Wednesday, July 13, 2011

ဒဏ္ဏာရီတစ်ခု၏ ဖြစ်တည်မှု ဆင့်ကဲဖြစ်စဉ်

by Lagoon Eain on Thursday, July 14, 2011 at 12:44am
ပထမဆုံး ပုံအတွက် concept ကိုစ စဉ်းစားပါတယ်။ဘာဆော့ဖ်ဝဲသုံးလဲ ဆိုတော့အမေမွေးတည်းက ပါလာတဲ့ ဟိုဟိုဒီဒီတွေးတတ် တောတတ်တဲ့ ဦးနှောက်ကိုသုံးပါတယ်.....ကောက်ကြောင်း အကြမ်းထည်တွေကို macromedia flash
နဲ့ပဲဟောသလိုကောက်ခြစ်ပါတယ်......




အဲဒီထဲကမှအဆင်အပြေဆုံးအနေအထားကို ထပ်ရွေး...အင်းဒီလိုလေးကောင်းမယ်ထင်ပါရဲ့
လို့ထင်တဲ့ပုံကိုသေချာအချောရေး......နတ်သမီးရဲ့ကိုယ်ဟန်အနေအထား ကမ်းလင့်နေတဲ့လက်...ဆံပင်...အဲဒီဆံပင်ကို ရီုးရိုးလွင့်မျောနေတဲ့ ဆံနွယ်တွေရေးလို့ရတယ်...ဒါပေမယ့်အားရှိမှာမဟုတ်ဘူး.....ဒီတော့စိတ်ကူးပေါက်သလို အရပ်လေးမျက်
နှာကို လွင့်ချင်သလိုလွင့် ခွေချင်သလိုခွေ လိပ်ချင်သလိုလိပ်နေတဲ့ ဆံပင်ကောက်ကြောင်းတွေ စိတ်ထဲရှိသလိုလိုက်ဆွဲလိုက်တယ်
ဒီတော့မှကိုယ်လိုချင်သလို လွင့်မျောမှုရသွားပြီဆိုပါတော့.....ကာလာတွေလိုက်ဖြည့်ပေး တုန်းလေးတွေဖြည့်ပေး
ဆံပင်ကို Linear gradient နဲ့ အခုံးအခွက် အဖုအဖေါင်းလေးတွေရအောင်ချယ်ပါတယ်


ဒီလိုဆိုရင် ညှို့ငင်အားပြင်းတဲ့ ဆံပင်တွေရလာပါပြီ.....



နောက်ပြီးဇာတ်ပို့မင်းသားတက်လာမယ့်လမ်းကို ကြယ်တွေနဲ့ခင်းပေးရဦးမယ်....ခင်းပြီးတက်လာမယ့် မင်းသားပုံ
ဒါကိုလဲ flash မှာပဲဆွဲပါတယ်...အဲ...အဲဒီကောင်မှာနည်းနည်းစဉ်းစားရကျပ်သွားတယ် စောင်းပိုက်လာရင်လဲ အပေါ်မှာ
မင်းသမီးက စောင်းနဲ့ဆိုတော့ တခြားစဉ်းစား...ပတ္တလားကျတော့ ထမ်းလာလို့အဆင်မပြေ...
ဒိုးကလေးပိုက်ပြီး စိန်အိုးစည်တေးမင်္ဂလာ သာသာယာယာ ဆိုပြီးတက်လာလို့လဲမဖြစ်
ရှမ်းအိုးစည်ကြီးတီးပြီး ပင်စိမ်းသီးပိုးထိုး တောင်ကြီးသူမ ငါနဲ့.....အဲ....အဲလိုလဲမကောင်း
ဒီတော့ ပလွေလေးပဲမှုတ်ခိုင်း လိုက်တယ်...
အားလုံးကို ဆွဲပြီးရင် အခုလိုတလွှာချင်း Layer တခုစီခွဲပြီး png formet နဲ့ export လုပ်ပါတယ်...













ပြီးတော့ ခုနကပုံတွေကို photoshop မှာပြန်စီယူလိုက်ပါတယ်....တုန်းတွေကို smudge နဲ့လိုက်ညှိ...ဘရပ်ရှ်နဲ့လဲ ကိုယ်လိုချင်တဲ့ reflection လေးတွေပါးပါးလိုက်ဖြည့်ပေး......အကုန်လုံးကိုအချောလိုက်ညှိ



....ဆံပင်...အဲဒီဆံပင်ကို ရေးဖို့တွက်
ဘရပ်တစ်ခု ဟောသလိုလေးဖန်တီး...


ပြီးတော့ burn tool မှာခုနကလုပ်ထားတဲ့ဘရပ်လေးနဲ့ဆံပင်သားတွေကိုလိုက် ခြစ်...တကြောင်းခြင်းခြစ်ရတာပျင်းဖို့ကောင်းတယ်အချိန်ကုန်တယ်လေ...highlight color လေးတွေလဲအဲဒီဘရပ်နဲ့ဖြည့်....
ပြီးတော့ smudge နဲ့လိုက်ပြီးပါးပါးလေးလိုက်ပွတ်ပြီး လုံးသွားအောင်လုပ်တယ်.....
လကို ဖန်သားလိုပါးချင်တယ်...မခက်ပါဘူး capacity လျော့ပေးရတာပေါ့.....ပြီးတော့နတ်သမီးရယ် လရယ်ကို
အလင်းရောင်ထွက်နေအောင် layer blending option မှာ glow တွေထည့်ပေး....ကြယ်တွေကိုလဲ surface blur ထည့်ပြီး
glow ထည့်ပေး ....တိမ်တွေနဲ့ ကြယ်တွေကို အထွေအထူးပြောစရာမရှိပါဘူး....ဘရပ်ရှ် သုံးပြီးလိုက်ဖြည့်ထားတာပါပဲ...
အားလုံးပြီးတော့ ကိုယ်လိုချင်တဲ့ လွင့်မျောမှု ပုံမှာပေါ်သွားပြီလား...ကြည့်တဲ့လူအနေနဲ့ အိပ်မက်ထဲမှာမျောပါသွားတဲ့ အရသာမျိုးပေးနိုင်ပြီလား......အားလုံးခြုံကြည့်....နေရာအထားအသို လိုတိုးပိုလျော့လေးတွေလုပ်ပေး....အိုကေသွားပြီဆိုတာနဲ့ ပြီးပါပြီ ....



ချစ်သော

လဂွန်းအိမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...