Monday, July 11, 2011

ညီမလေးအကြောင်း...

by Thit Yak on Tuesday, February 22, 2011 at 1:13pm
 
     ကျွန်မ၏ညများတွင် သူရှိနေခဲ့ ဖူးပါသည်။ငယ်ငယ်ကတော့ သူနဲ့ ကျွန်မ တစိမ်းကဲ့ သို့ ပင်..။သူ့ အပေါ်အချစ်ပိုလှသော  အိမ်မှ လူကြီးများကြောင့် သူ့ ကိုမနာလို သည်မဟုတ်သော်လည်း ခုလောက်တော့ မချစ်ဟုထင်၏။သူကျောင်းစတက်တောကျွန်မသူနှင့်ပိုနီးလာသည်..။အသန့်လည်းကြိုက်..ဂျီးလည်းများလှသော သူ့ကိုစိတ်မချနိုင်စွာ.. အခန်းဆီသွားသွားချောင်းရသည်..။ သနပ်ခါးဖွေးဖွေးလေး၊ အသားညိုညိုလေးနှင့် ကျွန်မ ညီမလေး ဖြစ်ပါသည်..။

     တစစ ကျွန်မတို့ ပိုပိုနီးဖြစ်သည်..။အိုးပုတ်လေးနဲ့ ဆော့ ဆော့ သီချင်းလေးတွေ ဆိုဆို အတူတူ ဖြစ်လာသည်..။ကာတွန်းလေးတွေ ဖတ်ရင်း  အိမ်အလုပ်တွေလုပ်ရင်း.စာတွေကျက်ရင်း သူနဲ့ ကျွန်မ..အရင်ကလို ရန်ဖြစ်တာမျိုး..ငိုကြတာမျိုး မရှိလေပြီ..။ သူ က ကျွန်မကို နှစ်နှစ်ခြိုက်ခြိုက်လေးနှင့် မမ ဟုခေါ်ပြီး ကျွန်မက မြတ်မြတ်နိုးနိုးလေးနှင့် ခြူး ဟု ခေါ်ပါသည်..။မေးချွန်ချွန်၊ပိန်ပိန်လေးနှင့် ကျွန်မ ညီမလေး ဖြစ်ပါသည်..။
 ကျွန်မ၏တက္ကသိုလ်နေ့လေးများအားညတွင်သူနှင့်အတူစမြုံ့ပြန်မြဲ..သူ၏အဖြူအစိမ်းကာလအပျော်လေးများကိုလည်း..ကျွန်မငေးမောလွမ်းမောရင်း မျှဝေဖြစ်သည်…။ဟိုကလေးနှစ်ကောင်အိပ်တော့ ဟု မေမေ့ အော်သံမကြားမချင်းဖြစ်သည်..။နင်တို့ ဒီလောက်တောင် ဘာတွေပြောနေတာလဲဟူ၍ပင် မေမေ့ ခမျာ.ဝန်တိုရသည်အထိ..ကျွန်မနှင့်သူ မေမေ ဖေဖေ ကို မေ့ လောက်သည်အထိ အပေးအယူတည့်ပေစွ..။လသာညတွင်ဝရန်တာ၏အခင်းအကျင်းသည်အေးမြငြိမ်းချမ်းစွာ..ကော်ဖီလေးတစ်ယောက်တစ်ခွက်နှင့်  စိတ်ကူးတည့်ရာ ပြောမိပြောရာ……တစ်ဦးတည်းသော ကိုကြီးကိုပင် ပစ်ထားသလို ဖြစ်ဖြစ်နေတော့သည်..။နားထောင်ပေးတတ်သောညီမလေးဖြစ်ပါသည်..
     အိမ်တစ်အိမ်တွင် ဝေယျာဝစ္စ များပါသည်..။ဖွားမြကိုပြုစုရင်း..အဝတ်တွေလျှော်ရင်း ..ဘုရားပန်းအိုးရေလဲရင်း သာသာယာယာမိသားစုလေးကို ကျွန်မနှင့်သူလည်း ပါဝင်ထူထောင်ပါသည်…။ဖေဖေ့ စောင်းသံနှင့် အတူ မေရှင်၏ ကျေးစေတမန်ကို သူဆိုလေ့ ရှိပါသည်..။ကိုကြီးဂစ်တာသံနှင့်အတူ..မဒီ့သီချင်းလေးများကို သူနဲ့ ကျွန်မ သံပြိုင်အော်ကြသည်..။ဖေဖေ ကျွန်မကိုဆူလျှင်သူမျက်ရည်ဝဲနေတတ်သည်..။သူ့ ကိုထိလျှင် ကျွန်မ က ကက်ကက်လန်တတ်သည်..မိဘများနှင့်အဒေါ်များမြင်ပြင်းကပ်ပေမည်..။ကျွန်မနှင့် ထပ်ကျပ်မကွာရှိတတ်သော ညီမလေး ဖြစ်ပါသည်။
     ဟာသတွေ စည်ဝေနေတတ်သော အိမ်လေးတွင် ဖြစ်ပါသည်.။ရုတ်တရက်မီးပျက်ကာ မှောင်ကျသွားလျှင် မမရောဟုအကျယ်ကြီးမေးတတ်သည်..။ကျောင်းက ပြန်လာလျှင် ဖိနပ်ချွတ်ရင်း..မမရေသိလားဟုအစချီကာ သတင်းတွေ ပေးတတ်သည်..။ကျွန်မ ပိုက်ဆံပြတ်နေလျှင်သူ့ ဆီက ချေးရသည်..။ဘယ်သောအခါမှ ပြန်ပေးစရာမလိုသောကျွန်မ၏ဘဏ်ကလေးပေ..။.။ကိုကြီးနှင့်သူတခါတခါသတ်ပုတ်စနောက်နေတတ်သည်..။ဖွားမြကိုလည်း သွားသွားစ၏..။ဟာသဉာဏ်တုံးလှသောကျွန်မကိုလည်း သူ က ကိုကြီးနှင့်ပူပေါင်းကာ ရယ်ပွဲဖွဲ့ ပြန်လေသည်..။့ ကျွန်မတို့ အိမ်၏ နှုတ်ခမ်းပါးပါးလေးနှင် ဆည်းလည်း ညီမလေးဖြစ်ပါသည်..။
      ကျွန်မသူ့ ကိုမေ့ နေချိန်များတွင် ဖြစ်ပါသည်…။ကျွန်မ ချစ်သူနှင့်ချိန်းတွေ့ ရန်သွားချိန်တွင် သူကျောင်းကပြန်လာတတ်သည်..။လမ်းထိပ်တွင်တွေ့လျှင် မမ မသွားပဲ အိမ်မှာ ကော်ဖီသောက်ရအောင်ဟု သူဘယ်တော့ မှ မခေါ်ပါ…..မမ မုန့် တီသောက်မယ်လေဟု မပြောတော့ ပါ…။မမဒီနေ့ အိမ်မှာ ခြူးနဲ့ နှစ်ယောက်အတူ ကာရာအိုကေ ဆိုရအောင်ဟု သူ အဖော်မညှိတော့ ပါ…။သူ့ ကျောင်းစာတွေ များလှသလို  ကျွန်မတစ်ယောက်ထဲ ရင်ခုန်စရာတွေများခဲ့ ပါသည်….။သူကျွန်မကို တခါဖူးမှ ငြိငြင်စိတ်ကောက် မလုပ်..နားလည်နိုင်စွမ်းလှသော..ညီမလေး ဖြစ်ပါသည်…။
       ပုပ္ပားတောင်မကြီးတတ်ဖူးကြပါသည်…။သူကျွန်မနှင့်အတူတက်ချင်သဖြင့်အပြေးကလေးလိုက်ပါသည်…ကျွန်မကတော့ ချစ်သူမဟုတ်သေးသော ချစ်သူနှင့် ပျော်ရွှင်စွာ ……….ကျွန်မ မွေးနေ့ တွင် ချစ်သူနှင့်အတူ ဝိုင်လေးသောက်ရင်း ညနေခင်းတစ်ခုကို ဖြတ်ခဲ့ ၏..။သူ ကျွန်မကို ကော်ဖီအတူ(ဟိုစဉ်မွေးနေ့ တွေကလို)သောက်ရန် စောင့်နေပါ၏..မူးပြီးပြန်လာသောကျွန်မ ည ၉ နာရီမှ အိမ်ပြန်ရောက်ပါသည်…မေမေတို့ မသိခင် ကျွန်မကို အိပ်ရာထဲအမြန်အိပ်စေလေသည်..သူ့ ရင်ဘတ်တွင် ဘာတွေရှိသည်ကျွန်မမသိခဲ့ ….သူ့ မျက်ဝန်းတွင်ဘာတွေ ပြောသည်မသိခဲ့ ….ခွင့်လွှတ်တတ်သော ညီမလေး ဖြစ်ပါသည်..။
       ကျွန်မကိုလေဆိပ်လိုက်ပို့ ကြပါသည်။ဖွားမြလည်းဆုံးပြီဖြစ်သော ကျွန်မတို့ မိသားစုလေးသည် အနီးငယ်ခြောက်သွေ့နေ၏..။ငိုချင်နေသော သူ့ ကို ကျွန်မ မကြည့်ရက်ပါ….မချိပြုံးလေး သူ ပြုံးတော့ ပြုံးပါပေ…..။မောင်နှစ်မသုံးယောက်ဓာတ်ပုံလေးကို သူထည့်ပေးပါသည်..။ဟာသတွေ မပြော၊မမလို့လည်း အားကိုးတက်ကြွစွာ သူမခေါ်အားပါ..တိတ်ဆိတ်လွန်းစွ……သူထည့်ပေးလိုက်သော သီချင်းစီဒီခွေသည် ကျွန်မအတွက် သူ့ ကိုလွမ်းစေပါသည်..…။အစားထိုးမရသော ညီမလေး ဖြစ်ပါသည်..။
       နောင်တသည် တမြေ့ မြေ့ ဖြစ်ပါသည်..။ထိုစဉ်က ထိုအရာတွေသည် ကျွန်မရင်အတွက် လွှသွားများ ဖြစ်နေပြီ..။သူဘွဲ့ယူပါသည်….သူအလုပ်ရပါသည်..။သူပရဟိတလေးတွေလုပ်ပါသည်..။ကျွန်မထက်သာနေသောသူ့ကိုငေးမောဂုဏ်ယူနိုင်ခွင့်မရပါ….။သူ၏စကားလုံးလေးများကိုဖတ်ရင်းသူ့မျက်နှာပေးကိုမှန်းရပါသည်..။မေမေ၊ဖေဖေတို့နဲ့သူတစ်ယောက်သာရှိသောမိသားစုလေး၏စိုပြည်မှုကိုကျွန်မမတိုင်းဆချင်ပါ…။သူ့အတွက်ပိုနေသောဝန်တာတွေကိုလည်းကျွန်မအားနာလှပါ၏..အနစ်နာခံလှသောညီမလေးဖြစ်ပါသည်။
 ဖိနပ်ပါးပါးလေးတွေ သူကြိုက်ပါသည်..။အနီရောင်ကို သူနှစ်သက်သည်..။တီရှပ်ပွပွနှင့် ဘောင်းဘီပွပွ သူမြတ်နိုးပါ၏..။အရိုးနှင့်ဟန်ထူးလွင်တို့ ၏ အမာခံပရိသတ်.။.စာဖတ်ဝါသနာနှင့် စာရေးဝါသနာတို့ ရှိပါသည်..။သူမကြိုက်လျှင်ဟန်မဆောင်မျက်နှာစူပုတ်ပုတ်လုပ်ပါသည်…။နူးနူးညံ့ညံ့မရှိလှပါ….အငယ်ဆုံးဆိုသော်လည်းအကြီးနှစ်ယောက်၏အမှားအယွင်းများကိုပေါ်လီယာနာလုပ်ပါသည်..။ဝန်တိုခြင်းကင်းလှသောသူသည် ကျွန်မကို သူများက မမ ဟုခေါ်လျှင် လုံးဝနီးပါး စိတ်ဆိုးပါသည်…။ကျွန်မနှင့်အသက်ခြောက်နှစ်ကွာသော ညီမလေး ဖြစ်၏..။
       သူ့ ဆံပင်ပျော့ လေးများကို ကျွန်မ ထိုးဖွချင်လှသည်..။သူ့ ပါးလေး ပါးလျလျကို ကျွန်မ မွှေးမွှေးပေးချင်သည်..။သူအိပ်ပျော်နေတုန်း စောင်လွတ်လျှင် ကျွန်မ ခြုံပေးချင်ပါသည်..။သူ သောက်ဖို့ ကော်ဖီကို ကျွန်မ ပဲ ဖျော်ပေးခွင့်ရှိချင်သည်….။သူ့ အတွက် တိုလီမိုလီလေးတွေ ကျွန်မ ဝယ်ပေးချင်မိသည်..။အရင်ကသူ့အပေါ်ပျက်ကွက်ခဲ့သမျှပြန်ပေးချင်ပါ၏…။ကျွန်မအတွက်အထပ်ထပ်ရစ်ပတ်လျက်ရှိသော  သံယောဇဉ် ညီမလေး ဖြစ်ပါသည်…..။
     ကံတရားကို ကျေးဇူးတင်လှ၏…ဤသို့ သော ညီမလေးတစ်ယောက် ကျွန်မကို ပေးသောကြောင့် ဖြစ်ပါသည်..။
by Thit Yak on Tuesday, February 22, 2011 at 1:13pm
     ကျွန်မ၏ညများတွင် သူရှိနေခဲ့ ဖူးပါသည်။ငယ်ငယ်ကတော့ သူနဲ့ ကျွန်မ တစိမ်းကဲ့ သို့ ပင်..။သူ့ အပေါ်အချစ်ပိုလှသော  အိမ်မှ လူကြီးများကြောင့် သူ့ ကိုမနာလို သည်မဟုတ်သော်လည်း ခုလောက်တော့ မချစ်ဟုထင်၏။သူကျောင်းစတက်တောကျွန်မသူနှင့်ပိုနီးလာသည်..။အသန့်လည်းကြိုက်..ဂျီးလည်းများလှသော သူ့ကိုစိတ်မချနိုင်စွာ.. အခန်းဆီသွားသွားချောင်းရသည်..။သနပ်ခါးဖွေးဖွေးလေး၊အသားညိုညိုလေးနှင့်ကျွန်မ ညီမလေး ဖြစ်ပါသည်..။
     တစစ ကျွန်မတို့ ပိုပိုနီးဖြစ်သည်..။အိုးပုတ်လေးနဲ့ ဆော့ ဆော့ သီချင်းလေးတွေ ဆိုဆို အတူတူ ဖြစ်လာသည်..။ကာတွန်းလေးတွေ ဖတ်ရင်း  အိမ်အလုပ်တွေလုပ်ရင်း.စာတွေကျက်ရင်း သူနဲ့ ကျွန်မ..အရင်ကလို ရန်ဖြစ်တာမျိုး..ငိုကြတာမျိုး မရှိလေပြီ..။ သူ က ကျွန်မကို နှစ်နှစ်ခြိုက်ခြိုက်လေးနှင့် မမ ဟုခေါ်ပြီး ကျွန်မက မြတ်မြတ်နိုးနိုးလေးနှင့် ခြူး ဟု ခေါ်ပါသည်..။မေးချွန်ချွန်၊ပိန်ပိန်လေးနှင့် ကျွန်မ ညီမလေး ဖြစ်ပါသည်..။
 ကျွန်မ၏တက္ကသိုလ်နေ့လေးများအားညတွင်သူနှင့်အတူစမြုံ့ပြန်မြဲ..သူ၏အဖြူအစိမ်းကာလအပျော်လေးများကိုလည်း..ကျွန်မငေးမောလွမ်းမောရင်း မျှဝေဖြစ်သည်…။ဟိုကလေးနှစ်ကောင်အိပ်တော့ ဟု မေမေ့ အော်သံမကြားမချင်းဖြစ်သည်..။နင်တို့ ဒီလောက်တောင် ဘာတွေပြောနေတာလဲဟူ၍ပင် မေမေ့ ခမျာ.ဝန်တိုရသည်အထိ..ကျွန်မနှင့်သူ မေမေ ဖေဖေ ကို မေ့ လောက်သည်အထိ အပေးအယူတည့်ပေစွ..။လသာညတွင်ဝရန်တာ၏အခင်းအကျင်းသည်အေးမြငြိမ်းချမ်းစွာ..ကော်ဖီလေးတစ်ယောက်တစ်ခွက်နှင့်  စိတ်ကူးတည့်ရာ ပြောမိပြောရာ……တစ်ဦးတည်းသော ကိုကြီးကိုပင် ပစ်ထားသလို ဖြစ်ဖြစ်နေတော့သည်..။နားထောင်ပေးတတ်သောညီမလေးဖြစ်ပါသည်..
     အိမ်တစ်အိမ်တွင် ဝေယျာဝစ္စ များပါသည်..။ဖွားမြကိုပြုစုရင်း..အဝတ်တွေလျှော်ရင်း ..ဘုရားပန်းအိုးရေလဲရင်း သာသာယာယာမိသားစုလေးကို ကျွန်မနှင့်သူလည်း ပါဝင်ထူထောင်ပါသည်…။ဖေဖေ့ စောင်းသံနှင့် အတူ မေရှင်၏ ကျေးစေတမန်ကို သူဆိုလေ့ ရှိပါသည်..။ကိုကြီးဂစ်တာသံနှင့်အတူ..မဒီ့သီချင်းလေးများကို သူနဲ့ ကျွန်မ သံပြိုင်အော်ကြသည်..။ဖေဖေ ကျွန်မကိုဆူလျှင်သူမျက်ရည်ဝဲနေတတ်သည်..။သူ့ ကိုထိလျှင် ကျွန်မ က ကက်ကက်လန်တတ်သည်..မိဘများနှင့်အဒေါ်များမြင်ပြင်းကပ်ပေမည်..။ကျွန်မနှင့် ထပ်ကျပ်မကွာရှိတတ်သော ညီမလေး ဖြစ်ပါသည်။
     ဟာသတွေ စည်ဝေနေတတ်သော အိမ်လေးတွင် ဖြစ်ပါသည်.။ရုတ်တရက်မီးပျက်ကာ မှောင်ကျသွားလျှင် မမရောဟုအကျယ်ကြီးမေးတတ်သည်..။ကျောင်းက ပြန်လာလျှင် ဖိနပ်ချွတ်ရင်း..မမရေသိလားဟုအစချီကာ သတင်းတွေ ပေးတတ်သည်..။ကျွန်မ ပိုက်ဆံပြတ်နေလျှင်သူ့ ဆီက ချေးရသည်..။ဘယ်သောအခါမှ ပြန်ပေးစရာမလိုသောကျွန်မ၏ဘဏ်ကလေးပေ..။.။ကိုကြီးနှင့်သူတခါတခါသတ်ပုတ်စနောက်နေတတ်သည်..။ဖွားမြကိုလည်း သွားသွားစ၏..။ဟာသဉာဏ်တုံးလှသောကျွန်မကိုလည်း သူ က ကိုကြီးနှင့်ပူပေါင်းကာ ရယ်ပွဲဖွဲ့ ပြန်လေသည်..။့ ကျွန်မတို့ အိမ်၏ နှုတ်ခမ်းပါးပါးလေးနှင် ဆည်းလည်း ညီမလေးဖြစ်ပါသည်..။
      ကျွန်မသူ့ ကိုမေ့ နေချိန်များတွင် ဖြစ်ပါသည်…။ကျွန်မ ချစ်သူနှင့်ချိန်းတွေ့ ရန်သွားချိန်တွင် သူကျောင်းကပြန်လာတတ်သည်..။လမ်းထိပ်တွင်တွေ့လျှင် မမ မသွားပဲ အိမ်မှာ ကော်ဖီသောက်ရအောင်ဟု သူဘယ်တော့ မှ မခေါ်ပါ…..မမ မုန့် တီသောက်မယ်လေဟု မပြောတော့ ပါ…။မမဒီနေ့ အိမ်မှာ ခြူးနဲ့ နှစ်ယောက်အတူ ကာရာအိုကေ ဆိုရအောင်ဟု သူ အဖော်မညှိတော့ ပါ…။သူ့ ကျောင်းစာတွေ များလှသလို  ကျွန်မတစ်ယောက်ထဲ ရင်ခုန်စရာတွေများခဲ့ ပါသည်….။သူကျွန်မကို တခါဖူးမှ ငြိငြင်စိတ်ကောက် မလုပ်..နားလည်နိုင်စွမ်းလှသော..ညီမလေး ဖြစ်ပါသည်…။
       ပုပ္ပားတောင်မကြီးတတ်ဖူးကြပါသည်…။သူကျွန်မနှင့်အတူတက်ချင်သဖြင့်အပြေးကလေးလိုက်ပါသည်…ကျွန်မကတော့ ချစ်သူမဟုတ်သေးသော ချစ်သူနှင့် ပျော်ရွှင်စွာ ……….ကျွန်မ မွေးနေ့ တွင် ချစ်သူနှင့်အတူ ဝိုင်လေးသောက်ရင်း ညနေခင်းတစ်ခုကို ဖြတ်ခဲ့ ၏..။သူ ကျွန်မကို ကော်ဖီအတူ(ဟိုစဉ်မွေးနေ့ တွေကလို)သောက်ရန် စောင့်နေပါ၏..မူးပြီးပြန်လာသောကျွန်မ ည ၉ နာရီမှ အိမ်ပြန်ရောက်ပါသည်…မေမေတို့ မသိခင် ကျွန်မကို အိပ်ရာထဲအမြန်အိပ်စေလေသည်..သူ့ ရင်ဘတ်တွင် ဘာတွေရှိသည်ကျွန်မမသိခဲ့ ….သူ့ မျက်ဝန်းတွင်ဘာတွေ ပြောသည်မသိခဲ့ ….ခွင့်လွှတ်တတ်သော ညီမလေး ဖြစ်ပါသည်..။
       ကျွန်မကိုလေဆိပ်လိုက်ပို့ ကြပါသည်။ဖွားမြလည်းဆုံးပြီဖြစ်သော ကျွန်မတို့ မိသားစုလေးသည် အနီးငယ်ခြောက်သွေ့နေ၏..။ငိုချင်နေသော သူ့ ကို ကျွန်မ မကြည့်ရက်ပါ….မချိပြုံးလေး သူ ပြုံးတော့ ပြုံးပါပေ…..။မောင်နှစ်မသုံးယောက်ဓာတ်ပုံလေးကို သူထည့်ပေးပါသည်..။ဟာသတွေ မပြော၊မမလို့လည်း အားကိုးတက်ကြွစွာ သူမခေါ်အားပါ..တိတ်ဆိတ်လွန်းစွ……သူထည့်ပေးလိုက်သော သီချင်းစီဒီခွေသည် ကျွန်မအတွက် သူ့ ကိုလွမ်းစေပါသည်..…။အစားထိုးမရသော ညီမလေး ဖြစ်ပါသည်..။
       နောင်တသည် တမြေ့ မြေ့ ဖြစ်ပါသည်..။ထိုစဉ်က ထိုအရာတွေသည် ကျွန်မရင်အတွက် လွှသွားများ ဖြစ်နေပြီ..။သူဘွဲ့ယူပါသည်….သူအလုပ်ရပါသည်..။သူပရဟိတလေးတွေလုပ်ပါသည်..။ကျွန်မထက်သာနေသောသူ့ကိုငေးမောဂုဏ်ယူနိုင်ခွင့်မရပါ….။သူ၏စကားလုံးလေးများကိုဖတ်ရင်းသူ့မျက်နှာပေးကိုမှန်းရပါသည်..။မေမေ၊ဖေဖေတို့နဲ့သူတစ်ယောက်သာရှိသောမိသားစုလေး၏စိုပြည်မှုကိုကျွန်မမတိုင်းဆချင်ပါ…။သူ့အတွက်ပိုနေသောဝန်တာတွေကိုလည်းကျွန်မအားနာလှပါ၏..အနစ်နာခံလှသောညီမလေးဖြစ်ပါသည်။
 ဖိနပ်ပါးပါးလေးတွေ သူကြိုက်ပါသည်..။အနီရောင်ကို သူနှစ်သက်သည်..။တီရှပ်ပွပွနှင့် ဘောင်းဘီပွပွ သူမြတ်နိုးပါ၏..။အရိုးနှင့်ဟန်ထူးလွင်တို့ ၏ အမာခံပရိသတ်.။.စာဖတ်ဝါသနာနှင့် စာရေးဝါသနာတို့ ရှိပါသည်..။သူမကြိုက်လျှင်ဟန်မဆောင်မျက်နှာစူပုတ်ပုတ်လုပ်ပါသည်…။နူးနူးညံ့ညံ့မရှိလှပါ….အငယ်ဆုံးဆိုသော်လည်းအကြီးနှစ်ယောက်၏အမှားအယွင်းများကိုပေါ်လီယာနာလုပ်ပါသည်..။ဝန်တိုခြင်းကင်းလှသောသူသည် ကျွန်မကို သူများက မမ ဟုခေါ်လျှင် လုံးဝနီးပါး စိတ်ဆိုးပါသည်…။ကျွန်မနှင့်အသက်ခြောက်နှစ်ကွာသော ညီမလေး ဖြစ်၏..။
       သူ့ ဆံပင်ပျော့ လေးများကို ကျွန်မ ထိုးဖွချင်လှသည်..။သူ့ ပါးလေး ပါးလျလျကို ကျွန်မ မွှေးမွှေးပေးချင်သည်..။သူအိပ်ပျော်နေတုန်း စောင်လွတ်လျှင် ကျွန်မ ခြုံပေးချင်ပါသည်..။ သူ သောက်ဖို့ ကော်ဖီကို ကျွန်မ ပဲ ဖျော်ပေးခွင့်ရှိချင်သည်….။ သူ့ အတွက် တိုလီမိုလီလေးတွေ ကျွန်မ ဝယ်ပေးချင်မိသည်..။ အရင်ကသူ့အပေါ်ပျက်ကွက်ခဲ့သမျှပြန်ပေးချင်ပါ၏…။ ကျွန်မအတွက် အထပ်ထပ်ရစ်ပတ်လျက်ရှိသော  သံယောဇဉ် ညီမလေး ဖြစ်ပါသည်…..။
     ကံတရားကို ကျေးဇူးတင်လှ၏…ဤသို့ သော ညီမလေးတစ်ယောက် ကျွန်မကို ပေးသောကြောင့် ဖြစ်ပါသည်..။

သစ်ရွက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...