Thursday, July 7, 2011

"ပို.စ်မော်ဒန်မှာ Hybrid ဆိုတဲ့စကားလုံးက သိပ်ကိုအရေးပါလာတယ်"


Rozoner King created the doc:
[By Zam Thang]

Hybrid အကြောင်းကို မော်ဒန်လား။ ပို.စ်မော်ဒန်စာပေဆောင်းပါး
တွေလားတော့ မပြောတတ်ဘူး။ အဲဒါတွေကိုဖတ်ရာက စပြီးသတိ
ပြုခဲ့တယ်။အရောအရော အနှောနှောဖြစ်ခြင်းလို.ပြန်ကြတယ်။
ိdecentralization လုပ်တာလို.အဲဒီတုန်းက ယောင်ဝါးဝါးနဲ.နားလည်
ခဲ့တာပေါ့။

Hybrid war ဆိုတဲ့ အသုံးကို ၂၀၀၅ ခုနှစ်ကစပြီး အသုံးတွင်ခဲ့တယ်။
အမေရိကန် စစ်အရာရှိကြီးတစ်ဦးဖြစ်တဲ့ General James Mattis ဆို
သူက စတင်အမည်သုံးစွဲခဲ့တယ်လို.အမှတ်အသားရှိတယ်။နာမည်
အသုံးက ပေါ်တာမကြာသေးတာမှန်ပေမဲ့ အဲဒီသဘောတရားကို
လက်တွေ.ကျင့်သုံးနေတာကတော့ အတော်ကိုကြာပြီ့လို.ပြောနိုင်တယ်။

ခေတ်သစ်စစ်ပါရဂူကလော့ဝစ်ဇ်ကြီးပြောခဲ့တဲ့ စစ်သဘောတရားကို
ကျော်လွန်သွားတဲ့ စစ်သဘောတရားသစ်လို.လည်းပြောနိုင်တယ်။

Hybrid war ဆိုတာက တကယ်ကိုအရောအနှောလုပ်ထားတဲ့ အယူအဆ
လို.ဆိုနိုင်တယ်။ theory of war ဖြစ်ပြီး၊ conduct of war မဟုတ်လေဘူး။
Hybrid war ကိုနောကျောဖို.ဆိုတာက
၁။စတုတ္ထမျိုးဆက်စစ်ပွဲ
၂။စစ်ပွဲပုံစံသစ်
၃။ စုပေါင်းစစ်ပွဲ
၎။ကန်.သတ်မဲ့စစ်

အဲဒီ သဘောတရားကိုတွေကိုရောနှောထားလေတော့ ဒါတွေကိုအခြေခံကျကျ
နားလည်သဘောပေါက်ထားမှုမရှိရင် အနားသီဖို.ဆိုတာ တယ်မလွယ်ပေဘူး။
ဒီမှာတော့ အသုံးဝင်မယ်ထင်တဲ့ လင့်လေးတွေကို မိတ်ဆက်ထားပါရစေ။

၁။http://www.jhuapl.edu/urw_symposium/Proceedings/2007/chapters/URW2007Book.pdf

ကန်.သတ်မဲ့စစ်သဘောတရား ဆိုပြီး စိနက ပညာရှင်နှစ်ဦးက ၁၉၉၅ မှာ ထုတ်ဖော်လာခဲ့တယ်။
ဘိုလိုပြောရရင်တော့ unrestricted warfare ပေါ့လေ။ပီးကျင်းလို.ဆိုဆို။ နန်းကင်းလို.ပဲပြောပြော
အဲဒီပညာရည်နို.စို.သောက်လာခဲ့တဲ့ဆရာသမားတွေကတော့ ဆွန်ဇုနဲ. ကန်.သတ်မဲ့စစ်ကို အသေ
အကျေလေ့လာခဲ့ရတာပ။

ပထမတစ်လတော့ နင်းကန်ပြီးစာတွေချည်းလှိမ့်ဖတ်နေရတာကလား။ ခုတော့ ဆင်မြူလေးရှင်း
ဆိုလားဘားလားအတွက်ဆိုပြီး တစ်နေ.ကိုပဲ ဓာတ်ရှင်ကားသုံးချပ်လောက်ကို ပျော်ပျော်ပါးပါး
ကြီး ဦးနှောက်ကြောတင်းအောင်ကို ကြည့်ရှုလေ့လာရနေသပ။ အရင်လထက်စာရင်တော့
အနေအစားလေးချောင်လာတယ်လို.ဆိုနိုင်တယ်။ အဲဗရီ မန်.ဒေးနဲ. အဲဗရီဖရိုက်ဒေးမှာတော့ အချိန်လေး
နည်းနည်း ချိုချိုချောင်ချောင်လေးထွက်လာတာနဲ. အဲဒီနေ.တွေ စာတွေရေးတင်ဖို.ကအခွင့်အလမ်းပိုများ
တယ်။အပန်းမကြီးဘူးဆိုရင်တော့ ဖတ်ထားလိုက်အုံး။ စာက ၁၇ မျက်နှာပဲရှိတာဆိုလေတော့ ။ အပျင်းပြေ
ပေါ့ဗျာ။

၂။http://www.fpri.org/orbis/5003/hoffman.complexirregularwarfare.pdf

ရိုသေစွာဖြင့်

ကိုဇန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...