"ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ"
လောကမှာ လူတိုင်းလိုလို ငွေရှာနေကြရတာပဲ...
အကြောင်း အမျိုးမျိုးကြောင့် ဒီငွေကို နည်းအမျိုးမျိုးသုံးပြီး ရှာနေကြရတယ်...
ကောင်းမွန်ဖြောင့်မတ်တဲ့ နည်းလမ်းတွေကိုပဲ သုံးလိုကြပြီဆိုရင်တော့
ဒီစာကို ပြီးအောင် ဖတ်လိုက်ပါ ...
သင့်အတွက် ထူးခြားတဲ့ အမြင်တစ်ခုကို ရရှိနိုင်ပါလိမ့်မယ်...
ကျွန်တော်တို့တွေ ငွေကို နည်းအမျိုးမျိုးနဲ့ ရှာနေကြတယ်ဆိုပေမဲ့
တကယ်တမ်းတော့ ဒီ ၄ မျိုး ( ESBI ) ကနေ ထွက်မသွားပါဘူး...
( 1 ) ဝန်ထမ်းအဖြစ် (Employee)
( 2 ) လွတ်လပ် ဝန်ထမ်း/ပညာရှင် (Self-employee)
OR အသေးစား လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Small business)
( 3 ) စီးပွားရေး လုပ်ငန်းရှင်တစ်ယောက် အဖြစ် ( Business Owner )
( 4 ) ရင်းနှီးမြှုပ်နှံသူ တစ်ယောက် အဖြစ် ( Investor )
( 1 ) ဝန်ထမ်းအဖြစ် (Employee)
ဝန်ထမ်းတွေဆိုတော့ သူတို့ မှာ အလုပ်ရှိတာပေါ့...
သူတို့က ငွေအတွက် သူတို့ ကိုယ်တိုင် အ လုပ်လုပ် ကြရပြီ...
ဒါပေမဲ့ သူတို့ အလုပ်လုပ်နေရတာဟာ
သူတို့ ဘဝချမ်းသာမြင့်မားဖို့ထက် ...
သူတို့ကို အလုပ်ပေးထားတဲ့ အလုပ်ရှင်တွေ ပိုပို ပြီး ချမ်းသာလာအောင် လုပ်ပေးနေကြရတယ်...
သူတို့ ကိုယ်တိုင်အတွက် တော့ စားလောက်ရုံ ရပ်တည်နိုင်ရုံလောက်ပဲ
ရကြတာများတယ်...
ဒါကြောင့် JOB ကို အဓိပယ် ဖွင့်ဆိုချက်တစ်ခုရှိတယ် ...
Just Over Broke တဲ့ ....မမွဲရုံ တမယ်ပေါ့....

သူတို့ က အလုပ်တစ်ခုကို ပိုင်ဆိုင်သူတွေပေါ့...
ဘယ်သူ့ ဆီကမှ အလုပ်တစ်ခုကို ခခယယ တောင်းနေစရာမလိုဘူး...
ကိုယ်တိုင် အလုပ် တစ်ခုကို တည်ထောင် လုပ်ကိုင်ကြတယ်...
ကိုယ် ကြိုးစားရင် ကြိုးစား သလောက် ရကြတာပေါ့...
ဒါပေမဲ့ ငွေရှာဖို့ ... ကိုယ်တိုင် အလုပ် လုပ်ကြရတယ်...
အလုပ်တစ်ခု အသေးစား စီးပွားရေးလုပ်ငန်းတစ်ခုမှာ
တွယ်ငြိ နစ်မြုပ်သွားတတ်တယ်...
ဝင်ငွေအနည်းငယ် ကောင်းပေမဲ့ ဒါကို တွယ်ငြိသွားတာနဲ့ပဲ
ဒီထက်ပို မတတ်နိုင်တော့တာမျိုး ဖြစ်သွားတတ်တယ်.....
***
E နဲ့ S တွေဟာ ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ တွေကို
ရရှိ ပိုင်ဆိုင်နိုင်ပါ့မလား...?
ရေရှည် ဘဝအတွက်ရော လုံခြုံစိတ်ချနိုင်ရပါ့မလား...?

သူကတော့ စနစ် တစ်ခုကို ပိုင်ဆိုင်တယ်...( System )
ပြီးတော့ သူ့ရဲ့ စနစ်ကို သူ့ အစားအလုပ်တွေ အများကြီးလုပ်ခိုင်းတယ်...
သူကတော့ သေချာ စောင့်ကြည့်ရင်း သူ့စနစ်ကို
ကောင်းသထက်ကောင်းအောင် ပြင်နေတယ်...
သူ့စနစ်ကပဲ သူ့ကို ငွေတွေ ရှာပေးနေတယ်လေ...
စနစ် တိုးတက် ကောင်းမွန်လာတာနဲ့ အမျှ
ဝင်ငွေတွေ တိုးလာ... အချိန်လွတ်လပ်မှူတွေ ပိုရလာတာပေါ့...

သူကတော့ အရမ်းရိုးရှင်းပါတယ်
သူ့ငွေတွေကို လွှတ်ပြီး နောက်ထပ် ငွေတွေ ရှာခိုင်းနေတယ်လေ...
ဒီလို ရှာနိုင်လောက်အောင်လည်း သူ့မှာ ငွေ ကြေး အလျှံပယ်
အတွေ့အကြုံ နဲ့ ပညာတွေ ရှိနေပြီလေ....
ငွေကြေးလွတ်လပ်မှူ , အချိန်လွတ်လပ်မှူ ကို အဆုံးစွန် ပိုင်ဆိုင်နေပြီပေါ့...
ကဲ မိတ်ဆွေ သင် ဘယ်လို ဘဝမျိုးကို လိုချင်လဲ ... ?
ယခု လက်ရှိ ဘယ်လို ဘဝ မျိုးမှာ ရောက်နေလဲ ... ?
ပြောင်းလဲ ချင်ပြီလား ...?
ဘယ်လို ပြောင်းလဲမယ် ဆိုတာ ကိုရော စဉ်းစားပြီးပြီလား ... ?
မပြောင်းလဲနိုင်တော့ပါဘူး ဆိုပြီး ဆင်ခြေအမျိုးမျိုးနဲ့
ဘဝကို တကယ်ပဲ အရှုံးပေးချင်နေပြီလား ... ?
ကျွန်တော်တို့က တော့ ကြိုးစားနေပါတယ် ...
B နဲ့ I ကို ရောက်ဖို့ပေါ့ ...
( လက်ရှိ ရှင်သန်နေထိုင်နိုင်ဖို့ E နဲ့ S ကို လုပ်ရင်း
B သမား တစ်ယောက်ဖြစ်အောင်
ကြိုးစား နိုင်ဖို့ ... ကြိုးစားနေဖို့ ....
ကျွန်တော် ဝေမျှပေးတာပါ.... )
မိတ်ဆွေလည်း တကယ် ကြိုးစားချင်တယ် ဆိုရင်
ကျွန်တော်တို့နဲ့ လက်တွဲနိုင်ပါတယ်...
အတူတကွ ကြိုးစားကြတာပေါ့...

0 comments:
Post a Comment