Monday, July 4, 2011

စစ်မှန်သော နှစ်ယောက်တစ်ဘဝ

 
by Kantkaw Khin on Tuesday, October 12, 2010 at 10:49pm
ချစ်ခြင်းမေတ္တာအခြေခံပြီး လက်ထပ်ခြင်းအကြောင်းတရားအဖြစ် ဘ၀လက်တွဲဖော် တွေမှာ တစ်ဦးနှင့်တစ်ဦး အကောင်းဆုံး မိတ်ဆွေကောင်း အနေနဲ ဘ၀ရပ်တည် ရှင်သန်နေသမျှတလျှောက် ကောင်းဆိုးအတူ ၇င်ဆိုင်မှုများအတွက် ရွေးချယ်ကြတာဖြစ်ပါတယ်။တွဲလက်များထာဝရ အေးချမ်းတည်မြဲစေဖို့  သတိပြုစရာအနည်းငယ်မျှ ဆင်ခြင်မိရုံလေးနဲ ဘ၀မှာ  အကျေနပ်ဆုံးသူများဖြစ်ခွင့်ရစေတာကို အမေရိကန် မစ်ချီကန်တက္ကသိုလ်မှ လူမူရေးလေ့လာစုံစမ်းမှူများပြုစေပြီး အခုလိုရှင်းပြခဲ့ပါတယ်။


အရင်းနှီးဆုံးသူတွေ

အရင်းနှီးဆုံးသူတွေဖြစ်ကြပေမဲ့ နားအလည်နိုင်ဆုံးသူတွေဖြစ်နေဖို့  အသေးအဖွဲကိစ္စလေးတွေ  ကအစလျစ်လျုရှူလို့ မဖြစ်ပါဘူး အိမ်မှူကိစ္စတွေ မနိုင်မနင်းဖြစ်နေခဲ့ရင်နိုင်သလောက်ကူညီပေး ပါ မခွဲခြားပါနဲ အတူသွားရမယ်ကိစ္စတွေမှာ အလှပြင်မပြီးလို့ ဖုန်းပြောနေရလို အိမ်ကလူတွေကို သြ၀ါဒချွေနေရလို့  စောင့်နေရတဲ့ အကြိမ်တွေမများပါစေနဲ့  အတူနေ နှစ်ယောက်တစ်ဘ၀ကို ကြီးကြီးမားမား ထိခိုက်စေတဲ့ အသေးအဖွဲလေးတွေဖြစ်ပါတယ်။   အကြိမ်များစွာစုမိလာတဲ့အခါ ရှင်းပြရခက်တဲ့ မသိစိတ်မှာ နာကျင်မှူတွေဖြစ်စေပါတယ်။

ဝေးသွားမှာစိုးတယ်

လက်မထပ်ခင်ကကြီးပြင်းနေထိုင်ခဲ့တဲ့ နှစ်ဖက်မိသားစု နေထိုင်ပုံနဲ့  လက်ရှိဘ၀ကိုချိန်ထိုးပြီး စံသတ်မှတ်ပြောဆိုတာမျိုးနှင့် နှိုင်းယှဉ်ပုံစံချတာမျိုးတွေရှောင်ကြဉ်ပါ ။ မတူညီမှူတွေအများကြီး ကို အတင်းပုံစံရိုက်သွင်းတာနဲ့ တူပြီး နှစ်ယောက်ကြား ကနားလည်မှူတွေဆွေးမြေ့ပျောက်ကွယ်သွားစေတယ် ။အနီးဆုံး က အဝေးဆုံးလူတွေဖြစ်လာစေတယ်။စဉ်းစားမှူတိုင်းမှာ အိမ်ထောင်သာယာရေးကို ဦးတည်ခြင်းက နှစ်ဦးကြားရိုးအီ သွာခြင်းမရှိအောင် အသစ်အဆန်းတွေဖြစ်လာစေတယ်။

အရာရာမင်းပါ

ဘ၀ရည်မှန်းချက်တွေက အိမ်ထောင် ရေးအတွက် အတိုက်အခံဖြစ်မလာပါစေနဲ့ ။ဘ၀ရဲ့တစ်ကိုယ်ရေရည်မှန်းချက်တွေနဲ အိမ်ထောင် ရေးချိန်ခွင်လျှာ အချိုးကျပါစေ။ရည်မှန်းချက်နဲ့  လက်တွေ့ အိမ်ထောင်မှူဘ၀ကို နှိုင်းယှဉ်ဦးစားပေး စရာရှိလာတဲ့အခါ နှစ်ယောက်တစ်ဘ၀ ကိုဦးစားပေးပါ မိသားစုနှင့်အတူ ရယူနိုင်တဲ့ ရည်မှန်း ချက်တွေ အောင်မြင်မှူတွေကိုဖန်တီးကြိုးစားပါ။

သူပျော်သွားပြ

နှစ်ဦးကြားချီးမြှောက်မှူ အပြန်အလှန်ရှိပါစေ ။ တစ်ဦးရဲ့အောင်မြင်မှူကိုတစ်ဦးကစောင့်ကြည့်ချီးမွမ်းဖို့ အသင့်ရှိပါ ။ အဆိုးဆုံးတွေကြုံခဲ့ရင်လည်း ကျော်လွှားနိုင်တဲ့ စွမ်းရည်ကိုမြင်အောင်ကြည့် ပေးပါ ။ တစ်ဦးကိုချီးမွမ်းလို့ ကျေနပ်ပျော်ရွှင်သွားတာကို မြင်ရတဲ့ ကျန်တစ်ဦးမှာအစားထိုးမရ ရှာဖွေလို့ မရတဲ့ပျော်ရွှင်ချမ်းမြေ့မှူဖြစ်စေတာကို နေပျော်တဲ့ဘ၀တစ်ခုအတွက် လက်တွေ့ စမ်းသပ်ကြည့်ပါ ။ချစ်တဲ့ သူတစ်ယောက်ပျော်ရွှင်စေလိုတတ်တဲ့ သဘာဝအရ ဘ၀ရဲ့ကျေနပ်မှုနဲ့ ခွန်အားတွေ တိုးပွားစေပါတယ်။

နားထောင်ပေးပါ

နှစ်ယောက်တည်းရှိတဲ့ အချိန်တစ်ခုကို အလုပ်အားလုံးဘေးချ ခေါင်းထဲကထုတ်ပြီး အေးအေးသက်သက်သာ စကားပြောဆိုပါ။ တစ်ယောက်ပြောစကားကို တစ်ယောက်က ဂရုစိုက်နားထောင်ပေးပါ။ နှစ်သက်သော အကြောင်းအရာများကို ထောက်ခံဆွေးနွေးပြီး မနှစ်သက်တာတွေကိုတော့ဟာသနှော ပြီးပျော်ရွှင်စရာ အဖြစ်မှပိုမိုရင်းနှီးမှူ ရယူပါ။(လှောင်တာမျိုးတော့ အဖြစ်ပါစေနဲ့ ။ချော့ရခက်တတ်တယ်။)အခြေအနေတစ်ခု သို့ ပြောင်းလဲလိုခြင်း ရန်စကားလမ်းကြောင်းပြောင်း စရာလိုအပ်လာပါက ကြည်နူးစရာ စကားလုံးများအဖြစ်သော "မင်း ကို ချစ်တယ် " ကဲ့သို့ သော အသုံးအနှူံးများကို လေးလေးနက်နက် သုံးစွဲပါ။ထူခြားမှုက လက်တွေ့ သိနိုင်ပါလိမ့်မယ်။

အတူတူရှိနေမယ်

နှစ်ယောက်တစ်ဘ၀ရှိသူများမှသာ ပျော်ရွှင်မှူနဲ့ ပုံစံအမျိုးမျိုးရှိတဲ့ပြဿနာတွေ ရယူ ရင်ဆိုင်နိုင်စွမ်း ရှိတယ်ဆိုတာ သတိရပါ။ မတည့်အတူနေဘ၀မျိုးရှိသူတွေမှာ နေ့ စဉ်ဘ၀ရပ်တည်ရေးတာဝန်များအပြင် လူမူရေးပြဿနာများပါ ၀န်ပိမှူဖြစ်လာစေပါသည်။အတူနေသူနှစ်ဦး နီးကပ်တဲ့စိတ်ချင်း ဆက်သွယ်မှုများက တစ်ဦးစိတ်မချမ်းသာမှူကတစ်ဦးကို သက်ရောက်စေတတ်တာကြောင့် ဆက်ဆံရေး မပြေလည်တာတွေက အကျိုးမဲ့အချည်းအနှီးအသွင်ဆောင်တဲ့ ဘ၀နေ့ စွဲတွေရှိလာပါလိမ့်မယ် အိမ်တွင်းပြဿနာနဲ့ အိမ်ပြင်အခက်အခဲနှစ်ခု ရှိလာရင် အိမ်တွင်းရေးရှင်းပြီးမှ ပြင်ပပြဿနာ ကို နှစ်ဦးလက်တွဲရင်ဆိုင်ပါ ။ ဒီအတွက်စိတ်ဓါတ်ကြံခိုင်သူများဖြစ်ပါစေ ။ဘ၀စိန်ခေါ်မှူတွေကို နှစ်ယောက်တစ်ဘ၀ အဖော်မွန်ကောင်းနှင့်အတူ လက်တွဲပြီး အကောင်းဆုံးဖြေရှင်းပါ ။  ကြိုးစားအားထုတ်မှုများက ရရှိလာတဲ့ အောင်မြင်မှုတွေကို နှစ်ဦးသား ရင်ဆိုင်နိုင်ခဲ့တယ်ဆို တာနဲ့ အပြန်အလှန်အသိအမှတ်ပြုပါ။ အောင်မြင်မှူတွေကို အတူတစ်ကွစားသုံးပါ။

စစ်မှန်သော နှစ်ယောက်တစ်ဘ၀မှ ပေးစွမ်းလာသော ကျေနပ်ပျော်၇ွှင်ခြင်းများနှင့် အတူ အများကောင်းကျိုးလိုလားဆောင်၇ွက် နိုင်သူများ ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်.....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...