Sunday, July 10, 2011

ကြွေတစ်လှည့် ကြက်တစ်ခုန် ဘဝအစုန်အဆန် ကူးခတ်ခဲ့သည့် ပဲလှော်သည်အဘိုး



Posted by Popular News on Oct 19th, 2010 and filed under Articles. You can follow any responses to this entry through the RSS 2.0. You can leave a response or trackback to this entry


လူ့သက်တမ်းတစ်ဝက်နီးပါး နှစ်ပေါင်း ၄ဝ ကြာ ဆိုင်းထမ်းလေး ဖြင့် ပဲလှော်၊ မြေပဲလှော်၊ ဖရုံစေ့ လှော်၊ ကွာစေ့လှော် အမည်စုံ ရောင်း၍ ဘဝရပ်တည်မှု ပြုခဲ့သူ၊ လွန်ခဲ့သည့် ၁ဝ နှစ်ကျော် သွားနိုင် လာနိုင်ချိန်က ရန်ကုန်မြို့ အနှံ့ ဆိုင်းထမ်းကလေးထမ်း၍ လှည့် လည်ရောင်းခဲ့သော်လည်း ယနေ့ အချိန်မှာတော့ တစ်နေရာ တည်း၌ ကျောက်ချပြီး ရောင်းချနေသူက အသက် ၈ဝ အရွယ် ရခိုင် တိုင်းရင်းသားကြီး ဦးစိုးနုဖြစ်သည်။


အဘ ဒီဟာ ရောင်းတာ ဘယ်နှနှစ်ရှိပြီလဲဆိုရင် ဒီထမ်းပိုးနဲ့ ခြင်းတောင်းသာကြည့်တော့။ ခြင်း တောင်းကပေါက်လို့ အောက်ဘက် က သွပ်ပြားအစားထိုးထားရပြီ။ အရင်ကတော့ အမည်စုံပဲ။ အခု တော့ ထမ်းလည်း မထမ်း နိုင်တော့ ဘူး။ အရင်းအနှီးလည်း မတတ်နိုင် တော့လို့ ပဲလှော်တစ်မျိုးပဲ အဓိက ထား ရောင်းတော့တယ်”ဟု ဦးစိုးနု က ဆိုသည်။နေ့စဉ် နံနက်တိုင်း သာကေ တ နေအိမ်မှ ဗိုလ်တထောင်ဘုရား အထိ လမ်းလျှောက်၍ လာရောက် ရောင်းချခဲ့သည့်နှစ်တွေ မနည်း တော့။ ပြောင်းလဲသွားသော ဇရာက မပြောင်းမလဲရှိနေသေး သော ဘဝပေးကို စိတ်ပျက် ညည်း ညူမှု မရှိခဲ့။ တစ်ကိုယ်ရေဘဝကို စိတ်ခွန်အားက လွှမ်းမိုးနေဆဲဖြစ် သည်။”အဘ အရင်လို ဒါကြီး ထမ်း ပြီး လျှောက်မရောင်းနိုင်တော့ဘူး။ မနက်ဆိုလည်း အိမ်ကနေ ဒီကို လမ်းလျှောက်လာတယ်။ ဆိုင်းထမ်း က ဒီဘုရားလမ်းကအိမ်မှာ တစ်လ ကျပ် ၃ဝဝ နဲ့ အပ်ထားခဲ့တယ်။ ကားမစီးချင်ဘူး။ အိမ်နဲ့ ဒီနဲ့လည်း နီးတော့ ဒါကြောင့် လမ်းလျှောက်ပြီး လာတာ။ အရင်ကတော့ ဘုရားပွဲ ဈေးတွေ။ မြို့ပတ်ဘူတာတွေ လျှောက်ရောင်းတာပေါ့။ အခု မလုပ်နိုင်တော့ဘူး”ဟု အဘဦးစိုးနု က လက်ရှိအခြေအနေနှင့် တစ်ချိန် က လုပ်နိုင်ကိုင်နိုင်ချိန်များ ကွာခြား သွားပုံ ပြောပြသည်။ယခင် ရခိုင်ပြည်နယ် ကျောက် ဖြူမြို့တွင် နေထိုင်စဉ်က အလုပ် ပေါင်းစုံလုပ်၍ ဘဝရပ် တည်ခဲ့ သည်။ သို့သော် အကြံ ကောင်းလျှင ဆိုသည့် စိတ်ကူးတစ်ချက်ဖြင့် မွေး ရပ်ဌာနေစွန့်၍ မြန်မာနိုင်ငံအနှံ့ ခြေ ဆန့်ခဲ့သည်။

ထိုအထဲတွင် ကချင် ပြည်နယ် ကျောက်စိမ်းထွက်ရာ ဒေသ ရောက်ရှိသည့် အခိုက်အတန့် သည် ဘဝအတွက် မမေ့နိုင်စရာပင်။ ထို အချိန်က ကျောက်တူးသမားဘဝ သည် ငွေအတွက် အသက်ကိုပဓာန မထား။ ကြွေတစ်လှည့် ကြက်တစ် ခုန်ဆိုသော အဆိုသည် ငွေကြေး ချမ်းသာ၍ ကြီးပွားမှုအဆို မဟုတ် ဘဲ ဘယ်နေ့သေမလဲဆို သော အဆိုပင် ဖြစ်ခဲ့သည်ဆိုသည်။”အဘ ရခိုင်ကနေ ကချင် ပြည်နယ်ကို ကျောက်တူးသွားတဲ့ အချိန်က တိုက်ပွဲတွေဖြစ်နေချိန် လေ။ သူတို့ဆီ ဘယ်လိုအကြောင်း နဲ့လာလာမယုံကြည်ကြဘူး။ တရား ဝင် ကျောက်တူးတဲ့ခေတ်လည်း မဟုတ်ဘူး။ ဘယ်အချိန် ကျည်သင့် သေမလဲ တွေးပြီး ကျီးလန့်စာစား နေရတာ။ ကြာတော့ ကျောက်က လည်း မရ၊ ရတဲ့ ကျောက်ကလည်း အဖိုးနည်းတဲ့ခေတ်ဆိုတော့ မခံစား နိုင်လို့ လှည့်ပြန်ခဲ့ရတာ။ အဲဒီခေတ် က ဘယ်နှခုနှစ်ဆိုတာ မမှတ်မိပေ မယ့် မြန်မာနိုင်ငံမှာ အကြီးဆုံးဆိုတဲ့ ကျောက်စိမ်းကြီး တူးဖော်ရရှိချိန် ဆိုတာတော့မှတ်မိတယ်”ဟု သူ၏ ဘဝအချိုး အကွေ့တစ်ခုက မှတ် သားဖွယ် အတွေ့အကြုံ စကားများ ကြားသိ ခဲ့ရသည်။ထိုအချိန်မှစ၍ အဘ ဦးစိုးနု အရာရာကို လက်မြှောက်အရှုံးပေး  မှုများဖြင့် ငွေသည် လူတန်းစေ့၍ အရာရာကို အောင်နိုင်သည် ဆို သော အတွေး စွန့်လွှတ်ခဲ့သည်။ ရခဲ့သော လူ့ဘဝတစ်ခုကို ချမ်းသာ ပြည့်စုံခြင်းနှင့် ဖြတ်သန်းဖို့ တပ် မက်မှုမရှိတော့။ ကြုံခဲ့ရ ဘဝသည် ရလိုမှုအတွက် အသက်ကို စတေး သူများအားကြည့်ကာ ယနေ့အချိန် ထိ ခြောက်အိပ်မက်တို့က မလွတ် နိုင်သေး။

ထိုအတွက် တပ်မက်မှု မရှိသည့်ဘဝအား ရွေးချယ်လုပ် ကိုင်နိုင်ရန် ရန်ကုန်မြို့ကြီး သို့ ရွက်လွှင့်ခရီးဆက်ခဲ့သည်။ သို့သော် ကံဆိုးသူသွားရာ မိုးလိုက်လို့ရွာ ဖြစ်မှုက မကုန်နိုင်သေးပေ။”အဘ ရန်ကုန်ရောက်တော့ ပါတဲ့အရင်းအနှီးကလေးနဲ့ ဒီအလုပ် စလုပ်တာပဲ။ နောက်အိမ်ထောင်ကျ တယ်။ သိပ်မကြာဘူး။ အိမ်ထောင် နဲ့ ကွဲတယ်။ အဲဒီကနေ ခုချိန်ထိ တစ်ယောက်တည်းပဲ။ အခု နေစရာ မရှိလို့ သူများအိမ် ကပ်နေတယ်။ ပိုက်ဆံပေးပြီး နေတာပါ။ ဒါပေမဲ့ သူတို့နဲ့တောင် ရောရောနှောနှော မနေဘူး။ အခု အဘ ဈေးရောင်း တာပဲကြည့်တော့။ ဘယ်သူနဲ့မှ မနီးတဲ့နေရာမှာ ကိုယ့်ဘာသာကိုယ် သီးသန့်ရောင်းတာ”ဟု ဆိုသည်။အဘ ဦးစိုးနုသည် ကံမ ကောင်းမှုများနှင့် စိုးရိမ်စိတ်များ ကြားက မျှော်လင့်ယုံကြည်ရာလေး တစ်ခုအဖြစ် ဘဝလက်တွဲဖော်ရှာခဲ့ သော်လည်း သူထင်သလိုဖြစ်မလာ ခဲ့။ ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် ဖွဲ့စည်းထားသော လူ့ဘဝသည် ကံမကောင်းမှုဖြင့် အစပြုခဲ့ပြီး ငွေ တစ်ခုအတွက် စိတ်ဓာတ်ပျော့ ပျောင်း ယိမ်းယိုင်သူများဖြင့်သာ တွေ့ကြုံခဲ့ရသည်။တစ်ချိန်က အကြံကောင်းတစ် ချက်ဖြင့် မျှော်လင့်ချက်ကြီးစွာ မွေး ရပ် ဌာနေ စွန့်ခွာခဲ့သည်။ ထို့နောက် ရလိုမှုအတွက် အသက်ကိုပင် ပေး ခဲ့ရမတတ်ဖြစ်ခဲ့ပြီး ဘဝတစ်ဆစ်ချိုး လက်မြှောက် အရှုံး ပေးခဲ့သည်။ ယခုတစ်ခါလူတွေနဲ့ဝေးရာ ထွက် သွားချင်နေမိသည့်စိတ်က ကြီးစိုး နေဆဲ။”အဘ အခုအချိန်မှာ ဘာမှ မမျှော်လင့်တော့ဘူး။ အဘ ဘဝ တစ်လျှောက်လုံး ယုံကြည်ရတဲ့သူ လည်း မတွေ့ခဲ့ဘူး။ နောက်ဆုံး ကုန်ကုန်ပြောမယ်။ အဘ ဆိုင်နား မဝယ်ဘဲ လာရပ်ရင်တောင် ကြာ ကြာလာရပ်နေရင် အဘ တခြား တစ်နေရာထွက်သွားတာ။ အဘ နေရလှ နောက် ဘယ်နှနှစ်နေရမှာ လဲ။ မသေခင် အေးအေးဆေးဆေးပဲ နေချင်တယ် ဒါကြောင့် အားလုံးနဲ့ ကင်းအောင်နေတယ်။”ဟု ဆိုပြန် သည်။ထို့အတွက် အဘဦးစိုးနု စိတ် ကျေနပ်မှုရသည်။  ဘဝပေးကုသိုလ် နည်းခဲ့သော်လည်း ဥာဏ်ရှိသ လောက် ဘဝကို ရုန်းကန်လှုပ်ရှား ခဲ့သည်။ ကံမရှိ ဥာဏ်ရှိတိုင်းမွဲနေ သည်ပဲ ဆိုချင်ဆို။ အားကြီးသူက အားနည်းသူ အနိုင်ယူစတမ်း လူ့ ဘဝပုံပြင်ဟုသာ မှတ်ထင်တော့ သည်။ ငယ်ငယ်က ကြားခဲ့ဖူးသော ကံ၊ ဥာဏ်၊ ဝီရိယသည် ဥာဏ်ရှိ၍ ဝီရိယထား လုပ်ဆောင်ခဲ့သော် လည်း ကံမရှိ၍ မွဲနေသည်ဟု သူ့ ဘဝသူမြင်နေပြီဖြစ်သည်။ ဘဝရဲ့ လက်ကျန်အချိန်လေးများအား ငြိမ်းချမ်းစွာ လျှောက်လှမ်းဖို့ပဲ လိုသည်ဟု ယုံကြည်မျှော်လင့် သည်။
မိုးမြင့်မြတ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...