ပါ။

အိုင်ဒီယာ အမှတ်(၅)
          တစ်အိမ်ပေါ်တစ်အိမ်၊တစ်မြေပေါ်တစ်မြေထပ်နေပြီး ကြားနေရာလွတ်မကျန်တော့တဲ့၊သက်တောင့်
သက်သာမရှိတဲ့၊စိတ်လွတ်လပ် အပန်းဖြေရာဖွယ်မရှိတဲ့ လူ့ပတ်ဝန်းကျင်မျိုးဟာ မင်္ဂလာမရှိ၊ဗျာပါဒ အပြည့်နဲ့
ဖြစ်နေမှာပါပဲ။
          အရေအသွေးရှိတဲ့ လူ့အဖွဲ့အစည်းဆိုတာ သူ့ပြည်၊သူ့ပြည်သားတွေ အတွက် အလှအပ၊စိတ်အပန်းဖြေ
မှု နှင့် ကျယ်လွင့်ငြိမ်းအေးမှု၊စိတ်ညွတ်ပြောင်းမှုကို ပေးစွမ်းနိုင်ရပါမယ်။ ကျွန်တော်တို့မှာ သန့်ရှင်းတဲ့ လေလို
တယ်၊မြေလွတ်မြေကွက်တွေလိုတယ်။ အသက်ရှူဖို့နေရာ ကျယ်ကျယ်လိုတယ်။ကျွန်တော်တို့မျက်လုံးတွေဟာ
နေ့စဉ်မြင်နေရတဲ့ ကြီးမားတဲ့ကြော်ငြာ၊ ပိုစတာအပြင် စိမ်းလန်းတဲ့ တောင်ကုန်းတွေကိုလည်း ကြည့်နေရဖို့လိုပါ
တယ်။ဒါမှ အဲဒီကနေ ခွန်အားတွေရလာမှာပါ။

အိုင်ဒီယာ အမှတ်(၆)

          အရည်အသွေးမှီတဲ့ လူ့အဖွဲ့အစည်းဆိုတာ အနာဂတ်ကို ကြိုတင်မျော်မှန်းပြင်ဆင်ထားရမယ်။
        ဂျာမန တွေးခေါ် ပညာရှင်Dietrich Bonhoeffer က ဟစ်တလာကို ဆန့်ကျင်တိုက်ခိုက်နေစဉ်မှာ ကောက်ချက်ချခဲ့ဖူးတယ်။ ‘တာဝန်သိတတ်တဲ့ သူတစ်ယောက်အတွက် အပြီးအသတ်မေးခွန်းတစ်ခုက သူရဲ့
နောင်လာမယ့် မျိုးဆက် ဘယ်လိုဆက်လက် ရှင်သန်မယ် ဆိုတာပဲ’ တဲ့။ကျွန်တော်တို့သားသမီးတွေဟာ ကျွန်တော်တို့မျိုးဆက် မကြုံခဲ့ရတဲ့စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်နေရပါတယ်။ကျွန်တော်တို့ရဲ့မိဘတွေဟာ
စိတ်ကျဝေဒနာ ခေတ်ကာလနဲ့ ဒုတိယ ကမ္ဘာစစ်ကို တိုက်ခိုက်ခဲ့ရပြီးနောက် ကျွန်တော်တို့ကို အကြွေးနည်းနည်း
ကလေးသာ တင်ကျန်စေခဲ့တယ်။ အနာဂတ်မှာ ကျွန်တော်တို့စဉ်းစားသင့်တဲ့ ပြဿနာအသစ်က ‘ မျိုးဆက်တွေ
ကြားသာတူညီမျှခွင့်ပဲ’ လို့ကျွန်တော်ထင်တယ်။ကျွန်တော်တို့ဟာ သားသမီးတွေ၊မြေးတွေအပေါ် တရားပါရဲလား
ကျွန်တော်တို့တစ်ယောက်ချင်းရဲ့လူနေမှုစရိတ် ဒေါ်လာ(၂)သောင်းကြောင့်၊ ကျွန်တော်တို့သားသမီးတွေမှာ အ
ကြွေးဒေါ်လာ သန်းထောင်ပေါင်း(၅.၆)Trillion တင်နေပြီ။ကွန်ဂရက်အဖွဲ့ဝင်တစ်ယောက်ပြောသလိုပြောရရင်
တော့ အကြွေးဆိုတာ အခွန်တော်ဆိုင်ရာ ကလေးလူငယ် နှိပ်စက်ညှင်းပန်းမှုတစ်ခုပဲ။
          တကယ်တော့ ယဉ်ကျေးမှုတိုင်း၊နိုင်ငံတိုင်း၊ဘာသာတိုင်းမှာ အနာဂတ်မျိုးဆက်အတွက် တရားမျှတမှု
ကို တောင်းဆိုခွင့်ရှိပါတယ်။လူမှုအဖွဲ့အစည်းဆိုတာ နောင်လာနောင်သားကိုအလေးထားရတယ်။အရှေ့
အလယ်ပိုင်းစကားပုံတစ်ခုရှိတယ်။လူတစ်ယောက် အသိဥဏ်ကြွယ်ဝပညာရှိမှုဟာ သူဘယ်တော့မှဒီအရိပ်
အောက်မှာ ထိုင်ရမှာမဟုတ်မှန်းသိလျှက်နဲ့သစ်ပင်တစ်ပင်ကိုစိုက်ပျိုးတဲ့အခါမှာ  စ တာပါပဲ …တဲ့။ဘုရားရေ……
ကျွန်တော်တို့မျိုးဆက်သစ်ကတော့ကျွန်တော်တို့အမွေဆက်ခံရရှိတဲ့ အရိပ်ရသစ်ပင်တွေကို ဖြတ်တောက်ခုတ်
လှဲနေကြပြီ။

အိုင်ဒီယာ အမှတ်(၇)

            ကြီးမြတ်တဲ့ လူ့အဖွဲ့အစည်းဆိုတာ ကြီးမြတ်တဲ့ လူ့ယဉ်ကျေးမှုကို ဆောက်တည်ပေးသော အရာ
ဖြစ်ရမယ်။
          လူ့အဖွဲ့အစည်းဟာ လူမှုဆိုင်ရာ မြို့တော်ကြီးဖြစ်နေရမယ်။အဲဒီမှာ လူတွေဟာ အလုပ်တူလုပ်မျှမက
ပြဿနာတွေကို အတူဖြေရှင်းရမယ်။တစ်ယောက်ကိုတစ်ယောက်ယုံကြည်စိတ်ချတဲ့ အလေ့အထ ရှိရမယ်။
ဥပမာ-လမ်းပျက်နေတဲ့ ပြဿနာကို ကျွန်တော်တို့ဖြေရှင်းပုံချင်းကွာမယ်။ကျွန်တော်တို့ဟာ လူ့အဖွဲ့အစည်းသာ
ဖြစ်ခဲ့ရင် ဒီလမ်းကို ဘယ်သူ ဘယ်ဝါ ဘယ်အစိုးရ ဘယ်မင်းကပြင်ဆင်ပေးဖို့ဆိုပြီးစောင့်နေကြမှာ မဟုတ်ဘူး။
ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်ပြင်ဆင်မှာပဲ။ဒီလိုပဲ…….လူ့အဖွဲ့အစည်းတစ်ခုမှာတရားမျှတမှုလည်းလိုတယ်။
အောင်မြင်တဲ့ လူ့အဖွဲအစည်းမှာ အောင်မြင်တဲ့ ယဉ်ကျေးမှုရှိပါတယ်။

အိုင်ဒီယာ အမှတ်(၈)

          လူ့အဖွဲ့အစည်းတစ်ခုဟာ ယဉ်ကျေးမှုကို အတူမျှဝေရမယ်။ဘာသာစကားကိုအတူမျှဝေရမယ်။
      ပိုင်ဆိုင်မှုအသိ၊အာရုံစူးစိုက်မှုအသိ၊တာဝန်ယူမှုအသိတွေဟာ လူအဖွဲ့အစည်း၏ မရှိမဖြစ်လိုအပ်တဲ့အရာ
တွေပါ။ဒါကြောင့် လူ့အဖွဲ့အစည်းဝင် လူသားတွေဟာ ပန်းတိုင်တွေ၊တန်ဖိုးတွေ၊ရည်ရွယ်ချက်တွေ တူညီရပါလိမ့်
မယ်။

အိုင်ဒီယာ အမှတ်(၉)

          ခင်ဗျားအနေနဲ့ လူအဖွဲ့အစည်းက ခင်ဗျားကို ဘာလုပ်ပေးမယ်လို့မတောင်းဆိုအပ်ဘူး။လူ့အဖွဲ့အစည်း
အပေါ် ခင်ဗျား ဘာလုပ်ပေးနိုင်သလဲ….လို့ပဲ ကိုယ့်ကိုယ်ကို တောင်းဆိုရမယ်။
          ဆောဘဲလိုးက ပြောပါတယ်။အမေရိကားကို ‘လွတ်လပ်ခွင့်တွေ လိုလျှံလွန်းမှု’ ကခြိမ်းခြောက်နေတာ၊
ရုရှားကို လွတ်လပ်ခွင့်ဆိတ်သုဉ်းမှုက ခြိမ်းခြောက်နေတာ….တဲ့။



အိုင်ဒီယာ အမှတ်(၁၀)

ဆယ်ခုမြောက် အိုင်ဒီယာကိုတော့ကျွန်တော်မပြောတော့ပါဘူး။
      ခင်ဗျားတို့ကိုယ်တိုင် အိုင်ဒီယာတစ်ခုကို တည်ထောင်ယူရမှာပါ။
ကျွန်တော်တို့ အဖွဲ့အစည်းဖြစ်ဖို့ ဘာတွေထပ်လိုသေးသလဲ။ကျွန်တော်တို့ အားလုံးတွေးခေါ်မှု အားလုံးလိုအပ်
တယ်ဆိုတာ အရေးတကြီးထင်ရှားနေပါတယ်။
          လူ့အဖွဲ့အစည်းတစ်ရပ်ဟာ စီးပွားရေးတစ်ရပ်အခြေခိုင်ဖို့လိုတယ်ဆိုတာ အသေအချာပေါ့။ ဒီအချက်ကို
ကျွန်တော်သေးမွှားသွားအောင် မကြိုးစားပါဘူး။ အရင်းရှင်စနစ်ကိုရော ဒီမိုကရေစီကိုရောကျွန်တော်ယုံကြည်
တယ်။ဒီစနစ်တွေအောက်မှာ တည်ဆောက်ဖို့ ပိုလွယ်မယ် ထင်ပါတယ်။ ဒါပေမယ့် ချမ်းသာခြင်းတစ်ခုတည်းနဲ့
တော့ ပတ်ဝန်းကျင်ကို တည်ဆောက်နိုင်မှာ မဟုတ်။တစ်ယောက်နဲ့တစ်ယောက်အစေးမကပ် ၊ မပေါင်းစပ်တဲ့
တသီးတသန့် လူချမ်းသာတွေနဲ့တော့ ဖြစ်လာမှာ မဟုတ်ဘူး။ကျွန်တော်တို့ဆက်ပြီးတွေးခေါ်ရလိမ့်မယ်။
          အခြေအနေသစ်ဟာ တာဝန်သစ်တွေအကြောင်း သင်ကြားပေးတယ်……တဲ့။
Ref:
-Vital Speech of the day
                                                   (Eleven News  Vol;1/No;41,1-10-2002)


ဂျူး၊
 မုန်းကြောင့်ဖြစ်သော စစ်ပွဲများစာအုပ်မှ-



0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...