Wednesday, July 13, 2011

Genious တို့၏ အားနည်းချက်များ

Genious တို့၏ အားနည်းချက်များ

by Myo Chit Myanmar on Thursday, July 14, 2011 at 12:02am
 







အတွေးအခေါ်နက်ရှိုင်းပြီး သာမန်ထက် များစွာ ဥာဏ်ရေ (IQ) မြင့်မားတဲ့ ထူးချွန်ထက်မြက်သူ မဟာပညာရှင် လို့ခေါ်တဲ့ Genius တွေတိုင်းဟာ သူများကို လွယ်လင့်တကူ မယုံကြည်တတ်ပါဘူး
ဘာလို့လဲ ဆိုတော့ ဒီတစ်ချက်ကြောင့် သူတို့ဟာ လူတော်တွေ ဖြစ်လာစေခဲ့တာပါဘဲ။


သူတို့ဟာ ငယ်စဉ်ထဲက မိဘတွေ လူကြီးတွေရဲ့ စကားကိုလဲ နားထောင်လေ့မရှိပါဘူး
ပါတ်ဝန်းကျင် ရဲ့ လှုံ့ဆော် မှုအောက်မှာလဲ ငုံ့မဝင်သွားတတ်ဘူး
အစဉ်အလာရဲ့ စီးဆင်းမှု ထဲမှာလဲ ဝင် မနစ်မျောတတ်ဘူး
ဘာသာတရားရဲ့ ညွှန်ကြားမှုကြောင့်လဲ မလိုက်နာတတ်ဘူး

သူတို့ဟာ ဘယ်အယူအဆကိုမဆို အစအဆုံး ကိုယ်တိုင် တွေ့ကြုံ ဖြတ်သန်း နားလည် သိမြင် ပြီးမှသာ လက်ခံ ယုံကြည် ကြသူများဖြစ်တယ်

ဆရာသင်ပေးတာတိုင်းလဲ ပညာအစစ်လို့ မယုံကြည်ဘူး
ဘုန်းကြီးဟောနေတာတိုင်းလဲ တရားအစစ်လို့ မယုံကြည်ဘူး

ဒါကြောင့်သူတို့ဟာ ဗုဒ္ဓ ရဲ့ အဆိုဖြစ်တဲ့ လာလော့ ရှုလော့ လေ့လာလော့ ဆိုတဲ့ စကားတော်အတိုင်း မရည်ရွယ်ဘဲ နေထိုင်မိနေသူများ ဖြစ်နေတတ်ကြပါတယ်။

ဒါကြောင့် ကမ္ဘာဦးကာလကထဲက ဒီနေ့ထက်ထိ ပေါ်ပေါက်ဖူးခဲ့တဲ့ သိပ္ပံပညာရှင် စက်မှုပညာရှင်တွေ အတွေးအခေါ်ပညာရှင်တွေ ဂီတပညာရှင် ရှင်ရှင်သရုပ်ဆောင် စာရေးဆရာ အစရှိတဲ့အနုပညာသမားတွေ ထဲက ကမ္ဘာကျော်ပြီး သမီုင်းအဆက်ဆက် တွင်ကျန်ရစ်ခဲ့လောက်အောင် ကျော်ကြားခဲ့တဲ့ ထူးချွန်သူ ပညာရှင်ကြီးတွေ အားလုံးရဲ့ အတ္ထုပတ္တိတွေကို လေ့လာကြည့်ရင် သူတို့အားလုံးမှာ တူညီတဲ့ အားနည်းချက်တစ်ချို့ ကိုအမြဲတွေ့ရပါတယ်။

အဲ့ဒါတွေကတော့ ...

အများနည်းတူ လိုက်လျောညီထွေမနေတတ်လို့ လူမှုရေးညံ့ဖျင်းသူလို့ သတ်မှတ်ခံရတာ
မှန်တယ်ထင်ရင် နောက်မဆုတ် အလျှော့မပေးဖို့ ဘဝ နဲ့ အသက် နဲ့ ရင်းပြီး ခေါင်းမာတာ
သူတို့ကိုယ်သူတို့ ကလွဲလို့ ဘယ်သူ့ကိုမှ မယုံတာ စတဲ့အချက်တွေဘဲဖြစ်ပါတယ်

ဒါ စိတ်ပညာအရ ထာဝရဖြစ်နေတတ်တဲ့ အင်မတန်ရိုးရှင်းတဲ့ စိတ်အခြေအနေတစ်ခုပါဘဲ။
ကိုယ်တိုင် အရမ်းထူးချွန်ထက်မြက်တဲ့သူတွေဟာ သူတစ်ပါးကို အလွယ်တစ်ကူ အထင်မကြီးတော့ပါဘူး။
ခက်တာက လူမှုရေးနယ်ပယ်မှာ တွေ့ကြုံရမယ့်လူသားဦးရေ ရဲ့ ၉၉ ရာခိုင်နှုန်းလောက်ဟာ သာမန်ဥာဏ်ရေ သို့ မဟုတ် သာမန်ထက် နိမ့်တဲ့ဥာဏ်ရေ ရှိသူတွေသာဖြစ်နေပါတယ်။

ဒီအခါ သူတို့မှာ လေးစားစွာပေါင်းသင်းဆက်ဆံဖို့လူ အရမ်းရှားပါးလာပါတယ်။
အထင်မကြီးရင် မလေးစားနိုင်တော့ သူတို့ဟာ လူတွေကို အပေါင်းအသင်းလဲ လုပ်ချင်စိတ်မရှိတော့ပါဘူး။

ဒီအချက်က ပထမဆုံး သူတို့ကို လောကကြီး နဲ့ ဝေးရာကို စတင် တွန်းပို့စေတတ်တာပါဘဲ။

သူတို့ဟာ မာန သိက္ခာ နဲ့ ယုံကြည်မှု ကို ငွေကြေး နဲ့ အဝယ်ခံရမှာကို သေမလောက်ကြောက်တတ်ကြပါတယ်။
အထူးသဖြင့် ယုံကြည်မှု ကို အင်မတန် တန်ဖိုးထားတဲ့သူတွေပါ။

သူတို့ဟာ တကယ်တော်တဲ့အလျောက် မိမိကိုယ်ကိုယုံကြည်စိတ်ဟာလဲ သာမန်လူသားတွေထက် အဆပေါင်းများစွာ ပြင်းထန်မြင့်မားပါတယ်။
ဒီအချက်ကလဲ သူတို့ ရဲ့ သူများ အပေါ် ယုံကြည်စိတ်ချမှု (Trust) ဆိုတာကို မရှိတော့သလောက်ထိ လျော့ကျသွားစေပါတယ်။

ဒါဟာလဲ စိတ်ပညာမှာ အင်မတန် ရိုးရှင်းတဲ့ ဖြစ်ရပ်ပါဘဲ။

အလွယ်ဆုံးနားလည်နိုင်တဲ့ ဥပမာကတော့ ...

ကားကိုကျွမ်းကျင်စွာ မောင်းတတ်နေတဲ့သူတွေနဲ့ ကားကို လုံးဝ မမောင်းတတ်တဲ့သူတွေမှာ သူများမောင်းတဲ့ကားကို စီးတဲ့အခါ ကားမောင်းသူအပေါ်မှာ ထားတဲ့ Trust & Confident Level က လုံးဝမတူပါဘူး။

ကားလုံးဝ မမောင်းတဲ့သူကတော့ ဘာမှ အပူအပင်မရှိ စိတ်ချလက်ချစီးသွား နိုင်ပေမယ့်
ကားမောင်းတတ်တဲ့သူမှာတော့ တလမ်းလုံး ကားမောင်းသူနေရာကနေ ခံစားပြီး ရင်တမမ နဲ့ စိတ်မချလက်မချ ဖြစ်နေရလို့ ခရီးစဉ်တစ်ခုလုံး ကားမောင်းသူထက်တောင် စိတ်ရောလူပါ ပင်ပန်းရလေ့ရှိပါတယ်။

ဒါ အမြဲ ဖြစ်နေတတ်တဲ့ စိတ်အခြေအနေတစ်ခုပါ။

ဒါကြောင့် Genious တွေ အားလုံးဟာ သူများအပေါ် ယုံကြည်အားကိုး နှိုင်မှု မရှိသလောက် နည်းပါးနေတာ သာမန်ထက် ထူးချွန်သာလွန်နေတဲ့ သူတို့ရဲ့ ဆုံးဖြတ်နိုင်မှု အသိပညာ လောက် တခြားဘယ်သူ့ကိုမှ ယုံကြည်အားကိုး မှု မပြုနိုင်လို့ဘဲဖြစ်ပါတယ်။


မှတ်ချက်။ ။ ချစ်တဲ့အမ လမင်းမိုမို ရေးသားထားတဲ့ " ကျွန်မရဲ့တထိုင်ထဲ အတွေး ..( ၃ ) " မှာပါဝင်တဲ့ ယုံကြည်မှု နဲ့ပါတ်သက်ပြီး တွေးမိတာလေး နားလည်ထားတာလေး ပြန်ပြီးတင်ပြလိုက်တာပါ။

ထာဝရမေတ္တာဖြင့်

http://myochitmyanmar.blogspot.com/2011/07/genious.html
မျိုးချစ်မြန်မာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...