Monday, July 4, 2011

ဆေးလောကမှ ဟာသများ

စိတ်ရောဂါကုပါရဂူကြီးသည် သူ၏ခြံထဲတွင်စိုက်ထားသောသစ်ပင်များ ရေမလောင်းရသည်မှာ အတော်ကြာနေပြီဖြစ်သဖြင့် ရေပုံးလေးဆွဲ၍ အပြင်သို့ ထွက်မည်အပြုတွင် မိန်းမဖြစ်သူမှ လှမ်းအော်ပြောလေသည်။
မိန်းမ…" ဟဲ့..ယောင်္ကျား ဒါကဘယ်တုန်း "
ယောင်္ကျား… " ခြံထဲဆင်းပြီး ပန်းပင်ရေလောင်းမလို့လေကွာ"
မိန်းမ…" ရှင်ရူးနေလား …အပြင်မှာ မိုးရွာနေတာကို "
ယောင်္ကျား…" အော်အေ..မင်းပြောမှဘဲသတိရတော့တရ်…ထီးယူဖို့မေ့နေတရ်.."



သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တရ်ဗျ..´´
``ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတရ်ဗျ…´´ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
``ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´


စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန် ဆေးရုံသို့ရောက်ရှိလာသည်။။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည် သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး အသားကုန်သာလိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ.ဟုဆိုကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့


စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။ ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခုပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး ပန်းကန်အလွတ်နှင့် ဇွန်း ကိုယ်စီချထားပေးလေသည်..ဆရာဝန်ကြီးမှ " ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး"ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား အသားကုန် လွေးပါတော့သည်..ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား ကြည့်နေလေသည်။

ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ အနားသို့သွား၍ မေးလိုက်လေသည်.
" တပည့် ဘာဖြစ်လို့မစားတာလဲ "
"ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ"
နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင် တန်းစီစေပြီး
ငါးမျှားတံကိုင်ကာ ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို မေးလေသည်။
ဆရာဝန်.. " တပည့်. ငါးရရဲ့လား "
ပထမလူနာ…" အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား"
ဆရာဝန်…" တပည့်.. မင်းရော ငါးမျှားလို့ရလား.."
ဒုတိယလူနာ.." ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် "..
ဆရာဝန်…" တပည့်.. ငါးရရဲ့လား"
တတိယလူနာ.." ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး ငါးရှိမှာလဲ "
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍ သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..ငါ့နေရာဒီလောက်အထိ ငါးပွက်တာ ငါက အရူးမှမဟုတ်တာ…ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..လို့ပြောလိုက်သတဲ့.


မှတ်မိသမျှလေးကို ပြန်လည်ရေးသားခြင်းသာဖြစ်ပါတရ်.... လွဲမှားသွားရင်ခွင့်လွတ်ပေးကြပါ....
တစ်ခါတစ်လေ ကလေးတွေရဲ့ ရိုးရှင်းတဲ့ မြင်ကွင်းလေးတွေကို ဟာသလေး မြောက်သွားအောင်
ရေးထားတာလေးတွေ ဖတ်ဖူးပါတရ်…ကျွန်တော် အဲဒီဟာသလေးကို ဖော်ပြလိုက်ပါတရ်..
ကလေးတွေရဲ့ အမြင်လေးတွေဖြစ်တာကြောင့် သူတို့ဘက်ကတော့ ရိုးရိုးသားသားလေးတွေပါ..

ကဲ… ကျွန်တော်တို့ကတော့ ဦးဏှောက်ကြီးတဲ့သူတွေဆိုတော့ ဖြန့်ပြီးတွေးရင် ရီမောကြတာပေါ့..


သားအမိသုံးယောက်စားကြတဲ့ လက်ဆုံထမင်းဝိုင်းလေးမှာပေါ့…ထမင်းစားကြရင်းနဲ့ ယောင်္ကျားဖြစ်သူနဲ့ မိန်းမဖြစ်သူတို့ လက်ဆုံကြတဲ့အခါ ယောင်္ကျားဖြစ်သူက "ဟ.. ဒီနေ့တော့ လက်ဆုံနေတရ်.. ဧည့်သည်လာမရ်ထင်တရ်..မိန်းမရေး"
လို့ပြောတော့ သားဖြစ်သူက " လက်ဆုံမှာပေါ့.. အမေတို့က ဟင်းတစ်မျိုးတည်း ချက်တာကို "တဲ့.


အဖေနဲ့ အမေက သူ့ကိုဆိုအရမ်းချစ်ကြတရ်…အမြဲတမ်းသူ့ကိုဦးစားပေးတရ်…သူက သားဦးကို… နောက်တော့သူလည်းညီလေးတစ်ယောက်ထပ်ရလာပါရော..အဲဒီအချိန်က စပြီး သူ့ကိုဂရုမစိုက်ဘူး… သူ့ရဲ့ညီလေးကိုဘဲ အလေးပေးတော့တရ်…တနေ့ညမှာ သူညီနို့စို့နေတာကို မြင်ပြီး အကြံရသွားတရ်…
ညကျတော့ ကြွက်သတ်ဆေးရည်တွေကို သူ့အမေအိပ်ပျော်နေတုန်းသူ့အမေရဲ့ နို့ကို သွားပက်ထားလိုက်တရ်…အဲ… မနက်လည်းရောက်ရော သူ့အဖေက ကုတင်ပေါ်မှာတင် သေသွားရော..

ဟား ..ဟား.. ဟား ...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...